-
ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက်မကြိုက်ကြိုက်ဟုတ်တာ မှန်တာဆိုရင် ပြောရဲရမယ်။ ညွှန်ပြရဲရမယ်။ ခေါင်းဆောင်ဟာခေါင်းရှောင်မဖြစ်စေရဘူး။ကျနော်ကတော့ လူတိုင်းကြိုက်ကိုလိုက်ပြောမှာမဟုတ်ဘူး။တိုင်းပြည်နှင့်လူထုအကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ လုပ်မှာပဲ။
-
လမ်းဘေး အကြော်တဲလေးထဲမှာ လူတစ်ယောက်ချမ်းနေရှာတာကို သူမြင်တော့ သူဝတ်ထားတဲ့ ကုတ်အကျီကို ချွတ်ပေးတယ်။ နိုင်ငံတော်ရဲ့ အကြီး အကဲ ဆီက မယူရဲတော့ ဗိုလ်ချုပ်က ဘာပြောတယ်ထင်လည်း ။ မင်းချမ်းနေတာ ငါနဲ့ ဆိုင်တယ်ကွ….. ပြည်သူလူထု ဆင်းရဲနေတာ ငါနဲ့ဆိုင်တယ်.။ ဘာကြောင့်လည်း ဆိုတော့ ငါက တိုင်းပြည်ရဲ့ အကြီးအကဲဖြစ်လို့ဘဲ ဆိုပြီး သူဝတ်ထားတဲ့ ကုတ်အကျီကို ချွတ်ပေးကာ သူရဲ့ နှလုံးသားကို လှပမှုကို ဖွင့်ပြသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း။
-
”ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကို ပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အမှန်သာလိုက်နာရင် တကယ့်ယောကျာင်္းမြတ်ဖြစ်နိုင်တဲ့ တရားတွေကိုသင်ကြားပေးတဲ့ကျောင်းကြီးပေါ့”
-
ပါးစပ်ပေါက်များစွာကို ဟာကနဲ ဟင်ကနဲ ဖြစ်စေခဲ့သော လူတိုင်းပါးစပ်ဖျားမှာ စံ တင်ထားနိုင်ခဲ့သော လူပေါင်းများစွာကို ပျော်ရွှင်စေခဲ့သော မြန်မာပြည်အား ထိမ်းသိန်းစောင့်ရှောက်ပေးသော ငြိမ်းချမ်းရေးအပြုံးတွေနဲ့ ဝေဆာနေသော စမတ်ကျကျ နေထိုင်ပြောဆို တတ်သော မနာလိုသူအတင်းအဖျင်းတွေကို မေတ္တာထား၍ သည်းခံတတ်သော ခေါင်းဆောင်ကောင်းပီသမူ့ဖြင့် ရှေ့ဆောင်လမ်းပြနိုင်သော ယုံကြည်မူ့အပြည့်ဖြင့် တာဝန်ထမ်းဆောင်နိုင်သော ကျွန်ုပ်တို့၏ ရင်ထဲမှ ကျွန်ုပ်တို့၏ သမ္မကြီး သက်တော်ရာကျော်ရှည်ပါစေ ကျန်းမာပါစေ ချမ်းသာပါစေ ပြည်သူအတွက် ခေါင်းဆောင်ပီသမူ့အား လေးစားဂုဏ်ပြုလိုက်ပါသည်...။ ချမ်းသာပါစေ ပြည်သူအတွက် ခေါင်းဆောင်ပီသမူ့အား လေးစားဂုဏ်ပြုလိုက်ပါသည်...။
Saturday, January 28, 2012
နားထောင်နေရင်း ရှက်လာလို့ပိတ်လိုက်ရတဲ့ NLD မဲဆွယ်သီချင်း
ဒါကတော့ NLD ရဲ့ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်သီချင်းပါ။
(Voice Of Myanmar ) မှ ကူးယူဖော်ပြသည်
ပြည်သူပိုင် စစ်ခွေး
ပြည်သူပိုင် စစ်ခွေး
ခွေးဆိုတာသူ့ ကို အစာကျွေးနေတဲ့လက်ကိုပြန်မကိုက်တတ်ပါဘူး။
သူ့ အရှင်သခင်ကျေးဇူးရှင်တွေ ရဲ့ အသက်အိုးအိမ်စည်းစိမ် ကို သူသေတဲ့ အထိ
ကာကွယ်စောင့်ရှောက်ပါတယ်။
ကျွန်တော်တို့ အမောင်စစ်ခွေးတွေသည်လည်း ထိုနည်းတူစွာ ပြည်သူကကျွေး တပ်ကမွေးတဲ့
စစ်ခွေးများပေမို့ ကျွန်တော်တို့ကို ထမင်းကျွေးနေသော ပြည်သူ၏လက်ကို
ဘယ်တော့မှပြန်ကိုက်လိမ့်မည်မဟုတ်။
ကျွန်တော်တို့ မောင်စစ်ခွေးများ သည် ကျွန်တော် တို့ အရှင်သခင်ကျေးဇူးရှင်ဖြစ်သော ပြည်သူများ ၏
အသက် အိုးအိမ်စည်းစိမ်နှင့် ၄င်းတို့ နေထိုင်ရာ အမိမြန်မာနိုင်ငံတော် ကို ကျွန်တော် များ
အမောင်စစ်ခွေးတို့ အသက်သေတယ် အထိ ကာကွယ်စောင့်ရှောက် သွားမည်။
လူဆိုတာ ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးပေမို့ ကိုယ်သာ သစ္စာရှိတဲ့
နိုင်ငံ့ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ရိုးမှန်ရင် စစ်ခွေးလို့ ပြောခံရလဲ ဘာအတွက်ရှက်နေမှာလဲ
ဘာအတွက်စိတ်မကောင်းဖြစ်နေမှာလဲ ဘာအတွက်ငြင်းခုံနေမှာလဲ ခေါင်း ကိုမော့ ရင်ကိုကော့ပီး
ကျွန်တော်ဟာ သခင် ( ပြည်သူ ) ကိုချစ်တဲ့ သစ္စာရှိတဲ့ စစ်ခွေး ( ပြည်သူပိုင် စစ်ခွေး )
တစ်ကောင်ဖြစ်ကြောင်း ခပ်ရဲရဲသာ ၀န်ခံလိုက်ပါ။
ကျွန်တော်တို့ အမောင် စစ်ခွေး များ၏ တာဝန်မှာ တိုင်းပြည် နှင့် လူမျိုး အတွက် သစ္စာရှိရှိ တာဝန် သိသိဖြင့်
မိမိတာဝန်ကျရာနေရာမှ တစိုက်မတ်မတ် ဆက်လက်ထမ်းဆောင်သွားရန်သာ လိုပါသည်။
မည်သူမှားသည် မည်သူမှန်သည် ကို "အချိန်" က အဖြေထုတ်ပေးပါလိမ့်မည်။
အချိန်က ထုတ်ပေးမဲ့ အဖြေ အတွက် ငြင်းခုံ ရင်း မစောင့်ဘဲ အများအတွက် အလုပ်လုပ်ရင်း စောင့်ဖို့
တိုက်တွန်းရင်း ...
ပြည်သူ ပိုင် စစ်ခွေး တစ်ကောင်
ထို့ကြောင့်…… ဤသို့ တပ်မတော်ကို ပြည်သူတို့က ကျေးဇူးတင်နေကြပါသည် ....
