Monday, June 4, 2012

Posted by မျိုးချစ်သူရဲကောင်းများ On 1:36 AM 0 comments

ရိုဟင်ဂျာကုလားတွေကို ရခိုင်လူမျိုးတွေ ဆုံးမနေပြီ(ပေးစာ)


From : ကိုအေး

ယနေ့မွန်းလွဲပိုင်းက သံတွဲမြို့ မှရန်ကုန်မြို့သို့ထွက်ခွာလာသောရိုးမသစ္စာ
အဝေးပြေးခရီးသည်တင်ကားပေါ်တွင်စီးနင်းလိုက်ပါလာသောခရီးသည်ရှစ်ဦး
အသတ်ခံရကြောင်း သတင်းရရှိသည်။အဆိုပါဖြစ်ရပ်မှာသံတွဲမြို့နှင့် ၄၃ အကွာရှိတောင်ကုတ်မြို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဖြစ်စဉ်မှာ သံတွဲမှထွက်ခွာလာသောရိုးမသစ္စာကားသည်တောင်ကုတ်မြို့သို့အရောက် အမည်မသိ လူတစ်စုက ကားကိုတားကာ ကားပေါ်တွင်လိုက်ပါလာသော ခရီးသည်ရှစ်ဦးကို မော်တော်ယာဉ်ပေါ်မှဆွဲချပြီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီးသက်ဆိုင်ရာမှအခြေအနေကိုထိမ်း
သိမ်းရန်နှင့်အရေးယူဆောင်ရွက်နိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်း အမည်
မဖေါ်လိုသူတောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
"အခြေအနေကစိုးရိမ်စရာဖြစ်နေပါတယ်။ရဲတွေလည်းမြို့အ၀င်အထွက်နေရာတွေမှာ လုံခြုံရေးအတွက်စီစဉ်ဆောင်ရွက်နေတယ်။နောက်ဆက်တွဲမလိုလား
အပ်တဲ့ပြဿနာတွေမဖြစ်အောင်တော့တာဝန်ရှိသူတွေစီစဉ်ဆောင်ရွက်နေကြပါတယ်" ဟု၎င်းကဆက်ပြောသည်။ သံတွဲမြို့မှဒေသခံတစ်ဦးကလည်း
" အခုဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးသက်ဆိုင်ရာကတရားဥပဒေအတိုင်း
ဖြေရှင်းပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ အခြေအနေကိုထိမ်းသိမ်းပြီး
ဥပဒေအတိုင်းဖြေရှင်းနိုင်ဖို့လိုအပ်သလို၊ဥပဒေချိုးဖေါက်သူတွေကို ထိုက်သင့်
တဲ့အပြစ်ဒဏ်ပေးနိုင်မှနစ်နာဆုံးရှုံးခဲ့ရတဲ့လူတွေနဲ့သူတို့နဲ့ပတ်သက်သူတွေ
အတွက်အဆင်ပြေမှာပါ။ဘယ်လိုအကြောင်းပြချက်ကြောင့်မှမင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်တွေ၊အကြမ်းဖက်မှုတွေမရှိသင့်ပါဘူး။အားနည်းချက်တစ်ချို့ရှိ
ကောင်းရှိနိုင်ပေမယ့်ကျွန်တော်တို့နိုင်ငံရဲ့ဥပဒေဟာအကြမ်းဖက်မှုတွေအ
တွက်မျှတမှန်ကန်တဲ့အရေးယူဆောင်ရွက်မှုရှိတယ်လို့ကျွန်တော်တို့ယုံကြည်ချင်ပါတယ်"ဟုပြောကြားသွားခဲ့သည်။


