Friday, April 20, 2012

NLD ကိုယ်စားလှယ်များမှ မဲပေးခဲ့သူ ပြည်သူများအား မထီလေးစား လုပ်မှုကြောင့် ပြည်သူများက မကျေမနပ်ဖြစ်နေ

Posted by မျိုးချစ်သူရဲကောင်းများ On 7:59 PM 0 comments


လွှတ်တော်ထဲရောက်ရင် ဆင်ဖမ်း၊ ကျားဖမ်းမယ် ပြောခဲ့တဲ့ NLD ကိုယ်စားလှယ်တွေဟာ အခု

လွှတ်တော်မတတ်ပဲ နေမယ်လို့ ကြေညာလိုက်တဲ့အတွက် မဲဆွယ်တုန်းက ပြောခဲ့သမျှကို ယုံကြည်ပြီး

မဲပေးခဲ့သူ ပြည်သူလူထုက မကျေမနပ်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂

ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲလိုချင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်သွားရင်

ကချင်အဝတ်အစားဝတ်၊ ရှမ်းပြည်နယ်သွားရင် ရှမ်းအဝတ် အစားကြီးဝတ်ကာ မျက်နှာကို တက်နိုင်သမျှ

ပြုံးပြီး လွှတ်တော်ထဲရောက်ရင် ဘာလုပ်ပါမယ်၊ ညာလုပ်ပါမယ်..၊ ဒါကြောင့် NLD ကို

မဲပေးပါလို့ ပြောခဲ့ပါတယ်။ ၎င်း စကားကို ယုံကြည်ကာ မဲ ပေးခဲ့ကြပြီးမှ

အခုတော့ ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကပဲ လွှတ်တော်

မတတ်ဘူးလို့ ပြောနေကြပြန်ပါတယ်။ အခုလို ကတိမတည်မှု၊ ကိုယ့်စကားကိုယ်

တာဝန်မယူမှုနဲ့ ပြည်သူတွေကို လိမ်ညာ လှည့်ဖျားပြောဆို မှုနဲ့ ပြည်သူ့ဆန္ဒကို မထီမဲ့မြင်ပြုကာ စော်ကားမှု

တို့အတွက် လူထုတရပ်လုံးက NLD ကို စိတ်ပျက်နေကြောင်း သတင်းရရှိပါတယ်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ဒီကနေ့ မနက်က တံခါးပိတ်

အစည်းအဝေးလုပ်ခဲ့ပြီးနောက် လွှတ်တော် မတက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူရောက် မြန်မာ သင်္ဘောသား တစ်ဦးကတော့ ယခု ကိစ္စနဲ့ ပတ်သက်ပြီး NLD ကို 

အလွန်စိတ်ပျက်မိကြောင်း ၊ အခြေခံဥပဒေကို ဘောင်ထဲကပဲ ပြင်စေချင်ကြောင်းနဲ့ ဖျက်ပြီး ကပြောင်းကပြန် 

မလုပ်စေချင်ကြောင်း၊ NLD ပါတီမှ အရည်အချင်း ဘာမှမရှိတဲ့ ဒေါ်စု မျက်နှာနဲ့ ကိုယ်စားလှယ်ဖြစ်သူများ 

အတွက် ရင်လေးကြောင်း အခုလို ပြောဆိုပါတယ်...

" တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲဗျာ။ အခြေခံဥပဒေကိုနားမလည်ဘူးလား ။ ကျနော်တို့ လုပ်ချင်တာက 

၂၀၀၈ ဥပဒေကို ဥပဒေက ခွင့်ပြုထားတဲ့အတိုင်း ဘောင်းအတွင်းကနေ ပြင်ဆင်ချင်တာ ။ ၂၀၀၈ 

ဥပဒေကိုဖောက်ဖျက်ပြီး ကပြောင်းကပြန်လုပ်ချင်တာမဟုတ်ဘူး။ အခု သူ တို့က မေမေစု 

မျက်နှာနဲ့ ထောက်ခံလို့ရတဲ့မဲတွေနဲ့နိုင်လာပြီး ကိုယ်ပိုင်အရည်အချင်းဘာမှမရှိယုံမက ..အခု 

လွှတ်တော်ထဲတောင်မ၀င်ရသေးဘူး ..အခြေခံဥပဒေကိုကျေအောင်မဖတ်ဘဲ 

ကပြောင်းကပြန်တွေလုပ်မယ်လို့ စိုင်းပြင်းနေပြီ ..။ ဒီလို ဝေဖန် ပြောဆိုသုံးသပ်ချက်တွေဟာ အခုလို 

