-
ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက်မကြိုက်ကြိုက်ဟုတ်တာ မှန်တာဆိုရင် ပြောရဲရမယ်။ ညွှန်ပြရဲရမယ်။ ခေါင်းဆောင်ဟာခေါင်းရှောင်မဖြစ်စေရဘူး။ကျနော်ကတော့ လူတိုင်းကြိုက်ကိုလိုက်ပြောမှာမဟုတ်ဘူး။တိုင်းပြည်နှင့်လူထုအကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ လုပ်မှာပဲ။
-
လမ်းဘေး အကြော်တဲလေးထဲမှာ လူတစ်ယောက်ချမ်းနေရှာတာကို သူမြင်တော့ သူဝတ်ထားတဲ့ ကုတ်အကျီကို ချွတ်ပေးတယ်။ နိုင်ငံတော်ရဲ့ အကြီး အကဲ ဆီက မယူရဲတော့ ဗိုလ်ချုပ်က ဘာပြောတယ်ထင်လည်း ။ မင်းချမ်းနေတာ ငါနဲ့ ဆိုင်တယ်ကွ….. ပြည်သူလူထု ဆင်းရဲနေတာ ငါနဲ့ဆိုင်တယ်.။ ဘာကြောင့်လည်း ဆိုတော့ ငါက တိုင်းပြည်ရဲ့ အကြီးအကဲဖြစ်လို့ဘဲ ဆိုပြီး သူဝတ်ထားတဲ့ ကုတ်အကျီကို ချွတ်ပေးကာ သူရဲ့ နှလုံးသားကို လှပမှုကို ဖွင့်ပြသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း။
-
”ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကို ပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အမှန်သာလိုက်နာရင် တကယ့်ယောကျာင်္းမြတ်ဖြစ်နိုင်တဲ့ တရားတွေကိုသင်ကြားပေးတဲ့ကျောင်းကြီးပေါ့”
-
ပါးစပ်ပေါက်များစွာကို ဟာကနဲ ဟင်ကနဲ ဖြစ်စေခဲ့သော လူတိုင်းပါးစပ်ဖျားမှာ စံ တင်ထားနိုင်ခဲ့သော လူပေါင်းများစွာကို ပျော်ရွှင်စေခဲ့သော မြန်မာပြည်အား ထိမ်းသိန်းစောင့်ရှောက်ပေးသော ငြိမ်းချမ်းရေးအပြုံးတွေနဲ့ ဝေဆာနေသော စမတ်ကျကျ နေထိုင်ပြောဆို တတ်သော မနာလိုသူအတင်းအဖျင်းတွေကို မေတ္တာထား၍ သည်းခံတတ်သော ခေါင်းဆောင်ကောင်းပီသမူ့ဖြင့် ရှေ့ဆောင်လမ်းပြနိုင်သော ယုံကြည်မူ့အပြည့်ဖြင့် တာဝန်ထမ်းဆောင်နိုင်သော ကျွန်ုပ်တို့၏ ရင်ထဲမှ ကျွန်ုပ်တို့၏ သမ္မကြီး သက်တော်ရာကျော်ရှည်ပါစေ ကျန်းမာပါစေ ချမ်းသာပါစေ ပြည်သူအတွက် ခေါင်းဆောင်ပီသမူ့အား လေးစားဂုဏ်ပြုလိုက်ပါသည်...။ ချမ်းသာပါစေ ပြည်သူအတွက် ခေါင်းဆောင်ပီသမူ့အား လေးစားဂုဏ်ပြုလိုက်ပါသည်...။
Saturday, April 21, 2012
Online banking စတင်တော့မည့် ရတနာပုံ တယ်လီပို့
From : ဥမ္မာ
ရန်ကုန်မြို့ ဆာကူရာ တာဝါမှ စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့သော ရတနာပုံ တယ်လီပို့၏
ပုံနှိပ်မီဒီယာများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သတင်း နှင့် နည်းပညာ
ဌါနမှ အင်ဂျင်နီယာချူပ် ဦးဇော်မင်းဦးက "ကျွန်တော်တို့ Portal တွေကနေ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး
Online Payment တွေ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်။ ၀န်ဆောင်မှု ပေးမယ့် ဘဏ်တွေအဖြစ်
လောလောဆယ် Asia green development ဘဏ် နဲ့ ယူနိုက်တက် အမရာ ဘဏ်တို့နဲ့ ချိတ်ဆက်
ဆောင်ရွက်ဖို့ ညှိနှိုင်း ထားပါတယ်။ ရည်ရွယ်ချက်ကတော့ အွန်လိုင်းမှာဘဲ ဈေးဝယ်၊ ငွေချေလို့
ရသည်အထိ စီစဉ်ထားပါတယ်။ Ecommerce အောင်မြင်အောင် အကောင်အထည် ဖေါ်နိုင်ဖို့ Online
banking စနစ်ကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်မှ ရမှာပါ။ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းတွေ Transaction
တွေကို Online ကနေဆောင်ရွက် နိုင်ဖို့ အချိန်ယူ ညှိနှိုင်းရပါအုံးမယ်။ ဥပမာ ဘဏ်တွေက ညနေ ၃
နာရီဆိုပိတ်ပြီး User က ည ၈ နာရီလောက်မှာ ငွေသွင်းချင်တယ်။ ဒီလိုမျိုးတွေ အဆင်ပြေဖို့အတွက်
ဘယ်လို ညှိနှိုင်းဆောင်ရွက်ရမလဲ စသဖြင့် အများကြီးပါဘဲ။" ဟုပြောကြားခဲ့သည်။
"Online banking တွေရဲ့ အားသားချက်က ငွေစက္ကူအတိုင်း ကိုင်တွယ် သုံးစွဲရတာတွေ လျော့ချပြီး
ငွေစက္ကူတွေ နာလို့ Print လုပ်ရတဲ့ ကုန်ကျစရိတ်တွေ မလိုလားအပ်တဲ့ ကုန်ကျစ၇ိတ်တွေကို
အများကြီးလျော့ချနိုင်ပါတယ်။ ခေတ်တစ်ခုကနေ တစ်ခုပြောင်းတာဟာ မကြာတော့ပါဘူး။ သူများတွေ
ရှေ့က လုပ်ပြီးသား ရှိနေပြီ ဆိုတော့ စမ်းတစ်ဝါးဝါး မဟုတ်ဘဲ အမြန်သွားလို့ မှီပါတယ်။" ဟု
ငွေကြေးဆိုင်ရာ စီးပွါးရေး ပညာရှင် ဒေါက်တာ သောင်းဟန်ကလည်း ထောက်ပြ ခဲ့သည်။
လတ်တလော ၀န်ဆောင်မှုများအနေဖြင့် City Mark, Ocean, Blazon, Capital, Orange စသည့်
နာမည်ကြီး စူပါ မားကတ် ငါးခုအပြင် အခြားသော စတိုးဆိုင်များမှ ကုန်စည်များကိုလည်း Online ဈေးဝယ်
ဝန်ဆောင်မှုအဖြစ် စက်တင်ဘာလ ကုန်တွင် စတင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Myanmar Express
ဒေါ် အောင် ဆန်း စု ကြည် ဆို တာ ဘာ မှ မ ဟုတ် ပါ ဘူး..
