Wednesday, May 23, 2012

Posted by မျိုးချစ်သူရဲကောင်းများ On 2:00 AM 0 comments

မြန်မာ့ လေယာဉ်မှူး သင်တန်း စတင် သင်ကြား


From : MRTV4

နယူးဇီလန် Golden Wings Flight Co,LTD နဲ့ JENKO တို့ အကျိုးတူ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ လေယာဉ်မှူး သင်တန်းကို မေလ ၂ ရက်နေ့ မှစပြီး ဖွင့်လှစ်
သင်ကြား နေပြီ ဖြစ်ပါတယ်။ အဆိုပါ လေယာဉ်မှူး သင်တန်းကို နယူးဇီလန် နိုင်ငံမှ Mr Peter Oberschneider နဲ့ Mr William Morrison တို့က သင်ကြား ပေးမှာဖြစ်ပြီး သီအိုရီပိုင်း ဆိုင်ရာ မြေပြင် သင်တန်း ၁၄ ပတ်ကို မြန်မာနိုင်ငံရှိ Golden Wings & Jenko Flight Training မှာ သင်ကြား ရမှာ ဖြစ်ပါတယ်။

ဒီလို သီအိုရီပိုင်း ဆိုင်ရာ သင်တန်း တက်ရောက် ပြီးပါက နယူးဇီလန် နိုင်ငံ၊ နယ်လ်ဆင် မြို့ရှိ Golden Wings Flight Traning School မှာ လေယာဉ် ပျံသန်းခြင်း သင်တန်းကို ၁၈ လ သင်ကြား ရမှာဖြစ်ပြီး ပျံသန်းချိန် ၃၂၅ နာရီကြာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ သင်တန်းများ အားလုံး ပြီးဆုံး အောင်မြင်ပါက နိုင်ငံတကာ လေကြောင်းလိုင်း များမှာ အလုပ် ၀င်ရောက် နိုင်သလို လေကြောင်း နည်းပြများ အနေနဲ့လည်း လုပ်ကိုင် နိုင်တာ ဖြစ်တယ်လို့ အဆိုပါ Golden Wings မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလေယာဉ်မှူး သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေး လိုပါက Golden Wings @ Jenko Flight Training ၊ ဖုန်း - (၀၉ ၅၀၆၂၈၉၁) သို့ ဆက်သွယ် မေးမြန်း နိုင်တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Myanmar Express

Tuesday, May 22, 2012

Posted by မျိုးချစ်သူရဲကောင်းများ On 5:42 PM 0 comments

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေးဗစ် လှမြင့် တို့၏ သမီး ခင်ရွှန်းလဲ့ဝေ

ခင်ရွှန်းလဲ့ဝေ မှ သူမ ကိုယ်သူမ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေးဗစ် လှမြင့် တို့ရဲ့ သမီး လို့ ဝန်ခံပြီးနောက်မှာ ဒီသတင်းက မြန်မာပြည်သူအများအပြားကို စိတ်ဝင်စားလာစေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တဏှာကြီးပြီး လိင်အရှုတ်တော်ပုံ တွေ ရှိ တယ်လို့ အများက လက်ခံကြပေမယ့် ပုဂ္ဂိုလ်ရေး ကိစ္စဖြစ်တာကြောင့် ဘယ်သူမှ ဖော်ထုတ်ပြောခြင်း မရှိခဲ့ပါဘူး။

