Wednesday, May 30, 2012

Posted by မျိုးချစ်သူရဲကောင်းများ On 5:11 PM 0 comments

မလေးရှားနိုင်ငံ ပီနန်းတွင် ဘတ်စ်ကားတိမ်းမှောက် မြန်မာ ၂ ဦးသေဆုံး

မလေးရှားနိုင်ငံ ပီနန်းမြို့တွင် မြန်မာအများစု စီးနင်းလာသော ခရီးသည်တင်ယာဉ်ဟာ အမြင့်ပေ ၁၀မီတာ (ပေ၃၀) ခန့်ရှိတဲ့ ချောက်ထဲကို ပြုတ်ကျသွားမှုကြောင့် မြန်မာလူမျိုး ၂ဦးသေဆုံးပြီး ၄၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ကွယ်လွန်သူဟာ ဦးအောင်ကျော်(ခ) အဗ္ဗဒွလ် ဂျတ်ဗါး (Abdul Jatba) ၄၇နှစ် ဖြစ်ပြီး ဘတ်စ်ကား ထဲကနေ အပြင်ကို လွင့်စင်ကျသွားခဲ့တာပါလို့ သိရပါတယ်။ တခြား ကွယ်လွန်သူကတော့ မည်သူဖြစ်မှန်းယခုထိ အမည်နှင့်တကွ မသိရသေးပါ၊ ထိုသူဟာ ယာဉ်အပျက်အစီးများ ထဲက ထုတ်ပြီးမှ ဒဏ်ရာများနဲ့ ဆုံးပါးသွားတာလို့သိရပါတယ်။ ဒီဖြစ်ရပ်မှာ ဘတ်စ်ကား ခေါင်းမိုးတစ်ခုလုံး ပြုတ်ထွက်သွားပါတယ်။


ပီနန်းမှ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ.မှ ချောက်ထဲပြုတ်ကျ ပျက်ဆီးနေတဲ့ ဘတ်စ်ကားအား စစ်ဆေးကြည့်ရှု.နေကြစဉ်။

ဘာလစ်ပူလော (Balik Pulau) ရဲဌာန မှ အကြီးအကဲ မိုဟမ္မဒ် ဟာတာ မိုဟမ္မဒ် ဇိန် (Mohd Hatta Mohd Zain) က ဘတ်စ်ကားထဲမှာ ကားမောင်းသမား ၂ဦးအပါအဝင် လူစုစုပေါင်း ၄၆ဦး စီးနင်းလိုက်ပါခဲ့ပြီး မြန်မာလူမျိုးများဟာ ဒီမှာ ကျင်းပတဲ့ ဘာသာရေးအစီအစဉ်တစ်ခုကို သွားနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ည ၈ နာရီက ဖြစ်ပွားခဲ့တဲ့ ဒီဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၁၃ဦးဟာ အရေးပေါ် အခြေအနေမှာရှိပြီး တခြားသူများက သာမန်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။

လေထန်ပြီး ရှုပ်ထွေးနေတဲ့ ထွန်းစာဒွန်းလမ်းမကြီး (Jalan Tun Sardon) မှာ မနေ့ည ၈ နာရီမှာ တောင်စောင်းကနေ ယာဉ်အဆင်းတွင် ကားမောင်းသမားက အရှိန်မထိန်းနိုင်ခဲ့ပါဘူး။ ရဲများ၊ မီးသတ်နှင့် ကယ်ဆယ်ရေးသမားများ၊ အရပ်ဘက်ကူညီကယ်ဆယ်ရေးသမားများက ကြိုးစားကယ်တင်ခဲ့ကြပေမဲ့ ဆိုးရွားတဲ့ ရာသီဥတုနဲ့ အလင်းရောင်နဲပါးမှုကြောင့် နှောင့်နှေးခဲ့ကြပါတယ်။