Myanmar Express

Posted by မျိုးချစ်သူရဲကောင်းများ On 12:32 AM 0 comments

ရောင်စုံသတင်းစာများ

Posted by မျိုးချစ်သူရဲကောင်းများ On 12:29 AM 0 comments

KIA အဖွဲ့အတွင်း ဘာသာရေးကြောင့်


KIA အဖွဲ့ အတွင်းမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်တဲ့ ကချင်များရှိသလို ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ ရှမ်းများလည်း ရှိပါ တယ်။ မြန်မာနိုင်ငံတွင် ကိုးကွယ် ယုံကြည်မှုအား ကန့်သတ် ထားခြင်းမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ယုံကြည် ခွင့်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်အတွင်းက KIAတပ်များ အတွင်းမှာတော့ ကိုးကွယ်ယုံကြည်မှု နဲ့ပတ်သက်ပြီး ခရစ်ယာန် ဘာသာဝင်ကချင်များနှင့်ဗုဒ္ဓဘာသာဝင်ရှမ်းများကြားသဘောထား တင်းမာမှုများ ဖြစ်ပေါ်လာရပါတယ်။
၂၀၁၂ ခုနှစ်၊ဧပြီလ ၂၅ ရက်နေ့က လဂျားယန်ဘုန်းကြီးကျောင်းသို့ KIAအဖွဲ့များရောက်ရှိလာပြီး ကျောင်းရှိ ပစ္စည်းများကို ကားကြီး ၃စီး၊ သုံးဘီးဆိုင်ကယ်များဖြင့် လိုင်ဇာဌာနချုပ်သို့ယူဆောင်သွားခဲ့ပါတယ်။ လဂျားယန် ဘုန်းကြီးကျောင်းမှ သံဃာတော်များသည် ဧပြီလ ၂၄ ရက်နေ့ကတည်းက ကျောင်းရှိပစ္စည်းများနှင့် လဂျားယန် ရွာသားများအပ်နှံထားတဲ့ ပစ္စည်းတွေကိုသိမ်းဆည်းပြီး ဒေါဖုန်းယန်ရှိတာလီဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ သတင်း သုံးနေတာဖြစ်ပါတယ်။
KIA အဖွဲ့အနေနဲ့ ဘုန်းကြီးကျောင်းရှိပစ္စည်းများကို ယူရုံမကပဲ ဘုန်းကြီးကျောင်းတွင်ကိုးကွယ်ထားသော ဥာဏ်တော် ၃ပေရှိ ကြေးဆင်းတုတော်အား ဓားဖြင့်ခုတ်ကာ ဖျက်ဆီးခဲ့ပါတယ်။ ဒါကြောင့် KIA အဖွဲ့အတွင်းမှ ဗုဒ္ဓ ဘာသာကိုးကွယ်သောရှမ်းလူမျိုးများမှ မလုပ်သင့်ကြောင်း ပြောကြားရာမှ စတင်ပြီး ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ ပဋိပက္ခမှာတဖြည်းဖြည်းကြီးကျယ်လာလို့ KIA ခေါင်းဆောင်ပိုင်းမှဝင်ရောက်ဖြေရှင်းပေးခဲ့ရပါတယ်။ ယခုအချိန်တွင် လဂျားယန်ဘုန်းကြီးအား KIA မှ ရှမ်းလူမျိုးအများစုပါဝင်သောတပ်ဖွဲ့အား ပြောင်းလဲနေရာယူထားကြပါတယ်။
ဖျက်ဆီးခံရသောဆင်းတုတော်ကို KIA မှ အရာရှိများက ပြန်လည်ပြုပြင်ပေးပြီး မူလနေရာတွင် ပြန်လည် ပူဇော်ထားရှိထားပါတယ်။ လဂျားယန်ကျေးရွာမှ မြို့သစ်သို့ထွက်ပြေးသွားသူများ လဂျားယန်သို့ပြန်လာသော်လည်း KIA မှ ရွာထဲသို့ဝင်ခွင့်မပေးဘဲ အိမ်သုံးပစ္စည်းများကို လိုင်ဇာသို့သယ်ယူနေကြပါတယ်။ ရှမ်းလူမျိုးတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားရာတွင် KIA အထက်လူကြီးများကြောင့် ပြေငြိမ်းခဲ့ရသော်လည်း တပ်ဖွဲ့အတွင်း လူမျိုးစု(၂)စု အကြား ဆက်ဆံရေးမှာ တစ်နေ့တစ်ခြားတင်းမာလာကြောင်းသိရပါတယ်။ ရှမ်းလူမျိုးများအနေနဲ့ယခင်ကတည်းက လူမျိုးရေး ခွဲခြားမှုကြောင့်တင်းမာမှုများရှိနေသည့်အပြင် ယခုကဲ့သို့ ဘာသာရေးစော်ကားမှုများကြောင့် KIA အဖွဲ့မှ ခွဲထွက်ရန် စဉ်းစားနေကြတယ်လို့ ရှမ်းတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့ပါတယ်။