ခင်ရွှန်းလဲ့ဝေ ကို ၁၉၉၅ နိုဝင်ဘာ ၂၉ ရက်နေ့ မှာ ယခု ဒေါ်စု နေအိမ်မှာပဲ မွေးဖွားခဲ့ပါတယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လင်ကြီး ဖြစ်သူ ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ် မသေသေးပါဘူး။ ဒါပေမယ့် မိုက်ကယ်အဲရစ်နဲ့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပါတယ်။ သွေးနဲ့ သားနဲ့ တည်ဆောက်ထားတဲ့ လင်ရှိမယား တစ်ယောက်အတွက် အခုလို အဖြစ်မျိုး ဖြစ်သွားတယ် ဆိုတာ လက်ခံလို့ ရတယ်လို့ NLD နဲ့ နီးစပ်သူများက မှတ်ချက်ပေးကြပေမယ့် အချို့ကတော့ ၁၉၉၅ မှာ ဒေးဗစ် လှမြင့် နဲ့ ကြိုက်ပြီး လင်ကြီးကို လုံးဝ ပစ်ထားကာ နောက်ဆုံး ၁၉၉၉ ခုနှစ်မှာ မိုက်ကယ် အဲရစ်မှာ ဒီစိတ်နဲ့ သေခဲ့ရတာကြောင့် ဒေါ်စု ကို အကောင်းမမြင်ကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ မှာ နေအိမ်အကျယ်ချုပ် ကနေ ပြန်လွတ်လာခဲ့ပါတယ်။ တစ်နှစ်အတွင်း မှာ ကလေး တစ်ယောက် မွေးခဲ့တာ ကြောင့် ဒေးဗစ်လှမြင့် ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် က မလွတ်ခင်ကတည်း က အဝင်အထွက် ရှိနေခဲ့ သလား ဆိုတာ သံသယ ဖြစ်စရာ ရှိပါတယ်။ ဂျွန်ရက်တောလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေစဉ် အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ထဲ ခိုးဝင်ပြီး နှစ်ည အိပ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့ အကျယ်ချုပ်က လွတ်မြောက်မြောက်ချင်း ပထမဆုံး မိန့်ခွန်းမှာတော့ သူ့ကို နားလည် ပေးခဲ့တဲ့ လုံခြုံရေး တွေကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ခင်ရွှန်းလဲ့ဝေ ဟာ အ.ထ.က (၂) လသာ မှာ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး အခုချိန်ထိ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းမှာ အစောင့်အလျှောက်တွေနဲ့ နေထိုင်လျှက် ရှိကြောင်း သိရပါတယ်။ ခင်ရွှန်းလဲ့ဝေ ၂ နှစ် သမီးမှာ ၁၉၉၇ ခုနှစ်မှာ ဒေါ်စုရဲ့ ခင်ပွန်းဖြစ်သူ နိုင်ငံခြားသား မိုက်ကယ် အဲရစ် (ဗြိတိသျှလူမျိုး) ဟာ ဂွေးစေ့ ကင်ဆာ ကို ကုသနေချိန်ဖြစ်ပါတယ်။ မိုက်ကယ် အဲရစ် သေလုမျှောပါး ဖြစ်နေပေမယ့် ၂ နှစ် သမီးလေး ခင်ရွှန်းလဲ့ဝေကို ပစ်ထား မသွားနိုင်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်ခရီးစဉ်ကို ဖျက်ခဲ့ပါတယ်။ အဲဒီနောက် ၉၉ ခုနှစ် မတ်လ ၂၇ မှာ မိုက်ကယ်အဲရစ် လည်း ဒေးဗစ်လှမြင့် စိတ်နဲ့ အသက်ထွက်သွားပါတယ်။

ခင်ရွှန်းလဲ့ဝေ ရဲ့ ဘလော့ ကတော့ http://khinshonleltwai.blogspot.com/ ဖြစ်ပြီး မိသားစု လျှို့ဝှက်ချက်များ ပေါက်ကြားအပြီး ဒီရက်ပိုင်းမှာ ဘလော့ ပိတ်သွားပါတယ်။

ဒေါ်အောင်ဆန်းဆုကြည် သာ က ဘုရင်မ ရူး ရူးနေတာ မဟုတ်ပဲ ခင်ရွှန်းလဲ့ဝေကပါ မင်းသမီး (ဘုရင်မ သမီး) ရူး ရူးနေသူ ဖြစ်ပါတယ်။ အီးမေး များကတော့

royalprincess125@gmail.com
khinshonleltwai@gmail.com
tinnwe757@gmail.com

တို့ ဖြစ်ပါတယ်။










Myanmar Express

Posted by မျိုးချစ်သူရဲကောင်းများ On 5:00 PM 0 comments

ပွင့်သောပန်းတိုင်း လန်းစေလို

ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ အခန်းပေါင်း နှစ်ဆယ် ပါဝင်သည့် ခပ်လတ်လတ် ဟိုတယ်တခုထဲသို့ စုံတွဲတတွဲ ၀င်လာသည်။ ညနေ လေးနာရီဝန်းကျင်။ ဟိုတယ်အမည်ခံ အချိန်ပိုင်း အခန်းငှားသည့် တည်းခိုခန်းများရှိ ၀န်ထမ်းအားလုံး နားလည်ပြီးသားဖြစ်ပါသည်။ ဧည့်သည်ကို မျက်လုံးချင်း မဆုံစေရ။ လိုအပ်သည့် စကားသာပြောရမည်။ အကဲခတ်မကြည့်ရ။ ဧည့်သည်အကြောင်းကို အချင်းချင်း သော်လည်းကောင်း၊ အပြင်ကိုသော်လည်းကောင်း လုံးဝမပြောရ။
လက်ခံကောင်တာရှေ့ ရှိကြွေပြားများကို အ၀တ်တံမြက်စည်းနှင့် မတ်တတ်ရပ်ရင်း ပွတ်တိုက်နေသည့် မအိတာ၏ မြင်ကွင်းထဲသို့ ခြေထောက် ဖောင်းဖောင်းလေး တစုံဝင်လာသည်။ ခြေညှပ်ဖိနပ် ဖြူဖြူလေး စီးထားသည့် ခြေဖမိုးပေါ်မှာ ဘဲခေါင်းစိမ်းရောင် လုံချည် ပျော့လေး ပုံကျနေသည်။ ထိုမှတဆင့် သော့ချိတ်ကလေးများနှင့် အပြာရောင်ကျောပိုးအိတ်လေး။ စာအုပ်တချို့ကိုပိုက်ထား သည့် လက်ကလေးများ။ လက်မောင်းနှင့် ရင်ဘတ်မှာ တံဆိပ်တချို့တပ်ထားသည့် အင်္ကျီဖြူ ။