မီးသတ်သမားများဟာ ကျဉ်းမြောင်းလွန်းတဲ့ တောင်စောင်းမှာ ကြိုးတွေချပြီး ကယ်တင်ခဲ့ကြပြီး ဒဏ်ရာရသူတွေကို ဘာလစ်ပူလော ဆေးရုံကို ပို့ပေးကြပါတယ်။ အချို.ကို ပီနန်း ဆေးရုံကြီးကို လွဲပြောင်းပို့ပေးခဲ့ကြပါတယ်။

ဘတ်စ်ကားအနောက်ဘက်မှာ ထိုင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား ထိန်ဝင်း (၃၀နှစ်)က ဘတ်စ်ကားဟာ တိမ်းစောင်းသွားတာကို သိလိုက်ရပြီးတော့ အော်ကြ၊ ညည်းတွားကြတဲ့ အသံတွေပါ တဆက်ထဲ ကြားလိုက်ရတယ်

“နောက်သိလိုက်ရတာက ဘတ်စ်ကားက တိမ်းမှောက်သွားပြီး လူတိုင်းက ထွက်ပေါက်ကို ကြောက်လန့်တကြား ရှာနေကြတယ်” လို့ ဆိုပါတယ်။ သူက ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး အရေပြားမှာ အညိုအမည်းတွေစွဲသွားခဲ့ပါတယ်။

တခြားခရီးသည်တစ်ဦးဖြစ်တဲ့ မိုဟမ္မဒ် ရှုအိုက်ဘ် (Mohd Shuib) ကတော့ တစ်ခုခု မီးလောင်သလို အနံမျိုးကို အရင်ရလိုက်တယ်။ ”သိပ်မကြာခင်ပဲ ဘတ်စ်ကား ဓါတ်မီးတိုင်နဲ့ တိုက်ပြီး တိမ်းမှောက်သွားတော့တာပဲ” လို့ဆိုပါတယ်။

ပီနန်းမီးသတ်နဲ့ ကယ်ဆယ်ရေးဌာန ညွှန်မှူး အတ်ဇမီ တာနတ် (Azmi Tanat) က မနေ့က ည ဂ နာရီ ၅ မိနစ်လောက်မှာ သူတို့ အကူအညီတောင်းတဲ့ ဖုန်းဆက်သတင်း ရရှိခဲ့ပြီး ၁၀ မိနစ်အကြာမှာ ဖြစ်ပွားရာနေရာကို ပထမ မီးသတ်ကား ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

source: http://thestar.com.my/news

Posted by မျိုးချစ်သူရဲကောင်းများ On 4:21 PM 0 comments

ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်ခြင်းဖြင့် သာသနာတော်တည်တံ့နိုင်ပါစေ

မှော်ဘီမြို့နယ်၊ သင်တောရိုးကျေးရွာ၊ သီတင်းသုံးနေတဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟအနေနဲ့ နိုင်ငံရေး လူမှုကိစ္စတွေမှာပါဝင်ပတ်သက်နေလို့ တစ်နည်းပြောရယင်တော့ ဘုန်းကြီးအလုပ် မဟုတ်တာတွေလုပ်နေလို့ဆိုပြီး ကြည့်မြင်တိုင်ကျောင်းတိုက်မှာ နေထိုင်ခွင့်မပြုခဲ့ပါဘူး။ အခုမှော်ဘီကကျေးရွာတစ်ရွာမှာ သီတင်းသုံးနေထိုင်နေရပါတယ်။ မှော်ဘီမှာလဲ ဒီလိုမျိုးအလုပ်တွေ အဆက်မပြတ်လုပ်နေတာဖြစ်လို့ အခုဆိုရင် မြို့နယ်သံဃာ့နာယကဆရာတော် ဦးဇနိန္ဒက ရွှေည၀ါဆရာတော်အနေဖြင့် အလုပ်သမားတွေထံ ထမင်း၊ဟင်းများ လှူဒါန်းသည်ကို မိမိအနေဖြင့်လက်ခံပါ သော်လည်း ရေည၀ါဆရာတော်ကိုယ်တိုင် အလုပ်သမားထု ရှေ့မှာထွက်မရပ်ဖို့နဲ့ ၀ိနည်းတော်နဲ့အညီနေထိုင်ဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။