(၂၀) ရက်နေ့ နေ့လည် ၁၁ နာရီက City Star ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ဗမာ့နိုင်ငံရေးမိတ်ဆွေပါတီများရဲ့
ရွေးကောက်ပွဲအတွေ့အကြုံရှင်းလင်းပွဲမှာ မြန်မာအမျိုးသားကွန်ဂရက်ပါတီက ဦးကောင်းမင်းထွဋ်က
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူမရဲ့ ဖခင်လို အမျိုးသားခေါင်းဆောင်ကြီး
မဟုတ်ကြောင်းအောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ် -
“ဒေါ်စုကို နိုင်ငံရေးမှာပြန်ပါဖို့၊ ၉၀ ရလဒ်ကိုစွန့်လွှတ်ဖို့ ပါတီမှတ်ပုံတင်ဖို့ တိုက်တွန်းခဲ့တာ ကျနော်
ပထမဆုံးဖြစ်နိုင်ပါတယ်”
““၈၈မှာ ကျောင်းသူတွေ သွေးထွက်သံယိုဖြစ်နေတဲ့အချိန် ဒေါ်စုကို လမ်းပေါ်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး””
““ဒေါ်စုဟာ အမျိုးသားခေါင်းဆောင်မဟုတ်ပါဘူး။ ဒီမိုကရေစီခေါင်းဆောင်တွေအများကြီးထဲက
တစ်ဦးသာဖြစ်ပါတယ်။ ဒေါ်စုဟာ ၈၈ ကျောင်းသားတွေကို မွေးဖွားပေးခဲ့တာမဟုတ်ပါဘူး။
ဒေါ်စုဟာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာမှ လမ်းပေါ်ထွက်လာတာဖြစ်ပါတယ်””
““အန်အယ်လ်ဒီဟာ ၉၀ မှာ အင်အားကြီးကြီးနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ
အဖျားရှုးသွားပါတယ်””
““အန်အယ်လ်ဒီက ဘာလို့ ကျနော့်ကိုအနိုင်ယူတာလဲ။ ကျနော့်ကိုအနိုင်ယူရင်ကော အရသာရှိသွားသလား။
အန်အယ်လ်ဒီအတွက် ငါးသိန်းကလွယ်ချင်လွယ်မယ်။ ကျနော်တို့အတွက် ငါးသိန်းက
ရှိတာရောင်းပြီးလုပ်ရတာ။ ကျနော်လေယာဉ်ပျံနဲ့ စည်းရုံးရေးမဆင်းနိုင်ပါဘူး””
““နိုင်ငံရေးအရ မှားယွင်းတဲ့အပြတွေ ပြတယ်။ ရှုပ်ထွေးအောင်လုပ်ပစ်တယ်။ ဂျာနယ်တွေက ၀ိုင်းပြီး Lobby
လုပ်ပေးတယ်။ အဲဒါနဲ့ နိုင်သွားတော့ ပျော်ကြပြန်ရော”” ဟုပြောကြားသွားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်
အနေဖြင့် လွတ်လပ်ရေးဖခင်ကြီးရဲ့ သမီးဆိုသော အရှိန်ဖြင့် ဈေးရောင်းပွဲတော်တွေလုပ်၊ရရှိလာသော
ပိုက်ဆံများဖြင့် ရွေးကောက်ပွဲမတိုင်ခင် စည်းရုံးရေးဆင်းတဲ့နေရာ အရပ်ဒေသတွေမှာ ပေါပေါသီသီ
သုံးနိုင်ပေမယ့်လည်း အခုလိုဖွဲ့စည်း ပါတီသစ် တွေမှာ အခက်အခဲ တော်တော်များများ
ရှိနေကြောင်းတွေ့ရှိရသည်။မီဒီယာတွေဘက်မှ ပြန်လည်ကြည့်ရူလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်
သွားရောက်သည့် ခရီးစဉ်တိုင်း ဒေါ်စု အိမ်ကနေထွက်တာ၊လမ်းမှာထမင်းစားတာ၊
အိမ်သာတက်တာ၊သးပေါက်တာက အစ သတင်းအနေနဲ့ထုတ်ပြနေကြောင်းလည်း တွေ့ရှိရပါသည်။
ကျန်ပါတီများစည်းရုံးရေးဆင်းတာ၊ပြည်သူ့အတွက်လုပ်ဆောင်ပေးတဲ့
အရာမျိုးတွေကို တော့ ချန်လှပ်ထားကြောင်းကိုတော့ အများပြည်သူများ တွေ့ရှိကြမှာဖြစ်ပါသည်။
Myanmar Express
ကြိုက် လွန်း လို. ပါ ဗျာ...ဗိုလ် ချုပ် ပြော သွား တာ တွေ ကို...
ဗိုလ်ချုပ်အကြောင်း တွေဖတ်ရင်း.. ဒီအပိုဒ် ကိုဖတ်မိတိုင်း.. ဟိတ်မရှိ..ဟန်မရှိ..ပွင့်လင်း
ရိုးသားစွာ ပြောဆိုနေမယ့် ဗိုလ်ချုပ် ရဲ့အမူအရာကို စိတ်ကူးထဲ ပုံဖော်မိတိုင်း.. ကျွန်တော်.. အကြိမ်ကြိမ်..
ဖတ်မိတိုင်း.. ပြုံးနေမိတယ်လေ..။
"" တပည့်တော်က တော့.. မကပ်ဘူး ၊ ရှင်းရှင်းပဲ...""
(၁၉၄၇ ခုနှစ်- ဖေဖော်ဝါရီလ(၂၃)ရက် ၊ ရန်ကုန်မြို.တော်ခန်းမ တွင်ကျင်းပသော
ပထမပြန်စာမေးပွဲ အောင်ပုဂွိုလ်များအား ဆက်ကပ်လှူဒါန်းသော ဘွဲ.နှင်းသဘင် အခမ်းအနားတွင်
ဗိုလ်ချုပ်က ဆရာတော် သံယာတော်များအား.. ရှင်းရှင်းကြီးလျှောက်ထားခဲ့လေသည်..)။
(သတင်းစာ ဆရာ ဦးပုကလေး ရေးသော.. "ငါတို.ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ"..စာအုပ်မှ....)
အ ဖေ နဲ. သ မီး နဲ. တိုင်း ပြည် ချစ် ပုံ ချင်း က တော... ဆီ နဲ. ရေ ပဲ....