မအိတာ မလုပ်သင့်တာကို လုပ်လိုက်မိသည်။ ဧည့်သည်မိန်းကလေး၏ မျက်နှာကို ခပ်ရှန်းရှန်းကြည့်လိုက် သည်။ ပုခုံး မရောက် တရောက် ဖြောင့်စင်းစင်း ဆံပင်နက်ကလေး နှင့် မိန်းကလေးမှာ အသက် ဆယ့်ငါးနှစ်ထက် ပိုပုံမရ။ မအိတာသက်ပြင်းချလိုက်ရင်း ကြွေပြားများကိုသာ ခပ်ဖိဖိဆက်ပြီး တိုက်နေလိုက်သည်။

တနာရီခွဲခန့် ကြာသောအခါ ဧည့်သည်များထွက်သွားသည့် အခန်းကို ရှင်းရန် မန်နေဂျာ အစ်မက မအိတာကို ခေါ်ပြောသည်။ အခန်းထဲဝင်လိုက်တော့ ခုတင်ဘေးက စားပွဲပေါ်တွင် ပုံနှိပ်စာအုပ်တချို့ ရှိနေသည်။

၂၀၀၂ ခုနှစ်မှာ ဆယ်တန်းကျပြီး ကျောင်းထွက်ခဲ.ရသည့် မအိတာ Grade 10 ဆိုတာ ဆယ်တန်းလား၊ ကိုးတန်းလား မသိပေမယ့် အထဲက စာနှင့် ပုံများကြောင့် န၀မတန်း ဇီဝဗေဒ ဖတ်စာအုပ်မှန်းတော့ သိပါသည်။ အခန်းရှင်းပြီး ကျန်ခဲ့သည့် စာအုပ်ကို အပ်ရန် ယူလာစဉ် စောစောက အဖြူအစိမ်း ကောင်မလေး ကောင်တာမှာ ရပ်နေသည်ကို တွေ့ရသည်။

“သြော် အဲဒါ သမီးစာအုပ်တွေ မကြီး။ ရှင် ဟုတ်ကဲ့။ လေးအုပ်ပါ။ ယူသွားမယ်နော်။ ကျေးဇူးတင်ပါတယ် မကြီး။ ဘယ်လိုမှသဘော မထားပါနဲ့နော်။ သမီးလက်ဆောင်ပေးတာပါ”ဟု ဆိုပြီး မအိတာ လက်ထဲကို ကျပ် ၁၀၀၀ တန် တရွက် အတင်းထိုးထည့်ရင်း ပြော ပြောဆိုဆိုနှင့် ခပ်သုတ်သုတ် ပြန်ထွက် သွားသည်။

ဟိုတယ်နှင့် တည်းခိုခန်းများသို့ အချိန်ပိုင်းလာရောက်ကြသော စုံတွဲများတွင် အမျိုးသမီးငယ်များ၏ အသက်သည် ဆယ်ကျော်သက် ၀န်းကျင်များဖြစ်လာကြသည်ဟု သိရသည်။ သမီးရည်းစား အနေနှင့် လာသောစုံတွဲများဖြစ်စေ၊ အခကြေးငွေနှင့် ခေါ်လာ သော စုံတွဲများဖြစ်စေ မိန်းကလေးများသည် ခပ်ငယ်ငယ်သာ များသည်။

သမီးရည်းစားအနေနှင့် လာသည့် စုံတွဲများတွင်ပင် ယောက်ျားလေးက မိန်းကလေးထက် အတန်ငယ်အသက်ကြီးပုံရပြီး တခြား စုံ တွဲများသည်ကြည့်ရုံနှင့်ပင် အသက် သုံးဆယ်ထက် မနည်း ကွာဟကြောင်း သိနိုင်သည်ဟု တည်းခိုခန်း ၀န်ထမ်းများ၏ ပြောပြချက် အရ သိရသည်။

ဟိုတယ်သို့ တဦးတည်း ပုံမှန်လာသော အမျိုးသားများအတွက် အဖော်ရှာပေးရသော ဟိုတယ်ဝန်ထမ်း အမျိုးသားတဦးက“ကျနော် တို့နဲ့ ချိတ်ထားတဲ့ အထဲမှာ ခပ်ငယ်ငယ်လေးတွေတော့ ရှိပါတယ်။ ၁၆နှစ်ကတော့ အငယ်ဆုံးပဲ။သူတို့ဘာသာ ခေါ်လာတာ လေး တွေက ပိုတောင်ငယ်သေးတယ်။ အခုခေတ်က အသက်၂၀ကျော်ရင် အွတ်ပြီလေ(အရွယ်ဟိုင်းသွားခြင်းကို ဆိုလိုသည်)”ဟုပြော သည်။

