Saturday, May 19, 2012

Posted by မျိုးချစ်သူရဲကောင်းများ On 6:33 PM 0 comments

အရေးမပေးသင့်သော မိန်းမများ

From : ဆူးနှင်းဆီ


ရတနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောမိန်းမ....

အင်္ကျီလယ်ဟိုက်sexyကြိုက် ယောက်ျားများရှေ့ ကုန်းကုန်းကွကွလုပ်တက်သောမိန်းမ....

ဘောင်းဘီချက်ပျုတ်စတိုင်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင်ဝတ်ထားသောမိန်းမ.....

အင်္ကျီပါးပါး တမင်ဝတ်ထား အတွင်းသားတွေကိုပြချင်သောမိန်းမ....

စကတ်တိုလက်တအုပ် အရှက်ထုတ်ကို မလုံ့ တလုံပေါ်အောင်ဝတ်တက်သောမိန်းမ....


ခေတ်ကိုတင်စား ရင်သားနဲ့ တင်ပါးမှာတက်တူးထိုးထားသောမိန်းမ....

နောက်ကြောပြောင်ချော အမှောင်တောမှာ ကချင်လှုပ်ချင်တဲ့မိန်းမ....

ဘောင်းဘီအသားကတ် အနေမတက် ခြေထောက်ကိုကားထိုင်သောမိန်းမ....

ယောက်ျားတွေမြင် အကွက်ဆင် ချွဲပျစ်ပျစ်ပြောတက်သောမိန်းမ....

မျက်နှာတစ်ပြင်လုံးရှဲဒိုးသုံး မြင်မကောင်းအောင် မျက်တောင်တုတွေတက်ထားသောမိန်းမ....

သွားမှာစိန်မြှုတ် ရယ်စရာမဟုတ် ရယ်စရာလုပ်ဤ တဖြဲဖြဲရယ်ပြနေသောမိန်းမ....

လူစုံလျင်ဂျင်းသုပ် သုပ် အတင်း တလှုပ်လှုပ်ပြောတက်သောမိန်းမ....

အလုပ်နားရက်ထမင်းမချက် အပျင်းထူပြီး တစ်နေကုန်အိပ်သောမိန်းမ....

ဝင်ငွေရရေးလက်မနှေး ဦးနှောက်မရှိတိုင်း ဗေဒင်မေး ချဲထိုးသောမိန်းမ....


လမ်းသွားလျင်မျက်စိရွှင် စမတ်ကျသောယောက်ျားတိုင်းကို ပြုံးပြသောမိန်းမ.....

အပြောပက်စက် လက်ကသွက် တို့  ဆိတ် လိမ်ဆွဲဤ ပြောတက်သောမိန်းမ...

အချစ်ကိုရောင်းပိုက်ဆံတောင်း လိုချင်တာကိုချူယူတက်သောမိန်းမ....

အိမ်မှာကြွက်သိုက် အပြင်မှာ ခက်မိုက်မိုက်ဝတ်တက်သောမိန်းမ....

အတုနဲ့ အစစ်ရောလို့ ဝတ် လူမြင်တိုင်းအမိအရကြွားတက်သောမိန်းမ...

ပြည်ပမှာစာသင် ငါသာသခင်ဟု ပညာဂုဏ်မောက်နေသောမိန်းမ....

နိုင်ငံခြားပြန် အခွံသာကျန် အပျိုရည်ပျက်နေသောမိန်းမ...

ရည်းစားရှိလည်း နံ့ ကြောဆွဲ သာတာမြင်ရင် မျက်စောင်းထိုးတက်သောမိန်းမ

ရင်ဖုံးအင်္ကျီချိတ်လုံချည်နဲ့ ဘုရားကအပြန် ကာအမှန်တွေနဲ့ ပါ ပါသွားတဲ့မိန်းမ...

အရှက်ကနဲ ရက်ကွက်ထဲ လူတကာအော့ကြောလန်အောင် နှုတ်ကြမ်းသောမိန်းမ...

ကိုယ့်ထက်သာလျင်အပြစ်မြင် မနာလိုစိတ်ထားရှိသောမိန်းမ....



Rapperဆိုရင်အသေကြိုက် အဖေရိုက်လည်းရိုက်ပစေဆိုတဲ့ ဆက်စလူးစိန်မိန်းမ....