Sunday, June 3, 2012

Posted by မျိုးချစ်သူရဲကောင်းများ On 4:40 AM 0 comments

ရွှေလီ-မန်စံ မဟာဓါတ်အားလိုင်း တာဝါတိုင်များ ပြုပြင်ပြီးစီး

From : ကြေးမုံ

၁၈.၅.၂၀၁၂ ရက်နှင့် ၁၉.၅.၂၀၁၂ ရက်တို့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ပန်ကနိုင်းကျေးရွာအနီးရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓါတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃) နှင့် မုန်းဝီးကျေးရွာအနီးရှိ တာဝါတိုင်အမှတ် (၂၀၆၊ ၂၀၇၊ ၂၀၈) တို့အား မိုင်းခွဲဖျက်ဆီးခံရသဖြင့် တာဝါတိုင်များ၏ အောက်ခြေ ခြေထောက်များ ပြတ်ထွက်ခြင်း၊ မြေပြင်သို့ ပြိုလဲပျက်စီးခြင်းတို့ကြောင့် ရွှေလီရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံမှ ဓါတ်အားထုတ်လုပ် ပို့လွှတ်နိုင်မှုမရှိခဲ့ရာ ပြည်သူလူထုထံသို့ ဓါတ်အားဖြန့်ဖြူးမှု ထိခိုက်ခဲ့သည်။ ဓါတ်အားစနစ်အတွင်း ၂၀၀ မဂ္ဂါဝပ် လျော့နည်းခဲ့သဖြင့် အဆိုပါ တာဝါတိုင်များအား မြန်မာ့လျှပ်စစ် ဓါတ်အားလုပ်ငန်းမှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာများနှင့် လိုင်းဝန်ထမ်းများက ၂၀.၅.၂၀၁၂ ရက်မှစတင်၍ ကြိုးစားပြုပြင် ဆောင်ရွက်ခဲ့ရာ ၁.၆.၂၀၁၂ ရက် ညနေ ၄ နာရီတွင် လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်၍ ရွှေလီဓါတ်အားပေးစက်ရုံမှ ဓါတ်အားပေးစက်များအား ပြန်လည်မောင်းနှင်ပြီး အဆိုပါ ဓါတ်အားလိုင်းသို့ ညနေ ၅ နာရီ ၅ မိနစ်တွင် ဓါတ်အားပို့လွှတ်၍ နိုင်ငံတော်ဓါတ်အားစနစ်ဖြင့် ချိတ်ဆက်ကာ ဓါတ်အားပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။

Myanmar Express

Posted by မျိုးချစ်သူရဲကောင်းများ On 3:35 AM 0 comments

အမေစု သား/သမီး ဆိုသူများ မိုက်ရိုင်းမှု အရှိန်အဟုန် မြင့် လာသဖြင့် အချင်းချင်း သတိပေးနေရ


"အမေစု.. အမေစု" လို့ အော်နေသူ အားလုံးနီးပါးဟာ အလွန်မိုက်ရိုင်းပြီး အောက်တန်းကျလာတာကြောင့် အခြား မနေနိုင်သည့် အမြင်မတော် သူများက လိမ္မာဖို့ ပြောနေရပြီ ဖြစ်ပါတယ်။ အင်တာနက်ပေါ်နှင့် facebook ပေါ်တွင် "အမေစု" လို့ ခေါ်သူ များဟာ အမြဲ ဆဲဆိုနေတတ်ကြပြီး ခေတ်တွေ နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း ၎င်း တို့ရဲ့ စကားအသုံးအနှုံးများ က ခါးအောက် ကနေ ခုထိ မတက်နိုင်သေးဘူး ဖြစ်ပါတယ်။ အခြား အင်တာနက်သုံးသူ မိန်းကလေး အချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံ တိုးတက်စေဖို့ ထက် အမေစု သား/သမီးတွေ အသိအလိမ္မာ တိုးတက်စေဖို့ ကို အရင် လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ လူရွှင်တော် ဇာဂနာ ကတော့ ညစ်စုတ်ပတ်စုတ်တွေ ပြောလွန်းလို့ facebook မသုံးချင်တော့ဘူးလို့ ပြောပါတယ်။