မြန်မာ့ လွပ်လပ်ရေးသမိုင်းကို မှတ်တန်းတင်ရေးသားသည်ရှိသော် ၁၉၄၇-ခုနှစ်ဆန်းက
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့
တစ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေးကိစ္စအရေးဆိုရန် ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့
သွားရောက်ခဲ့သည်ကိုလည်းကောင်း၊ ဗိုလ်ချုပ်တို့ အဖွဲ့နှင့် ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်)
မစ္စတာအက်တလီဦးဆောင်သည့် ဗြိတိသျှကိုယ်စာလှယ်အဖွဲ့တို့ ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍
လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်း (No. 10, Downing Street)တွင်
စတင်ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။
ထိုနှစ်ဆန်းက သမိုင်းတွင်ကျန်ရစ်မည့် ရက်စွဲတစ်ခုကား ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ရက်နေ့ပင် ဖြစ်သည်။
အကြောင်းမူကား ထိုနေ့တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား တစ်နှစ်အတွင်း
လုံးဝလွပ်လပ်ရေး ပေးပါတော့မည်ဟု အာမခံချက်ပေးသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’
ကိုအောင်မြင်ချောမောစွာ လက်မှတ်ရေးထိုး လိုက်ကြသောကြောင့်ပင်တည်း။
‘လုံးဝလွတ်လပ်ရေး’ ဆိုသည်မှာလည်း မြန်မာပြည်မနှင့်တကွ တောင်တန်းဒေသရှိ
လူမျိုးစုများနေထိုင်ရာဒေသ (ပြည်နယ်) များ အပါအ၀င် UNION ‘ယူနီယံ’ ခေါ် ‘ပြည်ထောင်စု’ ပုံစံအဖြစ်
လွတ်လပ်ရေးပေးခြင်းကို ဆိုလိုပေသည်။
(မှတ်ချက်။ ။ ၂၇-၁-၄၇ နေ့တွင် ‘အောင်ဆန်း-အက်တလီစာချုပ်’ လက်မှတ်ရေးထိုးပြီးနောက်
၁၉-၇-၄၇ နေ့တွင် ဗိုလ်ချုပ်နှင့် တကွ အပေါင်းအပါ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍
ကျဆုံးသွားလင့်ကစား ဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် ဆွေးနွေးတောင်းဆိုရာမှ ရရှိခဲ့သော ‘အောင်ဆန်း-
အက်တလီစာချုပ်’သည် ပျက်ပြယ်မသွားခဲ့ပါချေ။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှာပင်
ဗိုလ်ချုပ်အောင်ဆန်းနေရာ ဆက်ခံရန်၊ တာဝန်ဆက်လက်ယူရန် ဗြိတိသျှဘုရင်ခံက ဖဆပလအဖွဲ့ချုပ်
ဒုတိယဥက္ကဋ္ဌ သခင်နု (ဦးနု)ကို ဖိတ်ခေါ်ခန့်ထားပြီးနောက် မကြာမီ ဦးနု ကိုယ်တိုင် ဗြိတိသျှအစိုးရ၏
ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့သို့ သွားရောက်၍ လွတ်လပ်ရေးအပြီးသတ် အစီအစဉ်အဖြစ်
‘နု-အက်တလီစာချုပ်’ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။)
မည်သို့ပင်ဖြစ်စေ ‘တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးပေးပါမည်’ ဟု ဗြိတိသျှ အစိုးရက
အာမခံချက်ပေးခဲ့သည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ အရ မြန်မာနိုင်ငံသည် ၁၉၄၈-ခု၊ ဇန်န၀ါရီ ၎
ရက်နေ့၊ နံနက် ၄နာရီ မိနစ်၂၀ မှစ၍ ‘ပြည်ထောင်စုသမ္မတနိုင်ငံ’ အဖြစ် လွတ်လပ်သော
အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သောကြောင့် ယင်းသို့ တကယ်လွတ်လပ်ရေးရချိန်၌ သူ
အသက်ထင်ရှား မရှိတော့လင့်ကစား သူ၏ဦးဆောင်ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်လေရာ
ဗိုလ်ချုပ်အောင်ဆန်းအား ‘လွတ်လပ်ရေးဗိသုကာ’ ဟု ဂုဏ်ပြုတင်စား ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။
ယနေ့လူငယ်များ အထူး သိရှိမှတ်သားကြစေချင်သည်ကား လွတ်လပ်ရေး အတွက် ၂၇-၁-၄၇ နေ့က
လန်ဒန်မြို့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’ကို
ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အခက်အခဲမရှိ လွယ်ကူချောမောစွာ ချုပ်ဆိုနိုင်ခဲ့ခြင်း မဟုတ်ဟူသော
အချက်ပင်တည်း။
* * *
ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မြို့သို့ရောက်ပြီး ၀န်ကြီးချုပ် မစ္စတာအက်တလီ ခေါင်းဆောင်သော
ဗြိတိသျှအစိုးရအဖွဲ့နှင့် စတင်ဆွေးနွေးကြသည့် ၁၉၄၇-ခု၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ကပင် သူ၏လိုလားချက်ကို
ဘွင်းဘွင်းနှင့် ပြတ်သားစွာပင် တောင်းဆိုခဲ့သည်။
သူ့အနေဖြင့် မြန်မာနိုင်ငံ ပြည်မအတွက်သာမက တောင်တန်ဒေသရှိ တိုင်းရင်းသားလူမျိုးစုအတွက်ပါ
ကိုယ်စားပြု၍ လာရောက်ခြင်းဖြစ်ကြောင်း၊ လိုချင်သည့်
လွတ်လပ်ရေးပုံစံကလည်း ပြည်မနှင့် တောင်တန်းဒေသနေ လူမျိုးစုများ၏ ဒေသနယ်ပယ် (ပြည်နယ်) များ
စုပေါင်းဖွဲ့စည်းအပ်သည့် UNION ‘ပြည်ထောင်စု’ အသွင်မျိုးဖြစ်ကြောင်းကို
ရဲဝံ့ပြတ်သားစွာ ပြောခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဆွေးနွေးပွဲတွင် စတင်အရေးဆိုနေဆဲမှာပင် အနှောက်အယှက်၊
အထစ်အငေါ့တစ်ခု ပေါ်လာပါတော့သည်။
ယင်းကား ဗြိတိသျှ
အစိုးရထံသို့ မြန်မာနိုင်ငံမှ ကြေးနန်းတစ်စောင် ရောက်လာခြင်းဖြစ်သည်။ ကြေးနန်းစာတွင် ယခု
လန်ဒန်ရောက်နေသူ အောင်ဆန်းသည် တောင်တန်ဒေသ တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြု၊
အထူးသဖြင့် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသူမဟုတ်၊ မြန်မာပြည်မ၏ ကိုယ်စားလှယ်သာဖြစ်ကြောင်း
ပါရှိလာပြီး ကြေးနန်းစာ၏ အောက်တွင် ရှမ်းစော်ဘွားနှစ်ဦး၏ အမည် ပါလာသည်။
ဤတွင် ဗြိတိသျှ အစိုးရက အဆိုပါ ကြေနန်းစာကိုပြပြီး ဗိုလ်ချုပ်အောင်ဆန်းအား ‘မင်းပြောသလို
တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြု အရေးဆိုပိုင်ခွင့်မရှိ’ဟု ပြောပါသည်။
ကြေးနန်းစာကြောင့် သခင်မြစသော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် အထူးစိုးရိမ်
တုန်လှုပ်သွားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကမှု ယခုကြေနန်းရိုက်သူ စော်ဘွားနှစ်ဦးသည်
လူနည်းစုသာဖြစ်ကြောင်းသိသဖြင့် ဣနြေ္ဒမပျက်ချေ။
