Monday, February 13, 2012

ဗုဒ္ဓဘာသာ သာသနာတော်ကို ညှိုးနွမ်းစေတဲ့ ဦးဂမ္ဘီရအတွက် စကားလက်ဆောင်

Posted by မျိုးချစ်သူရဲကောင်းများ On 11:04 PM 1 comments

ဗုဒ္ဓဘာသာ သာသနာတော်ကို ညှိုးနွမ်းစေတဲ့ ဦးဂမ္ဘီရအတွက် စကားလက်ဆောင်

ရန်ကုန် ဖေဖော်ဝါရီ ၁၂ ရက်

ဖေဖော်ဝါရီလ ၁၂ရက်နေ့က အင်တာနက်သတင်းတစ်ပုဒ်မှာ ဦးဂမ္ဘီရကနေပြီး ဆရာတော်ဘုရားကြီးတွေထံ

လျောက်ထားတဲ့ စာတစ်ဆောင်ကိုဖတ်လိုက်ရတယ်။ အသိခေါက်ခက် အ၀င်နက်တဲ့ ဂမ္ဘီရတစ်ယောက်

ဒီဘုရားသာသနာတော်မှာဖြင့် အကျွတ်တရားမရနိုင်ပြန်တာကိုလည်း တွေးမိပြီး ရင်လေးမိပါတယ်။

မြန်မာပြည်ဟာဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်တာနဲ့အညီ သာသနာတော်ကို ကာကွယ်စောင့် ရှောက်မယ့်

သာသနာ့အာဇာနည်သံဃာတော်တွေလည်း အမြောက်အမြားပေါ်ထွက်ခဲ့ပါတယ်။ တချို့ သာသနာတော်

ထွန်းကားပြန့်ပွားဖို့အတွက်နယ်စပ်ဒေသတောင်တန်းပါမကျန် စွမ်းစွမ်းတမံ ဆောင်ရွက် နေချိန်မှာ

သာသနာတော်အတွက် အကျိုးမပြု၊ ၀ိနည်း၊သိက္ခာပုဒ်တွေကိုအလေးမထားဘဲ ပြုမူဆောင်ရွက် နေတဲ့

ဂမ္ဘီရတို့လို လူတွေကြောင့် သာသနာတော်ညှိုးနွမ်းစေပါတယ်။ ဘာသာရေး အသုံးချပြီး နိုင်ငံရေးကို

လူအထင်ကြီးခံရအောင် လုပ်ဆောင်တဲ့ ဂမ္ဘီရလို ဘုန်းကြီးတွေကိုသာသနာတော်က

လက်မခံသင့်တော့ပါဘူး။





                                                                            ဦးဂမ္ဘီရ

ဂမ္ဘီရဆိုတာ ပခုက္ကူမြို့နယ်၊ ပေါက်မြို့မှာ မွေးဖွားခဲ့ပြီး အတန်းပညာ ၄ တန်းလောက်ပဲ သင်ခဲ့ရ တယ်။

ငယ်ငယ်တုန်းက အတန်းပညာ သင်ယူမတတ်မြောက်ခဲ့လို့ ၁၀ နှစ်သားအရွယ်မှာ ကိုရင်ဝတ်ခိုင်း

တော့လည်း၁၅နှစ်သားလောက်ကျတော့ ပြန်ထွက်တယ်။ ဒုတိယအကြိမ် ကိုရင်ဝတ် ပြန်တော့လည်း

သာသနာတော်ထွန်းကားပြန့်ပွားရေး စိတ်မ၀င်စားပဲ လောကီအာရုံ ကာမဂုဏ်တွေနဲ့ ဆက်သွယ်မိ ပြန်တော့

အမိုက်အမှောင်ဖုံးပြီးဝိနည်းသိက္ခာနဲ့မညီတဲ့ အလုပ်တွေလုပ်ခဲ့ပြန်ပါတယ်။ ဘုန်းကြီးအမည်ခံပြီး

သာသနာတော်အကျိုးအတွက်ဘာတစ်ခုမှ လုပ်ခဲ့တာမရှိသလို၊ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက်လည်း