လိင်အလုပ်သမ အဖြစ် လုပ်ကိုင်ကြသည့် အမျိုးသမီးငယ်အများစုသည် ဘီယာဆိုင်တွင် သီချင်းဆိုရင်း၊ ဆေးလိပ်နှင့် အရက် အရောင်းမြှင့်တင်ရေး ၀န်ထမ်းအဖြစ် လုပ်ကိုင်ရင်း၊ ကေတီဗီနှင့် အနှိပ်ခန်း စသည့် ယောက်ျားများနှင့် လက်ပွန်းတတီး ထိတွေ့ ဆက်ဆံရသည့် လုပ်ငန်းခွင်များမှတဆင့် ထိုလမ်းကြောင်းပေါ်သို့ အလွယ်တကူရောက်လာကြသည်ဟု ကာယကံရှင်နှင့် နီးစပ် သည့် အသိုင်းအ၀ိုင်း၏ ပြောပြချက်များအရ သိရသည်။

မိသားစု စီးပွားရေး အဆင်မပြေမှုကို မနိုင်ဝန်ထမ်းရခြင်းနှင့် အများနည်းတူ သုံးစွဲဝတ်စားချင်သည့် စိတ်ဆန္ဒတို့ သည် မိန်းကလေး ငယ် များအား ထိုလမ်းကြောင်းပေါ်ရောက်စေသည့် အကြောင်းများဖြစ်သည်။ အုပ်ထိန်းသူပေါ့လျော့ခြင်း၊ အသက်မပြည့်ခင် အိမ် ထောင်ပြုခြင်း၊ အိမ်ထောင်ပြိုကွဲခြင်း၊ မက်လုံးပေး စည်းရုံးသိမ်းသွင်း ခံရခြင်းများလည်း ပါဝင်သည်။

“သမီးက အရင်က မာဆတ်မှာ လုပ်တာ။ တနေ့လုံး ညောင်းချိထူပူနေအောင် နှိပ်မှ ကော်မရှင်က ဘယ်လောက်မှ ရတာ မဟုတ် ဘူး။ လုပ်ခါစကတော့ တော်တော်ရှက်တာ။ ဒါပေမယ့် ဧည့်သည်က အအေးထဲမှာ ဘာထည့်တိုက်လိုက်လဲ မသိဘူး။ အဲဒီတော့မှစိတ်ထဲမှာ ရဲသွားတာ။ မာဆတ်က မဟုတ်ဘဲ ပလိန်းကြီးလိုင်းဝင်သွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုပဲပေါ့”ဟု ပြောပြသည့် အသက် ၁၆ နှစ်ခန့်ရှိ စနိုး ၏ ပုံစံက ပေါ့ပေါ့ပါးပါးပင်။

ပုံပန်းမကျသည့် ဆံပင်ကျဲကျဲ၊ ငယ်နုသည့်မျက်နှာနှင့် ဘာမှပြင်ဆင်ခြယ်သ ထားခြင်းမရှိသည့် မိညိုက စကပ်တိုတိုနှင့် ကားမှတ် တိုင်မှာ ထိုင်နေသည်။ တရပ်ကွက်တည်းနေ အမျိုးသမီးကြီးက သူ့အကြောင်းကို ဖောက်သည်ချသည်။

“ကလေးမလေးက သိပ်ကျပ်မပြည့်ဘူး။ သူ့အမေအသုံးမကျလို့ ဖြစ်ရတာ။ ရူးတူးပေါတောနဲ့ သူ့အကြောင်းတွေမေးရင် အကုန်ပြော တာ။ နိုင်ငံခြားသားကြီးက ချမ်းချမ်းစီးစီးကြီးမှာ ရေချိုးခိုင်းတာ။ ချမ်းလည်း ချိုးရတယ်တဲ့။ သူ့ ရွံလို့ နေမှာပေါ့။ ဖွံ့ဖွံ့ထွားထွားလည်း မဟုတ်ပါဘူး။ ငယ်ဂုဏ်လေးရှိလို့ ခေါ်ကြတာ”ဟု မိညို မကြားနိုင်လောက်သော်လည်း အမျိုးသမီးကြီးက အသံကို နှိမ့်ပြီး အနားကပ် ပြောသည်။

“အဘောရှင်းလည်း နှစ်ခါဖြစ်ဖူးတယ် လေ။ အဲဒါတောင် ကြာကြာ မနားလိုက်ရပါဘူး။ ပိုက်ဆံပြန်ရှာရတာပဲ။ သနားဖို့လည်း ကောင်း ပါတယ်”ဟု အမျိုးသမီးကြီးက ဆက်ပြောပြသည်။

