Thursday, May 31, 2012

Posted by မျိုးချစ်သူရဲကောင်းများ On 2:07 PM 0 comments

မြန်မာမိန်းကလေးအား အစ္စလာမ်ဘာသာဝင် သုံးဦးမှ မုဒိမ်းကျင့်ကာ ဓားဖြင့်ထိုးသတ်မှုအား ထူးချွန်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲမှ ညတွင်းခြင်း တရားခံများဖမ်းဆီးခဲ့



ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ထူးချွန်ပြောင်မြောက်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ညတွင်းချင်း ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။



ဖမ်းမိသူ (၃) ဦးမှာ ရမ်းဗြဲမြို့နယ် ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ဖြစ်ကြသည်။ သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

ထက်ထက်ဆိုသူ အား ရမ်းဗြဲမြို့တွင် မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရသူ မသီတာထွေးလက်ဝတ် လက်စားများနှင့် အတူ ဖမ်းဆီးမိခဲ့ကြာင်း သိရသည်။ ကျန် နှစ်ဦးအား ကျောက်ထရံကျေးရွာမှပင် ယမန်နေ့ ညဉ့်ကဖမ်းဆီး မိခဲ့ကြောင်း ဒေသခံများက ပြောသည်။

" တရားခံ သုံးဦးစလုံးကို မိပါပြီ။ ကျေးရွာပေါင်း ၁၁ ရွာခန့်က လူတွေ ကျောက်နီမော်ကို ချီတက်လာပြီး ရဲစခန်းကို ၀ိုင်းပြီး တောင်းဆိုကြတယ်။ တရားခံတွေကို ချက်ချင်း ဖေါ်ထုတ်ပြီး ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်" ဟု ကျောက်နီမော် ဒေသခံက နိရဉ္စရာသို့ ပြောသည်။

ယမန်နေ့က ကျောက်နီမော် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၁ ခန့်က ဒေါသထွက်နေသော ရခိုင် လူအုပ်ကြီးသည် ကျောက်နီမော် ရဲစခန်းအား ၀ိုင်းဝန်းလိုက်ကြပြီး လူသတ် တရားခံများကို အမြန်ဆုံး ဖမ်းဆီး အရေးယူဖေါ်ထုတ်ရန် တောင်းဆိုခဲ့ကြသည်။

" လူပေါင်း ၈၀၀ ကနေ ၁၀၀၀ ထိ ရှိမယ်ထင်ပါတယ်။ လူတွေက တော်တော့ကို ဒေါသ ထွက်နေကြတယ်။ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် တာဝန်ရှိသူတွေနဲ့ ရဲအဖွဲ့က မနည်း တားဆီးခဲ့ရတယ်။ မဟုတ်ရင် ပြဿနာ တော်တော်ကြီးကျယ်သွားနိုင်ပါတယ်" ဟု သူက ဆက်ပြောသည်။

ဒေါသထွက်နေသော လူအုပ်ကြီးသည် ကျောက်နီမော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်း နေအိမ်တွင် သင်္ကာမကင်းခံရ၍ တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ် (၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို လူသတ် တရားခံများ အဖြစ် တင်မှတ်ကာ အဆိုပါ လူငယ် ၂ ဦးအား အသေသတ်ရန် ၀ိုင်းဝန်း ချီတက်လာသည်ကို ရဲအဖွဲ့က လမ်းမှ တားဆီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ အခြေအနေများကြောင်း အဆိုပါ တရားခံ (၃) ဦးအား ညဥ့်တွင်းချင်း ကျောက်ဖြူသို့ ယူဆောင် သွားရကြောင်း သိရသည်။





ယနေ့ ကျောက်နီမော် အခြေအနေမှာ ငြိမ်သတ်ပြီး နံနက်ဈေးတွင် လူသူ မရှိဘဲ ခြောက်ကပ် နေကြောင်း မျက်မြင်များက ပြောသည်။ ၎င်းပြင် တစ်ရွာနှင့် တစ်ရွာအကြား ကူးသန်း သွားမူ ရပ်ဆိုင်းနေပြီး အဓိကအား ဖြင့် အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု ဆိုသည်။