ကောင်းကျိုးမပေးခဲ့ပါဘူး။သာသနာတော်ရဲ့ အရောင်အသွေး သင်္ကန်းခြုံထားပါရက်နဲ့

သာသနာပိုင်ဆရာတော်ကြီးတွေရဲ့ စကားကိုနားမထောင်ဘဲ ထင်ပေါ်ကြော်ကြားလိုမှုအတွက်

သင်္ကန်းဝတ်လျက်နဲ့ဘဲ သာသနာနဲ့ ဘယ်လိုမှ မပက်သတ်တဲ့နိုင်ငံရေးလုပ်ခဲ့တယ်။ သာသနာတော်ကို

ခုတုံးလုပ်ပြီး ပြည်သူလူထုအထင်အမြင် လွဲမှားအောင်၊ ကိုးကွယ်ယုံကြည်မှု နည်းလာအောင်လုပ်ရင်း

တစ်ဖက်နိုင်ငံတွေရဲ့ အထောကအပံ့တွေပေါ်မှာ သာယာခဲ့တယ်။ ထောက်ပံ့တဲ့ငွေကြေးတွေနဲ့

သာသနာအရောင်မှေးမှိန်အောင်လုပ်ခဲ့ သူလည်းဖြစ်တယ်။ ပညာမတတ် စာမတတ်နဲ့ တစ်ထွာ

တစ်မိုက် လောက်ပဲမြင်တဲ့ အသိဥာဏ်လေးနဲ့ မိုက်တွင်းနက်သထက် နက်ခဲ့လာခဲ့တာ ဂမ္ဘီရ

သတိမထားမိခဲ့ပါဘူး။

အခုလည်း သာသနာပိုင်ဆရာတော်ကြီးတွေက ဆုံးဖြတ်ထားတဲ့ ရွှေည၀ါဆရာတော်နဲ့ ဒယ်အိုး ဆရာတော်

ရဲ့ တရားဟောပြောခွင့်ပိတ်ပင်တာကို ဓမ္မ၀ိနယနဲ့ မညီညွတ်ဘူးလို့

အလေးအနက်ကန့်ကွက်ပြောဆိုတာတွေက

နိုင်ငံတော် သံဃာ့မဟာနာယက အဆင့်ရှိတဲ့ ဆရာတော်ကြီးများရဲ့ဆုံးဖြတ်ချက်ကို အလေးမထားဘဲ

ပြောဆိုခဲ့တာတွေဟာ အသိဥာဏ်မရှိတဲ့သူတစ်ယောက်ဆိုတာ ပိုပြီးထင်ပေါ်လာခဲ့ပါတယ်။ နာမည်ကြီးတဲ့

ဆရာတော်တွေကို ခုတုံးလုပ် အသုံးချပြီး ၊တရားဟောခွင့်ပြန်ပေးရင်ပဲ ငါတောင်းဆိုလို့ လုပ်ပေးတာလို့
 
လအထင်ကြီးအောင်ပြောမယ်။ မပေးပြန်တော့လည်း လူအခွင့်အရေးနဲ့ မညီညွတ်ဘူး လို့စွပ်စွဲ

ထားပြန်ပါတယ်။လူAခွင့်Aရေးရချင်ရင် လူဝတ်ကြောင်နဲ့ပဲနေပါ။ သံဃာအဖြစ်နဲ့သင်္ကန်းခြုံပြီး လူတွေရဲ့

အခွင့်အရေးမရချင်ပါနဲ့ ။လူတွေကန်တော့ခံချင်ရင် ကန်တော့ခံထိုက်သူဖြစ်အောင်နေပါ။ အကြည်အညို

မပျက်ချင်ရင် လူတကာကဲ့ရဲ့အောင် မလုပ်ပါနဲ့။ သူရဲကောင်းဖြစ်ချင်ရင်တော့ လူထွက်ပြီး

စွမ်းစွမ်းတမံဆောင်ရွက်လိုက်ပါ။မြန်မာနိုင်ငံမှာ ဘုန်းကြီးကျောင်းတွေ အများကြီးသတင်းသုံးနိုင်ပါရဲ့နဲ့

ရွှေပြည်သာမှာ အိမ်ငှားပြီးတရားအားထုတ်တဲ့အလုပ်မလုပ်ဘဲ အမျိုးသမီးတွေနဲ့ပက်သက်ဆက်နွယ်ခဲ့တယ်။