လိင်အလုပ်သမ အဖြစ် အမြဲတစေ အသက်မွေးရန် မရည်ရွယ်ဘဲ တကြိမ် အစပြုလိုက်ရာမှ အစရှိနောင်နောင် ဆိုသကဲ့သို့ မထူးဇာတ် ခင်းကြရသည့် မိန်းကလေးငယ်တချို့လည်း ရှိသည်။

ထို မိန်းကလေးများသည် အကင်ရောင်းသည်။ တချို့က ဂေါက်ကွင်းတွင် ကယ်ရီလိုက်သည်။ တချို့က အရောင်းဝန်ထမ်း။ အရောင်းအ၀ယ်ပါးပြီး အကင်များ မကုန်သည့် ရက်များ ဆက်လာသောအခါ၊ ဂေါက်ကွင်း လူမလာ၍ လက်ဗလာနှင့် အိမ်ပြန်ရ သော အခါများတွင် သူတို့ အိမ်ပြန် နောက်ကျကြလေသည်။

သို့သော် အတန်အသင့် ပြည့်ဖောင်းသော ပိုက်ဆံအိတ်ငယ် ကိုယ်စီနှင့် ဖြစ်သည်။ ထိုငွေသည် သုံးလေးရက်စာ အိမ် အသုံး စရိတ် ပြေလည်စေပြီး ရံဖန်ရံခါ သဘောကျသည့် အ၀တ်ဆန်းကလေးများ ၀ယ်ရသည်ထက်တော့ ဘာမှ မပိုခဲ့ပါ။

“တညလုံး ရှာလာတဲ့ ပိုက်ဆံကို မနက်ကျတော့ အဆောင်မှာအတူတူနေတဲ့ ကောင်မလေးတွေနဲ့ ဖဲရှုံးသွားတဲ့ ရက်တွေလည်းရှိဖူး တယ်”ဟု လူသိများသည့် နာမည်ကြီး တံဆိပ် ဘီယာ အရောင်းမြှင့်တင်ရေး ၀န်ထမ်း ကောင်မလေး၏ ပြောစကားဖြစ်သည်။

အဌမတန်း အရွယ်မှာ အိမ်ထောင်ကျပြီး အလုပ်လက်မဲ့ ခင်ပွန်းဖြစ်သူနှင့် ပေါင်းသင်းနေသူ ချစ်ယု(အမည် အပြည့်အစုံမဟုတ်)၏ လက်ရှိ အလုပ်ခွင်က အနှိပ်ခန်းတခုတွင် ဖြစ်သည်။ အိမ်ထောင်သက် ၂ နှစ် ရှိပြီဖြစ်သည့် သူမကတော့ အလုပ်သွားတိုင်း လိုက်ပို့ လိုက်ကြို ပေးသော သူ့ထက် ၅ နှစ်ကြီးသည့် သူမ၏ အိမ်ဦးနတ်ကို ချစ်သည်ဟု ဆိုပါသည်။

အဆောင်ငှားခ ပေးရန် ပိုက်ဆံပြတ်လပ်ခိုက် သူငယ်ချင်းတယောက် အဆက်အသွယ်ဖြင့် ပထမဆုံး အတွေ့အကြုံကို ငွေကျပ် နှစ် သိန်း နှင့် လဲလှယ်ခဲ့သော တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတဦးလည်း ရှိကြောင်း ချစ်ယု၏ သူငယ်ချင်းကတဆင့် သိရသည်။

နယ်မှရန်ကုန်သို့ လာရောက်နေထိုင်အလုပ်လုပ်သူ မိန်းကလေးများသည် သာမာန်အသုံးစရိတ်အပြင် အဆောင်ငှားခနှင့် စားစရိတ် ပါ ပိုမိုကုန်ကျလေသည်။ ထို့သို့သော အထည်ချုပ် စက်ရုံ ၀န်ထမ်း မိန်းကလေးတချို့နှင့် လခစားဝန်ထမ်း မိန်းကလေးတချို့သည် အဖိုးနည်း ၀န်ပါ စပွန်ဆာပေးသူများနှင့် ပတ်သက်ရလေသည်။

အိမ်တဆောင် မီးတပြောင်မဟုတ်သော်လည်း အဆောင်ငှားခနှင့် စက်ရုံမှ တလစာနီးပါး ပိုက်ဆံတို့သည် အမြဲတမ်း မဟုတ်သည့် ရံဖန်ရံခါ လိုက်လျောမှုများနှင့် ထိုက်တန်ပါသည်ဟု ချုပ်ထည်ပါးလို့ ညည်းညူနေသည့် မိန်းကလေးငယ်တချို့က ခပ်ဆိုင်းဆိုင်းဖြေ သည်။

ဟိုတယ်သို့ လာသော ကောင်မလေးငယ်ငယ်လေးများကို တွေ့ရဖန် များလာသောအခါ အလုပ်ထွက်ချင်စိတ်ပင် ပေါက်သည်ဟု မအိတာက ပြောသည်။