မြန်မာလူမျိုးအချင်းချင်း လဲနေသူ ထူပေးရန်၊ အားငယ်သူ အားပေးရန်လိုအပ်တာကြောင့် အသိအလိမ္မာ အားနည်းသော အမေစုသား လူရမ်းကားများကို တက်နိုင်သမျှ သည်းခံပြီး ဒီမိုကရေစီ နိုင်ငံသစ်အတွက် စိတ်သစ်လူသစ် မွေးခိုင်းကာ လက်တွဲခေါ်ကြဖို့ Myanmar Express Group အဖွဲ့ဝင်များက ကြိုးစားကာ အမြင်မှန်ရရေး ဆက်လက် ကြိုးစား သွားမယ်လို့ မြန်မာအိပ်စပရက် မှ အယ်ဒီတာချုပ် က မှတ်ချက်ပေးပါတယ်။

Myanmar Express

Posted by မျိုးချစ်သူရဲကောင်းများ On 2:27 AM 0 comments

ဒေါ်စုကြည်ရဲ့ဆောင်ရွက်ချက်နှင့်ပတ်သက်သမျှ



ကျနော်မွေးကတည်းက ငယ်စဉ်ဘ၀ အဖေက BBC|VOA|RFA တို့ကိုအမြဲနားထောင်နေတဲ့ပြည်သူ
တစ်ယောက်၊အိပ်ယာကမထသေးဘူးနားထောင်မိခဲ့တာဒီအသံတွေပါပဲ။.ရေဒီယိုကိုတဂျစ်ဂျစ်လိုင်း
ညှိတဲ့အသံတွေနဲ့ ရေဒီယို မမိတမိ ရှဲရှဲအသံတွေနဲ့ နေ့တစ်နေ့ရဲ့မနက်ခင်းကိုစတင်ခဲ့ရတာပါ။မထချင်
သေးလျင် အိပ်ယာထဲက အဖေဖွင့်တဲ့သတင်းကိုနားထောင်ရင်း မှိန်းနေတတ်ခဲ့မိတယ်။အဲဒီအချိန်တုံး
ကဒေါ်စုကြည်ဆိုတာ သဲ့သဲ့မျှမကြားမိခဲ့သေးဘူး။နောက်ပိုင်းကြားလာရပြန်တော့ ဒေါ်စုကြည်ဆိုတာ
မိန်းမသား၊ဗိုလ်ချုပ်နဲ့အမျိုးတော်တယ်ဆိုတာပဲသိခဲ့တဲ့အခြေအနေပါ။သို့ပေမယ့် တဖြည်းဖြည်းသိလာ
တဲ့အခါ ဒေါ်စုကြည်ဟာ နယ်လှည့်စည်းရုံးရေးခရီးစဉ်တွေစတင်နေပါပြီ။အဲဒီအချိန်မှာ ကျနော်လည်း
သွားပြီးတော့ဒေါ်စုကြည်ဟောပြောပွဲကိုကြည့်ချင်ခဲ့တဲ့သူပေါ့။ဒေါ်စုကြည်ကိုထောက်ခံ၍မဟုတ်။ဒေါ်စု
ကြည်ကိုလေးစား၍မဟုတ် ဗိုလ်ချုပ်သမီးဆိုတာဘယ်လိုလူလည်း၊ဘယ်လိုပုံစံလည်းဆိုတာသိချင်
ဇောနှင့်ပါ။မြန်မာပြည်သူလူထုဆိုတာ မိမိနယ်ကိုရုပ်ရှင်မင်းသမီးမင်းသားတွေဗီဒီယိုလာရိုက်ရင်တောင်
ဝိုင်းကြည့်တတ်တဲပအကျင့်ခုထိရှိပါသေးတယ်။အဲဒါကိုအားပေးတယ်လို့မဆိုလိုသင့်ဘူး။ပြီးတော့ယ
ခင်တုံးက မြန်မာပြည်ကျေးရွာအတော်များများကလူတွေဟာ မော်တော်ကားတစ်စီးဖြတ်သွားရင်
ဝိုင်းပြီးကြည့်တတ်တယ်။လေယာဉ်တစ်စီးမိုးပေါ်ကပျံသွားရင်လက်ညှိုးထိုးပြီးဝိုင်းကြည့်တတ်ကြတာ
သဘာဝတစ်ခုပင်ဖြစ်နေပါတယ်။