သေဆုံးသွားသူ မသီတာထွေး (၂၆) နှစ်အား ယနေ့ နေ့လည်ပိုင်းတွင် သဂြိုလ်မည် ဖြစ်ရာ ပြဿနာများ မပေါ်ပေါက်အောင် ရပ်မိ ရပ်ဖများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ကြပ်မတ် ဆောင်ရွက်နေကြောင်း သိရသည်။

မသီတာထွေးသည် သူမနေထိုင်ရာ သပြေချောင်ကျေးရွာသို့ ကျောက်နီမော်ကျေးရွာမှ အပြန်တွင် မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကိုခံခဲ့ရ သည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ် ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း သိရသည်။

ယခုကဲ့သို့ လူမဆံစွာ ကျူးလွန်ထားမူအပေါ် ဒေသခံ ရခိုင်များက အထူး ဒေါသထွက်လျှက်ရှိနေကြောင်း သိရသည်။


Myanmar Express

Posted by မျိုးချစ်သူရဲကောင်းများ On 1:45 PM 0 comments

ထိုင်းနိုင်ငံမဟာချိုင်မှာရှိတဲ့မြန်မာတွေဟာ ပြည်ပြေးတွေအများစုဖြစ်ကြောင်းသိရ


အသက်ကြီးပြီး အရှက်မရှိ ပဲများတတ်သော ဒေါ်စုကြည်

မြန်မာနိုင်ငံကို တပ်မတော်အစိုးရစတင်အုပ်ချုပ်ချိန်မှစတင်ကာ ပြည်တွင်း၌ ဟိုေ၇ာင်ေ၇ာင်ဒီေ၇ာင်ေ၇ာင် အလုပ်မရှိနိုင်ငံေ၇းဗန်းပြကစီးပွားရှာနေသူအလွန်အမင်းပေါများလာပါတယ်။ထိုသို့ပေါများလာသည်နှင့်အမျှ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကောင်စီမှ အုပ်ချုပ်လိုက်သည်နှင့်တပြိုင်နက် လက်ကျောမတင်းပြည်သူများ၊အပျင်းကြီးသူများသည်အကြောင်းအမျိုးမျိုးဖြင့်ပြည်ပသို့ထွက်ခွာပြေးကြရပါလေတော့သည်။၎င်းတို့ပြေးရာလမ်းကြောင်းမှာ အဓိကလမ်းကြောင်းမှာ မြ၀တီမဲဆောက်၊ ထိုင်းနိုင်ငံနယ်စပ်လမ်းကြောင်းများပင်ဖြစ်သည်။အ၇င်ဆုံးထိုင်းနိင်ငံတွင်ခိုလှုံနေသည်။ထိုင်နိုင်ငံဟာလည်း မြန်မာပြည်ကို ကမ္ဘာမကျေရန်သူအဖြစ်သတ်မှတ်ထားသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ထို့ကြောင့်မြန်မာနိုင်ငံပြည်သူပြည်သားများသွေးကွဲမည့်အရေးကို အားပေးလှုံ့ဆော်မှု့မပြုသော်လည်း အပြည့်အ၀ကူညီထောက်ခံလျှက်၇ှိနေပေသည်။ထိုအချိန်မှာပြည်တွင်းမှ