ဂမ္ဘီရဟာ သူနဲ့ပတ်သက်တဲ့အမျိုးသမီးကို အ၀တ်အစားဝယ်ပေးရုံမကပဲ တဖက်ကလည်း

ထောက်ပံ့တဲ့ငွေကြေးတွေနဲ့ အဲ့ဒီ အမျိုးသမီး ကိုထောက်ပံ့ခဲ့တယ်။

မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာ ရောက်နေတဲ့ သံဃာတော်တွေကိုလည်း ၀ဋ်ကြွေးကျေလို့

အပြစ်တွေပြီးဆုံးရင် လွှတ်ပေးမှာပါ။ ဘယ်သူမပြု မိမိမှုပါပဲ ။ငြိမ်းချမ်းစွာ တရားရိပ်မှာ

ဗုဒ္ဓအဆုံးအမနဲ့နေသူတွေဘယ်မှာ အကျဉ်းထောင်စံရလို့လဲ။ ဗုဒ္ဓဆုံးအမနဲ့ မနေသူတွေ ၊

ဘုရားသာသနာကိုစော်ကားတဲ့သူတွေသာနောင်ဘ၀မကူးဘဲ လက်ရှိဘ၀မှာပဲ

ဝဋ်ကြွေးတွေကျေအောင်ဆပ်ရပါတယ်။ သိကြားမင်းစောင့်ရှောက်တဲ့ သာသနာ

ဖြစ်လို့ လက်ငင်းအကျိုးပေးပါတယ်။ အကျဉ်းထောင်အသီးသီးက ရဟန်းတော်(၄၃)ပါးကလည်း ၀ဋ်ကြွေးတွေ

ဆပ်ပြီးရင် ဦးဂမ္ဘီရပြန်တွေ့ရမှာပါ။ ၀ဋ်ကြွေးပါရင် ရှင်မဟာ မောဂ္ဂလန်တောင် ကျေအောင်

ဆပ်ရပါတယ်ဆိုတာဘာသာရေးလိုက်စားသူတွေတောင်သိနိုင်ပါတယ်။ ဂမ္ဘီရက သင်္ကန်းခြုံထားပါလျက်

သံဃာလို့မခေါ်ထိုက်တဲ့အတွက်မေ့နေတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့ စစ်အာဏာရှင်ကျဆုံးဖို့အတွက် အစာ

အငတ်ခံဆန္ဒပြခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့် တရက်တောင်အငတ်မခံဘဲ အစာပြန်စားခဲ့တယ်။ သာသနာ

တော်အတွက် ဘာမှလုပ်မပေးနိုင်တဲ့ အယောင်ဆောင် သံဃာတစ်ယောက်အနေနဲ့ နိုင်ငံရေး

အကျဉ်းသမားတွေလွတ်မြောက်ဖို့ စစ်အာဏာရှင်ကျဆုံးဖို့ အစာအငတ်ခံ ဆန္ဒပြမယ်ဆိုပြီး သန္ဓိဌာန်ချထား

ပေမယ့် တရက်တောင်မနေနိုင်ဘဲ အစာအငတ်ခံဆန္ဒပြမှုဟာ ပြည်သူအတွက်လား ကိုယ်ကျိုးအတွက်

အထင်ကြီးခံချင်မှု၊ ထင်ပေါ်ကျော်ကြားလိုမှုလားဆိုတာ သက်သေပြနေပါတယ်။

ဂမ္ဘီရစိတ်ထဲမှာ နိုင်ငံရေးလုပ်မယ်၊ ထောင်ထဲဝင်မယ်၊ အဲ့ဒီအခါ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ရင် ဘုန်းကြီး

ကို ထောင်ထဲထည့်ရဲတဲ့ကောင်တွေဆိုပြီး စွပ်စွဲမယ်။ နိုင်ငံအတွက် ရဲရဲတောက် ဘုန်းကြီးဆိုပြီး ပြည်သူလူထု

အထင်ကြီးခြင်းခံရမယ်ဆိုတဲ့ အသိဥာဏ်တစ်ထွာတစ်မိုက်နဲ့ မိုက်ခဲ့တဲ့သတ္တ၀ါလေးပါပဲ။

ဒေါ်အောင်ဆန်းစုကြညအပါအ၀င် အခြားအဖွဲ့အစည်းတွေအနေနဲ့လည်း ဂမ္ဘီရကို လိုလားမှုမရှိတဲ့ အတွက်
 