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် တိုင်းဆူ ပြည်ဖျက် ဆူပူမှု၊ ပြည်ပ အင်အားကြီး
နိုင်ငံတစ်ခုမှ ရေတပ်ကြီးက မြန်မာ့ပင်လယ် ရေပိုင်နက် အတွင်း ကျူးကျော် ဝင်ရောက်ကာ မြန်မာ့
အချုပ်အခြာ အာဏာနှင့် ပြည်ထောင်စု နိုင်ငံတော်ကြီး၏ လုံခြုံရေးကို ခြိမ်းခြောက်လာမှု၊ နိုင်ငံရေး
တောကြောင်များက ကိုယ်ကျိုးအတွက် အချုပ်အခြာ အာဏာကို လုယက်ယူရန် ကြံစည်မှု၊ ဖောက်သည်
တောကြောင်များက ပြည်သူပိုင်၊ နိုင်ငံပိုင်၊ အများပိုင်၊ ပုဂ္ဂလိကပိုင် ဂိုဒေါင်များဖောက်၊ သိုလှောင်ခန်းများ
ဖွင့်ပြီး ပစ္စည်းဥစ္စာ မှန်သမျှ လုယက် သယ်ယူမှု၊ မြန်မာအချင်းချင်း ခေါင်းဖြတ်သတ်မှု၊ သင်္ချိုင်းများမှ
အုတ်ဂူများမကျန် ဖြိုဖျက်ပြီး ဂူသင်္ချိုင်းမှ အုတ်များခွာယူရောင်းစားမှု စသည့် အနိဋ္ဌာရုံများ၊ နိုင်ငံတော်
တစ်ဝန်း ထိန်းမနိုင် သိမ်းမရ မင်းမဲ့ တိုင်းပြည်ပမာ ဖြစ်လာမှု တို့ကြောင့် ပြည်သူတို့ ကျီးလန့်စာစား
ဖြစ်ရသဖြင့် တပ်မတော်က နိုင်ငံတော်ကို မလွှဲမရှောင်သာ ဝင်ထိန်း ပေးခဲ့ရသည်။ ပြည်တွင်း ပြည်ပမှ
ရရှိသည့် သပိတ် ရန်ပုံငွေ များဖြင့် သပိတ်ခေါင်းဆောင်များ ပျော်တပြုံးပြုံး မော်မဆုံး၊ စားလိုက်၊
သောက်လိုက်၊ ဆူပူမှု တိုးချဲ့လိုက်၊ အစိုးရ ဝန်ထမ်းများ သပိတ် မမှောက် မှောက်အောင် ဝိုင်းညှပ်
ဖိအားပေးလိုက်ဖြင့် အစိုးရ ယန္တရားများလည်း ရပ်တန့် သွားခဲ့သည်။ ပြည်သူတို့ အိမ်ထဲမှ အိမ်ပြင် မထွက်ဝံ့၊
ဆူပူရာ၌ အကြောင်း အမျိုးမျိုးဖြင့် ပါဝင်သူများသာ အိမ်ပြင်ထွက်၊ လမ်းပေါ် တက်နိုင်ကြသည်။
ကျန်ပြည်သူများကား အိမ်ထဲမှာပင် စိတ်ဆင်းရဲစွာ ကုပ်နေ ခဲ့ကြရသည်။ နောက်ဆုံးတွင် မြို့ပေါင်း များစွာ၌
သပိတ်ခေါင်းဆောင် ဆိုသူများ၏ တရားမဲ့ ပြုကျင့်မှုကို မခံနိုင်သည့် ပြည်သူများနှင့် ထိပ်တိုက်
တွေ့နေကြသည့် အဆင့် ရောက်ခဲ့ လေသောကြောင့် တပ်မတော်က ဝင်ထိန်း ပေးခဲ့ရသည်ကို မြန်မာ
စစ်စစ်တို့က သဘော ပေါက်ကြသည်။
နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာရှိစွာဖြင့် အရေးကြုံတိုင်း ပြည်သူ့ရှေ့မှ ရပ်ပြီး ကာကွယ် ပေးခဲ့သည့်
တပ်မတော်၏ အစဉ်အလာ၊ ပြည်ထောင်စု ပြိုကွဲလုလု အခြေစိုက်တိုင်း၊ အချုပ်အခြာ အာဏာ
တည်းဟူသော လွတ်လပ်ရေး ပြန်လည် ဆုံးရှုံးလုနီးနီး အခြေစိုက်တိုင်း ကာကွယ် စောင့်ရှောက် ပေးခဲ့သည့်
တပ်မတော်၏ အစဉ်အလာကောင်း များကို ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး သိကြသည်။
ဒုတိယ ကမ္ဘာစစ် ပြီးစ မြန်မာနိုင်ငံ တွင်းသို့ ပြန်လည် ဝင်ရောက် စိုးမိုးသော အင်္ဂလိပ် စစ်ပြေး အစိုးရသည်
မြန်မာ့တို့က ဖက်စစ်များကို စည်းလုံး ညီညွတ်စွာ တော်လှန် တိုက်ထုတ်ခဲ့ပုံ၊ လွတ်လပ်ရေး ပြန်ရရန်
မမေ့မလျော၊့ တက်ကြွ ထက်ြမက်စွာ ကြိုးပမ်းပုံများကို သိနေသဖြင့် မြန်မာတို့ အားနည်းစေရန်၊
အမျိုးသားရေး ကိုယ်ခံအား ချည့်နဲ့စေရန် အမြဲတစေ ဆင်ကြံ ကြံခဲ့သည်။ ကမ္ဘာစစ်ပွဲကြီး အစပိုင်းမှာပင်
အင်္ဂလိပ် နယ်ချဲ့တပ်များကို တိုက်ထုတ်၊ ကမ္ဘာစစ်ကြီး နှောင်းပိုင်း ဖက်ဆစ် ဂျပန်များကို တိုက်ထုတ်ခဲ့သည့်
မြန်မာ့ မျိုးချစ် တပ်မတော်ကို အင်အား လျှော့ချစေခဲ့သည်။ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့တွင် အင်္ဂလိပ်တို့က
မြန်မာ ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး မြန်မာ့ တပ်မတော်ကို အရာရှိ (၂ဝဝ)၊ တပ်သား (၅ဝဝဝ)သာ
ထားရမည်ဟု လက်ျာ-ဖရီးမင်း စာချုပ်ဖြင့် ချည့်နဲ့ ဆုတ်ယုတ် စေခဲ့သည်။
ရှင်နည်းရာ အဂ္ဂလူထွက် ဆိုသကဲ့သို့ မြန်မာ့ တပ်မတော် အင်အား အလွန်လျောနည်း သွားချိန် တပ်မတော်
တပ်ရင်းမှူး (ကွန်မြူနစ် အစွဲကြီးသူ) တို့က မိမိတို့ တပ်များကိုပါ ခေါ်ထုတ် တောခိုသွားကြသည်။ တောခို
ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပေါင်းမိကြသည်။ ထိုအချိန် အလံနီကွန်မြူနစ်၊ အလံဖြူ(ဗကပ)
ကွန်မြူနစ်၊ ပြည်သူ့ရဲဘော် ကွန်မြူနစ် (ရဲဘော်ဖြူ) အနောက်က ပံ့ပိုး သွေးထိုးပေး သဖြင့် ခွဲထွက်ရေး
အတွက် ပုန်ကန်နေသည့် ကေအင်န်ဒီအို (ကရင် သောင်းကျန်းသူ)၊ အမ်အင်န်ဒီအို (မွန်သောင်းကျန်းသူ)၊
ဘူးသီးတောင်၊ မောင်တောဘက်သို့ ခိုးဝင်အခြေချပြီး ပြည်နယ်ရရှိရေး၊ ခွဲထွက်ရေး မူဂျာဟစ် (ကုလား
သောင်းကျန်းသူ)၊ တရုတ်ပြည်မှ မော်စီတုန်းတို့၏ ကွန်မြူနစ် တပ်နီ များကို ရှုံးပြီး ထွက်ပြေးလာသော
ချန်ကေရှိတ်၏ တရုတ် အမျိုးသား အစိုးရတပ်ပြေး ကေအမ်တီ (တရုတ်ဖြူ ကျူးကျော်သူ) များက
အင်နှင့်အားနှင့် လွတ်လပ်ရေး ရခါစ မြန်မာ အစိုးရကို ပုန်ကန်ခဲ့ကြ၊ ကျူးကျော်ခဲ့ကြသည်။
တပ်မတော်က အင်အားနည်း၊ သောင်းကျန်းသူများက အင်အားများ သဖြင့် မြို့ရွာနယ်ပယ် များစွာကို
သောင်းကျန်းသူ များက ခွဲတမ်းချ သိမ်းပိုက်ခဲ့သည်။ အင်းစိန်ကိုပင် ကေအင်န်ဒီအို (စောဘဦးကြီး
ဦးဆောင်သော ကရင် သောင်းကျန်းသူ များက) သိမ်းပိုက်ကာ ရန်ကုန်ကို သိမ်းရန် တိုက်နေပေပြီ။ ဗကပ
ကွန်မြူနစ် များကလည်း ရန်ကုန်ကို ဦးစွာသိမ်းရန် ချီတက် လာနေကြသည်။ ဖဆပလ အစိုးရ ပြေးပေါက်ရှာ
နေပေပြီ။ ထိုအချိန် တပ်မတော် ဦးစီးချုပ်က အင်အားနည်း သော်လည်း စစ်ရည် စစ်သွေးကောင်းကို
အားပြုပြီး ရန်ကုန်အစိုးရ (ဖဆပလ)ကို အာဏာသက် ပြန်ဆက် ပေးသည်အထိ တိုက်ခိုက်ခဲ့သည်။ မြို့များ
အားလုံးကို တပ်မတော်က ပြန်သိမ်းပေးခဲ့သည်။ ယင်းသို့ သောင်းကျန်းမှု နှိမ်နင်းရာ၌ ပြည်သူ လူထုက
တပ်မတော် နှင့်အတူ လက်တွဲ ပါဝင်ခဲ့ကြ ပေသည်။ ၁၉၄၉ ခုနှစ် ရန်ကုန် အစိုးရဘဝမှ ဖဆပလကို
ပြည်ထောင်စု အစိုးရ ပြန်ဖြစ်အောင် တပ်မတော်က ရန်ပုံခွင်း တိုက်ခိုက်ခဲ့ရသည်။ ပြည်ထောင်စုကြီး
ပြိုကွဲလုလု၊ လွတ်လပ်ရေး ဆုံးရှုံးလုလု အခြေအနေ၊ ဖဆပလ ဝန်ကြီးချုပ် ဦးနု၏ စကား အသုံးအနှုန်းအရ
တိုင်းပြည် ချောက်ထဲကျရန် လက်တစ်လုံး အလို အခြေအနေကို တပ်မတော်က ဝင်ထိန်း ပေးခဲ့ရပေသည်။
ထိုသို့သာ တပ်မတော်က ဝင်မပါဘဲ တပ်ထဲမှာပင် အေးအေးဆေးဆေး နေကြည့်လိုက်လျှင် မြန်မာ့
လွတ်လပ်ရေးသည် ဖန်ခွက်တစ်လုံး သမံတလင်းပေါ် ပေါက်ခွဲသည် ထက်ပင် အကွဲ မြန်ပေမည်။