ရာဇ၀တ်သား ၊၀ရမ်းပြေး စသည့်ပြည်သူများမှာအပြစ်ဒဏ်မခံရေ၇းနယ်စပ်မှပြေးထွက်ကာ ထိုင်းနိုင်ငံတွင်နေထိုင်ကာအဆင်ပြေကအနောက်ဥရောပနိုင်ငံများသို့ခြေဆန့်ကာအလုပ်လုပ်ကိုင်နေထိုင်ကြလေသည်။ဥပမာအားဖြင့်ပြောပြရလျှင်တော့ ပြည်ပသတင်းဌာနများဖြစ်သည့် BBC|VOA|RFA|DVB|နှင့် ဧရာဝတီ စသည့်သတင်းဌာနများသို့ဝင်ရောက်ကာလုပ်ကိုင်လျှက်ရှိကြပေသည်။သို့သော်ထိုမျှလောက်အရည်အချင်းမ၇ှိထိုင်းနိုင်ငံမှလည်း ဘယ်နိုင်မှမထွက်ခွာနိုင်သော မြန်မာပြည်သူများအဖို့ မဟာချိုင်ဒေသနှင့်အခြားဒေသာများတွင် အခြေချနေထိုင်ကာမြန်မာအလုပ်သမားများအဖြစ် နေထိုင်လျှက်ရှိကြသည်။တစ်ခါတရံ ထိုင်းအစိုးရ၏ဖမ်းဆီးခံရချိန်တွင်မြန်မာပြည်အစိုးရလက်ထဲသိုအပ်နှံခံရတတ်သည်။တခါတရံတွင်တော့ နိုင်ငံကူးလက်မှတ်မ၇ှိသည့်အတွက် ထောင်သွင်းအကျဉ်းချခံရတတ်ကြသည်။ထို့သို့ဖြစ်လျှင်တော့ပြည်တွင်းက အစိုးရကို ရောကာနှောကာ အပြစ်ပြောတတ်ကြပြန်သည်။ပြည်ပြေးသည်က သူတို့ အဖမ်းခံရတော့ ထွက်ပြေးမိကာမှ မြန်မာပြည်အစိုးရတာဝန်ခံပါဟုပြောတတ်ကြသူများပင်။၎င်းတို့မှာ ထိုင်းနိုင်ငံတွင်အများစုဖြစ်ပွားနေခြင်းဖြစ်သည်။မဟာချိုင်ဆိုသည်မှာ မြန်မာလူမျိုးပြည်ပြေးများ အများစုနေထိုင်ရာဒေသဖြစ်သည်။ဒေါ်စုကြည်မဟာချိုင်ဒေသသို့သွားရောက်ခြင်းမှာ ပြည်ပြေးအများစုသည်ဒေါ်စုကြည်အားထောက်ခံသည်။ရာဇ၀တ်သားအားလုံးသည်ဒေါ်စုကြည်အားထောက်ခံသည်။ထောင်ထွက်အားလုံးသည်ဒေါ်စုကြည်အားထောက်ခံကြသောကြောင့်ဖြစ်သည်။ထိုင်းနိုင်ငံမှာဒေါ်စုကြည်လူရာဝင်ပါသည်။ထိုင်းနိုင်ငံရဲ့အရာရှိတွေကြားမှာတော့မဟုတ်ပါ။မြန်မာပြည်ရဲ့ပြည်ပြေးတွေအကြားမှာပင်ဖြစ်ပေသည်။မဟာချိုင်ဆိုသည်မှာထိုင်းနယ်မြေဖြစ်သည်။ထိုင်းနယ်မြေအတွင်းနေထိုင်သည့်မြန်မာလူမျိုး 90%မှာ ပြည်ပြေးများ ပင်ဖြစ်သည်ဟု လေ့လာစမ်းစစ်ချက်များအရသိရပါသည်။

Posted by မျိုးချစ်သူရဲကောင်းများ On 1:43 PM 0 comments

ရောင်စုံသတင်းစာများ

Posted by မျိုးချစ်သူရဲကောင်းများ On 1:42 PM 0 comments

♪♫ယင်း(ယင်းလတ်)ကို တွေ့....ဆုံခွင့်....ပေးပါ......♫ အတိုက်အခံခြင်းသာတွေ့ဆုံခွင့်ရခဲ့တဲ့ ဒေါ်စုကြည်


အတိုက်အခံတို့ဘ၀ (မြန်မာ့အတိုက်အခံခေါင်းဆောင်နှင့် ထိုင်းအတိုက်အခံခေါင်းဆောင် အဘီဆစ်)