အရေးကြီးတဲ့ အချိန်မှာ မလိုလားအပ်ဘဲ ..နားလည်မှု အမှားတွေ ကိုသာ ဖြစ်ပေါ်စေလိမ့်မယ် ။ 

အမေဆုရော၊ နေက်လိုက် အဘိုးကြိး အချို့ နဲ့ သက်ကြားအို တွေ ငဖားငယား တွေ သာကူးတွေ နဲ့ 

အတိပြိးတဲ့ အင်အားစု အချို့အနေနဲ့လဲ လူထုခေါင်းဆောင် နဲ့ နောက်လိုက်ပီသအောင် ကိုယ့်ကိုကိုယ် 

အရည်အချင်းရှိအောင် ကြိုးစားကြဖို့လိုပြိ ..။" လို့ ပြော ပြောခဲ့ပါတယ်။


ပြည်သူလွတ်တော် ဥပဒေကော်မရှင် ထဲက အဖွဲ့ဝင်တဦး ဖြစ်တဲ့ 

ဦးသန်းမောင်ကတော့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတယ်လို့ ပြောနေကြပြီး 

လွှတ်တော်အမတ်လုပ်မယ့်လူများအနေနဲ့ စကားလုံး အသုံးအနှုန်းတွေ ကို တွယ်ကပ်နေတာနဲ့

 ပတ်သက်ပြီး စိုးရိမ်မိကြောင်း အခုလို ပြောဆိုပါတယ်...

“ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခါမှာ သုံးတဲ့ စကားလုံးက ကာကွယ်စောင့်ရှောက်တယ် လို့ဘဲ ပြောပြော

 လေးစား လိုက်နာတယ် လို့ဘဲ ပြောပြော ကျနော်ကတော့ အတူတူဘဲ သက်ရောက်မှု လည်း ရှိတယ်။ 

ဘာလို့လည်း ဆိုတော့ လေးစား လိုက်နာတယ် ဆိုတော့ လေးစားတယ် ဆိုတော့ Pay respect ပေါ့။ 

လိုက်နာတယ် ဆိုတော့ to comply ပေါ့ဗျာ။ ကာကွယ် စောင့်ရှောက်တယ် ဆိုတာတော့ safeguard ပေါ့ဗျာ။ 

ကာကွယ် စောင့်ရှောက် တာလည်း အခြေခံ ဥပဒေ အရ ဖြစ်လာတဲ့၊ ရွေးကောက်ပွဲ အရဖြစ်လာတဲ့ 

လွှတ်တော် အမတ်တွေ ဟာ အခြေခံ ဥပေဒအရ လုပ်ရမယ် ကိုင်ရမယ့် ဟာတွေ ရှိတယ်။ အဲဒီတော့ အခြေခံ 

ဥပေဒ အရ ပြင်ဆင်ခွင့်ကိုလည်း အခြေခံ ဥပဒေထဲမှာ သွားတွေ့တယ်။ ဒီဟာတွေက ကျနော် ထင်တာတော့ 

လွှတ်တော်ထဲကို ရောက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတဲ့ အခါမှ လိုအပ်တဲ့ ဟာတွေ ကို 

ဆက်လက် ကျင့်သုံးသင့်တယ် ထင်တယ်။ ဒီ အဝင်မှာ အဲဒီ ကိစ္စတွေ ကို၊ စကားလုံး အသုံးအနှုန်းတွေ ကို

 သိပ်ပြီးတော့ တွယ်ကပ်နေပြီးတော့ ကြိုးစားနေမယ် ဆိုလို ရှိရင် အစ မကောင်းဘူး ဖြစ်သွားမှာ ကို ကျနော် 

က စိုးရိမ်တယ်။" လို့ ပြောကြားခဲ့ပါတယ်။

NLD ရဲ့ ယခု လုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး ဖိုးသင်းမျောက် လို ပွဲကောင်းမှ ဖင်လှန်ပြ တယ်လို့ 

ယူဆကြသူတွေရှိသလို ဆင်ကောင်ကြီး အမြီးကျမှ တစ်နေတယ်လို့ ဝေဖန်ကြသူတွေလည်း ရှိနေပါတယ်။


NLD ပါတီဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ ပြည်ထောင်စု လွှတ်တော်မှာ အမတ် ၇% ခန့် 

အမတ်နေရာ ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။ အမတ်အင်အားနည်းမှုနဲ့ အရည်အချင်းမပြည့်မှီမှုများကြောင့် 

လွှတ်တော် တက်ရန် စိုးရွံ့နေကြတယ်လို့လည်း ပြည်သူလူထုက သုံးသပ်နေကြပါတယ်။

Myanmar Express

0 comments:

Post a Comment

LIKE BOX