ရှမ်းစော်ဘွားနှစ်ဦးက ဗြိတိသျှအစိုရထံ ကြေးနန်းရိုက်လိုက်ကြောင်းကို ရန်ကုန်မြို့ရှိ ဖဆပလဋ္ဌာနချုပ်မှ
တာဝန်ရှိလူကြီးများက ကြားသိရလေရာ ချက်ချင်းပင် တန်ပြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကြပါသည်။
ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး (နောက်ပိုင်း နိုင်ငံတော် ကောင်စီဝင်)၊ ဦးထွန်းမြင့်
(တောင်ကြီး) တို့နှင့်တိုင်ပင်၍ ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် ထောက်ခံသည့်
လူထုစည်းဝေးပွဲတစ်ရပ် ပြုလုပ်ရန် ဗိုလ်မှုးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) နှင့်
ဦးဖေခင် (နောက်ပိုင်းသံအမတ်ကြီး၊ အငြိမ်းစား) တို့အား တောင်ကြီးမြို့သို့ စေလွှတ်လိုက်ပါသည်။
ဦးတင်အေးနှင့် ဦးထွန်းမြင့် (တောင်ကြီး) တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွှင်းမဲ့
လက်ခံ ယုံကြည်သူများဖြစ်သည့်ပြင် အလွန်တက်ကြွသော လူငယ်များဖြစ်သည့်အလျောက်
သူတို့ခေါင်းဆောင်သည့် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ် သည် ရှမ်းပြည်နယ်တွင်
အထူးသြဇာညောင်းပြီး လူငယ်ထုအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါသည်။ ထို့ကြောင့်
ဦးတင်အေးအမှုးပြုသော အဖွဲ့ချုပ်ခေါင်းဆောင်များက ပြည်နယ်အတွင်းရှိ
မြို့နယ်အဖွဲ့ခွဲများအား စော်ဘွားနှစ်ဦး ဘိလပ်သို့ ကြေးနန်းရိုက်ခြင်းကို ကန့်ကွက်ရှုတ်ချသည့်
အစည်းအဝေးများ ပြုလုပ်၍ ဆန္ဒ ပြကြရန် ညွှန်ကြားလိုက်သည်။ ထို့ပြင် တောင်ကြီးမြို့နယ်တွင်
လူတန်းစား အလွှာအသီးသီးပါဝင် သည့် လူထုစည်းဝေးပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်လိုက်သည်။
ယင်းလူထုစည်းဝေးပွဲသို့ တက်ရောက်သူလူဦးရေမှာ နှစ်ထောင်ကျော်ရှိရာ မြန်မာပြည်မတွင်ဆိုလျှင်
ပရိတ်သတ် မများလှဟုဆိုနိုင်သော်လည်း ရှမ်းပြည်နယ်အဖို့မှာမူ မကြုံစဖူး ထူးကဲစွာ အင်အားပြလိုက်သော
ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ခဲ့သည်။ ယင်းအစည်းအဝေးကြီးက
ရှမ်းပြည်နယ်အနေဖြင့် မြန်မာပြည်မနှင့်အတူ တစ်ပြိုင်တည်း
လုံးဝလွတ်လပ်ရေး တောင်းဆိုကြောင်းနှင့် ပြည်မနှင့်အတူ တောင်တန်းဒေသ ပြည်နယ်များ
စုပေါင်းဖွဲ့စည်းအပ်သော ‘ပြည်ထောင်စု’ အသွင်ဖြင့် လုံးဝလွတ်လပ်ရေးရလိုကြောင်း
ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက်ကို အကြွင်းမဲ့ထောင်ခံပါကြောင်း တခဲနက်
ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အစည်းအဝေးကို ကြွေးကြော်သံများဖြင့် ရုတ်သိမ်း၍ စနစ်တကျ
တန်းစီလှည့်လည်ကာ ဗြိတိသျှအစိုရ တောင်တန်ဒေသ အုပ်ချုပ်ရေးရုံးရှေ့သို့သွားပြီး
ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ကြွေးကြော် ဆန္ဒပြခဲ့ကြသေးသည်။ ဤကား
ရှမ်းပြည်နယ် သမိုင်းတွင် ပထမဆုံးအကြိမ် ပြည်သူလူထု၏ နိုင်ငံရေး ဆန္ဒပြမှုကြီးပင် ဖြစ်တော့သည်။
ထိုနေ့မှာပင် ဦးတင်အေး၊ ဦးဖေခင်တို့ အဖွဲ့က ရန်ကုန် ဖဆပလ ဋ္ဌာနချုပ်နှင့် လန်ဒန်မြို့ရောက်
ဗိုလ်ချုပ်အောင်ဆန်းတို့ထံသို့ လူထုစည်းဝေးပွဲကြီး၏ ဆုံးဖြတ်ချက်ကို အမြန်ကြေးနန်းရိုက်
အကြောင်းကြားလိုက်ကြသည်။
ဗိုလ်ချုပ်ကလည်း ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီအား တောင်ကြီးမြို့ လူထုအစည်းအဝေးကြီးမှ
ဆုံးဖြတ်ချက်ကို ထုတ်ပြလိုက်သောအခါ ‘အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု’
ဟူသော စော်ဘွားနှစ်ဦး၏ ကြေးနန်းသည် အလိုအလျောက် ပျက်ပြယ်သွားလေတော့သည်။
သို့နှင့်ပင် ဗိုလ်ချုပ်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှ အစိုရတို့ ညှိနှိုင်း ဆွေးနွေးပွဲ
ဆက်လက်ကျင်းပနိုင်ခဲ့ရာ နောက်ဆုံး၌ ဗြိတိသျှတို့သည် မတတ်သာတော့ဘဲ မြန်မာနိုင်ငံအား
‘ပြည်ထောင်စု’ ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-
အက်တလီစာချုပ်’ ကို ၂၇-၁-၄၇ နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။
သို့ရာတွင် မစ္စတာ အက်တလီဦးဆောင်သော ဗြိတိသျှအစိုးရသည် ၀န်ကြီးချုပ်ဟောင်း ‘ချာချီ’
ဦးဆောင်သည့် ‘ကွန်ဆာဗေးတစ်’ ပါတီ၏ ဖိအားပေးမှုကြောင့် ‘အောင်ဆန်း-အက်တလီစာချုပ်’ တွင်
မသိမသာ လှည့်ကွက်သဖွယ် ‘၀ှက်ဖဲ’ တစ်ခု ထည့်သွင်းရေးသားထားလေသည်။ ယင်း ‘၀ှက်ဖဲ’ ကတော့
ဤသို့ဖြစ်သည်။
‘အောင်ဆန်း-အက်တလီစာချုပ်’ ၏ အပိုဒ် ၃(ဂ) တွင် –
‘တောင်တန်းဒေသ ပြည်နယ်များအတွက်မူ သက်ဆိုင်ရာ
လူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ
‘ယူနီယံ’ ခေါ် ပြည်ထောင်စုပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုးပေးကြရမည်’
ဟု ထည့်သွင်းထားခြင်းပင်ဖြစ်သည်။
ဤကား တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ပြည်နယ်များနှင့် ပတ်သက်၍
ဗိုလ်ချုပ်အောင်ဆန်းအား ‘စိန်ခေါ်’ လိုက်ခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ယင်းစိန်ခေါ်ချက်ကို
ရဲဝံစွာပင် လက်ခံကာ ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ အရောက် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။
* * *
ထိုအချိန်၌ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များ၏ စုံညီအစည်းအဝေးကို ရှမ်းပြည်နယ်
ပင်လုံမြို့၌ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ ဗြိတိသျှတို့က
ဗိုလ်ချုပ်အောင်ဆန်းအား အဆိုပါ ‘ပင်လုံအစည်းအဝေး၌ လူမျိုးစု ခေါင်းဆောင်များ၏ သဘောတူ
လက်ခံကြောင်းစာချုပ် လက်မှတ်ရေးထိုးအောင် တတ်နိုင်လျှင် လုပ်ပြပါလော့’
ဟုစိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။
ဗိုလ်ချုပ်တို့ ဗြိတိန်နိုင်ငံရောက်နေချိန်တွင် မြန်မာပြည်ရှိ ဗြိတိသျှအစိုရ တောင်တန်းဒေသ