အလုပ်ပြီးလျင် net ဆိုင်ဝင် လူတကာနဲ့ အရသာခံကြူတက်သောမိန်းမ....

အဖော်နောက်လိုက် အပျော်ကြိုက် လမ်းသလားသောမိန်းမ.....

ကိုးရီးယားဆိုအထင်ကြီး ငရုပ်သီးစက်တာကိုတောင် အူပါး လို့ အော်တက်တဲ့မိန်းမ....

ညအိပ်ရာဝင်ရေမချိုးချင် ညစ်ပတ်နံစော်နေသောမိန်းမ........

Myanmar Express

Posted by မျိုးချစ်သူရဲကောင်းများ On 6:24 PM 1 comments

အလှူငွေတွေကို အလွှဲသုံးစားလုပ်နေတဲ့ ၈၈ မျိုးဆက်သရဲခေါင်းကျောင်းသားများ

               ၈၈ မျိုးဆက်ကျောင်းသားဟောင်းများအဖွဲ့နဲ့ ပတ်သက်တဲ့ဝေဖန် အကြံပြု သတင်းတွေ ပြည်သူလူထုအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ (၈၈)မျိုးဆက်သစ်ကျောင်းသားဟောင်းအဖွဲ့တွေဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အကျိုးထက် သူတို့မိသားစုအကျိုးကို ပိုမိုလုပ်ဆောင်နေတဲ့အတွက် ပြည်သူအများစုရဲ့ထောက်ခံအားပေးမှုကျဆင်းလျက် ရှိနေပါတယ်။ အခုခါမှာတော့ တရားဝင်ပါတီတွေ အနေနဲ့ (၈၈) မျိုးဆက် ကျောင်းသားဟောင်းအဖွဲ့အပေါ် ထောက်ပြ ဝေဖန်မှုတွေရှိလာပါတယ်။


                  မင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ ကျောင်းသားအဖွဲ့အနေနဲ့ လူမှုရေးလုပ်ငန်းတွေမှာသုံးစွဲဖို့ဆိုပြီး ပြည်တွင်း ပြည်ပက လှူဒါန်းထားတဲ့ငွေကြေးတွေကို သူတို့အဖွဲ့ရဲ့ ရုံးခန်းဖွင့်လှစ်ဖို့ကိစ္စ၊ ရုံးသုံးတယ်လီဖုန်းတပ်ဆင်တဲ့ကိစ္စနဲ့ တစ်ဦးချင်း တယ်လီဖုန်းဝယ်ယူသုံးစွဲမှုတွေအပြင် အဖွဲ့ဝင်တွေထဲက မပြေလည်သူတွေရဲ့စားဝတ်နေရေးကို ထောက်ပံ့ပေးတာကိုလဲ သုံးစွဲခဲ့တယ်လို့ပြောပါတယ်။ ဒါ့အပြင် သူတို့အဖွဲ့တွေပြည်တွင်းနိုင်ငံရေးဟောပြောတဲ့ ခရီးစဉ်တွေမှာလဲ ငွေကြေးတွေ သုံးစွဲခဲ့ပါတယ်။ ပြည်ပခရီးစဉ်တွေမှာ သုံးစွဲဖို့ အတွက်လည်း ငွေကြေးအမြောက်အမြား ချန်ထားတဲ့အကြောင်းနဲ့ အမှန်တကယ် ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေ သုံးစွဲတဲ့ ငွေကြေးပမာဏဟာ ပြောပလောက်စရာမရှိဘူးလို့ မေလ (၁၆) ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဌာနချုပ်ရုံးမှာ ဦးခင်မောင်ဆွေ (စမ်းချောင်း)က ထောက်ပြပြောဆိုခဲ့ပါတယ်။