ရွှေည၀ါဆရာတော်နဲ့ ပတ်သက်လို့ အင်တာနက်သတင်းတွေအရ လျှောက်ထားလွှာတွေအများကြီးဖတ်ရပါတယ်။ လျှောက်ထားလွှာ တော်တော်များများမှာတော့ ဆရာတော်ကို ၀ိနည်းတော်နဲ့အညီ ကျင့်ကြံနေထိုင်ဖို့ တိုက်တွန်းလျှောက် ထားတွေများပါတယ်။ အရင်တုန်းကတော့ စစ်အစိုးရမို့ ဆန့်ကျင်တရားတွေဟောပြောနေတာ မှန်သလိုလိုရှိပေမဲ့ အခု အစိုးရသစ်လက်ထက်မှာ အစိုရဆန့်ကျင်ရေးဟောပြောတာမျိုးတွေမလုပ်သင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာသိ ဒီမိုကရေစီအစိုးရဖြစ်နေလို့ပါပဲ။ ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစိုးရဖြစ်နေတာမို့လို့ ဆန့်ကျင်ဘက်ဟော ပြောမှုတွေ ပိုပြီးမလုပ်သင့်တော့ဘူးလို့ ထင်ပါတယ်။
ဒါပေမယ့် ခက်နေတာက… ပြည်ပကနေ ပေးပို့ထားတဲ့သတင်းတွေအရ ရွှေည၀ါဆရာတော်ဥိးပညာသီဟကို ပြည်ပ အခြေစိုက် မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် (ပြည်သစ်ညွန့်ဝေအဖွဲ့)က ငွေကျပ်သိန်းတစ်ရာ ပေးပို့လှူဒါန်းပြီး အခုလိုမျိုး လူမှုရေးတွေလုပ်ခိုင်းတာလို့ သိရပါတယ်။ ပြည်သစ်ညွန့်ဝေဆိုတာဟိုးအစိုးရအဆက်ဆက်ကထဲက ပြည်ပမှာ နေပြီးဆန့်ကျင်ရေးတွေလုပ်နေတာပါ။ နိုင်ငံခြားမှာ အဆက်အသွယ်ကောင်းတွေရပြီး ကြီးပွား ချမ်းသာနေတဲ့သူ တစ်ယောက်ပါ။ ဒီမိုကရေစီအရေးအကြောင်းပြပြီး ကမ္ဘာအရပ်ရပ်ကလှူဒါန်းငွေတွေထဲကမှ ဗမာပြည်ကဒီလိုမျိုး ဦးဆောင်နိုင်သူတွေကိုဆယ်ပုံပုံ၊ တစ်ပုံလောက်ပေးတဲ့ငွေကြေးဖြစ်ပါတယ်။ သိန်းပေါင်းသောင်းနဲ့ချီ ယူထားပြီးမှ သိန်းတစ်ရာလောက်ပေးခဲ့တာပါ။
ဒါကိုရွှေည၀ါဆရာတော်အနေနဲ့ အဟုတ်ကြီးထင်ပြီး ဗုဒ္ဓရဲ့သာသနာသုံးရပ်ပြန့်ပွားအောင်မလုပ်ဘဲ လူမှုရေးတွေလျှောက်လုပ်နေတာမျိုးကတော့ ဘုန်းကြီးနဲ့ဘီးလိုပါပဲ။တစ်ခြားစီမှ တကယ့်ကို တစ်ခြားစီပါပဲ။ ထင်ပေါ်ကျော် ကြားလိုမှုတစ်ခုထဲနဲ့တော့ သာသနာကို မထိခိုက်စေချင်ပါဘူး။ ထင်ပေါ်ကျော်ဇောလိုမှုကိုမျှော်မှန်းပြီး ဆန္ဒပြအလုပ်သမား တွေ ရှိတဲ့ နေရာ သွားလိုက်၊ လာဘ်လာဘ ရလိုမှုကို မျှော်ကိုးပြီး ၈၈ ကျောင်းသားတွေနဲ့ တွေ့လိုက်ဆိုတာမျိုး ကတော့ ဘုန်းကြီး အချင်းချင်း အားမနားတမ်း ပြောရယင် ဒါတွေကို လူတွေလုပ်ပါလိမ့်မယ်။