သူ့ကျွန်ဘဝသို့ လွယ်လွယ် ပြန်ရောက် သွားနိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့ လွတ်လပ်ရေး
တစ်နှစ်အတွင်း ရစေမည်စု ကတိပြုကာ အရယူ ပေးခဲ့သည်။
ဖဆပလ ဝန်ကြီးချုပ် ဦးနု လက်ထက်တွင်မူ တစ်နှစ်အတွင်း လွတ်လပ်ရေး ပြန်လည် ဆုံးရှုံးနိုင်ခြေ
ရှိခဲ့သည်ဟု ဆိုရပေမည်။ လွတ်လပ်ရေး ကြိုးပမ်းရာ၌ တိုင်းရင်းသား ပြည်သူများ ပါဝင်ခဲ့ကြသလို
လွတ်လပ်ရေးကို ကာကွယ် စောင့်ရှောက်ရာ တွင်လည်း ပြည်သူတို့က တပ်မတော်နှင့် လက်တွဲပါဝင်
ခဲ့ကြပေသည်။
လွတ်လပ်ရေး ကြိုးပမ်းစဉ်က အမျိုးသား နိုင်ငံရေး အသိ ကိုယ်စီဖြင့် လွတ်လပ်ရေး စိတ်ဓာတ်၊ မျိုးချစ်
စိတ်ဓာတ်ဖြင့် ညီညီညာညာ ကြိုးပမ်းခဲ့သည်။ လွတ်လပ်ရေး ရလုနီး အချိန်မှစ၍ ကွန်မြူနစ် အဖြူ၊ အနီ၊
အပြာ၊ ပန်းရောင်၊ စပ်ကြားမျိုးစုံ၊ လက်ဝဲ ဆိုရှယ်လစ် မျိုးစုံ၊ လက်ယာ ဆိုရှယ်လစ် မျိုးစုံ၊ ဒီမိုကရက်တစ်စုံ၊
လစ်ဘရယ် အထွေထွေ၊ ကွန်ဆာဗေးတစ် အဖုံဖုံတို့ ကွဲပြားကာ အချင်းချင်း တိုက်ခိုက်၊ အာဏာလုရင်း
ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြီးဖြစ်ခဲ့သည်။ ထိုပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဒဏ်ကြောင့် ပြည်သူ
သိန်းသန်းချီ သေခဲ့ရသည်။ တိုင်းပြည် မပျက်မချင်း အာဏာလုကြ၊ အချင်းချင်း သတ်ကြ၊ ပြည်သူကို
ဒုက္ခပေးကြ၊ တကယ်တမ်း မရှူနိုင် မကယ်နိုင် ဖြစ်ပြီ၊ တိုင်းပြည် ပျက်လုပြီ ဆိုသည်နှင့် နိုင်ငံရေး
သမားများက ဖုတ်ဖက်ခါထပြီး ဘေးထွက်ထိုင်သွား ကြသည်။ အခြေအနေ ပေးလျှင် ပြန်ထ လာကြသည်။
တပ်မတော်ကသာ လှေကွဲကြီး ဝင်လှော်ပြီး ကမ်းရောက်အောင် ပို့ပေးရသည်။ တပ်မတော်သာ
ဝင်မပါခဲ့လျှင် မြန်မာနိုင်ငံကို ပြန်လည်ဆုပ်ကိုင် ခြယ်လှယ် စိုးမိုးလိုသော နယ်ချဲ့များအတွက် အခွင့်ကောင်း
ရသွားပေမည်။ ၄င်းတို့ ပါးစပ်ပေါက်နား ရောက်လာသော ထမင်းလုတ်ကို တပ်မတော်က ပုတ်ချလိုက် သလို
ဖြစ်သွား၍ တပ်မတော် အပေါ် နယ်ချဲ့တို့က မျက်ထောင့်နီကြီးနှင့် ကြည့်လို့ကြည့် လာကြသည်။ နိုင်ငံတော်
အာဏာကို ဖြတ်လမ်းမှ အချောင် ဆွဲယူလိုသည့် နိုင်ငံရေး လုပ်စားသူ (Professional Politicians)
များအဖို့လည်း တပ်မတော်သည် နိုင်ငံတော် အာဏာ တည်းဟူသော မဉ္ဇူသက နတ်ပန်းစောင့်
ကုမ္ဘဏ်ယက္ခများ ဖြစ်သွား ရပေသည်။ ပြည်သူတို့ကမူ တပ်မတော်ကို သာဓုသုံးကြိမ် ခေါ်ကြပေသည်။
တပ်မတော်က အာဏာ ဆက်ပေး၍သာ အာဏာ တည်မြဲခဲ့ရသော ဖဆပလသည် လွတ်လပ်ရေး ရပြီး ၁ဝ
နှစ်အကြာ ၁၉၅၈ ခုနှစ်တွင် နှစ်ခြမ်း ကွဲပြန်သည်။ စောစောကလည်း ဖဆပလမှ ကွဲအက်၊ ခွဲထွက်သွားသည့်
လူထု လူတန်းစား အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်စုများ ရှိခဲ့သည်။ ဖဆပလကြီး တည်မြဲ၊ သန့်ရှင်းကွဲပြီး ရန်စောင်၊
အားပြိုင်၊ အာဏာ လုကြရာ၌ ဟိုဘက်သည်ဘက် လူသူလက်နက် စုဆောင်း စစ်ဖြစ်လာကြ သဖြင့် ၁၉၅၈
ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် တပ်မတော်က ဝင်ထိန်း ပေးရပြန်၏။ တပ်မတော် အိမ်စောင့်
အစိုးရက နိုင်ငံ တည်ငြိမ်အောင် အားထုတ် ဆောင်ရွက်ပြီး ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလတွင်
ရွေးကောက်ပွဲ ကျင်းပပေးသည်။ အနိုင်ရရှိသော ဦးနု၏ သန့်ရှင်း ဖဆပလ လက်သို့ ၁၉၆ဝ ပြည့်နှစ် ဧပြီလ
၎ ရက်နေ့တွင် နိုင်ငံတော် အာဏာ လွှဲအပ်ပေးခဲ့သည်။ ဤသို့သာ တပ်မတော်က ဝင်ထိန်း မပေးလျှင်
အထောက်တော် အုန်းမြင့်၏ သတင်းဆောင်းပါး ခေါင်းစဉ်ပါ 'ခက်ဖွယ်ရယ် ကြုံပါတယ်၊ လက်နက်ကယ်
စုံအညီနဲ့' ဆိုသည့် အတိုင်း ဖဆပလ အကွဲချင်း မြေပေါ်မှာ သွေးချောင်းစီးပွဲ၊ စစ်ခင်းပွဲကြီး ကြုံရနိုင်သည်။
ဤသို့ဖြင့် နိုင်ငံ ပျက်သွားနိုင်သည်။ လွတ်လပ်ရေး ဆုံးရှုံးနိုင်သည်။ နယ်ချဲ့ ပါးစပ်ပေါက်ထဲ ပြည်ထောင်စုကြီး
ထိုးခွံ့သလို ဖြစ်သွားမည်။ တပ်က ဝင်ရောက်ပြန်ပြီဟု နယ်ချဲ့တို့ အံကြိတ်ရသည့် ဖြစ်ရပ်ဟု ဆိုရပေမည်။
ပြည်သူ တို့ကတော့ ကျေးဇူး တင်ကြပါသည်။
သန့်ရှင်း ဖဆပလ အစိုးရသည် ပြည်ထောင်စု အဖွဲ့ချုပ် (ပထစ) အစိုးရဟု နာမည်ပြောင်း အုပ်ချုပ်သည်။
ပထစအတွင်း ဦးအုပ်စု၊ ဗိုလ်အုပ်စု၊ သခင်အုပ်စု ကွဲသည်။ ဘာသာရေး ခုတုံးလုပ် မဲဆွယ်မိသော ဦးနု၏
ပထစ အစိုးရသည် ဘာသာရေး ပြဿနာ၊ အဓိကရုဏ်း၊ ဆန္ဒပြ ဆူပူမှုများဖြင့် လုံးလည်ချာလည်
လိုက်ခဲ့သည်။ ဤမျှ ချည့်နဲ့ အားပျော့နေသည့် ဦးနု၏ ပထစ အစိုးရသည် ရှစ်ပြည်နယ်မူ၊ ဖက်ဒရယ်မူ
သမားများ၏ ပြည်ထောင်စုကြီး ရှစ်စိတ်ကွဲရေး၊ ခွဲထွက်မည့် အစိတ်ပေါင်း များစွာက နယ်ချဲ့ စစ်အုပ်စု(
ဆီးတိုး) ထဲ ဝင်ကြမည့် အရေးတို့ ပေါ်ပေါက်လာသည်။ ထို့ကြောင့် ပြည်ထောင်စု ပြိုကွဲ မခံနိုင်သော
တပ်မတော်က နိုင်ငံကို ထိန်းသိမ်း ယူရပြန်သည်။ ဤပွဲကား ဆီးတိုး စစ်အုပ်စုကြီးဖြင့် အာရှကို စစ်ရေး
လွှမ်းမိုးလိုသော အနောက်အုပ်စု အဖို့ အထိနာဆုံး ပွဲဖြစ်သည်။ ထို့ကြောင့် မြန်မာ့ တပ်မတော်ကို
ဒေါသဖြစ်ရ ပြန်သည်။ ပြည်ထောင်စု ရှစ်စုကွဲ၊ နယ်ချဲ့ စစ်အုပ်စု ဗိုလ်ကျ စိုးမိုးခံရမည့် ဘေးမှ လွတ်ရသဖြင့်
ပြည်သူတို့က တပ်မတော်ကို ကျေးဇူး တင်ကြရ ပြန်ပါသည်။
၁၉၆၂ မှ ၁၉၈၈ ခုနှစ် အတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ ဆိုရှယ်လစ် တည်ဆောက်ရေးကို
ကြိုးပမ်းခဲ့ကြသည်။ အပေါင်း လက္ခဏာများ ရရှိသလို၊ အနုတ် လက္ခဏာ များလည်း ရခဲ့ပါသည်။
မည်သို့ဆိုစေ ဗိုလ်ချုပ်အောင်ဆန်း၏ ဆိုရှယ်လစ်ဝါဒ အာသာပြေ တန်သရွေ့ ပြေခဲ့ပါသည်။ သို့သော်
၁၉၈၈ခုနှစ် ရှစ်လေးလုံး ဆိုသည်ကား ရှစ်ဂဏန်း လေးလုံး ၈-၈-၈၈ ကို ဂငယ်လေးခု အဖြစ်
အနောက်နယ်ချဲ့ အသံလွှင့် ဘီဘီစီက မြင်ကြည့်ကာ - ဂငယ်လေးခု - ပြည်ထောင်စုထု၊ ဥသျှစ်သီး
လေးလုံးဆိုင် ထုရာတွင် လေးလုံးစလုံး ကွဲသည့်ကိန်းကို ဆောင်ပြီး ရှစ်လေးလုံး အရေးတော်ပုံဟု
နာမည်ပေး သွေးထိုး လှုံ့ဆော်ခဲ့သည်။ နောက်ဆုံး နယ်ချဲ့ စစ်သင်္ဘော အုပ်စုက မြန်မာ့ ပင်လယ်ပြင်
အတွင်း ကျူးကျော် ဝင်ရောက်ကာ ကျားချောင်းသလို ချောင်းနေခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စု
မပြိုကွဲအောင်၊ အချုပ်အခြာ အာဏာ လက်လွတ် မဆုံးရှုံးအောင် တပ်မတော်က ရှစ်လေးလုံး ဆူပွဲ
