Saturday, April 21, 2012

ကြိုက် လွန်း လို. ပါ ဗျာ...ဗိုလ် ချုပ် ပြော သွား တာ တွေ ကို...

Posted by မျိုးချစ်သူရဲကောင်းများ On 4:09 AM 0 comments


ဗိုလ်ချုပ်အကြောင်း တွေဖတ်ရင်း.. ဒီအပိုဒ် ကိုဖတ်မိတိုင်း.. ဟိတ်မရှိ..ဟန်မရှိ..ပွင့်လင်း

ရိုးသားစွာ ပြောဆိုနေမယ့် ဗိုလ်ချုပ် ရဲ့အမူအရာကို စိတ်ကူးထဲ ပုံဖော်မိတိုင်း.. ကျွန်တော်.. အကြိမ်ကြိမ်..

ဖတ်မိတိုင်း.. ပြုံးနေမိတယ်လေ..။

"" တပည့်တော်က တော့.. မကပ်ဘူး ၊ ရှင်းရှင်းပဲ...""

(၁၉၄၇ ခုနှစ်- ဖေဖော်ဝါရီလ(၂၃)ရက် ၊ ရန်ကုန်မြို.တော်ခန်းမ တွင်ကျင်းပသော

ပထမပြန်စာမေးပွဲ အောင်ပုဂွိုလ်များအား ဆက်ကပ်လှူဒါန်းသော ဘွဲ.နှင်းသဘင် အခမ်းအနားတွင်

ဗိုလ်ချုပ်က ဆရာတော် သံယာတော်များအား.. ရှင်းရှင်းကြီးလျှောက်ထားခဲ့လေသည်..)။

(သတင်းစာ ဆရာ ဦးပုကလေး ရေးသော.. "ငါတို.ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ"..စာအုပ်မှ....)

"" အခုဗမာ ပြည်ရွေးကောက်ပွဲ နီးလာတာနဲ့ အချို.နိုင်ငံရေးသမားတွေဟာ ဘုန်းတော်ကြီးများ၏ 

အနားကိုကပ်ချင်ကြတယ်။ တပည့်တော်ကတော့မကပ်ဘူး ရှင်းရှင်းပဲ။ နိုင်ငံခြားသွားခါနီးတဲ့ 

အခါ ရွှေတိဂုံဘုရားကြီးဖူးပြ.. ပြန်လာတဲ့အခါကျပြန်တော့လည်း ဘုန်းတော်ကြီးများကိုဖူးပြ၊ 

လူကြားကောင်းအောင် သတ်သတ်လွတ်စားရန် ဆိုပြီးသတင်းစာထဲကနေပြီးဖိတ်ခေါ်၊ 

ဒီလိုဟန်ပြအလုပ်မျိုးတွေကို နိုင်ငံရေးသမားများ လုပ်တတ်ကြပါတယ်။ တပည့်တော်ကတော့ 

ဒီလိုဟန်ပြအလုပ်မျိုး မလုပ်တတ်ဘူး။ ရိုးရိုးနေတဲ့ အခါမှာ ဘုရားတရားမအောက်မေ့ဘဲ.. ဒုက္ခရောက်တဲ့ 

အခါ.. မကျန်းမာတဲ့အခါ.. ချမ်းသာသုခ လိုတဲ့အခါ အောက်မေ့လေ့ရှိတာလို.. 

နိုင်ငံရေးသမားတွေလည်း ရွေးကောက်ပွဲ နီးလာတဲ့ အတွက် ဘုန်းတော်ကြီးများကို သတိရလာပြီ....""

0 comments:

Post a Comment

LIKE BOX