ဒီလိုမျိုး ထောက်ပြပြောဆိုရဲတဲ့သူတွေဟာ တကယ်တန်းပြောရရင် ပြည်သူလူထုအကျိုးကိုအမှန်သယ်ပိုးလိုစိတ် ရှိသူတွေဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ တကယ်တန်းကျတော့လဲ ဦးခင်မောင်ဆွေ ပြောပြတာတွေနည်းနေပါသေးတယ်။ အလုပ်သမားအခွင့်အရေး၊ တောင်သူလယ်သမားအခွင့်အရေး၊လယ်ယာမြေသိမ်းယူမှုပြဿနာစတဲ့အရေးအကြောင်းတွေ ကို အကြောင်းပြုပြီး ပြည်ပကနေထောက်ပံ့မှုအမျိုးမျိုးရယူနေတာကြာပါပြီ။ ဒါပေမဲ့ ပြည်သူတွေရဲ့ ဘ၀မြှင့်တင်ရေး လုပ်ငန်းတွေမှာ ထင်သလောက် ပြည့်ပြည့်၀၀သုံးစွဲတာမျိုး လက်ညှိုးထိုးပြစရာမရှိပါဘူး။ အဖွဲ့အစည်းအမျိုးမျိုးကနေ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ လှုပ်ရှားနေကြပေမဲ့ ပြည်သူတွေကတော့ ဒုံရင်းဒုံရင်းပါပဲ။ ဒါကြောင့်မို့ ၈၈မျိုးဆက်ကျောင်းသား ဟောင်းတွေအနေနဲ့ ပြည်ပအဖွဲ့အစည်းနဲ့အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေကို ကိုယ်ကျိုးအတွက်သုံးစွဲနေတာ ရပ်တန်းကရပ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ပြည်သူတစ်ဦးအနေနဲ့ပြောကြားလိုပါတယ်။

Posted by မျိုးချစ်သူရဲကောင်းများ On 3:35 PM 0 comments

KIA မိုင်းကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး မိုင်းထိ



၁၅ရက်နေ့ မနက် ၉နာရီလောက်တုန်းက မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု၊ နွယ်လန်ရွာက ၁၀တန်းကျောင်းသား မောင်လဆိုင်းသည်သူ့မိဘတွေပိုင်သော တောင်ယာတွင် စပါးလင်စိုက်ပျိုးရန် ရွာကနေထွက်လာတဲ့အချိန်မှာ ရွာနဲ့ ၃မိုင်လောက်အကွာမှာ KIA ထောင်ထား သော မိုင်း နင်းမိ ပြီး ပေါင်နဲ့လက်တို့မှာမိုင်းစထိမှန်ခဲ့တယ်လို့သိရပါတယ်။ မောင်လဆိုင်းကို ဗန်မော် ပြည်သူ့ဆေးရုံသို့ တင်ပြီးဆေးဝါးကုသမှုခံယူနေပါတယ်။

ဒီလိုဖြစ်ပွားမှုတွေကအများကြီးပါ။ KIA က အစိုးရတပ်ကို မိုင်းထောင်တယ်ဆိုပေမယ့် ရွာသားတွေသုံးနေတဲ့ လမ်းတွေမှာမိုင်းထောင်နေတာဆိုတော့ ရွာသားတွေပါထိကုန်တာဖြစ်တယ်။ သူတို့ထောင်ထားတဲ့မိုင်းကို နင်းမိရင်လဲ တာဝန်မယူဘူးလို့လဲပြောပါတယ်။
KIA ကထောင်ထားတဲ့ မိုင်းတွေကိုနင်းမိလို့ ရွာမှာ ခြေပျက်လက်ပျက်တွေကလည်း အများကြီး ပါဘဲ။သူတို့တောင်းတဲ့ ငွေ တွေလဲပေးရတယ်သူတို့ကရွာသားတွေကိုကာကွယ်မယ်ဆိုတာမရှိဘူး။ ဒုက္ခပေး ဖို့ ဘဲရှိနေတယ်။ အကြမ်းဖက်လုပ်ငန်းတွေသာလုပ်နေတဲ့ KIA အဖွဲ့ကတော့ ဘုရားသခင် ရဲ့ဒဏ်ခတ်ခြင်း ကို ခံရတော့မှာလို့ နွယ်လန်းရွာက ကချင်အဖွားအိုတစ်ဦးကပြောပါတယ်။

Posted by မျိုးချစ်သူရဲကောင်းများ On 3:33 PM 0 comments

မိုးညှင်းမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ရထားလမ်းနဲ့ တံတားများကို မိုင်းခွဲရန် KIA စီစဉ်


KIA က မိုးညှင်းမြို့ အရှေ့တောင်ဘက် ၇ မိုင်လောက်မှာရှိတဲ့ တောင်ကြောတွေပေါ်မှာ လူအင်အား ၅၀