ဧည့်သည် အ၀င်များလျှင် မုန့်ဖိုးပိုရသည်မှန်သော်လည်း ထိုမိန်းကလေးများ၏ ပိုက်ဆံကို သူမယူရက်တာ မှန်သောသစ္စာပါဟု ဆို သည်။ မအိတာ တခါတခါ တွေးမိတာက သူတို့ နောင်တချိန် လင်ကောင်းသားကောင်းမှ ရပါ့မလား။ အသက်ကငယ်တော့ အမှု အခင်းတွေများ ဖြစ်မလား၊ ကျန်းမာရေးကိစ္စတွေ ဘယ်လိုများဖြစ်မလဲ ဆိုတာပါတဲ့။

မအိတာက သူတို့ ဟိုတယ်အနောက် အပြင်ဘက်က ခုံတန်းမှာထိုင်ရင်း၊ တထောင် တန် အသစ်ကလေးကို ထုတ်ပြရင်း“ကျမ အိမ်မှာ မဟာစည် သာသနာ့ရိပ်သာ အတွက် ရည်စူးပြီး တနှစ်စာထည့်ရတဲ စုဘူး ရှိတယ်။ သူတို့ပေးတဲ့ မုန့်ဖိုး ရလာတိုင်း မသုံးဘူး။ စုဘူးထဲ ထည့်တယ်။ သူတို့ကတော့ ဒီဘ၀က ကျွတ်ချင်လား မကျွတ်ချင်လား မသိဘူး။ ကျမကတော့ ထည့်တိုင်း အသံ ထွက်ပြီး ဆုတောင်းတယ်။ နောင်ဘ၀မှာတောင် မဟုတ်ပါဘူး။ အခုဘ၀မှာတင် ဒီလိုမလုပ်စားရဘဲ အဆင်ပြေပါစေ။ ထီရင်လည်း ပေါက်ကြပါစေ။ ဘ၀ဆက်တိုင်း ဒီလိုအဖြစ်မျိုးနဲ့ ဝေးပါစေလို့”ဟု ပြောပြသွားပါသည်။ ။

Sa Maung

Posted by မျိုးချစ်သူရဲကောင်းများ On 4:54 PM 0 comments

ရောင် စုံ သ တင်း စာ များ (21-05-2012)

Posted by မျိုးချစ်သူရဲကောင်းများ On 4:51 PM 0 comments

ဇွန်လမှ စတင်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲနိုင်မည်


From : ပြည်မြန်မာ

ဇွန်လမှ စတင်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲပို့နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်၏ ခွင့်ပြုချက်ဖြင့် ၈-၅-၂၀၁၂ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Kasikorn ထိုင်းဗဟိုဘဏ် ဌာနချုပ်တွင် မြန်မာနှင့်ထိုင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ ငွေလွှဲခြင်း လုပ်ငန်းကို ထိုင်းနိုင်ငံ Kasikorn ဘဏ်နှင့် မြန်မာနိုင်ငံ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ တရားဝင် ငွေလွှဲပို့နိုင်ရန် ဆောင်ရွက်ခြင်းမှာ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ အန္တရာယ်ကင်းစွာဖြင့် မိမိ၏ နေအိမ်သို့ ငွေလွှဲပို့နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ငွေလွှဲစံနှုန်းကိုလည်း ယူရိုငွေပေါ်တွင် မူတည်ပြီး သတ်မှတ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် စာချုပ် ချုပ်ဆိုပြီးသော်လည်း လုပ်ငန်းစဉ် စနစ်တကျ ဖြစ်ရန်အတွက် ဇွန်လမှသာ မြန်မာအလုပ်သမား အများဆုံး တည်ရှိသည့် မဟာချိုင် ဒေသတွင်ရှိသည့် Kasikorn ဘဏ်ခွဲတွင် စတင်ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း၊ ဇူလိုင်လတွင် ထိုင်းနိုင်ငံရှိ Kasikorn ဘဏ်ခွဲများ အားလုံး၌ ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိပြီး ထိုဘဏ်များ၌ မြန်မာဘာသာပြန် ဝန်ထမ်းများလည်း ထားရှိသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ Kasikorn ဘဏ်သည် ထိုင်းနိုင်ငံအတွင်း အသုံးပြုနေသည့် အလိုအလျောက် ငွေထုတ်စက် (ATM) တွင် မြန်မာဘာသာကို ပထမဆုံး ထည့်သွင်းပေးထားသည့် ဘဏ်တစ်ခု ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