အပွင့်လင်းဆုံးပြောရယင်တော့ ရွှေည၀ါဆရာတော်ကို ပြည်သစ် ညွန့်ဝေက ခိုင်းစားနေတယ်လို့ပြောချင်တယ်။ ဆရာတော်ရဲ့ ဥပဓိရုပ်၊ အဟောအပြောကောင်းတာကိုကြည့်ပြီး တကယ့်ကို နှမျောလွန်းလို့ပြောတာပါ။ ရွှေည၀ါဆရာတော်ကို အစိုးရဆန့်ကျင်ရေး၊ ထိပ်တိုက်ရင်ဆိုင်ရေး၊ ရှင်းရှင်းပြောရယင်တော့ အစိုးရမကောင်းကြောင်းတွေ မဟောစေချင်ပါဘူး။ ခေတ်ကုန်သွားပြီ မို့လို့ပါ။ မကောင်းတဲ့သူ မကောင်းသလို ပြည်သူတွေရဲ့ဒဏ်ခတ်မှုခံရမှာပါ။ လောကမှာလူကောင်းချည်းပဲမရှိနိုင်သလို လူဆိုးချည်းပဲလဲ မရှိပါဘူး။ ဗုဒ္ဓဘာသာနည်းကျကျပြောရယင် ကိုယ်လုပ်တာ ကိုယ်ခံကြရမှာပါ။ ကောင်းတာလုပ်ရင်ကောင်းကျိုးဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမှာပါ။ဒါကြောင့်မို့ ဘုန်းကြီးအချင်းချင်းအကြံပြု လျှောက်ထားချင်တာကတော့ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်တာအကောင်း ပဲဖြစ်ပါတယ်။ဒါမှမဟုတ်ရင် ရွှေည၀ါဆရာတော်အနေနဲ့ လူထွက်ပြီး နိုင်ငံရေးလုပ်တာဟာ အပြစ်လည်းကင်း၊ သူတကာ ကဲ့ရဲ့ပြောဆိုမှုလည်းကင်းမှာပါ။
ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်မယ်ဆိုရင်တော့ “လူနတ်ဗြဟ္မာ၊ သတ္တ၀ါတို့၊ များစွာကျိုးရ၊ ချမ်းသာလှသည့်၊ ဗုဒ္ဓ မြတ်စွာ၊ သာသနာသည်၊ ရှည်ကြာတည်တံ့၊ ရှည်ခိုင်ခံ့၍၊ ပျံ့နှံ့တိုးပွား၊ ကျင့်သူများလျက်၊ ရငြားချမ်းသာ၊ ချမ်းမြေ့ သာအောင်၊ ညီညာတို့များ၊ တာဝန်ထား၊ ကြိုးစားကြပါစို့“ လို့တိုက်တွန်းချင်ပါတယ်။ လူသာဓုခေါ်၊ သံဃာထုသာဓုခေါ်မို့ ရွှေည၀ါဆရာတော်အတွက် ကောင်းတဲ့လမ်းကို ညွှန်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ရွှေည၀ါဆရာတော်အနေနဲ့ ဘာသာ၊ သာသနာအကျိုး ကျင့်ကြံအားထုတ်မှုမရှိဘဲ နိုင်ငံရေးပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ အပါယ်(၄)ဘုံကိုရောက်ပြီး ငရဲအိုးထဲ စောက်ထိုးကျနေမှာကို မြင်ယောင်မိပါသေးတယ်။