အုပ်ချုပ်ရေးဋ္ဌာနမှ ‘စတီဗင်ဆင်’ဆိုသူ ဦးဆောင်သော နယ်ချဲ့လက်ပါးစေများသည် တိုင်းရင်းသား
လူမျိုးစုခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် သွေးခွဲနေခဲ့ကြသည်။
‘အောင်ဆန်းတို့ မယုံကြနဲ့၊ သူနဲ့ပေါင်းရင် ခင်ဗျားတို့ ဒုက္ခရောက်မှာပဲ၊ ဗြိတိသျှအုပ်စိုးမှု အောက်မှာပဲနေမှ
ခင်ဗျားတို့သက်သာမယ်’ စသည်ဖြင့် ခြေထိုးသွေးခွဲသလို တစ်ဖက်ကလည်း နိုင်ငံခြားမှ အကောင်းဆုံး
အရက်ယမကာများ၊ စားကောင်းသောက်ဖွယ်များဖြင့် ဖြားယောင်းစည်းရုံးမှုကြောင့်
လူမျိုးစုခေါင်းဆောင်အချို့သည် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် လက်မှတ်ထိုးသင့်၊ မထိုးသင့်
စဉ်းစားရာ၌ တွေဝေလျက် ရှိကြသည်။
ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် လန်ဒန်မြို့၌ တစ်လလုံးလုံး အလွန်ပင်ပန်းစွာ အလုပ် လုပ်ခဲ့ရပြီးနောက်
ရန်ကုန်ပြန်ရောက်သောအခါ အနားယူ အပန်းဖြေရန်ပင် စိတ်မကူးတော့ဘဲ ပင်လုံသို့ ဖေဖေါ်ဝါရီလ ၈
ရက်နေ့အရောက် ခရီးထွက်ခဲ့ပါသည်။
ဗိုလ်ချုပ် ပင်လုံသို့ရောက်သွားချိန်၌ အခြေအနေမှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကျင်းပမည့်
ပင်လုံညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာဖြင့်
လက်မှတ်ရေးထိုးကြပါ့မလား ဟုစိုးရိမ်ဖွယ် ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။
ယင်းအခြေအနေကို ကောင်းစွာသိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို
အကြွင်းမဲ့ယုံကြည်ထောက်ခံသူ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီး
(အာဇာနည်ခေါင်းဆောင်) နှင့်တကွ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)၊
အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စာလှယ်များအား
အလျင်အမြန် စည်းရုံးလှုပ်ရှားမှုဖြင့် နှစ်နာရီ အတွင်း ကိုယ်စားလှယ်ပေါင်းစုံပါဝင်သော
အစည်းအဝေးတစ်ခု ဖြစ်မြောက်သွားပါတော့သည်။
ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကိုယ်တိုင်တက်ရောက်ပြီး ‘ယူနီယံ’ ခေါ် ပြည်ထောင်စု
အသွင်ဖြင့် ပြည်နယ်များနှင့် ပြည်မတို့ ပူးပေါင်းဖွဲ့လျက် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင်
အကောင်းဆုံးဖြစ်ကြောင်း အချက်အလက် စုံလင်စွာဖြင့် ရှင်းလင်းပြောပြရာ အားလုံးက
နားလည်သဘောပေါက်သွားပြီး လက်ခံသဘောတူညီသွားကြလေသည်။
ထိုနေ့ကား ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ပင်ဖြစ်သည်။
တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ (ဖေဖေါ်ဝါရီလ ၁၂) ဖြစ်ပေါ်လာစေသည့် ပင်လုံညီညွတ်ရေး
စာချုပ်ကြီး ဖြစ်မြောက်အောင်မြင်ရန် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေကျမှပင် သေချာသွားခဲ့ပါသည်။
ထိုအချိန်၌ ‘စတီဗင်ဆင်’ ဦးဆောင်သော
ဗြိတိသျှနယ်ချဲ့လက်ပါးစေအုပ်စုကတော့ နောက်ဆုံးအခြေအနေကို မသိကြသေး။
သူတို့သွေးခွဲ ခြေထိုးထားသည့်အတိုင်း ပင်လုံစာချုပ် မည်သို့မှ ဖြစ်မြောက်နိုင်မည် မဟုတ်ဟု တထစ်ချ
ထင်နေကြဆဲပင် ဖြစ်သည်။
တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့်တကွ ကချင်ဒူဝါများ၊ ရှမ်ပြည်နယ်မှ နယ်ရှင်စော်ဘွားများသည်
ဗိုလ်ချုပ်၏ နှလုံးသားအတွင်း အခိုင်အမာ ကိန်းအောင်းနေသည့် ‘ပြည်ထောင်စုစိတ်ဓါတ်’
အကြောင်း ကောင်းစွာသိမြင် သဘောပေါက်သွားကြပြီ ဖြစ်လေသည်။
ထို့ကြောင်ပင် နောက်တစ်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း
အမှုးပြုသော ကိုယ်စာလှယ် ၂၂ဦး တို့သည် သမိုင်းဝင် ‘ပင်လုံညီညွတ်ရေး စာချုပ်ကြီး’ ကို
တစ်ယောက်ပြီးတယောက် ဆက်တိုက် လက်မှတ်ရေးထိုးလိုက်ကြသည်။
ဤကား ၁၉၄၂-ခုနှစ် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ခေတ်မှစ၍ ဗိုလ်ချုပ်အနေဖြင့်
အထူးကြိုးစာ တည်ဆောက်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ်
သို့မဟုတ် အမျိုးသားတပ်ဦးကြီး၏ ဥက္ကဋ္ဌအဖြစ် တိုင်းရင်းသားလူမျိုးစု များအား တရင်းတနှီး စည်းရုံးခဲ့ခြင်း၊
(၂၆-၉-၄၆) နေ့တွင် အစိုးရ အာဏာရရှိပြီး နောက်တွင်လည်း တောင်တန်းဒေသများသို့
ကိုယ်တိုင်သွားရောက်လျက် သွေးချင်းလူမျိုးစုများအား အပင်ပန်းခံ စည်းရုံးခဲ့ခြင်းတို့၏ ရလဒ်ပင်တည်း။
တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ၏ စည်းရုံးရေးစွမ်းရည်ဖြင့် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်’
ဟူသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်တွင်
ထင်ရှား ပေါ်လွင်စွာ ရေးဆွဲဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသတည်း။
စတိုင်သစ်မဂ္ဂဇင်း (ဖေဖေါ်ဝါရီ-၁၉၉၅)
စု အလို နတ်မလိုက်နိုင် ( 2012 updated စကားပုံ)
လူတစ်ယောက်သည် အလိုဆန္ဒအမျိုးမျိုးရှိရာ ထိုအလိုဆန္ဒဟူသမျှကို နတ်သိကြားတို့က ပြည့်စုံအောင်
ဖန်ဆင်းစေကာမူ အလိုမပြည့်နိုင်ဘဲ နောက်ဆုံး
ကျွဲ ယောင်ဆောင်ပေးသည်ကိုပင် အမြီးတိုသည်။ ချိုစောင်းသည်ဟူ၍ အပြစ်တင်မလွတ်၊
အလိုမပြည့်နိုင်ဖြစ်ရသည်ဟုဆိုလိုသည်။ လူတို့၏အလိုဆန္ဒများပြား၍
အလိုမပြည့်နိုင် သော ဘ၀ကို တင်စား၍ သုံးနှုန်းသည်။
ဒေါ်စုသည် အလိုဆန္ဒအမျိုးမျိုးရှိရာ ထိုအလိုဆန္ဒဟူသမျှကို နတ်သိကြားတို့က ပြည့်စုံအောင်
ဖန်ဆင်းစေကာမူ အလိုမပြည့်နိုင်ဘဲ နောက်ဆုံး
လွတ်တော်ထဲဝင်ရောက်ကာ နိုင်ငံအကျိုး ပြည်သူ့အကျိုးကို တတ်စွမ်းသလောက် လုပ်ဆောင်နိုင်ရန်
လမ်းဖွင့်ပေးသော်လည်း အကြောင်းပြချက်အမျိုးမျိုးပြကာ အပြစ်တင်မလွတ်
အလိုမပြည့်နိုင်ဖြစ်ရသည် ဟုဆိုလိုသည်။ စု ၏အလိုဆန္ဒများပြား၍
အလိုမပြည့်နိုင် သော ဘ၀ကို တင်စား၍ သုံးနှုန်းသည်။
အ စ က တည်း က မ သိ တာ လား ဂျီး တော် ရယ်..