အဲဒီအခြေအနေတွေကိုနားလည်လာတဲပတစ်နေ့ ဒေါ်စုကြည်အကျဉ်းကလွတ်ပြီးရွေးကောက်ပွဲဝင်ဖို့
စည်းရုံးရေးဆင်းတဲ့အခါ လူတွေအများကြီးလာကြည့်တာကိုသဘောပေါက်သွားခဲ့တယ်။လူတစ်ထောင်
လာကြည့်ရင် ၅၀၀ လောက်က ကျနော်ငယ်စဉ်ကအတွေးမျိုးနှင့်လာကြည့်တဲ့သူတွေဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ဒေါ်စုကြည်ဟာ အနောက်ဥရောပနိုင်ငံတွေနှင့်အပေးအယူတွေရှိခဲ့သူပါ။သူမကတော်ပါတယ်။အသိအမှတ်ပြုပါတယ်။မြန်မာပြည်ကြီးဆင်းရဲနွမ်းပါးစေရန် စီးပွားရေးပိတ်ဆို့ဖို့
သူမက အကြံပေးပြီးထောက်ခံခဲ့တယ်လေ။မြန်မာပြည် က တပ်မတော်အစိုးရကိုဖိနှိပ်ဖို့အပြင်းအထန်
အနောက်ဥရောပကိုအားပေးခဲ့နိုင်တယ်။အကျဉ်းကျနေတုံးတောင် အနောက်ဥရောပနှင့်အဆက်အ
သွယ်မပြတ်ပဲ ဂျွန်ရက်တောကို အိမ်ထဲခိုးဝင်နိုင်အောင်စီရင်နိုင်ခဲ့တယ်လေ။ဒီအကြောင်းတွေနှင်ချီးမွမ်း
နေရင်ကုန်မှာမဟုတ်တော့ပါဘူး။ယခုလည်း ဒေါ်စုကြည်မြန်မာပြည်ကိုစီးပွားရေးပိတ်ဆို့ဖို့ဆက်လက်
တိုက်တွန်းနေတဲ့သူပါ ။နောက်ဆုံးမရတော့ ဆိုင်းငံ့သဘောမျိုးကိုပြောခဲ့တယ်။မရပြန်တော့ လာရောက်
ရင်းနှီးမြုပ်နှံမယ့်သူတွေကို ရင်းနှီးမြုပ်နှံဖို့မလုပ်အောင် စဉ်းစားခိုင်းပြန်တယ်။မြန်မာပြည်ကိုချစ်ရင်ဒါကို
တော့အမှန်တကယ်မလုပ်သင့်ပါဘူး။ဘာဖြစ်ဖြစ် နိုင်ငံရေးအရမြန်မာနိုင်ငံဟာ အားနည်းနေသေးတာ
မှန်တယ်ဆိုရင်တောင် စီးပွားရေးတိုးတက်ဖို့ကိုအားပေးသင့်ပါတယ်။ဒါပေမယ့်နိုင်ငံရေး၊စီးပွားရေးအ
ပြင် လူမှု့ရေး(ရိုဟင်ဂျာ)၊ဘာသာရေး(မွတ်စလင်ကိုအားပေးမှု့)၊စစ်ရေး (ငြိမ်းချမ်းရေးကိုနာမည်လို
ျင်လို့ပါးစပ်လေးနဲ့လုပ်စားသွားပြီးဘာမှကြားဝင်အကောင်အထည်ဖော်ဆောင်မှု့မရှိခဲံ)စတဲ့အရာတွေ
မှာတော့ ဗိုလ်ချုပ်သမီးဟုခံယူထားလျင် ဗိုလ်ချုပ်သမီးဟုပြောပြီးဗိုလ်ချုပ်အရိုက်အရာကိုဆက်ခံလို
လျင်မြန်မာနိုင်ငံကြီးတိုးတက်ဖို့ဆောင်ရွက်သင့်ပါတယ်။သို့ပါသော်လည်း မြန်မာပြည်တိုးတက်ဖို့ကြံ
တိုင်း အရင်ဆုံးဖျက်ဆီးနေသည်မှာသူမဖြစ်နေလေတော့ သဘာဝတို့က သူမကိုအပြစ်ပြောတာမမှား