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီအတိုက်အခံခေါင်းဆောင် ဒေါ်စုကြည်ဟာ ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီဆစ် ၀ိချာချီဝ (Abhisit Vejjajiva) နဲ့မနေ့ ညနေပိုင်းတုန်းက ဟိုတယ်လ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။အဘီဆစ် ၀ီချာချီဝ ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်ပြီးဒီမိုကရက်တစ်ပါတီခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။အတိုက်အခံခေါင်းဆောင်းနှစ်ဦးဟာ ဆွေးနွေးမှု့အချိန်ဟာကြာမြင့်ခဲ့တယ်လို့လည်းသိရပါတယ်။“မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ အဓိကကျတယ် ဆို တာကို ကျနော်တို့နှစ်ဦးစလုံး သဘောတူကြပါတယ်။ နိုင်ငံခြားငွေလှဲလှယ်မှုနဲ့ပတ်သက်ပြီး တညီတညွတ် တည်းဖြစ်အောင် လုပ်ဆောင်တာမျိုးလို ပြုပြင်ပြောင်းလဲမှုတွေရှိခဲ့ပေမဲ့ တခြား စီးပွားရေးဆိုင်ရာ ဥပဒေတွေ၊ ရင်းနှီးမြုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲပြီး ထင်သာမြင်သာရှိအောင် လုပ်ဖို့လိုပါ တယ်။ နောက် ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေကိစ္စလည်း ကျနော်တို့ ဆွေးနွေးဖြစ် ပါတယ်။ အလုပ်သမားတွေ ပိုပြီး အ၀င်အထွက် ရှိနိုင်ရေးနဲ့ သူတို့ရဲ့ အခွင့်အရေးတွေ၊ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်ရေးကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။” ဟု
အဘီဆစ်ကပြောကြားသွားသည်။သို့သော်၎င်းတို့နောက်ကွယ်တွင်ဖုံးကွယ်ထားသော ဆွေးနွေးမှု့များရှိနိုင်သည်ဟုသုံးသပ်သူများကဆိုသည်။ဒေါ်စုကြည်ဟာ ထိုင်းဝန်ကြီးချုပ် ယင်းလပ်နှင့်တော့သီးခြားတွေ့ဆုံနိုင်ခွင့်မရှိခဲ့ပါဘူး။WEF မှတည်ခင်းသောညစာစားပွဲသို့တက်ရောက်သော ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ၎င်းညစာစားပွဲတွင်သာစောင့်မျှော်တွေ့ဆုံခွင့်ရခဲ့ခြင်းဖြစ်သည်။ဒေါ်စုကြည်ဟာ ယင်းလပ်နှင့်သီးခြားတွေ့ဆုံခွင့်ရရန်တောင်းဆိုပန်ကြားထားကြောင်းသိရှိရပြီး ယခုအချိန်ထိတော့ပြန်လည်ဖြေကြားမှု့ တစ်စုံတစ်ရာမရှိသေးဟုသိရပါတယ်။ဒေါ်စုကြည်ဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကိုတက်ရောက်ရင်း ထိုင်နိုင်ငံမှ အဓိကခေါင်းဆောင်များနှင့်တွေ့ခွင့်ရရန်ဆောက်ရွက်နေခြင်းဖြစ်ပြီး လောလောဆယ်ထိတော့ အတိုက်အခံခေါင်းဆောင်နှင့်သာတွေ့ဆုံနိုင်ခဲ့သည်။ ဒေါ်စုကြည်ရဲ့ ထိုင်းခရီးစဉ်ပြီးဆုံးချိန်ထိ ထိုင်းဝန်ကြီးချုပ်ယင်းလပ်နှင့် ဒေါ်စုကြည်တို့ သီးသန့်တွေ့ဆုံမှု့ရှိလာနိုင်မှာမဟုတ်ကြောင်းလည်းလေ့လာသုံးသပ်ထားကြပါတယ်။အကယ်၍သာ ဒေါ်စုကြည်အား ယင်းလပ်မှ သီးခြားတွေ့ဆုံခွင့်မပေးခဲ့ပါက ဒေါ်စုကြည်အား နိုင်ငံတကာ့အလယ်မှ အရှက်ခွဲသလိုမျိုးလည်းဖြစ်သွားနိုင်ပါတယ်။ထိုင်းအတိုက်အခံခေါင်းဆောင် အဘီဆစ်နှင့်တွေ့ဆုံခွင့်ရရှိခဲ့ခြင်းမှာလည်း မြန်မာ့အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သည့်အလျောက် ဒေါ်စုကြည်မှ တွေ့ဆုံခွင့်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။