လက်ရှိ အစိုးရအဖွဲ့က NLD ကို အများကြီး လျော့ပေးခဲ့တာပဲ... NLD အနေနဲ့ နိုင်ငံနဲ့ ချီပြီး
အလုပ်လုပ်ရမှာပါ...
ကိုယ်နဲ့ သဘောမတွေ့တဲ့ စကားလုံးလေးကို လိုက်ပြီး ကတ်သတ်နေမယ်
ဆိုရင် ဒေါ်စုပြောတဲ့ ဖော်ဆောင်မယ်
ဆိုတဲ့ အမျိုးသား ရင်ကြားစေ့ရေး ကတော့ ဒီအတိုင်းဆို ဒေါ်စုတို့ အကောင်အထည် ဖော်ဆောင်မယ်ဆိုရင်
အလှမ်းဝေးနေဦးမှာပဲ... ပြောရမယ်ဆိုရင် ဘာမှ အဓိပ္ပာယ်မကွာတဲ့ စကားလုံးလေး ကို လူထုအတွက်
တိုင်းပြည် အတွက်ပါဆိုပြီး တကြော်ကြော်အော်ပြီး ရွေးကောက်ပွဲ ၀င်လာခဲ့တဲ့ ပါတီ တစ်ခုအနေနဲ့
ကိုယ်ကြည့်မရတဲ့ စကားလုံးလေးကို လိုက်ပြီး ကန့်သတ်နေစရာ မလိုပါဘူး... တိုင်းပြည်
အတွက်နဲ့ ပြည်သူတွေ အတွက်ကို အကောင်အထည် ဖော်ပေးနိုင်ဖို့သာ အဓိကပါ... အဲဒီ
စကားလုံးက နောင်မှာ ဘာမှ ရှုပ်စရာ အကြောင်း မရှိပါဘူး... ကာကွယ်မယ်ဆိုတာ ထက် လေးစား
လိုက်နာပါ့မယ် ဆိုတာကမှ ရှုပ်မယ်ဆိုရင် ရှုပ်စရာ ဖြစ်လာပါလိမ့်ဦးမယ်... လေးလဲ လေးစားရမယ်.. အဲဒီ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာရမယ် ဆိုရင် ဒေါ်စုအနေနဲ့ ပြင်နိုင်ပါ့မလား... နောက်ပြီး
အခုလို ကျမ်းစာ ကျိန်ဆိုရတယ် ဆိုတာ ဒေါ်စုအနေနဲ့ အစကတည်းက မသိခဲ့လို့ အခုလို ရွေးကောက်ပွဲ
ဝင်ပြီးမှ လိုက်ပြီး ကတ်သတ်နေရတာလား?? အဲဒါဆိုရင်တော့ ဒေါ်စုတို့ အနေနဲ့ ကိုယ်လုပ်မယ့်
အလုပ်ကို နှံနှံစပ်စပ် လေ့လာခဲ့မှု မရှိဘူး ဆိုတာ ထင်ရှားနေပါတယ်... အခုအနှောင့်အယှက် ဖြစ်နေတာက
ကာကွယ် စောင့်ရှောက် ပါ့မယ်ဆိုတာက စစ်တပ် စကားလုံးကြီးလို ဖြစ်နေတယ်အတွက် ဒေါ်စုတို့ စိတ်ထဲမှာ
စစ်တပ်ဆိုတာကို စကားအရကော လူအရကော မူအရကော ဘယ်လို ပဲ ဖြစ်ဖြစ် ဆန့်ကျင် ပုန်ကန်ရမယ်
ဆိုတဲ့ စိတ်ကြီး စွဲနေလို့ တိုင်းပြည်နဲ့ ပြည်သူ့အတွက် အရင်ကလို လေနဲ့ မဟုတ်ပဲ လက်တွေ့ကျကျ
လုပ်ဆောင်နိုင်မယ့် လွှတ်တော်ထဲ ၀င်ရမယ့် အခွင့်အရေး ရှိတာကို အခုလို အကျပ်အတည်း ဖြစ်နေတာပါ...
ကျန်တာ ဘယ်သူတွေကြောင့်မှ မဟုတ်ပါဘူး... ခေါင်းမာနေတဲ့သူက ဒေါ်စု ကိုယ်တိုင်ပါပဲ...
Friday, April 20, 2012
NLD ကိုယ်စားလှယ်များမှ မဲပေးခဲ့သူ ပြည်သူများအား မထီလေးစား လုပ်မှုကြောင့် ပြည်သူများက မကျေမနပ်ဖြစ်နေ
လွှတ်တော်ထဲရောက်ရင် ဆင်ဖမ်း၊ ကျားဖမ်းမယ် ပြောခဲ့တဲ့ NLD ကိုယ်စားလှယ်တွေဟာ အခု
လွှတ်တော်မတတ်ပဲ နေမယ်လို့ ကြေညာလိုက်တဲ့အတွက် မဲဆွယ်တုန်းက ပြောခဲ့သမျှကို ယုံကြည်ပြီး
မဲပေးခဲ့သူ ပြည်သူလူထုက မကျေမနပ်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲလိုချင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်သွားရင်
ကချင်အဝတ်အစားဝတ်၊ ရှမ်းပြည်နယ်သွားရင် ရှမ်းအဝတ် အစားကြီးဝတ်ကာ မျက်နှာကို တက်နိုင်သမျှ
ပြုံးပြီး လွှတ်တော်ထဲရောက်ရင် ဘာလုပ်ပါမယ်၊ ညာလုပ်ပါမယ်..၊ ဒါကြောင့် NLD ကို
မဲပေးပါလို့ ပြောခဲ့ပါတယ်။ ၎င်း စကားကို ယုံကြည်ကာ မဲ ပေးခဲ့ကြပြီးမှ
အခုတော့ ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကပဲ လွှတ်တော်
မတတ်ဘူးလို့ ပြောနေကြပြန်ပါတယ်။ အခုလို ကတိမတည်မှု၊ ကိုယ့်စကားကိုယ်
တာဝန်မယူမှုနဲ့ ပြည်သူတွေကို လိမ်ညာ လှည့်ဖျားပြောဆို မှုနဲ့ ပြည်သူ့ဆန္ဒကို မထီမဲ့မြင်ပြုကာ စော်ကားမှု
တို့အတွက် လူထုတရပ်လုံးက NLD ကို စိတ်ပျက်နေကြောင်း သတင်းရရှိပါတယ်။
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ဒီကနေ့ မနက်က တံခါးပိတ်
အစည်းအဝေးလုပ်ခဲ့ပြီးနောက် လွှတ်တော် မတက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Myanmar Express
ဒီလိုတွေ ဖြစ်နေတာကို ကြည်.နေကြမှာလား
““အန်အယ်လ်ဒီရဲ့ လှုပ်ရှားတဲ့ပုဂ္ဂိုလ်တွေဟာ ဆိုးသွမ်းလူငယ်တွေထက်ဆိုးပါတယ်။
မင်းမဲ့စရိုက်ဆန်တာကိုလည်း တတိုင်းပြည်လုံးသိပါတယ်။ ဒေါ်စုခရီးစဉ်တွေ ဒေါ်စုပုံတွေ
ဂျာနယ်တိုင်းလိုလို မျက်နှာဖုံးမှာပါတာ တဖက်သတ်ဖြစ်နေပါတယ်””
““ဒေါ်စုကိုပေးတဲ့ နိုင်ငံခြားကဆုငွေတွေကို အပြင်မှာဖောင်ဒေးရှင်းလုပ်ထားတယ် ဆိုတော့
ဖောင်ဒေးရှင်းလုပ်ခွင့်ရှိတာကိုက ပိုင်ဆိုင်မှုပေါ့””
(ဒါကတော့ ကော့မှူးမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ ညီညွှတ်ရေးနဲ့ငြိမ်းချမ်းရေးပါတီက