Myanmar Express

Posted by မျိုးချစ်သူရဲကောင်းများ On 4:45 PM 0 comments

ကျွဲနှစ်ကောင်ကြားက မြေစာပင်


မြန်မာ့နိုင်ငံရေးလောကမှာ ကြံ့ခိုင်ရေးနဲ့ NLD ဆိုပြီးပါတီ(၂)ခုကလွှမ်းမိုးထားပါတယ်။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံအင်အားစုရဲ့ ထောက်ခံမှုကို ရရှိ ထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန် အစရှိတဲ့ အနောက်နိုင်ငံများမှ ထိပ်တန်းအရာရှိတွေလာရောက်ခဲ့ပါတယ်။ အနောက်နိုင်ငံများမှမြန်မာ့ဒီမိုကရေစီအပြောင်းအလဲများကို လေ့လာပြီး၊ စီးပွားရေးပိတ်ဆို့မှုများအပါအ၀င် ကြွေးမြီလျော်ပေးခြင်း၊ ငွေကြေးအထောက်အပံ့များပေးခြင်း များကိုဆောင်ရွက်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာမြန်မာ့နိုင်ငံရေးလောကကိုဝင်ရောက်ချယ်လှယ်ဖို့ ကြိုးစားနေတဲ့အတွက်ကြောင့် NLD ပါတီကိုထောက်ခံနေတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက တရုတ် ထိန်းချုပ်ရေးမူဝါဒအရ မြန်မာနိုင်ငံကိုချဉ်းကပ်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုနိုင်ငံရေးသြဇာခံအဖြစ် သွတ်သွင်းပြီးစိတ်တိုင်းကျချယ်လှယ်မှာဖြစ်ပါတယ်။ အမေရိကန်က၀င်ရောက်ချယ်လှယ်လို့ကိုယ့်နိုင်ငံကို ကိုယ်တိုင်မအုပ်ချုပ်နိုင်တဲ့နိုင်ငံတွေအများကြီးပါ။ ငွေကြေး၊ နည်းပညာတွေအကူအညီပေးပေမယ့်အချုပ် အခြာအာဏာဆုံးရှုံးသွားရတဲ့နိုင်ငံတွေဟာသက်သေခံနေပါတယ်။

ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကတော့ အနောက်နိုင်ငံနဲ့ဆက်ဆံမှုနည်းပါးပြီး တရုတ်နိုင်ငံနဲ့ပိုမိုကောင်း မွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ယခုလည်း တရုတ်ကွန်မျူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ၀န်ဂမ်ခေါင်းဆောင်တဲ့အဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး ဦးဌေးဦးတို့ နေပြည်တော်တွင်တွေ့ ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲတွင် မစ္စတာဝန်ဂမ်မှ မြန်မာနိုင်ငံ ၏နိုင်ငံရေးအပြောင်း အလဲကိုကြို ဆိုပါကြောင်း၊ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့အကူအညီကိုပေးဖို့အသင့်ရှိကြောင်းပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံသည် ယခင်အစိုးရ လက်ထက် ကတည်းက ကောင်းမွန်သော ဆက်ဆံရေးကိုတည် ဆောက်နိုင်ခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့ ထားသောနှစ်(၂၀)ကျော် ကာလအတွင်း တရုတ်နိုင်ငံမှ စီးပွားရေး ရင်းနှီးမြှပ်နှံမှုများ ကိုပြုလုပ်ခဲ့တဲ့အပြင် စွမ်းအင်အတွက်လည်းမြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ကိုဝယ်ယူသုံး စွဲနေပါတယ်။ တရုတ်နိုင်ငံအနေ နဲ့လည်း မြန်မာနိုင်ငံကိုအနောက် ဘက်ကုန် စည်စီးဆင်းမယ့် ပင်လယ်ထွက် ပေါက် အဖြစ်အ သုံးချဖို့ရည်ရွယ်ထားကြောင်း ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းနဲ့ ရိုးမဖြတ်ကျော်ရထား လမ်းများအထင် အရှားပါဘဲ။ အမေရိကန် ရဲ့မဟာဗျူဟာကိုသိရှိထားတဲ့တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ဆက် ဆံရေးကိုတိုးမြှင့်ဖို့ ရည်ရွယ်လုပ်ဆောင် လာတာကိုတွေ့ရမှာပါ။ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ယခင်က တရုတ်ရဲ့အထောက်အပံ့နဲ့ ဖြိုးစေတနာ ဆိုတဲ့ ဆေးခန်းတွေ ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။