Wednesday, May 30, 2012

Posted by မျိုးချစ်သူရဲကောင်းများ On 9:36 PM 0 comments

အိန္ဒိယ က လာတဲ့ လူတွေနဲ့ တွေ့ရတာ ဥရောပ က လာတဲ့ လူတွေနဲ့ တွေ့ရတာလောက် ပျော်ဖို့ မကောင်းဟု ဒေါ်စုပြော .....


ဒီကနေ့ အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း နဲ့တွေ့ဆုံရတာဟာ ဥရောပက လူတွေနဲ့ တွေ့ရတာလောက် ပျော်စရာမကောင်းဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ကြောင်း အမည်မဖော်လိုသူ NLD ပါတီဝင် တစ်ဦးက ဆိုပါတယ်။ ဥရောပမှ နှာခေါင်းချွန်ချွန် အရပ်ရှည်ရှည် နဲ့ ကိုယ်စားလှယ်တွေ လာတုန်းက အမြဲပျော်ရွှင်ပြီး ပိတိဖျာနေတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ မျက်နှာက မျောက်သေ ပါးရိုက်ထားသလို ဖြစ်နေပါတယ်။ သစ်ထွန်းလွင် ဘလော့၊ ဒီမိုဝေယံဘလော့နဲ့ Eleven Media များကတော့ ဒီကနေ့ ညနေမှာ ဘန်ကောက်ဆေးရုံသွားပြီး သားအိမ်ကင်ဆာ ကို ကုသ မယ်လို့ ရေးသားဖော်ပြထားတာကြောင့် ရောဂါ အပြင်းအထန်ခံစားနေရလို့ မအီမသာ ဖြစ်နေတာ လို့ ဒေါ်စု ထောက်ခံသူများက ယူဆကြပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အရိုးပေါ်အရေတင် နေရုံသာမက ပိန်ချူံပါးလီပြီး မီးယပ်ပိန်မီးယပ်ခြောက် ဖြစ်နေကာ ပိချပ်ပြား ငါးဖောင်ရိုး ပုံစံနှင် ရှူနာ ရှိုက်ကုန်း ဖြင့် ကမ္မဌာန်းရုပ်ပေါက်လျှက် ရှိနေပါတယ်။

Posted by မျိုးချစ်သူရဲကောင်းများ On 9:32 PM 0 comments

ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းလေဆိပ်တွင် VIP ထွက်ပေါက်မှ ထွက်ခွင့်မပြု ပဲ ရိုးရိုး သာမန် ခရီးသည် ဂိတ် ၁၀ က သာ ထွက်ခွင့်ပြု



ဖြစ်သလိုသွား၊ ဖြစ်သလို ပြော နေရတဲ့ ဒေါ်စု

From : http://www.nytimes.com/2012/05/30/world/asia/uncertainty-hangs-over-aung-san-suu-kyis-visit-to-thailand.html?_r=3&ref=world