နိုင်တော့ပါဘူး။ပြည်ပမှာမြန်မာလူမျိုးတွေအများကြီးရှိကြပါတယ်။ပြည်ပြေးမှအစ ရာဇ၀တ်မှု့ကျူးလွန်
ကာထွက်ပြေးတိန်းရှောင်နေတဲ့လူမျိုးတွေကိုယခင်တပ်မတော်အစိုးရလက်ထက်မှာတင်းတင်းကြပ်
ကြပ်ဥပဒေနှင့်ဆောင်ရွက်ခဲ့သော်လည်းယခုအခါ သမ္မတကြီးကိုယ်တိုင်မှဖိတ်ခေါ်ခဲ့သော်လည်း သူမကတော့ဖျက်လိုဖျက်စီးနှင့်အပျက်သဘောဆောင်ခဲ့ပါတယ်။မြန်မာပြည်သားအားလုံးဟာမြန်မာ
ပြည်ကို နှစ်သက်မြတ်နိုးကြပါတယ်။ပြန်လာလိုကြပါတယ်။သမ္မတကြီးဖိတ်ခေါ်တဲပအခါဝမ်းသာအား
ရဖြစ်စွာနှင့်အမိနိုင်ငံကိုပြန်ဖို့ကြိုးစားကြတော့ သူမက ဟန့်တားတဲပသဘောမျိုးနှင့်ပိတ်ပင်ခဲ့ပြန်တယ်။
ဒီတော့ ၎င်းတို့က အပြစ်မြင်တာ အစိုးရကိုပဲမြင်သွားကြပြန်တယ်။တကယ်တော့ဒေါ်စုကြည်က နိုင်ငံ
ရေး နဲ့ပတ်သက်ပြီးဘွဲ့ရထားတဲ့ လူတစ်ယောက်ပါ။သူမနိုင်ငံရေးသဘောသဘာဝကိုနားလည်နေတယ်
ပြည်သူတွေကိုဘယ်လိုစည်းရုံး၇င်ဘယ်လိုရနိုင်မယ်ဆိုတာသိတယ်။ဒါပေမယ့်သူမ က အဲဒီဘက်မှာ
ကျွမ်းကျင်ပေမယ့်နိုင်ငံတိုးတက်ရေးဘက်မှာတော့မကျွမ်းကျင်ပြန်ဘူး။ယခု မြန်မာပြည်မှာ လျှပ်စစ်မီး
ရရှိဖို့ဆန္ဒပြတောင်းဆိုးမှု့တွေရှိနေတယ်။စက်ရုံအလုပ်ရုံတွေမှာအခွင့်အေ၇းတန်းတူရဖို့တောင်းဆိုဆန္ဒ
ပြမှု့တွေရှိနေတယ်။အဲဒါတွေကိုသာမန်ကြည့်လျှင်တော့အစိုးရမကောင်းလို့ပဲလို့ပြည်သူတွေမြင်ပါလိမ့်
မယ်။တကယ်တော့ လျှပ်စစ်မီးမရတာ၊အလုပ်လက်မဲ့၊အလုပ်သမားအခွင့်အရေးတန်းတူမရတာတွေ
ဟာစီးပွားရေးပိတ်ဆို့မှု့ကိုအားပေးလက်ခံနေတဲ့ဒေါ်စုကြည်ရဲ့တာဝန်တွေသာဖြစ်နေပါတယ်။အကယ်၍
သာမြန်မာပြည်ကိုစီးပွားရေးပိတ်ဆို့ဖို့ဒေါ်စုကြည်က အနောက်ဥေ၇ာပနှင့်အမေရိကန်ကို မတောင်းဆို
ခဲ့လျှင် မြန်မာပြည်တွင်း၌ စီးပွားရေးစက်ရုံအလုပ်ရုံများဖြင့်ပြည်သူအများအလုပ်အကိုင်များပြည့်နှက်
နေမှာပါ။ဒါပေမယ့် ဒေါ်စုကြည်ရဲ့ဘက်တော်သားပြည်ပြေး၊ထောင်ထွက်နှင့်လက်ကြေမတင်း ဒေါ်လာ
စားပြည်ပြေးများကတော့ ဒေါ်စုကြည်ကိုသာအမွန်းတင်ပြောပြီးနိုင်ငံတော်အစိုးရကိုအပြစ်ပုံနေခဲ့ကြ
တာပါ။ထိုစဉ်အချိန်ကလည်း နိုင်ငံတော်အစိုးရတွင်ပြည်တွင်းမီဒီယာသမားနှင့်နိုင်ငံပိုင်မီဒီယာသာရှိခဲ့