ယခုလက်ရှိအခြေအနေက မြန်မာနိုင်ငံရေးလောကမှာအဓိကပါတီကြီး ၂ ခုကို ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံက ကိုယ်ကျိုးအတွက်စည်းရုံးနေတယ်။ မြန်မာနိုင်ငံရေးလမ်းကြောင်းမပြောင်းလဲဖို့တော့ပါတီတွေ မှာတာဝန်ရှိပါတယ်။ မြန်မာနိုင်ငံဆိုတာ ကိုယ့်ထီးကိုယ့်နန်းနဲ့ နှစ်ပေါင်းများစွာသူများလွှမ်းမိုးတာမခံရပဲ နေလာခဲ့တာ။မြန်မာနိုင်ငံသားတွေကလွတ်လပ်မှုကိုမြတ်နိုးခဲ့တယ်ဆိုတာ သမိုင်းသက်သေတွေရှိပါတယ်။ ဒါကြောင့် အင်အားကြီး ၂ နိုင်ငံရဲ့ နိုင်ငံရေးမဟာဗျူဟာကြားမှာ မလူးသာမလွန့်သာအခြေအနေကိုရောက် ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံရေးကစားကွက်တစ်ခုမှာမှားသွားတာနဲ့ သူများနိုင်ငံရဲ့သြဇာခံဘ၀ကိုရောက် လိမ့်မယ်လို့ ၀ါရင့်နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးသန်းဦးက ပြောကြားခဲ့ပါတယ်။

Myanmar Express

Posted by မျိုးချစ်သူရဲကောင်းများ On 4:42 PM 0 comments

အမေရိကန်မှ စီးပွားပိတ်ဆို့မှု ဖွင့်ပေးခြင်းကြောင့် ပြည်ပအခြေစိုက် မြန်မာအတိုက်အခံများ ခွက်ပျောက်မှာ စိုးရိမ်နေ

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ပိတ်ပင်တားမြစ်ချက် ပြန်လည် ရ

ုပ်သိမ်းလိုက်တဲ့အပေါ်မှာ အမေရိကန်အခြေစိုက် အစိုးရအတိုက်အခံများက စားခွက်ပျောက်မှာ

စိုးရိမ်နေကြကြောင်း သတင်းရရှိပါတယ်။

အိုဘားမား က လည်း မြန်မာနိုင်ငံက ပြောင်းလဲနေပြီလို့ ပြောနေပြီး အခြား နိုင်ငံပေါင်းစုံမှ

အပြောင်းအလဲကို လက်ခံ နေကြပေမယ့် မြန်မာနိုင်ငံ ထဲမှာ မနေတဲ့ ပြည်တွင်းဖြစ် အမေရိကန် သားများက

 မြန်မာနိုင်ငံအတွင်း မှာ ပြုပြင်ပြောင်းလဲမှုတွေ အခိုင်အမာမရှိသေးဘူး လို့ ဖင်ပိတ်ငြင်းနေတုန်းပဲ

ရှိပါသေးတယ်။

ပြည်ပ နိုင်ငံခြားသားများကတောင် မြန်မာနိုင်ငံအပေါ် စီးပွားဖွင့်ပေးဖို့ တောင်းဆိုပေးနေပေမယ့် မြန်မာနိုင်ငံ

 သား စစ်စစ် တွေကတော့ ပိတ်ဆို့မှု ရုတ်သိမ်းခြင်းကို ကန့်ကွက်နေကြပါတယ်။ ဘယ်သူသေသေ ငတေ

မာရင် ပြီးရော ဆိုပြီး ၎င်း တို့ အထောက်အပံ့နဲ့ စားသောက်နေထိုင်ဖို့အတွက် မြန်မာနိုင်ငံ တနိုင်ငံ

တစ်နိုင်ငံလုံးကို စီးပွားပိတ်ဆို့ စေလိုသူများကို ထုတ်ဖော် ပြပါတယ်။

USCB အမေရိကန်ပြည်ထောင်စု အခြေစိုက် အစိုးရလုပ်သမျှ ဆန္ဒပြပြီး အထောက်အပံ့တောင်းစားနေသူ

ညွန်ကြားရေးမှူး ဦးအောင်ဒင် (ခေါ်) စားဖားကြီး ကတော့ အခုလို အရေးယူမှုတွေ လျှော့ပေါ့ပေးတဲ့ ကိစ္စကို

လက်မခံလူးလို့ ပြောပါတယ်။

"ကျနော်ကတော့ ဒီကိစ္စအပေါ်မှာ အပြင်းအထန် ကန့်ကွက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်

ဧပြီလ ၄ ရက်နေ့က ရုပ်သိမ်းလိုက်ကတည်းက ကျနော်တို့က ကန့်ကွက်နေတာပါ" ပါလို့ ဦးအောင်ဒင် က

ပြောပါတယ်။


ဘယ်သူသေသေ ငဒင် မာရင် ပြီးရော ဆိုပြီး ၎င်း တို့ အထောက်အပံ့တွေ မရမှာဆိုးလို့ မြန်မာနိုင်ငံကို စီးပွား ပိတ်ခဲ့သူ

ဦးအောင်ဒင် ဟာ မိသားစုနဲ့အတူ အမေရိကားမှာ တိုက်နဲ့ ကားနဲ့ ချမ်းသာနေသူဖြစ်ပြီး နိုင်ငံတော် ၂၀၁၁

ဂျွန်လ တုန်းကလည်း မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ပိုမို တင်းကျပ် ဖို့ တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။

Myanmar Express

LIKE BOX