Saturday, April 21, 2012

အ စ က တည်း က မ သိ တာ လား ဂျီး တော် ရယ်..

Posted by မျိုးချစ်သူရဲကောင်းများ On 3:24 AM 0 comments



လက်ရှိ အစိုးရအဖွဲ့က NLD ကို အများကြီး လျော့ပေးခဲ့တာပဲ... NLD အနေနဲ့ နိုင်ငံနဲ့ ချီပြီး

အလုပ်လုပ်ရမှာပါ...

ကိုယ်နဲ့ သဘောမတွေ့တဲ့ စကားလုံးလေးကို လိုက်ပြီး ကတ်သတ်နေမယ်

ဆိုရင် ဒေါ်စုပြောတဲ့ ဖော်ဆောင်မယ်

 ဆိုတဲ့ အမျိုးသား ရင်ကြားစေ့ရေး ကတော့ ဒီအတိုင်းဆို ဒေါ်စုတို့ အကောင်အထည် ဖော်ဆောင်မယ်ဆိုရင်

အလှမ်းဝေးနေဦးမှာပဲ... ပြောရမယ်ဆိုရင် ဘာမှ အဓိပ္ပာယ်မကွာတဲ့ စကားလုံးလေး ကို လူထုအတွက်

တိုင်းပြည် အတွက်ပါဆိုပြီး တကြော်ကြော်အော်ပြီး ရွေးကောက်ပွဲ ၀င်လာခဲ့တဲ့ ပါတီ တစ်ခုအနေနဲ့

ကိုယ်ကြည့်မရတဲ့ စကားလုံးလေးကို လိုက်ပြီး ကန့်သတ်နေစရာ မလိုပါဘူး... တိုင်းပြည်

အတွက်နဲ့ ပြည်သူတွေ အတွက်ကို အကောင်အထည် ဖော်ပေးနိုင်ဖို့သာ အဓိကပါ... အဲဒီ

စကားလုံးက နောင်မှာ ဘာမှ ရှုပ်စရာ အကြောင်း မရှိပါဘူး... ကာကွယ်မယ်ဆိုတာ ထက် လေးစား

လိုက်နာပါ့မယ် ဆိုတာကမှ ရှုပ်မယ်ဆိုရင် ရှုပ်စရာ ဖြစ်လာပါလိမ့်ဦးမယ်... လေးလဲ လေးစားရမယ်.. အဲဒီ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာရမယ် ဆိုရင် ဒေါ်စုအနေနဲ့ ပြင်နိုင်ပါ့မလား... နောက်ပြီး

အခုလို ကျမ်းစာ ကျိန်ဆိုရတယ် ဆိုတာ ဒေါ်စုအနေနဲ့ အစကတည်းက မသိခဲ့လို့ အခုလို ရွေးကောက်ပွဲ

ဝင်ပြီးမှ လိုက်ပြီး ကတ်သတ်နေရတာလား?? အဲဒါဆိုရင်တော့ ဒေါ်စုတို့ အနေနဲ့ ကိုယ်လုပ်မယ့်

အလုပ်ကို နှံနှံစပ်စပ် လေ့လာခဲ့မှု မရှိဘူး ဆိုတာ ထင်ရှားနေပါတယ်... အခုအနှောင့်အယှက် ဖြစ်နေတာက

 ကာကွယ် စောင့်ရှောက် ပါ့မယ်ဆိုတာက စစ်တပ် စကားလုံးကြီးလို ဖြစ်နေတယ်အတွက် ဒေါ်စုတို့ စိတ်ထဲမှာ

 စစ်တပ်ဆိုတာကို စကားအရကော လူအရကော မူအရကော ဘယ်လို ပဲ ဖြစ်ဖြစ် ဆန့်ကျင် ပုန်ကန်ရမယ်

ဆိုတဲ့ စိတ်ကြီး စွဲနေလို့ တိုင်းပြည်နဲ့ ပြည်သူ့အတွက် အရင်ကလို လေနဲ့ မဟုတ်ပဲ လက်တွေ့ကျကျ

လုပ်ဆောင်နိုင်မယ့် လွှတ်တော်ထဲ ၀င်ရမယ့် အခွင့်အရေး ရှိတာကို အခုလို အကျပ်အတည်း ဖြစ်နေတာပါ...

 ကျန်တာ ဘယ်သူတွေကြောင့်မှ မဟုတ်ပါဘူး... ခေါင်းမာနေတဲ့သူက ဒေါ်စု ကိုယ်တိုင်ပါပဲ...

0 comments:

Post a Comment

LIKE BOX