ပူပွဲကြီးကို အချိန်မီ ရပ်တန့် စေခဲ့သည်။ ဤသည်ကိုလည်း နိုင်ငံရေး တောကြောင်နှင့်
နယ်ချဲ့မြို့ကြောင်တို့က တပ်မတော်အပေါ် အမုန်းပွား ခဲ့ကြသည်။ ပြည်သူတို့ကမူ တပ်မတော်ကို
ကျေးဇူးတင်ကြ ရပြန်ပါသည်။
တပ်မတော် အစိုးရက ယခင် အစိုးရများ ကြိုးပမ်းသော်လည်း မရနိုင်ခဲ့သည့် ပြည်တွင်း ငြိမ်းချမ်းရေး
ရယူပေးခဲ့သည်။ ပိတ်ဆို့မှု အဖုံဖုံဖြင့် မြန်မာတို့ ဆင်းရဲငတ်ပြတ် စေရန် ပြည်တွင်း ပြည်ပ အဖျက်သမားတို့
ဝိုင်းနှောင့်ကြသည့် ကြားမှပင် မြန်မာနိုင်ငံ၌ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေး တည်ဆောက်မှုများ ဝေဝေစည်စည်
ဖြစ်စေခဲ့သည်။ ယနေ့ ပြည်ထောင်စု တစ်ဝန်း အံ့မခန်း တိုးတက် ဖွံ့ဖြိုးလာနေသည့် ဘက်စုံ
တည်ဆောက်မှု များမှာ ပြည်ထောင်စုဖွား မြန်မာအားလုံး ကိုယ်ပိုင် မံသ စက္ခုဖြင့် မြင်နေကြရပြီ ဖြစ်သည်။
ကိုယ်ပိုင် စက္ခုဝိညာဉ်က ပိုင်းခြားသိမြင် အသိအမှတ် ပြုနိုင်ကြပြီ ဖြစ်သည်။ ကိုယ်ပိုင်ဦးနှောက်
အသိဉာဏ်ဖြင့် ပိုင်းခြားဝေဖန် အတည်ပြု နိုင်ကြပြီ ဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုးမှုကို ဝေးဝေးသွားကြည့်ရန် မလို၊
မိမိတို့ နေထိုင်ရာ ရပ်ရွာ ပတ်ဝန်းကျင်မှာပင် မျက်ဝါးထင်ထင် မြင်နိုင်ကြပေပြီ၊ ပြည်သူက ထိုဖွံ့ဖြိုး
တိုးတက်မှုများ အတွက် တပ်မတော်ကို ကျေးဇူး တင်ပါသည်။
တပ်မတော် အစိုးရ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက တိုင်းရင်းသား
ပြည်သူများနှင့် လက်တွဲပြီး ပြည်ထောင်စုကြီး မပြိုကွဲရန်၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရန် ကာကွယ်
စောင့်ရှောက်ရင်း ပြည်တွင်း ငြိမ်းချမ်းရေးကို ရယူပေးပြီး ဘက်ပေါင်းစုံ တည်ဆောက် ဖွံ့ဖြိုးစေကာ
ဒီမိုကရေစီ လမ်းပြမြေပုံပါ အဆင့် (၇)ဆင့် (ဝါ) နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ (၇)ရပ် (ဝါ)
ဒီမိုကရေစီ လုပ်ငန်းစဉ် (၇)ရပ်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် ပေးခဲ့ရာ ယခုအခါ အဆင့် (၆)
သို့ပင် ရောက်ရှိခဲ့ပေပြီ။
၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊
အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ် လွှတ်တော်များမှ ဥပဒေပြုရေး အာဏာ၊
အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာ တည်းဟူသော အချုပ်အခြာ အာဏာကို အခြေခံ ဥပဒေ
နှင့်အညီ ကျင့်သုံး ဖော်ဆောင်မည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု
တရား လွှတ်တော်ချုပ်တို့မှ အစပြု၍ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး
အဖွဲ့များကိုပါ ရွေးချယ်တင်မြှောက် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
ယခု ဖွဲ့စည်းလိုက်သော ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု တရား
လွှတ်တော်ချုပ် စသည့် အချုပ်အခြာ အာဏာ မဏ္ဍိုင်ကြီး သုံးရပ်က ဦးဆောင်ပြီး သတ္တမမြောက် လမ်းစဉ် (
ဝါ) နိုင်ငံတော် ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် 'အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော
စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး' စုပေါင်းညီညာ တည်ဆောက် သွားကြတော့မည်
ဖြစ်သည်။ ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများတွင် ပြည်သူက ရွေးချယ် တင်မြှောက် လိုက်သော ပြည်သူ့
ကိုယ်စားလှယ် များသည် နိုင်ငံတော်၌ စီးပွားရေး တိုးတက် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြမည့် အဆိုများ၊
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဆိုများ၊ မှန်ကန်သော အမျိုးသား ပြန်လည်သင့်မြတ် စည်းလုံးရေး
အဆိုများ၊ ပညာရေး မြှင့်တင်ရေး အဆိုများ၊ ကျန်းမာရေး မြှင့်တင်ရေး အဆိုများ၊ နိုင်ငံတော်ကြီး
ခေတ်မီဖွံ့ဖြိုး လာစေရေး အတွက် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရေး အဆိုများ တင်သွင်းကြ၊
ဆွေးနွေးကြ၊ အတည်ပြုကြဖြင့် သက်ဝင်ပီပြင် နေပြီ ဖြစ်ပေသည်။ ပြည်သူ့ ကိုယ်စားလှယ်များက ပြည်သူ့
အကျိုးစီးပွားကို ရှေးရှု နိုင်ကြလေ၊ နိုင်ငံတော်ကြီး အချိန်တိုတို အတွင်း အရှိန်အဟုန်ဖြင့် ငြိမ်းချမ်းသာယာ
ဖွံ့ဖြိုးတိုးတက် လာလေ ဖြစ်ပေတော့မည် ဖြစ်သည်။
တပ်မတော်သည် နိုင်ငံတော် လွတ်လပ်ရေး တာဝန်၊ လွတ်လပ်ရေး ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်၊
နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ဦးလည်မသုန် ဆောင်ရွက်ခဲ့ကြသည့် အပြင် နိုင်ငံတော်တွင်
ငြိမ်းချမ်း သာယာရေး၊ ဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်
စည်ပင်ဝပြောရေး၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းများ ကိုပါ မနားမနေ ဆက်တိုက် ဆောင်ရွက်
ပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော ရေမြေ သဘာဝ သယံဇာတ အဖိုးတန် ရတနာများကို
မျက်စိကျပြီး မြန်မာနိုင်ငံကို ဗိုလ်ကျ စိုးမိုးလိုသော ကိုလိုနီ လက်သစ်၊လက်ဟောင်း နယ်ချဲ့ ဝါဒီများက
တပ်မတော် အပေါ် မလိုတမာ စိတ်မွေးကာ စွပ်စွဲပုတ်ခတ် နေကြသော်လည်း ပြည်ထောင်စုဖွား
တိုင်းရင်းသား မြန်မာပြည်သူ တစ်ရပ်လုံးကမူ ငြိမ်းချမ်း၊ လွတ်လပ်၊ ဖွံ့ဖြိုးတိုးတက်မှု အရသာ (ဝါ)
လွတ်လပ်ရေး အရသာကို အပြည့်အဝ ခံစားစံစား လာနိုင်ကြသဖြင့် တပ်မတော်ကို ကျေးဇူးတင်ရှိ
နေကြပါသည်။
ထို့ပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် အရပ်ရပ်တွင် တပ်မတော်သား
ကိုယ်စားလှယ်များ အချိုးကျ ပါဝင်ပြီး ပြည်ထောင်စု ရေးရာ၊ ပြည်သူ့ရေးရာ များကို တိုင်းရင်းသားစုံ ပြည်သူ့
ကိုယ်စားလှယ်များ နှင့်အတူ လက်တွဲ ဆောင်ရွက် သွားဦးမည် ဖြစ်၍လည်း တပ်မတော်ကို ပြည်သူတို့က
ကျေးဇူး တင်နေကြပါသည်။ ။
(၂၀၁၁ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၃)မှ ဆောင်းပါးရှင်
မောင်ဝံသာနု၏ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)
သိစေချင်လွန်းလှသည် ပြည်သူတွေဆီ (အတိုက်အခံအဆိုးမြင်ဝါဒီသို့ )....