Posted by မျိုးချစ်သူရဲကောင်းများ On 4:18 PM 0 comments

မြစ်ကြီးနားမှ ပူတာအိုသို့လာတဲ့ကားကိုရပ်ခိုင်းပြီး ဆရာမနှင့်ကျောင်းသူများအား KIA မှခေါ်ဆောင်သွား

Posted by မျိုးချစ်သူရဲကောင်းများ On 4:13 PM 1 comments

ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော

မေ ၂၉၊ ၂၀၁၂ - သူရမျိုး (YPI)

ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။

“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။


ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ(တိုက်ပုံနှင့် မေးထောက်ထားသူ) ကိုရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်

ရိုဟင်ဂျာဆိုသည်မှာ အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။

ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး William Hague မြန်မာပြည်လာရောက်စဉ်အတွင်း ဗြိတိန်သံရုံးတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။

Posted by မျိုးချစ်သူရဲကောင်းများ On 4:09 PM 0 comments

စိတ်ကြွဆေးပြားများဖြင့် မိန်းကလေးများအားလိုက်လံဖျက်ဆီးနေသူ (ပေးစာ)

From : စိုးဝင်းမောင်


မိန်းကလေးများအား စိတ်ကြွဆေးပြားများဖြင့် လိုက်လံဖျက်ဆီးနေသူ မုံရွာမြို့နယ်မှ ကိုစိုးမိုး

ညီမငယ်လေးများ မစားမိရန် အထူးသတိထား ရှောင်ရှားရမည့် စိတ်ကြဆေးလေးပါ၊
ကျွန်နော်ကစာကိုလဲဖွဲ့နွဲ့ပြီးမပြောတော့ပါဘူး၊ သေချာရှင်းပြပြောပြနေရရင်လဲမလိုအပ်တဲ့စကားလုံးတွေလဲပါလာမယ်ဒါကြောင့်လိုတိုရှင်းဘဲရေးပေးလိုက်ပါတယ်၊ဘာကိုဆိုလိုတယ်ဆိုတာညီမငယ်များသဘောပေါက်ကြပါလိုက်မယ်၊ညီမငယ်များရဲ့ဘဝကိုပျက်စီးစေမဲ့စိတ်ကြွဆေးတစ်မျိုးပါ၊ ဆေးဆိုပေမယ့် စားရင်ပီကေနဲ့အရသာတူတူဘဲလို့ ပြောကြရေးကြတာ ကြားဘူးဖတ်ပါတယ်၊ ညီမငယ်များအထူးသတိထားရမဲ့အရာလေးပါ၊ဘယ်သူကဘဲကျွေးကျွေးမစားမိပါစေနဲ့၊အထူးသဖြင့်ညီမငယ်များယုံကြည်အားကိုးတဲ့ချစ်သူရည်းစား ကိုကို မောင်မောင်များ က ကျွေးလာလျှင်

ပိုပြီး သတိထား ရှောင်ရှားနိုင်ရန် တင်ပြပေးလိုက်တာပါ၊ စားမိလျှင်တော့ ကာမကိုခိုးယူလို့ မိမိဘဝပျက်ပြီလို့ဘဲ သတ်မှတ်လိုက်ပါ။

Posted by မျိုးချစ်သူရဲကောင်းများ On 4:06 PM 0 comments

ပန်ဝါမြို့နားတွင် KIA နှင့် အစိုးရတပ် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ ပြင်းထန်စွာတိုက်ပွဲဖြစ်


KIA

Posted by မျိုးချစ်သူရဲကောင်းများ On 4:01 PM 0 comments

ရောင်စုံသတင်းစာများ

LIKE BOX