ဦးတင်ရီပြောသွားတာပါ။ ဒီနေ့ ၁၁ နာရီကပြုလုပ်တဲ့ စီးတီးစတားဟိုတယ်က
ရွေးကောက်ပွဲအတွေ့အကြုံရှင်းလင်းပွဲမှာပြောသွားပါတယ်)
ယာယီနိုင်ငံကူးလက်မှတ်ရုံး ရှစ် ရုံးအထိ ထိုင်း၌ တိုးချဲ့ ဖွင့်မည်
ယာယီနိုင်ငံကူးလက်မှတ်ရုံး ရှစ် ရုံးအထိ ထိုင်း၌ တိုးချဲ့ ဖွင့်မည်
ထိုင်းရောက် မြန်မာလုပ်သားများအားယာယီ နိုင်ငံကူးလတ်မှတ်ထုတ်ပေးရေးရုံးများကို ရှစ်ရုံုးအထိတိုးချဲ့ 
ဖွင့်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန်မစ္စတာ ချာလာပွန်က ပြောသည်။ ၎င်းက
ထိုင်းနိုင်ငံ ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ် နားနေဆောင်တွင် သမ္မတဦးသိန်းစိန်ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ ဆုံဆွေးနွေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ မစ္စတာ ချာလာပွန်က ယခုလ
၂၀ ရက်မှစ၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတရားမ၀င်လုပ်သားများအတွက်ယာယီ
နိုင်ငံကူးလတ်မှတ်များကို စိစစ်ဆောင်ရွက် ပေးနေကြောင်းပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မဲခေါင်-ဂျပန်နှင့် မြန်မာ-
ဂျပန်ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ရန် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ယခုလ ၁၉ ရက်နေ့ ညနေက
ထွက်ခွာလာရာတွင် ဘန်ကောက်ရှိ လေဆိပ်၌ ၂ နာရီခန့် ခရီးတစ်ထောက် နားစဉ် မစ္စတာချာလာပွန်မှ
လာရောက်တွေ့ ဆုံ ဂါရ၀ပြု နုတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ထိုင်းရောက် မြန်မာတို့ကို ယာယီ
နိုင်ငံကူးလတ်မှတ်ထုတ်ပေးနိုင်ရေးအတွက် တာချီလိတ်၊ ကော့သောင်း၊ ရနောင်း၊ ဘန်ကောက်၊မဲဆောက်၊
ချင်းမိုင် စသည့် တို့ တွင် ရုံး ခြောက် ရုံးဖွင့်လှစ်ခဲ့သည်။
By: Popular Myanmar News Journal
Tuesday, April 17, 2012
၂၀၁၂ သင်္ကြန်မှာ သူတို့ ဘာလုပ်ခဲ့ကြလဲ
ပြည်ခိုင်ဖြိုး ပါတီကတော့ ဆေးဝါးကုသဖို့ ကူညီ
ပြည်သူ့ရဲတို့ သီချင်းမဆိုနိုင်
မြန်မာနိုင်ငံက ပြည်သူတွေ စစ်အုပ်ချုပ်မှု အောက်မှာ ဖိနိပ်ခံနေရတယ်လို့ ဘယ်သူပြောလဲ
ဒေါ်အောင်ဆန်းစုကြည် သားအိမ် ကင်ဆာဖြစ်နေခြင်း
မဲဆွယ်စည်းရုံးရေး ခရီးစဉ်များမှာ မကြာခဏမူးလဲနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆေးစစ်ချက် များအရ
သားအိမ်ကင်ဆာလက္ခဏာများ တွေ့ရှိရကြောင်း သူ့ရဲ့မိသာစုဆရာဝန်က ပြောပါတယ်။ ဒီလို ရောဂါဖြစ်
တာကို ကျယ်ကျယ်ပြန့်ပြန့် သတင်းမထွက်အောင် ဖုံးဖိထားဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း လိုလား
လျက်ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ သားအိမ် အကြောင်း အတွင်းကျကျ သိသူ မိုက်ကယ်အဲရစ်နှင့်
ဒေါ်အောင်ဆန်းစုကြည်ထံမှာ တွေ့ရတဲ့ သားအိမ်ကင်ဆာ လက္ခဏာက ကာမဆက်ဆံရာမှာ အကြိမ်များ
သူများ၊ ဓမ္မတာမဟုတ်တဲ့ နည်းလမ်းများနဲ့ ဆက်ဆံတတ်သူများနဲ့ ပဋိသန္ဓေတားဆေးများ အသုံးပြု
လွန်းသူတွေဖြစ်တတ်ကြောင်းသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်သွေးမဆုံးခင်က (Nuvelle) ပဋိသန္ဓေတားဆေးများကို ဘာကြောင့်မှန်း
မသိပဲ ပုံမှန်သုံးစွဲခဲ့ကြောင်းနဲ့ အဲဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးများကြောင့်
လည်းဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပျိုဖော်ဝင်စ အင်္ဂလန်မှာနေစဉ်မှာ ယောင်္ကျားများစွာနဲ့
လက်ပွန်းတတီး နေထိုင်လေ့ရှိကြောင်း၊ ၁၉၉၇-၉၈ ခုနှစ်များမှာ ဒေါ်စုကြည်ဟာ လုံခြုံရေးတာဝန်ယူတဲ့
ကွန်ပျူတာသမား တစ်ယောက်နဲ့ မမနဲ့မောင်လေး ဇတ်လမ်းဖြစ်ခဲ့ပြီး (Nuvelle) တားဆေး အလွန်အကျွံ
အသုံးပြုခဲ့ကြောင်း အဲဒီကိစ္စတွေကို ဦးကြည်မောင် (ကွယ်လွန်) က မီဒီယာများကို
အသိပေးခဲ့လို့ ပြသာနာဖြစ်ခဲ့ရကြောင်း သတင်းများဖြစ်ခဲ့ပါတယ်။
ယ္ခုအခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအိမ်ကင်ဆာဟာ အဆင့်(၂)လောက် ရှိနေပြီဖြစ်လို့ ပြည်ပနိုင်ငံ
တစ်ခုခုမှာ ဆေးစစ်ပြီး အထူးဆေးဝါးများနဲ့ ကုသသွားရန် စီစဉ်ထားပြီးဖြစ်ပါတယ်။