မြန်မာနိုင်ငံကို ၁၉၈၈ အရေးအခင်းဖြစ်ပြီးနောက်ပိုင်းမှစ၍ ယခုနိုင်ငံတော်သမ္မတမအုပ်ချုပ်ခင်(၂၀၁၁)
မတ်လ အချိန်ထိ တပ်မတော်အစိုးရအုပ် ချုပ်မှု့ ကိုဒီမိုကရေစီဟု အော်နေသောမြန်မာပြည်သားများ
ကျနော်တို့ မြန်မာနိုင်ငံကိုဘယ်လောက်တောင်ချစ်ခင်ပြီးတိုးတက်အောင်ဖန်တီးလုပ်ဆောင်ပေး
ခဲ့ဖူးပါသလဲ။ ဗိုလ်ချုပ်ကျဆုံးချိန်နောက်ပိုင်း ယခုနိုင်ငံတော်ပြည်သူလူထုကိုအရမ်းကိုပဲချစ်ခင်ပြနေသည့်
ဒေါ်စုကြည်ကပြည်ပကိုပြေးပြီးနိုင်ငံခြားသားကိုလင်လင်လုပ်ကာအေးအေးဆေးဆေးနေခဲ့သည်။
မြန်မာပြည်တစ်ပြည်လုံးအုပ်အော်သောင်းနင်း ဘယ်သူကအဖေမှန်းမသိ၊
သောင်းကျန်းသူမျိုးစုံကထကြွ ဒီကြား
ထဲဘယ်ဆီကရောက်လာမယ်မှန်းမသိတဲ့အစိုးရကို မျှော်လင့်ပြီး ကြားမိသေးတယ် ဆန်တပြီဆယ်ပြား
ဦးနုလာမှဝယ်စား ဆိုတဲ့တဘောင်လိုမျိုးစကား၊ ဦးနု လက်ထက်ကျတော့ရော နိုင်ငံတော်ကိုတိုးတက်ဖို
့နေနေသာသာ တည်ငြိမ်အောင်ရောလုပ်ပေးနိုင်ခဲ့ ရဲ့ လား။သူလုပ်ပေးခဲ့တာတွေလည်းရှိကောင်းရှိမည် သူ့ 
စေတနာတွေလည်းရှိသည် သို့ ပေမယ့် ဘာတွေကိုလုပ်ပေးနိုင်ခဲ့လဲ။ ဦးနေ၀င်းလက်ထက် အိမ်စောင့်အစိုးရ၊
သူကရော ဘာတွေများနိုင်ငံတော်တိုးတက်စေ ရန်လုပ်ပေးနိုင်ခဲ့လည်းတည်ငြိမ်ပါ၏လား။ဦးသန်
့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်တာဝန်ကိုကြာရှည်စွာထမ်းဆောင့်ခဲ့ဖူးသည်။တော်ပါပေသည်၊
လေးစားလောက်ပါသည်၊ အားကျမိသည်မိမိမြန်မာပြည်ရဲ့ ကထိုသူလိုမျိုးပေါ်ထွန်းခဲ့ဖူးသည်ဟု
ဝင့်ကြွားနိုင်သည်။သို့ သော် ဦးသန့် မြန်မာပြည်အတွက် ဘာ တွေများလုပ်ဆောင်ပေးသွားပါသည်လဲ
စဉ်းစားစရာပါ။သူသေဆုံးတော့ အရေးအခင်းတောင်ဖြစ်လိုက်ပါသေးသည် သူ့ ကိုအာဇာနည်
ဗိမာန်မှာထားရှိရေး ၊ မထားရေးအတွက်နဲ့ ။သို့ သော်ကျနော် ပြောချင်တာက ဦးသန့် ကရော
မြန်မာပြည်ကြီးတိုးတက်အောင် ဘာကိုလုပ်ဆောင်ပေးခဲ့ပါသလဲ။ ၁၉၈၈ အရေးအ ဖြစ်ပြီ ပြည်သူတွေ
အချင်းချင်းသတ်ကြဖြတ်ကြ၊ ဘယ်သူ့ မှ ဗိုလ်မထား ငါတလူသူတမင်း တပြည်လုံးမီးဟုန်းဟုန်းတောက်
ပြည်သူတွေ အလုပ်မဆင်းကြ တော့၊ ဆန္ဒပြကြသည် မကျေနပ်လျင်သတ်ဖြတ်သည် ၊
တောမီးလောင်တောကြောင်လက်ခမောင်းခပ် ဆိုသလို သောင်းကျန်းသူ ကလည်းဓါးပြတွေဖြစ်၊ သူ
ခိုးကလည်း သူခိုးမဟုတ် လိုချင်လျင်ယူသွားမိလျင်သတ်ဖြတ် နိုင်ရာစားလုပ်နေချိန်
အဲဒီလိုမျိုးအခြေအနေမှာ ယခုဒေါ်စုကြည်က နိုင်ငံတော်ကိုတည်ငြိမ်စေ ရန်သူမ ဘာတွေလုပ်ဆောင်ခဲ့ပါလဲ
အမေနေမကောင်း၍သာသတိတချက်၇ပြန်လှည့်လာတဲ့ သူ၊ ထိုအချိန်နောက်ပိုင်းမှ သူမသည်
ဗိုလ်ချုပ်၏သမီးဗိုလ်ချုပ် လိုတိုင်းပြည်၏ဖခင်သဖွယ်ကြိုးစားမှု့ လုပ်ဆောင်
ရည်စွမ်းဆောင်း၇ည်ရှိမည်ဟုသောမျှော်လင့်ချက်ဖြင့်အမေစုအမေစုဟု ခေါ်ကာသူမအားနိုင်ငံရေးလောက
ထဲဝင်၍မြန်မာပြည်ပြန်လာရန်ခေါ်သောကြောင့်သူမ
နိုင်ငံရေးလောကထဲဝင်လာခဲ့သည်။အရေးအခင်ဖြစ်နေချိန်ပြည်သူလူထုအားမည်သူကမျှ တည်ငြိမ်စေ
ရန်တား၍မရတော့၊ ထိုအချိန်တွင် တပ်မတော်သည် ပြည်ထောင်စုပြိုကွဲတော့မည့်အရေး၊
တိုင်းရင်းသားစည်းလုံးညီညွှတ်မှု့ ပြိုကွဲတော့မည်အရေး ၊ အချုပ် အခြာအာဏာမတည့်တန်
့နိုင်တော့သည်တို့ ကြောင့်မလွှဲမရှောင်သာတိုင်းပြည်အားတည်ငြိမ်စေရန်အလို့ ငှာ ထိမ်းသိမ်းခဲ့ ရသည်။ထို
့နောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအဖွဲ့  ဖွဲ့ စည်းကာ ဆူပူသောင်းကျန်းသူများအားနှိမ်နင်း၊
ပြည်ပမှကျူးကျော်ဝင်ရောက်လာမှု့ များကိုလည်းဟန့် တားရင်း နိုင်ငံတော်၏ ဖျာ
ကြီးလေးချပ်ဟုခေါ်ဆိုရသော တပ်မ (၄)ခုမျှဖြင့်နိုင်ငံတော်အုပ်ချုပ်မှု့ တာဝန်ကတဖက်
သောင်းကျန်းသူများအားနှိမ်နင်းရသည်ကတဖက် ၊ တဖန် အာဏာ ရယူထိမ်းသိမ်းထားသော်လဲ
လက်ထဲတွင် ၀န်ထမ်းများအားလကုန်ချိန်လခထုပ်ပေးရန်
ဘဏ္ဍာငွေကတစ်ပြားမှမရှိရင်မောစရာကောင်းလှသည်။ ထိုသို့
သောအခြေအနေမျိုးမှတည်ငြိမ်အေးချမ်းသောတိုင်းပြည် အဖြစ်သို့ အားသွန်ခွန်စိုက်မနိုင်သည့်ဝန်ကို
တပ်မတော်မှထမ်းခဲ့ရသည်။ထိုမှတဖန် တိုင်းပြည်ငြိမ်းချမ်းလာတော့တိုးတက်ရေးကိုရှေးရှု
့ကြံဆောင်ရပြန်သည်။ထို့ ကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ မှသည် နိုင်ငံတော်အေးချမ်းသာယာရေး
နှင့် ဖွံ့ ဖြိုးရေးကောင်စီအဖြစ်သို့ ပြောင်းလဲဖွဲ
့စည်းကာနိုင်ငံတော်တာဝန်ကိုမပျက်မကွက်ထမ်းဆောင်ခဲ့သည်။ထိုအချိန် ယခုပြည်သူကိုချစ်သော
ဒေါ်စုဘယ်နေ ရာမှာလည်းတည်ငြိမ်အေးချမ်းကာစ
နိုင်ငံတော်ကိုပြန်လည်၍ရုပ်ရုပ်သည်းသည်းဖြစ်အောင်ဖန်တီးတတ်သော