NLD့ ပါတီ ထောင်ထွက်တွေနဲ့ ဖွဲ့စည်းထားတော့ သံတမန်ရေးလုပ်ငန်းတွေ အတွက်ဘာမှမသိ ထိုင်းလေဆိပ် တွင်လဲ ကြိုတင်အသိပေးခြင်းမရှိသောကြောင့် vip ဂိတ်ပေါက်မှထွက်ခွင့်မရခဲ့ကာ ရိုးရိုး ခရီးသည် ဂိတ် နံပတ် ၁၀ မှ ထွက်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးနိင်ငံခြားကိုထွက်လည်တဲ့ခရီးကတော့သံတမန် တွေ အတွက် စိတ်ကသိကအောင် ဖြစ်နေကြပြီလို့ သိရပါတယ်။ နယူးယောက်တိုင်းသတင်းစာခေါင်းစဉ်းမှာတော့ ပြင်ဆင်မှုညံတယ် ( Amid Disorganization, Aung San Suu Kyi Visits Thailand ) လို့ ဖေါ်ပြထားတာတော့အတော့ကို ရှက်စရာကောင်းလှပါတယ်။ အထူးသဖြင့်ဒေါ်စု ပါတီက လူတွေက အဆင့်မြင့်သံတမန်ရေးလုပ်ငန်းတွေအတွက် အတော့ကိုလေ့ကျင့်ဖို့ လိုဦးမယ်။ဒေါ်စုကတော့ နှစ်ပေါင်းများစွာအိမ်မှာအကျယ်ချုပ်ခံထားရတော့ ထားပါတော့လေ။ အခုသူခရီးစဉ်ကို တာဝန်ခံ သူက ခွန်သာမြင့် လို့ သိရတယ်။ သူမှာ နိင်ငံရေးနဲ့ သံတမန်ရေး ဘာမှ အတွေ့ အကြုဲံမရှိ ဘူး။ သူက ဒေါ်စုအိမ်ကို ပဲ ပြင်တတ်သူတဦးသာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို့ နိင်ငံတကာ ခေါင်းဆောင် ကြီး ထိုင်းနိင်ငံထဲကို ၀င်လာတာက အတော့ကို ရုပ်ဆိုးလှတယ်။ ထိုင်းနိင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ခြင်းလုံးဝမရှိဘူးလို့  ထိုင်းနိင်ငံခြားရေးဝန်ကြီး သနီ( Thani ) ဆိုတဲ့အကြောင်းကို နယူးယောက်တိုင်းသတင်းစာမှာဖေါ်ပြထားပါတယ်။ ဒုကသည်စခန်းတွေကို သွားမယ်လို့ သိရတယ်။


ဒေါ်အောင်ဆန်းစုကြည် ထိုင်းကို လာတာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန
ကို အသိပေးမထားပါဘူးတဲ့... ရောက်ခါနီးကြမှ လာမယ်ဆိုတာကို ထိုင်းနိုင်ငံခြားရေးက သိပါသတဲ့... ဒေါ်အောင်ဆန်းစုကြည် သွားမယ့်.. ဒုက္ခသည် စခန်းဆိုတာ ကန့်သတ် နယ်မြေပါတဲ့.. ထိုင်းအစိုးရက ခွင့်ပြုချက်ပေးမှ ၀င်ထွက်လို့ရပါသတဲ့.. ဒါပေမယ့်.. အဲ့ဒီကို သွားမယ်ဆိုတာကိုလည်း ဘာမှ အကြောင်းမကြားပါဘူးတဲ့.... ဦးဥာဏ်ဝင်း ကို ဖုန်းဆက်တော့လည်း ဖုန်းပိတ်ထားပါတယ်တဲ့.. ...