အဆိုတော်လင်းလင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အောင်နိုင်ရေး ခရီးစဉ်တချို့မှာ လိုက်ပါခဲ့တဲ့ ဂီတသမားတဦးပါ။
NLD ဘက်တော်သား အဆိုတော်တွေဖြစ်တဲ့ ထူးအယ်လင်း၊ မီးမီးခဲတို့ကတော့ နေပြည်တော် ACE
မဏ္ဍပ်မှာ သီဆိုဖို့ အဆင်သင့် ဖြစ်နေရာက ခုတော့ သီဆိုခွင့် မရနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါပြီ။
ဒီ ACE မဏ္ဍပ်က ကြားဖြတ်ရွေးကောက်ပွဲ မြောင်းမြ မဲဆန္ဒနယ်မှာ ရှုံးခဲ့တဲ့ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်
ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ မဏ္ဍပ်ပါ။ သူက NLD ကို အရှုံးကြီး ရှုံးခဲ့လေတော့ စိတ်နာနာနဲ့များ
လုပ်ချလိုက်လေသလားလို့ ပြောနေကြပါတယ်။ ဒီမဏ္ဍပ်က သူ့အပိုင် ဆိုလေတော့ အခုမှပဲ အတိုးချ
လုပ်ချင်တာလုပ်လို့ ရသွားတာလေကိုး။
မအူပင်မှာ NLD အောင်နိုင်ရေးအတွက် သွားရောက် ဖျော်ဖြေခဲ့တဲ့ ဘရိတ်ကီ၊ အွန်လိုင်း
ပရိတ်သတ်အကြိုက်တွေ့ခဲ့ကြတဲ့ “ထလော့မြန်မာ” သီချင်းကို သီဆိုခဲ့သူ နေဇော် တို့လည်း
စီစဉ်ထားတဲ့စင်ပေါ် တက်ခွင့် မရကြပါဘူး။
အခုလို ပိတ်ပင်လိုက်တယ် ဆိုရာမှာလည်း တရားဝင် စာထုတ်တာ မဟုတ်ဘဲ ကမ်းလှမ်းခဲ့တဲ့ မဏ္ဍပ်တွေကို
ဖိအားပေးထားတဲ့သဘော သက်ရောက်နေတာကြောင့် အဲ့ဒီမဏ္ဍပ်တွေက ဒီအနုပညာရှင်တချို့ကို
မခေါ်ရဲတာဖြစ်တယ်လို့ အနုပညာ အသိုင်းအ၀န်းမှာ ပြောဆိုနေကြပါတယ်။
“အောင်နိုင်ရေးမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင် အကုန်လုံးကိုလည်း သူတို့ မလုပ်ရဲဘူးလေ။ လုပ်လိုက်ရင်
တအား သိသာသွားမှာ ဆိုတော့ တချို့ကိုပဲ ဟိုလိုလို ဒီလိုလိုနဲ့ ဒိုင်လျှိုလေး လုပ်သွားတာ” လို့ အဆိုတော်
တဦးက ရှင်းပြပါတယ်။
သင်္ကြန်ဟာ အဆိုတော်၊ သရုပ်ဆောင်တွေ ရက်အနည်းငယ်အတွင်း ၀င်ငွေ အများဆုံး ရကြတဲ့ ကာလလို့
ဆိုရမှာပါ။ သီချင်း မဆိုတတ်တဲ့ သရုပ်ဆောင်တွေကအစ သင်္ကြန်မှာ စင်ပေါ်တက် ဖျော်ဖြေရင်ဖျော်ဖြေ၊
မဖျော်ချင်ရင်တောင်မှ မဏ္ဍပ်မှာ ထိုင်ပေးရုံနဲ့ ငွေကြေး ပမာဏ အများဆုံးရတဲ့ အချိန်အခါပါ။
ဒီနှစ်သင်္ကြန် စီစဉ်ထားတဲ့နေရာမှာ သီချင်း ဆိုခွင့် မရခဲ့တဲ့ အဆိုတော် သျှီက “သင်္ကြန်ဆိုတာ
အနုပညာသမားနဲ့ ပရိသတ် တိုက်ရိုက် ထိတွေ့ရတဲ့ အကြာဆုံးပွဲလည်း ဖြစ်တယ်။ လူတန်းစားမျိုးစုံလည်း
အခမဲ့ကြည့်ခွင့်ရတယ်။ အဲ့ဒါကြောင့် အနုပညာသမားတွေကလည်း အားခဲထားကြတယ်။ ပြောရရင်တော့
အခုလိုဖြစ်တာ အနုပညာအရတော့ ဆုံးရှုံးတယ်” လို့ ဆိုပါတယ်။
ဒီလို ဆုံးရှုံးတဲ့အတွက် သျှီက ဘယ်လို ခံစားရပါသလဲ။
“NLDနဲ့ တလျှောက်လုံး ပါဝင် ပတ်သက်ခဲ့တဲ့သူတွေ အကုန်လုံးက မှန်တာကို လုပ်ခဲ့တယ်လို့
ယုံကြည်တယ်။ အဲ့ဒီအတွက်လည်း ကျေနပ်တယ်။ ဒီသင်္ကြန်မှာ ၀မ်းမနည်းပါဘူး” လို့ ရော်ကာ
သျှီက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ရော့်ခ်အဆိုတော် သျှီ (ဓာတ်ပုံ - သျှီ / Facebook)
သမ္မတကြီးရဲ့ နိုင်ငံသားတိုင်း နိုင်ငံရေးမှာ ပူးပေါင်းပါဝင် ပတ်သက်ခွင့်ရှိတယ် ဆိုတဲ့ စကားလည်း အရင်က
မစပ်စုပြောခဲ့သလို သင်္ကြန်နားနီးတော့ သင်္ကြန်ရေနဲ့များ ပါသွားသလားပါပဲ။ သင်္ကြန်ရေနဲ့ တခါတည်း
ပါသွားပြီး ပြန်မလာတော့ဘူး ဆိုရင်တော့ ခက်ကုန်ပါပြီလို့ တွေးနေမိပါတယ်။
“လွှတ်တော်ထဲကိုတောင် ဝင်ရောက်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကို ဝန်းရံပေးသူတွေကို
လက်မခံနိုင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံနိုင်သေးတာဖြစ်တယ်လို့ ယူဆပါတယ်။
အပြင်းအထန် ကန့်ကွက်ပါတယ်” လို့ အဆိုတော် သံသာဝင်းက သူ့ရဲ့ Facebook မှာ
ဆန္ဒအမှန်ကို ဖော်ထုတ် ပြသထားပါတယ်။
လို့လည်း ပြောခဲ့ရပေါင်းတွေလည်း များနေပါပြီ။ အခုထက်ထိ သူနဲ့မတည့်ရင်၊ သူ့လုပ်ရပ်ကို မကြိုက်ရင်၊
သူအောင်မြင်မှာကို မလိုလားရင် ကိုယ့်ပိုင်နက်ထဲ ကိုယ့်ခွင်ထဲ ရောက်လာပြီဆို ပညာပြတတ်တဲ့
စစ်အာဏာရှင်လက်ထက်က အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲသင့်ပါပြီ။
ပြုပြင်ပြောင်းလဲရေးကို မစပ်စု မျှော်လင့်စောင့်စားရင်း…. ပြည်သူတရပ်လုံး နှစ်သစ်ကို စိတ်သစ် လူသစ်နဲ့
ကြိုဆိုနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် …။