သူ့ရဲ့လုပ်ရပ်တွေကို စောင့်ကြည့်နေတယ်ဆိုတာ ၈၈ ကျောင်းသားလူငယ်တစ်ချို့ရဲ့ ပြောဆိုချက် တွေအရ

ကြားသိနေရပါတယ်။ ငွေကြေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဂမ္ဘီရအပေါ်မှာ မျက်စိဒေါက်ထောက်

ကြည့်နေတယ်ဆိုတာကိုဂမ္ဘီရကတော့ မသိရှာပဲ မိုက်ပြီးရင်းသာ မိုက်နေပါတော့တယ်။

နိုင်ငံတော် သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြန်တော့လည်း သာသနာတော်ကို ထပ်မံခုတုံး လုပ်ခဲ့
 
ပြန်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်က ချိတ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်းမှာလည်း သက်ဆိုင်ရာ

အုပ်ချုပ်ရေးဌာနတွေနဲ့သာသနာပိုင်ဆရာတော်ကြီးတွေရဲ့ ခွင့်ပြချက်မယူဘဲ သော့တွေရိုက်ချိုးပြီး

အတင်းဝင်ရောက်နေထိုင်ခဲ့ပါတယ်။ ဒါကိုအပြစ်လွတ်ချင်တော့ တခြားသံဃာတွေ

ဒုက္ခရောက်နေတာမကြည့်ရက်လို့ ဖွင့်ပေးလိုက်ပါတယ်လို့

ဆိုထားပြန်ပါတယ်။သံဃာတော်တွေ လိုက်နာရမယ့် ၀ိနည်းတော်တွေကို မလိုက်နာ တဲ့အပြင် တရားဥပဒေ

ကိုမလိုက်နာတာလည်း တွေ့ရတယ်။သံဃာတွေနေထိုင်ဖို့အခက်အခဲရှိရင်

သာသနာတော်ပိုင်ဆရာတော်ကြီးကို လျောက်ထားပြီး တရားဝင်

လမ်းကြောင်း အရဆောင်ရွက်သင့်ပါတယ်။ အခုလို ဖြစ်တဲ့အခါမှ တစ်ထွာတမိုက်လောက် အသိဥာဏ်လေး

ကိုထုတ်သုံးပြီး သာသနာပိုင် ဆရာတော်ကြီးတေထွံမှာ လိမ်လည် လှည့်ဖျားလျောက်ထားနေတာဟာ

သီလအားဖြင့်ကျိုးပေါက်ပြီးဖြစ်တယ်ဆိုတာကို ဂမ္ဘီရမြင်နိုင်ပါစေ။

နောက်ပြီး ပြောဆိုဆုံးမဖို့ သာသနာပိုင်ဆရာတော်ကြီးတွေကနေ ဆင့်ခေါ်တဲ့အခါမှာလည်း တခြား

ကိုယ်တော်တွေက လာရောက်ပြီး ဂမီရ္ဘ ပျက်ကွက်နေတာကိုတွေ့တယ်။ (မဟန)ရုံးအစည်းအဝေး ခန်းမမှာ
 
နိုင်ငံတော်သံဃာ့နာယကAဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးအပါအ၀င် ဆရာတော်(၁၅)ပါးက

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာတဲ့ ဦးဂမ္ဘီရ၊ ဦးဝိမလ၊ ဦးပညိန္ဒ၊ ဦးရေ၀တ၊ဦးသုမန၊

ဦးတေသနိယျ၊ ဦးဇာနေယျ၊ဦးဥကံ္ကသမာလာ၊ ဦးနရပတိ စတဲ့ သံဃာတော်(၉)ပါးကို

ဆင့်ခေါ်တဲ့အခါမှာကျန်တဲ့(၈)ပါးက ဆုံးမသြ၀ါဒစကားတွေကို နာကြားဖို့ ရောက်ရှိလာခဲ့ပေမယ့်