ဒီစခန်းတွေက နှစ်နိင်ငံကြားမှာ ပြသနာတရပ်ဖြစ်နေတဲ့စခန်းတွေ ဒီစခန်းတွေကိုသွားရင်ထိုင်းနိင်ငံရဲ့  ခွင့်ပြုချက်ကိုရယူဖို့ လိုပါတယ်။ ဒီလိုသွားရောက်လည်ပတ်ဖို့ အတွက်လည်း ဒေါ်စု ရဲ့ အဖွဲ့ က ထိုင်းအာဏာပိုင်တွေကို တရားဝင်အကြောင်းကြားမှုမရှိဘူးလို့  ဆိုပါတယ်။ အလားတူပဲထိုင်းနိင်ငံအခြေစို က် ဒုကသည်တွေကို ကူညီပေးနေတဲ့ လူမှုရေးအဖွဲ့  BBC တာဝန်ရှိသူတွေကိုလည်းဆက်သွယ်ခြင်းမရှိဘူး။ ခွန်သာမြင့်ကိုဖုံးခေါ်ကြသော်လည်း ပြန်လည်ဆက်သွယ်ခြင်းမရှိဘူးလို့ သိရပါါတယ်။ တပ်ခရိုင်ဝန်လည်း ဦးဏှောက်ခြောက်နေပါတယ်။ သူလာမယ်ဆိုတာကို မီဒီယာကပဲကြားရတယ်။ ကျနော်တို့  ကိုသူမရဲ့  အဖွဲ့ ကဆက်သွယ်ခြင်းလုံးဝမရှိသေးဘူးလို့ ဆိုပါတယ်။ ဦးညဏ်ဝင်း ကိုဖုံးခေါ်သော်လည်း မရဘူးလို့ သိရတယ်။ ဒေါက်တာစင်သီယာဆေးခန်းကိုသွားရောက်ဖို့  ရှိသော်လည်း ဒေါက်တာစင်သီယာ မောင်ကိုလည်းဒေါ်စုနဲ့တွေ့ မဲ့ အစီအစဉ်မှာထည့်သွင်းမဆွဲထားဘူးလို့ သိရတယ်။ နယူးယောက်တိုင်းသတင်းစာမှာဖေါ်ပြထားချက်တွေအရ ဒေါ်စုခရီးစဉ်တာဝန်ယူထားတဲ့ အဖွဲ့ ဟာ တော်တော်လေးကို ဖယိုဖရဲ ဖြစ်နေတာကိုတွေ့ ရပါတယ်။ ဒီကြားထဲ မီဒီယာနဲ့တွေရင် အတော်ကို စကားသွက်လှတဲ့ဒေါ်စုက သူကို မျော်လင့်တကြီးစောင့်စားနေတဲ့ မီဒီယာသမားတွေကို ဘာတခွန်းမှာ မပြောသွားဘူးလို့  ဆိုပြန်တယ်။ ဒီပုံနဲ့ဆိုရင်တော့ ဒီချုပ်တွေ စီမံခန့် ခွဲ ပုံတွေကြောင့် ဒီမိုကရေစီအရေး အတွက်ရင်လေးမိပါကြောင်း...