ဒေါ်စုနိုင်ငံရေးတရားလှည့်လည်ဟောပြောကာ စည်းရုံးရင်း ဒီပဲယင်းဟုခေါ်သောမြို
့မှစ၍တဖန်နိုင်ငံတော်အားမတည်ငြိမ်စေသည့်အငွေ့အသက်ဖြစ်လာစေပြန်ပါသည်။ထို့အတွက်နိုင်ငံတော်မှ
နောက်တဖန် အရေးအခင်းမဖြစ်စေရန်အလို
့ငှာဒေါ်စုကြည်အားခေတ္တမျှနေအိမ်အကျယ်ချုပ်ဖြင့်ထိမ်းသိမ်းထားခဲ့ရပါသည်။သို့သော်သူမသည်အငြိမ်မနေ
သူမအားခေတ္တမျှ ပင်ပြည်သူတွေကြားတွင်ထား၍မရ ၊ သူမ၏အသက်အန္တရာယ်လုံခြုံရေး
တိုင်းပြည်ငြိမ်းချမ်းတည်ငြိမ်စေရန် ဆက်လက်ထိမ်းသိမ်းထားခဲ့ရပြန်သည်။သို့ သော်
သူမ၏နေအိမ်အတွင်းသို့ ဘယ်ကလာသည်မှန်းမသိသော
ဂျွန်တောရက်ဟုခေါ်သောနိုင်ငံခြားသားတစ်ယောက်ခိုးဝင်ရောက်ခဲ့ပါသော်
လည်းသက်ဆိုင်ရာသို့အကြောင်းမကြား၊ရက်အတော်ကြာမှသိရှိ၇သည့်အဖြစ်၊ထို့အမှု
့ကိုစစ်ဆေးကာကျသင့်သည့်ပြစ်ဒဏ်ထက်ထိုအချိန်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နိုင်
ငံတော်ကာကွယ်ရေးနဲ့ ဖွံ့ ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှ ပြစ်ဒဏ်အားလျော့ပေါ့ကာ
ထားပေးခဲ့ပါသည်။တပ်မတော်မှ နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်များထမ်းဆောင်နေစဉ်ကာလအတွင်း ဒို
့တာဝန်အရေးသုံးပါးအား အမြဲဦးစားပေးစောင့်ထိမ်းခဲ့သည်။ စစ်ရေးအသိ ၊ နိုင်ငံရေးအသိ
စသည့်သဘောတရားများနှင့်ယှဉ်က မိမိနိုင်ငံသည်မိမိတို
့၏အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်စေရန်မည်သည့်အင်အားကြီးနိုင်ငံကမျှ ၀င်ရောက်စွက်ဖက်မှု
့မျိုးကိုလက်မခံခဲ့ပါ။မိမိပြည်တွင်းရေးမိမိသည်သာဖြေရှင်းခဲ့သည်။နိုင်ငံတစ်ဝှမ်းလမ်းများတံတားများ၊ ဆည်၊
တာတမံများစွာ တည်ဆောက်ပေးနိုင်ခဲ့သည်။သို့သော်အတိုက်အခံပြည်သူများတပ်မတော်အား
မလိုလားသူတို့ မှနည်းအမျိုးမျိုးပုံစံအမျိုးမျိုးဖြင့်ဆန်
့ကျင်ကာပြည်ပအင်အားကြီး နိုင်ငံများတွင်ခိုလှုံ၍နိုင်ငံတော်တိုးတက်မှု့
အားနှောင့်ယှက်နေခဲ့သည်။ပြည်သူအားချစ်ပါသည်ဆိုသော်ဒေါ်စုကြည်မှာလည်း အနောက်နိုင်ငံများမှ
စီးပွားရေးပိတ်ဆို့ မှု့ ကိုလက်သင့်ခံခဲ့သည်။မြန်မာပြည်ကိုစီးပွားရေးပိတ်ဆို့မှု့ သည်မြန်မာပြည်သား တို့
ကိုသာအဓိကထိသည်။ထိုအတွေးကိုဒေါ်စုကြည်မတွေးတတ်၍လားနိုင်ငံရေးဒီမိုဟု
အော်နေသောပြည်ပအထောက်အခံများအသိဥာဏ် မရှိ၍လားတော့မသိ
ပျော်ပျော်ကြီးထောက်ခံခဲ့ကြသည်။သို့ သော် ထို အတိုက်အခံများမှာတော့ ပြည်ပ
အထောက်အပံ့ဖြင့် ဆိုဖာပေါ်မှာတီဗီကြည့်ရင်းငြိမ့်လို့  မြန်မာပြည်သူပြည်သားတွေမှာတော့
နေပူထဲမှာချွေးတလုံးလုံးနဲ့ ရုန်းကန်နေခဲ့၇သည်။မြန်မာပြည်ကြီးပဲ မနက်ဖန် ထ ပျက်တော့မလိုလို
အတိုက်အခံမီဒီယာတွေမှလည်းတကြော်ကြော်အော်ခဲ့ကြသည်။တဖန် နိုင်ငံတော်ကိုချစ်တယ်ဆိုတဲ့
ပညာရှင် ဘယ်ပညာရှင်တွေကများမြန်မာပြည်မှာနေပြီးမြန်မာပြည်
တိုးတက်ရေးကိုအားကျိုးမာတက်လုပ်ဆောင်ခဲ့ဖူးပါသလဲ၊ ပညာလေးတတ်လာလျှင်ပြည်ပကိုသွားနိုင်ငံ
သားခံယူကာ လင်ယူသာမွေးအိမ်ထောင်
ပြုနေကြသည့်မျိုးချစ်မြန်မာ့သူရဲကောင်းများမြန်မာပြည်မကောင်းဘူးမြန်မာပြည်မတိုးတက်ဘူးလို
့အော်နေနိုင်ကြသေးတယ်။ မြန်မာ့စိတ်ဓါတ်က
မိမိတစ်ကိုယ်ကောင်းအတွက်ကိုယ်လွတ်ရုံးသည့်စိတ်ဓါတ်ပါလား၊ မိမိလူမျိုးကိုမိမိ
အထင်မကြီးသည့်စိတ်ဓါတ်ပါလား၊
မိမိနိုင်ငံကိုအဆိုးဝါးဆုံးနိုင်ငံဟုသတ်မှတ်ထင်ယူနေကြသည့်စိတ်ဓါတ်ပါလား၊
ပညာတတ်လာလျှင်နိုင်ငံခြားထွက်မည်ဆိုသည့်စိတ်ဓါတ်ပါလား၊ ၎င်းတို့ ချမ်းသာလာတော့ရော
နိုင်ငံတော်အတွက်ဘယ်လောက်ထောက်ပံ့ခဲ့ဖူးပါသလဲ ၊ အကျီတစ်ထည်ကို ကျပ် ၁၂၅ သိန်း
ပေးဝယ်တာမျိုးလား၊ ပြည်ပကိုနိုင် ငံတော်အစိုးရမှ နိုင်ငံတော်အတွက်ရည်မှန်းကာ
ပညာတော်သင်များစေလွှတ်ခဲ့သည်သို့ သော်မြန်မာ့ပြည်ချစ်သားကောင်းများမှာ
ပညာတတ်လာတော့မြန်မာပြည်ကို မပြန်တော့
ထိုနိုင်ငံမှာပင်တစ်ခါတည်းနိုင်ငံသားခံယူလိုက်သည်။နိုင်ငံရေးမလုပ်ပေမယ့်
နိုင်ငံတော်ငွေဖြင့်ပညာသင်ကြားပြီးကိုယ်ကျိုးအတွက်ထိုပညာကိုယခုထိတိုင်အသုံးချနေသူများ
ပြည်ပတွင်များစွာရှိသည်။သို့ သော် အတိုက်အခံများအတွက်တော့ အစိုး၇ကိုပင်
မကောင်းပြောမြဲဖြစ်သည်။ထိုသူတွေမှန်သည်ဟုပြောတတ်သည် ၊ပြောမည်ပေါ့ ထိုသူများကသူတို
့ကိုယ်တိုင်လည်းဖြစ်နေတတ်ကြပါသည်။တကယ်တော့ မြန်မာ့ အတိုက်အခံဆိုတာ
မြန်မာပြည်ကိုချစ်သူများမဟုတ်ပါ
မိမိကိုယ်ကျိုးအတွက်သာကျိုးစားနေကြခြင်းပါမည်မျှပင်နိုင်ငံတော်အတွက်ဟုတ်ပြောပြောတစ်ဖက်တွင်
၎င်းတို့ အတွက် ဒေါ်လာပုံမှန်ဝင်ငွေရရှိနေ၍သာဖြစ်သည်
အကယ်၍ထိုသူများအားထောက်ပံ့ပေးဆောင့်မည့်သူများမရှိပါတော့လျှင်..............မည်သို