 လောက်နေပြီး ရွာသားလိုညဘက်ဆိုရင် မြို့ထဲသို့လာပြီး အစိုးရ အဆောက်အဦး၊ ရထားလမ်းနဲ့

 တံတားတွေကိုဖောက်ခွဲဖို့ ကြံဆောင်နေပါတယ်။ ရွာကလူတွေ ၀ါးခုတ်၊ သစ်ခုတ်သွားနေတဲ့သူတွေကိုလဲ

 အခွန်ကောက် ဆန်၊ ဆီ၊ ဆားတွေ အတင်းအဓမ္မတောင်း နေတယ်။ သူတို့ကတောင်းနေတာနဲ့မတူဘဲ

 ဒမြတိုက်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့ မနေ့က တောထဲမှာ ၀ါးသွားခုတ်ခဲ့တဲ့ ရွာသားတွေကပြောပါတယ်။
  
KIA က အခုလို မိုးညှင်းမြို့နားမှာရောက်နေတဲ့အတွက် မိုးညှင်းမြို့ကလူတွေကစိုးရမ်နေ ကြပါတယ်။

 သူတို့ရောက်လာရင်တံတားတွေကိုမိုင်းထောင်ဖောက်ခွဲ၊ လူတွေကိုဒုက္ခပေးဖို့ဘဲ ကြံဆောင်လုပ်နေကြ

 တာဘဲ KIA အဖွဲ့က ကချင်ပြည်သူတွေကို ဒုက္ခသာပေးနေပြီး ကောင်းကျိုးမပေးသော အဖွဲ့ဖြစ်တယ်လို့

 မိုးညှင်မှကချင်တစ်ဦးက KDN သတင်းဌာနသို့ ပေးပို့လာ ပါတယ်။

Posted by မျိုးချစ်သူရဲကောင်းများ On 3:25 PM 0 comments

NDF ပါတီစည်းရုံးရေး နည်းဗျူဟာ ပြန်လည် ပြင်ဆင်တော့မည်

From : နေမျိုး

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဗဟိုဦးစီး အစည်းအဝေးကို လာမည့်ဇွန်လ (၁၆)၊ (၁၇)

 ရက်များတွင် ကျင်းပ၍ ပါတီ၏ စည်းရုံးရေး နည်းဗျူဟာများကို ပြန်လည် ပြင်ဆင်သွားမည်ဟု သိရသည်။

“ပါတီအင်အားတိုးချဲ့ပြီး တာဝန်တွေ အသီးသီး ပေးသွားဖို့ အကြောင်းရှိပါတယ်။ အဲဒီအခါကျတော့

 ခင်ဗျားတို့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို တွေ့ရမှာပါ။ ရွေးကောက်ပွဲတွေမှာလည်း

 စည်းကမ်းတကျနဲ့ ဖြစ်သွားနိုင်အောင် ပိုမိုကျစ်လစ်သိပ်သည်းပြီးတော့ လူထုကြားထဲ ထိုးဖောက်နိုင်တဲ့

 နည်းဗျူဟာ ကျင့်သုံးဖို့ ရှိပါတယ်။”ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။



အမျိုးသားဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင်ဦးခင်မောင်ဆွေ

ဇွန်လကျင်းပမည့် အစည်းအဝေးတွင် မဲဆွယ်စည်းရုံးမှု၊ သတင်းမီဒီယာ အသုံးပြုမှုများနှင့် ပါတ်သက်၍လည်း

ဆွေးနွေးသွားမည်ဟု ဦးခင်မောင်ဆွေမှ ယခုလိုဆက်ပြောသည်။

“ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ပြည်သူတွေဟာ မျှော်လင့်ချက် နိုင်ငံရေးပေါ့ဗျာ၊ အားကိုးရှာတဲ့

 ထွက်ပေါက် တခုတည်းကိုကြည့်ပြီး မဲပေးသွားတယ်။ နိုင်ငံရေးအရ ရွှေးချယ်မဲပေးမှုဆိုတာ သိပ်မတွေ့ရဘူး။

 မတွေ့ရတော့နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အခင်းအကျင်းက ကျနော်တို့ပြန်ပြီး တည့်မတ်ဖို့လို

 တယ်။”

“ပြည်တွင်း၊ပြည်ပ တချို့မီဒီယာတွေဟာ ရွေးကောက်ပွဲကာလမှာ မြင်ရတာက နိုင်ငံရေးပါတီတွေဘက်က