တဲ့ကာလပါ။၎င်းတို့ပြောဆိုသမျှကိုအတိုက်အခံလုပ်ငြင်းခုန်နေခြင်းမရှိခဲ့သည်အတွက် အမှားများသော်
အမှန်ဖြစ်ခဲ့ပါတယ်။ပြည်သူအများစုဟာကိုယ့်အလုပ်ကိုယ်လုပ်ရင်းသတင်းကိုသာနားစွင့်နေကြတော့
သတင်းတစ်ခု ဘာပဲဖြစ်ဖြစ်ယုံကြည်တြ့အခါ ပြည်ပမီဒီယာ BBC|VOA စတဲ့မီဒီယာတွေကလယ်သမား
ကအစနားထဲအထိ လေလှိုင်းနှဲ့အမှားထင်မြင်ယူဆချက်တွေကိုတွန်းပို့ပေးခဲ့ပါတယ်။မြန်မာပြည်မြောက်ပိုင်းက အဖြစ်အပျက်ကိုမြန်မာပြည်တောင်ပိုင်းကလူတွေဘက်သို့လက်တစ်လုံးခြား
သတင်းအမှားဖြင့်ဖြန့်ဝေခဲ့ပါတယ်။၎င်းတို့ခုလိုပြောတာကိုဘာလို့သဘာဝကအတိအကျပြောနေရသလဲ
ဆိုရင်သဘာဝကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးလို့ပါ။သတင်းတစ်ခု သဘာဝရှေ့မှောက်မှာတင်ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်
တစ်ခုကို BBC|VOA|RFA ကလေလှိုင်းကနေတဆင့်လွင့်တော့ အမှားလုပ်တဲ့သူကအမှန်ဖြစ်ပြီးအမှန်
လုပ်တဲ့သူက လုံးဝအမှားဖြစ်တာကိုနားထောင်လိုက်ရတယ်။ဒါကတော့ ခုလိုဖြစ်စဉ်တွေကိုယ်တိုင်ကြုံဖူးတဲ့သူတွေသိကြမှာပါ အတိအကျသတင်းမဟုတ်တာတွေကိုရေးသာ
လွင့်ထုပ်နေခြင်းဖြစ်တယ်ဆိုခြင်းတွေကိုပါ။
ဒေါ်စုကြည်ကိုထောက်ခံတာ၊ချစ်တာ အပြစ်မပြောလိုပေမယ့် သူမလုပ်တာတွေကိုပြန်လည်သုံးသပ်
သင့်တယ်ဆိုတာကိုအကြံပေးချင်ပါတယ်။မြန်မာပြည်တွင်းမှာဒေါ်စုကြည်ကိုထောက်ခံတဲ့သူအများအ
ပြားရှိပါတယ်။သို့ပေမယ့် ၎င်းထောက်ခံသူများဟာ ဘာအတွက်ထောက်ခံကြသလဲဆိုတာကိုစဉ်းစားပြီး
သူမ ဟာ အမှန်စဉ်စစ် ဘာလဲဆိုတာကို သေချာသိဖို့လိုပါတယ်။မျက်နှာဖုံးမှာတော့ ပြည်သူတွေအ
တွက်အစေုဖြစ်နေပြီး အောက်ကမျက်နှာကတော့ မြန်မာပြည်ထက် အနောက်ဥရောပအလိုလိုက်နေတဲ့
စုကြည်ဖြစ်နေတာကိုသေချာရှု့မြင်စေလိုပါတယ်။နောင်တဆိုတာ နောင်မှရတာမှန်ပေမယ့်မြန်မာပြည်
သူပြည်သားအားလုံးကိုနောင်တကင်းစင်တဲ့သူတွေအဖြစ်သာရှိစေလိုကြောင်းသဘာဝမှ တင်ပြပေး
လိုက်ပါတယ်။

သဘာဝမြေ

Posted by မျိုးချစ်သူရဲကောင်းများ On 1:24 AM 0 comments

ရောင်စုံသတင်းစာများ

LIKE BOX