့ဖြစ်လာနိုင်မည်နည်း။အဖြစ်နိုင်ဆုံးမှာ၎င်းတို့ သည်လက်ရှိအစိုးရအား ဖားကာ ကောင်းကြောင်းပြောကာ
ပြည်တွင်းသို့ ပြုံးဖြီးဖြီးဝင်ရောက်လာမည့်သူများ၊ ပြည်တွင်းမှအတိုက်အခံများဆိုလျင်လည်း
အစိုးရအားကောင်းကြောင်းတွေ တသီကြီးသိသိသာသာပြောကာဖားကြပြန်တော့မည်ဖြစ်သည်။
မင်းသူ
တပ်မတော်သားလည်း ပြည်သူပါပဲ
မြန်မာပြည် အပြောင်းအလဲကိစ္စမှာ တပ်မတော်သားတွေ အင်တိုက်အားတိုက်ပါဝင်ဖို့လိုတယ်၊
တပ်မတော်ကို စည်းရုံးဖို့ လိုကိုလိုတယ် ဆိုတဲ့စကားကို အတိအလင်းထုတ်ဖော် ပြောဆိုလာတာ
ကြားရတော့ ရင်ထဲမှာ လှိုက်လှိုက် လှဲလှဲ ဝမ်းသာအားတက်မိပါတယ်။
ပြည်ပအသံလွှင့်မီဒီယာတွေမှာလည်း ဒီကိစ္စအပေါ်မူတည်ပြီး ဆွေးနွေးတာတွေကို ကြားသိနေပါတယ်။ VOA
တိုက်ရိုက်လေလှိုင်း ဆွေးနွေးပွဲတခုမှာ ပါဝင်ဆွေးနွေးသူတစ်ဦးက အန်တီစုရဲ့သဘောထားကို ထောက်ခံပြီး
တပ်ကိုစည်းရုံးဖို့ လိုကြောင်း၊ အဲဒီလိုလုပ်ရာမှာ အန်တီစုအနေနဲ့ လိုအပ်ပါက
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခွင့်တောင်းသင့်ကြောင်း အကြံပြု
ဆွေးနွေးသွားတာကို ကြားလိုက် ရပါတယ်။
သူက စေတနာနဲ့ အပြုသဘောဆောင် ဆွေးနွေးသွားတာဖြစ်ပေမဲ့ လက်ရှိအနေအထားအရ
တပ်ခေါင်းဆောင် တွေနဲ့ အန်တီစု လူသိရှင်ကြားတွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးဖို့
မဖြစ်နိုင်သေးပါဘူး။ အစိုးရအတွင်းမှာရော တပ်တွင်းမှာပါ အပြောင်းအလဲ ကိစ္စနဲ့ပတ်သက်ပြီး
နှစ်ဘက်လွန်ဆွဲမှုတွေ ရှိနေနိုင် ပါတယ်။ ပုံမှန်အခြေအနေမှာတောင်မှ တပ်ဆိုတာ
အရပ်ဘက်အဖွဲ့အစည်းတွေထက် လျှို့ဝှက်တဲ့သဘော၊ စည်းကမ်းတင်းကျပ်တဲ့သဘော ရှိတတ်တာပါ။
ဒီအတွက်ကြောင့် အန်တီစုဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တပ်မတော်သားတွေ
ထိတွေ့ဆက်ဆံနိုင်ဖို့ အခွင့်အလမ်းမရှိနိုင်တာတော့ မဟုတ်ပါ။ လွှတ်တော်တွင်းကို ရောက်တဲ့အခါ ၂၅
ရာခိုင်နှုန်းသော တပ်မတော် သားကိုယ်စားလှယ်များနဲ့ ညှိနှိုင်းလုပ်ဆောင်တာတွေ လုပ်နိုင်ပါတယ်။
တပ်မတော်သားဟောင်းတွေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံနိုင်ပါတယ်။ အန်တီစုအနေနဲ့
ရောက်လေရာ လူထုဟောပြောပွဲတိုင်းမှာ တပ်မတော်နဲ့ပတ်သက်တဲ့ Message တွေများများပေးပါ။
အဲဒီအသံဟာ တပ်ခြံစည်းရိုးတွေကို ကျော်ဖြတ်ပြီး တပ်မတော်သား မိသားစုတွေထံ ရောက်ရှိသွားမှာပါ။
တပ်ဆိုတာ Signal နဲ့လှုပ်ရှားဆောင်ရွက်တတ်တဲ့ သဘာဝရှိတာမို့ သူတို့သဘောပေါက် လွယ်မယ့်
အချက်ပြ ပြောဆိုလုပ်ဆောင်ချက်တွေနဲ့ တပ်လှန့်နှိုးဆော်နိုင်ပါလိမ့်မယ်။
ကျနော်တို့တိုင်းပြည်မှာ အကြောင်းအမျိုးမျိုး အခြေအနေအရပ်ရပ်ကြောင့် စစ်မှုထမ်းဆောင်ဖူးသူတွေ
များပြား လှပါတယ်။ ခုချိန်မှာ မြန်မာပြည်ရဲ့ လက်ရှိစစ်မှုထမ်းဦးရေ ၄ သိန်းရှိတယ်လို့ ဆိုကြပါတယ်။
အဲဒီအတိုင်းဆိုရင် စစ်မှုထမ်းဟောင်း ဦးရေဟာ ၅ သိန်းအထက်မှာ ကျိန်းသေရှိနေနိုင်ပါတယ်။
ကျနော့်စစ်မှုထမ်းသက် ကာလတလျှောက် အတွေ့အကြုံအရ တပ်မတော်(ရေ) ရဲ့
လက်ရှိစစ်မှုထမ်းဦးရေဟာ နောက်ဆုံးရောက်နေတဲ့ ကိုယ်ပိုင်နံပတ်ကို ၃ နဲ့စားလို့ရတဲ့ ရလဒ်နဲ့
အနီးစပ်ဆုံးရှိပါတယ်။ ဥပမာ- မှတ်တမ်းရုံးမှာရှိတဲ့စာရင်းအရ နောက်အကျဆုံးစစ်သည်ရဲ့
ကိုယ်ပိုင်နံပတ်ဟာ ၃၀၀၀၀ (သုံးသောင်း) ဖြစ်တယ်ဆိုရင် တပ်အင်အားစာရင်း ဟာ
၁သောင်းပတ်ဝန်းကျင်ပဲ ရှိတာတွေ့ရပါတယ်။ ကျနော်တို့ တပ်ထဲဝင်စအချိန်မှာ ကိုယ်ပိုင်နံပတ် နှစ်သောင်း
ရှစ်ထောင်လောက်ရှိတဲ့အချိန် တပ်အင်အားက ကိုးထောင်ခုနှစ်ရာဝန်းကျင်ရှိပါတယ်။ (အဲဒီအချိန်က
ကြည်းတပ်မှာ ကိုယ်ပိုင်နံပတ် တစ်သန်းကျော်နေပါပြီ။ ကျနော်တို့နဲ့ သင်တန်းအတူတက်ရောက်တဲ့
ကြည်းတပ်က ရဲဘော်တွေဟာ ကိုယ်ပိုင်နံပတ် တ/၉၀+++ တွေများပါတယ်။)
ဒါကြောင့် နှစ်သောင်းနီးပါးသော ရေတပ်စစ်မှုထမ်းဟောင်းများဟာ သေဆုံးသူ အနည်းအကျဉ်းသာ ရှိနိုင်ပြီး
အများစုက သူလိုကိုယ်လို သာမန်အရပ်သားတွေအဖြစ် ပြည်သူလူထုအကြားနေထိုင်သူတွေ ဖြစ်ပါတယ်။
တပ်ရဲ့သဘောသဘာဝနဲ့ တပ်ထဲကလူတွေရဲ့ စိတ်ခံစားချက်တွေကို သိရှိနားလည်နိုင်ဖို့ စစ်မှုထမ်းဟောင်း
တွေကတဆင့် ချဉ်းကပ်လေ့လာလို့ ရနိုင်ပါတယ်။ သူတို့အထဲမှာ တပ်ကနေလုပ်သက်ပြည့်ပင်စင်
ယူထားသူတွေသာမက တိုက်ပွဲဒဏ်ရာ၊ ရောဂါဝေဒနာ(သို့)မတော်တဆထိခိုက်ဒဏ်ရာကြောင့် ဆေးဘုတ်နဲ့
ထွက်ခဲ့ရသူတွေ၊ တပ်ထဲမှာ မပျော်ပိုက်လို့ ငွေကြေးအကုန်အကျခံပြီး ဆေးဘုတ်နဲ့မရရအောင် ထွက်လာခဲ့