 ဝင်ပြီးတော့ စည်းရုံးလှုံဆော်ပေးသလို ဖြစ်နေတာတွေ တွေ့ရတယ်။ မီဒီယာတွေပိုင်းက သူတို့လူအများစု

 အာရုံကျမယ့် သတင်းတွေ၊ ပါတီတွေရဲ့ အကြောင်းတွေကိုပဲ ထပ်ကာထပ်ကာ လွှင့်ပြီးတော့

 ပါတီတွေဘက်က လိုက်ပြီး စည်းရုံးရေးလုပ်တဲ့ ဟာမျိုးတွေ ပါနေတဲ့အခါကြတော့ မီဒီယာအခန်းကဏ္ဍကို

 ဘယ်လို တည့်မတ်မလဲဆိုတဲ့ ဆွေးနွေးစဉ်းစားမှုတွေ ပါလာမယ်ဗျ။”

ဧပြီ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လစ်လပ်နေရာ (၄၄)

 နေရာအနက် (၄၃)နေရာ တခဲနက် အနိုင်ရရှိလိုက်ပြီးနောက် NDF ဗဟိုကော်မတီဝင်တချို့နှင့် ပါတီဝင်များ

 နှုတ်ထွက်သွားပြီး NLD သို့ ကူးပြောင်းမှုများ ရှိခဲ့သည်။

“ဟုတ်ကဲ့ အပြောင်းအရွှေ့ဆိုတဲ့ နေရာမှာတော့ NLD ရဲ့လှုပ်ရှားမှုဟာ ကြိမ်နှုန်းမြင့်တော့ ဒီလိုသိပ်ပြီး

 ကြီးထွားလာ တဲ့ နိုင်ငံရေး တုန်ခါမှုကြီးကို ရပ်ခံနိုင်စွမ်းမရှိတဲ့ လူဟောင်းတွေကတော့

 ပြောင်းကုန်ကြတာပေါ့ဗျာ။ ကျနော်တို့ ဗဟိုကော်မတီထဲက နှစ်ယောက်၊ သုံးယောက်ပေါ့၊

 အောက်ခြေပါတီဝင်ထဲက ဆိုရင်တော့ လေး၊ငါး၊ဆယ်ယောက်ပါပဲ။ တစ်ယောက်ချင်း၊

 နှစ်ယောက်ချင်းထွက်တာတွေလည်း ရှိပါတယ်။ ရာနဲ့ချီပြီး ထွက်တာမရှိပါဘူး ခင်ဗျ။” ဟု

ဦးခင်မောင်ဆွေမှ ပြောသည်။

NDF ပါတီအနေဖြင့် တဦးကောင်း တယောက်ကောင်း ဦးဆောင်မှုမျိုး မဟုတ်ဘဲ စုပေါင်းခေါင်းဆောင်မှု၊

 တဦးချင်း တာဝန်ယူသည့် ကျင့်စဉ်ကို တကယ်ထိထိရောက်ရောက် ကျင့်သုံးနိုင်ရေး

 မူအရဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


Myanmar Express

Posted by မျိုးချစ်သူရဲကောင်းများ On 3:22 PM 0 comments

ကေအိုင်အေလက်နက်ကိုင်အဖွဲ့က ဝိုင်းမော်မြို့နယ်ရှိ နမ္မလိတံတားကို မိုင်းနှစ်ကြိမ် ဖောက်ခွဲဖျက်ဆီး

From : မြန်မာ့အလင်း


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မံဝိန်း-ချီဖွေ-လောခေါင်-ထောဂေါ့-ဖီမော်လမ်း မိုင်တိုင်အမှတ် (၄၁/၄) ရှိ

 ၂၂၄ ပေအရှည် နမ္မလိတံတားကို ဧပြီ ၂၄ ရက် နံနက် ၁ နာရီခွဲတွင် ကေအိုင်အေလက်နက်ကိုင်အဖွဲ့က

 မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် တံတားအောက်ခံ သံပေါင်နှင့် ကြမ်းခင်းများ ပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါတံတားအား

 ဧပြီ ၂၇ ရက်တွင် ထပ်မံ၍ မိုင်းခွဲခဲ့သဖြင့် တံတားသံပေါင်များ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

Posted by မျိုးချစ်သူရဲကောင်းများ On 3:18 PM 0 comments

ရောင်စုံသတင်းစာများ

LIKE BOX