Myanmar Express

Posted by မျိုးချစ်သူရဲကောင်းများ On 5:17 PM 0 comments

ဖြေရှင်းပေးကြပါ KIA


ငါတို့ကချင်လူမျိုးတွေဟာ မိဘအဆက်ဆက် ကိုယ့်အားကိုယ်ကိုး နေလာခဲ့ကြတာ စစ်ပွဲကြောင့် ကိုယ့်ရပ်ရွာစွန့်ပြီး ဒုက္ခသည်စခန်းတွေမှာနေပြီး သူများတွေပေးတာ ကျွေးတာ လှူတာ ကိုစောင့်ရင်းနဲ့ နေလာရတာစိတ်ညစ်လာပြီ။
တခြားနေရာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ပြီး ဒေသခံတွေ တည်ငြိမ်အေးချမ်းမှုအရသာကိုပျော်ရွှင်ခံစားနေချိန်မှာ ကချင်ပြည်နယ်မှာတော့ KIA ရဲ့ကြီးမားတဲ့ နိုင်ငံရေး စကားလှိုင်းလုံးတွေကြောင့် ခုချိန်ထိပစ်ခတ်နေကြတော့ ငါတို့ဒုက္ခသည်တွေရွာကို မပြန်နိုင်ကြသေးဘူး။
ကိုယ့်ရပ်ရွာကိုပြန်ချင်ပေမဲ့ ခက်နေတာက မယုံရတာက KIA ဖြစ်နေတယ်။ တောင်ယာ၊ စိုက်ခင်း၊ လူသွားလမ်း၊ ကားလမ်း နေရာတိုင်းမှာ မိုင်းထောင်၊ ဆက်ကြေးငွေတောင်း၊ စပါးတောင်း၊ လူငယ်တွေကိုအဓမ္မဖမ်းဆီး၊ ကချင်လူထုကောင်းစားရေးအတွက် အကြောင်းပြပြီး လက်နက်ကိုင် တိုက်ပွဲတွေမှာ ရှေ့ကထားလို့ ကချင်လူငယ်တွေသေကြ၊ ဒဏ်ရာက၊ ဒုက္ခိတတွေဖြစ်ကုန်ပြီ၊ အမျိုးသမီးငယ်တွေကိုလည်း အဓမ္မခေါ်ဆောင် KIA ခေါင်းဆောင်တွေရဲ့ ကာမကျေးကျွန်တွေဖြစ်၊ KIA ရဲဘော်တွေရဲ့ အုပ်စုလိုက် အဓမ္မကျင့်စော်ကားမှုတွေကြောင့် အပျိုရည်ပျက်ခဲ့ရတဲ့ မိန်းကလေးတွေ၊ အသက်နဲ့အရှက်လဲခဲ့တဲ့ မိန်းကလေးတွေ မရေတွက်နိုင်တော့ဘူး၊ ခေတ်ပြောင်းသွားပြီ။ စစ်တပ်မဟုတ်တာလုပ်၊ အနိုင်ကျင့်ရင် ဘယ်မှာဖြစ်ဖြစ်တိုင်လို့ရတယ်။ မင်းတို့ KIA တွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကိုတော့ ဘယ်မှာ တိုင်ရမှာလဲ၊ အဓမ္မကျင့်တာတွေအတွက် ဂွမ်မော်ကို တိုင်တော့လဲ ရှေ့တန်း မှာတော့ ဖြစ်တတ်ပါတယ်။ စုံစမ်းပေးမယ်ပြောတယ်။ ခုချိန်ထိ ဘယ်သူ့ကို အရေးယူပေးမလဲ၊ လူ့အခွင့်အရေးအဖွဲ့တွေလာပြီး စုံစမ်းပေးစေချင်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ သား/သမီးတွေမရှိတော့တဲ့ ငါတို့လူကြီးတွေနဲ့သားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေကင်းမဲ့ရာ ဒုက္ခသည်စခန်းမှာ တစ်နေ့တစ်နေ့ ဘယ်သူလာပေး၊ လာကျွေး၊ လာထောက်ပံ့မှာလဲဆိုတဲ့ ညံ့ဖျင်းတဲ့ စိတ်ဓာတ်တွေနဲ့ မျှော်လင့်အသက်ရှင်နေရတဲ့ဘ၀ကို မုန်းတီးလာပြီ။
အဖဘုရားသခင် ဖန်ဆင်းကောင်းချီးပေးထားတဲ့ ကြီးမြတ်လှတဲ့ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေကင်းမဲ့ရာ ဒုက္ခသည်ဘ၀ကနေ အိမ်ပြန်ချင်ပြီ။ ကြာလာရင် ငါတို့ကချင်တွေ သူများပေးတာကို မျှော်လင့်စားသောက်အသက်ရှင်နေရတဲ့ စိတ်ဓာတ်ပျက်ပြားတဲ့လူမျိုးတွေ ဖြစ်ကုန်တော့မှာဘဲ။
ငါတို့ကချင်လူမျိုးတွေ ဒုက္ခသည်နွံနစ်ပြီး စိတ်ဓာတ်ပျက်ပြားအောင်လုပ်တဲ့ သမိုင်းတရားခံ ကတော့-စစ်ပွဲများဖန်တီးရှင် KIA ခေါင်းဆောင် ဂမ်ရှောင်ဆိုတာ ငါတို့ယုံကြည်တယ်-
ဂမ်ရှောင်ရေ
ငါတို့ဒုက္ခတွေကို ဘယ်လိုဖြေရှင်းပေးမှာလဲ?........
အပစ်အခတ်ဘယ်တော့ရပ်မလဲ?.......

အမျိုးချစ်တဲ့ ကချင်

LIKE BOX