Sunday, April 15, 2012

မီဒီယာသမားများ မဖော်ပြလိုသော အမှန်တရားများ

Posted by မျိုးချစ်သူရဲကောင်းများ On 3:25 PM 0 comments


by Khin Nyein Chan

မဲကိစ္စနဲ့ပတ်သက်လို့ Weekly Eleven မှာ comment ရေးခဲ့ဖူးပါတယ်…. အဲဒါကို လင်းသိုက်ညွန့်က

ဒီလိုပြန်ရှင်းပြထားပါတယ်(LinThaikNyunt ရွေးကောက်ပွဲဥပဒေအရမဲစာရွက်

ကိုပြန်လဲပေးဖို့ တောင်းဆိုခွင့်ရှိပါတယ်)

ကြုံကြိုက်လို့ ကော်မရှင်မှာ စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်နေတဲ့ လူကြီးတစ်ယောက်နဲ့

စကားစပ်မိတဲ့အခါ ဒီအကြောင်းပြောဖြစ်တော့ သူပြောပြတာကို share လိုက်ပါတယ်….

- မဲပေးတဲ့စာရွက် စုတ်ပြဲလို့ ၊ ပျက်စီးလို့ ပယ်မဲအဖြစ်မခံရအောင် မဲရုံမှူးက မဲစာရွက်ကို

လဲပေးပိုင်ခွင့်ရှိပါတယ်၊ အဲဒါမှသာ လဲပေးနိုင်မယ်၊ မဲရုံမှူးတွေကို အရန်မဲအနည်းငယ်ပေးထားတာရှိပါတယ်၊

မဲဆန္ဒရှင်က မှားခြစ်မိလို့ အသစ်လဲပေးခိုင်းရင်တော့ မဲရုံမှူးက လဲပေးလို့မရပါ၊ သူ့တာဝန်အရ

လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။

- မဲမပေးပါနဲ့ (သို့) မဲလာပေးပါ (သို့) မဲသွားပေးပါဟု (အတင်းအကျပ်)

မည်သူကမှ ပြောခွင့်မရှိပါ၊ ပြည်သူတစ်ဦးချင်းဟာ ကိုယ့်အခွင့်အရေးအရ မဲပေးချင်ပေးနိုင်တယ်၊ မပေးချင်

မပေးဘဲနေနိုင်ပါတယ်၊ သူ့အခွင့်အရေးပါ။ မဲပေးချင်တယ်ဆိုရင် ဖေဖော်ဝါရီ (၂၉) က မတ် (၂၄) အထိ (၁) 

မဲရုံ ၊ (၂) ရပ်ကွက်ရုံး ၊ (၃) မြို့နယ်ကော်မရှင်ရုံးတွေမှာ ကပ်ထားတဲ့ မဲရုံစာရင်းနဲ့ မဲစာရင်းကို 

သွားကြည့်ဖို့လိုပါတယ်၊ ဒါက မဲဆန္ဒရှင်ရဲ့တာဝန် ဖြစ်ပါတယ်၊ မဲဆန္ဒရှင်ဟာ မဲပေးပိုင်ခွင့်ရှိသူရဲ့

အရည်အချင်းနဲ့ ကိုက်ညီဖို့လိုပါတယ်၊ မဲစာရင်းမှာ နာမည်မပါရင် ရပ်ကွက်ကော်မရှင်မှာ သွားပြောနိုင်တယ်၊

မြို့နယ်ကော်မရှင်ကိုလည်း ပြောနိုင်တယ်၊ ဥပမာ - မရမ်းကုန်းမြို့နယ်မှာ အဲလိုပြောလို့ ဖြည့်ပေးတာ

၃ သောင်းခွဲကျော် ရှိခဲ့တယ်။

- မဲစာရင်းမပါလို့ မဲပေးခွင့်ဆုံးရှုံးပါတယ်ပြောတဲ့သူအများစုဟာ ကိုယ့်မဲစာရင်း

ကိုယ်သွားမကြည့်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်၊ အရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲစာရင်းကြည့်ပြီး

ကိုယ့်နာမည်ပါ-မပါပြောခွင့်ကို (၁) ပတ်ပဲ ပေးခဲ့တာကနေ အခုကြားဖြတ်ရွေးကောက်ပွဲမှာ (၃)

ပတ်အထိတိုးပေးထားတာဖြစ်တယ်။

- လ - ၀ - က မှာ သေစာရင်းမ၀င်လို့ မဲစာရင်းမှာ သေတဲ့လူနာမည်ပါနေတာမျိုးရှိတယ်၊ ရပ်ကွက် (သို့)

မြို့နယ်ကော်မရှင်ကို သွားပြောနိုင်တယ်၊ အသိပေးလို့ရအောင် ပြင်လို့ရအောင် အချိန်ကို (၃)

ပတ်ပေးထားတာ ဖြစ်ပါတယ်၊ မဲစာရင်းဆိုတာ draft ပါ - မဲဆန္ဒရှင်က အဲဒါကိုစစ်ဆေး

အတည်ပြုပေးရမှာ ဖြစ်ပါတယ်၊ ဒါဟာ ပြည်သူ့တာဝန်ဖြစ်ပါတယ်၊ ကိုယ့်တာဝန်ကို ကိုယ်မကျေခဲ့ဘဲနဲ့

(စေတနာ့ဝန်ထမ်း) အလုပ်လုပ်ပေးနေတဲ့သူတွေကို ဘေးထိုင် ဘုပြောနေတာဟာ တကယ်တမ်းမှာ

စိတ်ရင်းစေတနာ မရိုးသားကြတာ ဖြစ်ပါတယ်

Myanmar Express

0 comments:

Post a Comment

LIKE BOX