သူတွေ ယုတ်စွအဆုံး တပ်ပြေးတွေလည်း အများစု ရှိနေပါတယ်။ စစ်မှုထမ်းဟောင်း အတော်များများ
လူမှုရေးအကျိုးဆောင် လုပ်ငန်းတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်ဆောင်ရွက်နေတာ
တွေကို တွေ့မြင်ကြရမှာပါ။ တချို့က ထင်ထင်ရှားရှား လုပ်ဆောင်နေသူတွေရှိသလို မထင်မရှားလုပ်နေသူ
တွေလည်း ရှိပါတယ်။
တပ်မတော်အစိုးရလက်ထက်မှာကို စစ်ခေါင်းဆောင်ကြီးတွေက “တပ်မတော်သာအမိ တပ်မတော်သာအဖ”
ဆောင်ပုဒ်နဲ့ တပ်မတော်ကို အထင်ကြီးကိုးကွယ်လာအောင် ဝါဒဖြန့် စည်းရုံးသွေးဆောင်ခဲ့ပေမဲ့
တကယ့်လက် တွေ့ဘဝမှာ တပ်မတော်ဆိုတာ တပ်မတော်သားများအတွက် ယာယီခိုနားရာသာဖြစ်ပါတယ်။
မိမိတာဝန် ထမ်းဆောင်ဆဲကာလမှာသာ အဖွဲ့အစည်း သဘောအရ ဆက်နွယ်ပတ်သက်တာဖြစ်ပြီး
တပ်ကအနားယူချိန်မှာ သာမန်ပြည်သူတဦးအဖြစ် ကိုယ့်ဘဝကိုယ် တာဝန်ယူရပ်တည်ရတာပါပဲ။
ထိပ်တန်းစစ်ခေါင်းဆောင် အချို့က လွဲပြီး တပ်မတော်သားအများစုရဲ့ ဘဝတသက်တာအတွက်
လုံလောက်တဲ့နေထိုင်စားသောက်စရိတ်ကို တပ်မတော်က တာဝန်ယူတာမရှိပါဘူး။ ဒါတွေကို
တပ်မတော်သားဖြစ်ဖူးသူတိုင်း ဘဝနဲ့ရင်းပြီးနားလည် ထားကြပါတယ်။ ဒါကြောင့် “ပြည်သူသာအမိ
ပြည်သူသာအဖ” ဆိုတဲ့ တပ်မတော်ရဲ့ မူလဆောင်ပုဒ်ကိုသာ စွဲစွဲမြဲမြဲ ခံယူထားဖို့လိုပါမယ်။
သို့သော် တပ်ထဲမှာကိုက လူအမျိုးမျိုး စရိုက်အထွေထွေ ရှိတဲ့အတိုင်း တချို့သူတွေဟာ တပ်ကထွက်လာ
တဲ့တိုင် တပ်မှာကျင့်သုံးခဲ့တဲ့ အမူအကျင့်တွေကို မဖျောက်ဖျက်နိုင်သေးဘဲ ဆက်လက်ထိန်းသိမ်းထားသူတွေ
ရှိနိုင်ပါတယ်။ အားလုံးတော့ မဟုတ်နိုင်ပါ။ စစ်မှုထမ်းဖူးတဲ့ လူတယောက်အဖို့ တပ်ထဲမှာ ကောင်းတဲ့
အလေ့အထ အမူအကျင့်တွေ ရခဲ့တာရှိသလို အရပ်ဘက်လူ့အသိုင်းအဝိုင်းမှာ ကျင့်သုံးဖို့ မသင့်လျော်တဲ့
လုပ်နည်းလုပ်ဟန်တွေနဲ့လည်း ရင်းနှီးကျွမ်းဝင် ယဉ်ပါးခဲ့ရတာတွေရှိပါတယ်။ တပ်ထဲမှာသာ ကျင့်သုံးနိုင်တဲ့
အမူအကျင့်တွေကို ကိုယ်တပ်ကထွက်လာချိန်၊ တပ်ခြံစည်းရိုးအတွင်း ထားခဲ့ရပါမယ်။
တပ်မတော်သားဆိုတာ ပြည်သူတွေက မွေးဖွားလာသူ တွေဖြစ်သလို တနေ့ပြည်သူကြားထဲကို
ပြန်သွားကြရတာပါ။
တပ်ထဲကအမူအကျင့် မပျောက်တဲ့ တပ်မတော်သားဟောင်းတွေ၊ ကြမ်းတမ်းရိုင်းပြတဲ့
တပ်မတော်သားတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ ပြည်သူတွေအနေနဲ့ စိတ်မချမ်းမသာ ဖြစ်ရတာကို
နားလည်ခံစားမိပါတယ်။ သို့ပေမဲ့ လည်း သူတို့နဲ့ဆက်ဆံရေးကို မူသေယူပြီး တပ်မတော်တခုလုံး ဒီအတိုင်း
ဖြစ်မှာဘဲလို့ တိုင်းတာသတ်မှတ်မှုမျိုး မဖြစ်စေချင်ပါဘူး။ အဖွဲ့အစည်းတခုလုံးနဲ့အဖွဲ့ဝင်တဦးချင်းအကြား
သရုပ်သကန် တူညီမှုတွေရှိသလို ကွဲပြားတာ တွေလည်း ရှိပါတယ်။ အဖွဲ့အစည်း သဘာဝနဲ့
တဦးချင်းလူ့သဘာဝ နေရာတကာ ထပ်တူမကျနိုင်ပါ။
ကျနော်ရေးသားနေတာတွေဟာ တပ်မတော်နဲ့ပြည်သူလူထုအကြား အပြန်အလှန်နားလည်မှု တိုးပွားလာပြီး
လက်တွဲညီညွှတ်စေချင်တဲ့ စေတနာသက်သက်ပါ။ ကျနော်ကိုယ်တိုင်လည်း စစ်ခေါင်းဆောင်တချို့ရဲ့
ငြိုးမာန်ဖွဲ့ ခံနေရသူပါ။ ဒီအတွက် ပြဿနာမရှိပါ။ တပ်ထဲမှာ မနေချင်လို့ထွက်လာပေမဲ့
လုပ်ဖော်ကိုင်ဘက်ကောင်းတွေ၊ တပ်မှူးကောင်းတွေကို ယနေ့တိုင်အသိအမှတ်ပြုနေဆဲဖြစ်သလို
အဲဒီလိုတပ်မတော်သားကောင်းတွေနဲ့ ပြည်သူ လူထု နီးစပ်ရင်းနှီးမှု ရှိစေချင်ပါတယ်။ စစ်အာဏာရှင်စနစ်
မကောင်းပါဘူး။ သို့သော် တိုင်းပြည်ကာကွယ်ဖို့ တပ်မတော်ဆိုတာ ဆက်ပြီးရှိနေမှာပါ။ ပြောင်းလဲလာတဲ့
ခေါင်းဆောင်မျိုးဆက်သစ်တွေက ပြည်သူလူထုကြား တပ်မတော်ရဲ့ ဂုဏ်ရောင်ပြန်လည်ထွန်းပြောင်လာဖို့
ကြိုးစားလုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
တပ်မတော်သားများအနေနဲ့လည်း တပ်မတော်ရဲ့ပင်မလုပ်ငန်းတာဝန်ကြီး (၃) ရပ်ဖြစ်တဲ့- စစ်တိုက်ရန်၊
စစ်တိုက်ရန်မရှိက လေ့ကျင့်ရန် ၊လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ဆောင်ရန်
ဆိုတဲ့တာဝန်တွေ ထဲမှာ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနဲ့ စစ်ပြေငြိမ်းရေးစာချုပ်တွေ
ချုပ်ဆိုပြီးနောက်ပိုင်း စစ်မက်ဇုံတွေ မရှိတော့တဲ့အခါ လေ့ကျင့်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုပဲ
ဦးစားပေးလုပ်ဖို့ ရှိပါတော့တယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ အားကြိုးမာန်တက်ပါဝင်လုပ်ဆောင်ရင်း
ပြည်သူလူထုနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ကြဖို့
မေတ္တာရပ်ခံတိုက်တွန်းချင်ပါတယ်။
တပ်နဲ့ပြည်သူ အမြန်ဆုံး ကြည်ဖြူလက်တွဲနိုင်ပါစေ။
နေမင်းသူ (၂၇ ဇန်နဝါရီ ၂၀၁၂)
LIKE BOX