ဂမ္ဘီရတစ်ယောက်ကတော့

သာသနာတော်ကို မထီမဲ့မြင်ပြုဆရာတော်တွေကို မလေးမစားနဲ့ လာရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဆရာတော်ကြီးများအနေနဲ့ဝိနည်းတော်နဲ့အညီဓမ္မလမ်းကြောင်းပေါ်ကနေ ဇန်န၀ါရီလ (၂၇)ရက်နေ့မှာ

တစ်ကြိမ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့မှာတစ်ကြိမ်၊ဖေဖော်ဝါရီလ(၉)ရက်နေ့တို့မှာ(၃)ကြိမ်တိုင်တိုင်

သာသနာအကျိုးမျှော်ပြီး ဆင့်ခေါ်ခဲ့ပါတယ်။သာသနာပိုင် ဆရာတော်ကြီးများတွေကိုလည်း

အရပ်ဘက်အုပ်ချုပ်ရေးလွှမ်းမိုးခြင်းမခံဘဲ အဂတိလေးပါးမလိုက်စား ဘဲ တိကျပြတ်သားစွာ ဆုံးဖြတ်ပေးဖို့

တောင်းဆိုတာတွေ့ရတော့ ဂမ္ဘီရဟာ “ မိကျောင်းမင်း ရေခင်းပြ”ဆိုသလို သာသနာပိုင်

ဆရာတော်ကြီးများကို ဆရာလုပ်ပြီး လျောက်ထားနေပြန်တော့ စိတ်ကျန်းမာရေး စစ်ဆေးရ

တော့မယ် လို့ပြောလိုက်ချင်ပါတယ်။

ဦးဂမ္ဘီရဟာ သာသနာ့ဝန်ထမ်းဖြစ်ပြီး ၀ိနည်းတရားတော်နှင့်အညီ နေထိုင်မှုမရတာတွေ၊ သံဃာ့ကိစ္စ
 
မဟုတ်တဲ့ လူမှုရေးအရှုပ်အရှင်းတွေ၊ ငွေကြေးရယူလိုမှုတွေ၊ လောကီကိစ္စတွေမှာ

ပါဝင်ပတ်သက်နေတာကြောင့်အနာဂတ်သာသနာတော်အတွက် အရောင်မှေးမှိန်အောင် ပြုလုပ်နေတဲ့

ပုထုဇဉ်လူသား တစ်ဦးသာဖြစ်ပါတယ်။သံဃာလို့ခေါ်ထိုက်တဲ့ ပုဂ္ဂိုလ်များစာရင်းမှာ ဂမ္ဘီရ မပါပါဘူး။

ဒေ၀ဒတ်ထက်မိုက်တဲ့ သာသနာအမှိုက်တစ်ခု ဖြစ်ပါတယ်။ သာသနာတော်ဟာ ၀င်ချင်တိုင်းဝင်၊

ထွက်ချင်တိုင်းထွက် လို့ရတဲ့ နေရာမဟုတ်ဘူးဆိုတာ ၀ိနည်းနဲ့အညီကျင့်ကြံနေထိုင် အားထုတ် နေတဲ့

သံဃာတွေသိကြပါတယ်။ နောင်တမရသေးသ၍ စိုးရိမ်ကြောင့်ကြမှုတွေနဲ့

ဖြတ်သန်းနေရမယ့် ဂမ္ဘီရရဲ့ အပါယ်လေးဘုံသံသရာခရီးအတွက် အမြင်မှန်အသိတရားရစေဖို့

စကားလက်ဆောင်ပါးလိုက်ပါတယ်။

အညတရ အရှင်ဝိမလ

1 comments:

ဟားဟားဟာ.............မျိုးချစ်သူရဲကောင်းများ တော်တော်အမျိုးချစ်တာပဲနော် ဘယ်လို အမျိုးကိုခြစ်နေတာလဲ သိချင်လိုက်တာ မင်းလိုးနေတဲ့စောက်ဖုတ်တွေကိုခေါ်လာပြီး ငါးလည်း အမျိုးကို ပြန်ချင်ခိုင်းမင်းကို
သူများအကြောင်းကို မသိဘဲနဲလိုက်ရေးနေတာ မျိုးချစ်တို့ရဲ ထုံးစမ်းပဲထင်တယ်
ဟားဟား ဟား

Post a Comment

LIKE BOX