Saturday, April 21, 2012

ဒေါ် အောင် ဆန်း စု ကြည် ဆို တာ ဘာ မှ မ ဟုတ် ပါ ဘူး..

Posted by မျိုးချစ်သူရဲကောင်းများ On 6:57 AM 0 comments



(၂၀) ရက်နေ့ နေ့လည် ၁၁ နာရီက City Star ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ဗမာ့နိုင်ငံရေးမိတ်ဆွေပါတီများရဲ့

 ရွေးကောက်ပွဲအတွေ့အကြုံရှင်းလင်းပွဲမှာ မြန်မာအမျိုးသားကွန်ဂရက်ပါတီက ဦးကောင်းမင်းထွဋ်က

 ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူမရဲ့ ဖခင်လို အမျိုးသားခေါင်းဆောင်ကြီး

မဟုတ်ကြောင်းအောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ် -

“ဒေါ်စုကို နိုင်ငံရေးမှာပြန်ပါဖို့၊ ၉၀ ရလဒ်ကိုစွန့်လွှတ်ဖို့ ပါတီမှတ်ပုံတင်ဖို့ တိုက်တွန်းခဲ့တာ ကျနော်

ပထမဆုံးဖြစ်နိုင်ပါတယ်”

““၈၈မှာ ကျောင်းသူတွေ သွေးထွက်သံယိုဖြစ်နေတဲ့အချိန် ဒေါ်စုကို လမ်းပေါ်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး””

““ဒေါ်စုဟာ အမျိုးသားခေါင်းဆောင်မဟုတ်ပါဘူး။ ဒီမိုကရေစီခေါင်းဆောင်တွေအများကြီးထဲက

တစ်ဦးသာဖြစ်ပါတယ်။ ဒေါ်စုဟာ ၈၈ ကျောင်းသားတွေကို မွေးဖွားပေးခဲ့တာမဟုတ်ပါဘူး။

ဒေါ်စုဟာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာမှ လမ်းပေါ်ထွက်လာတာဖြစ်ပါတယ်””

““အန်အယ်လ်ဒီဟာ ၉၀ မှာ အင်အားကြီးကြီးနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ

အဖျားရှုးသွားပါတယ်””

““အန်အယ်လ်ဒီက ဘာလို့ ကျနော့်ကိုအနိုင်ယူတာလဲ။ ကျနော့်ကိုအနိုင်ယူရင်ကော အရသာရှိသွားသလား။

 အန်အယ်လ်ဒီအတွက် ငါးသိန်းကလွယ်ချင်လွယ်မယ်။ ကျနော်တို့အတွက် ငါးသိန်းက

ရှိတာရောင်းပြီးလုပ်ရတာ။ ကျနော်လေယာဉ်ပျံနဲ့ စည်းရုံးရေးမဆင်းနိုင်ပါဘူး””

““နိုင်ငံရေးအရ မှားယွင်းတဲ့အပြတွေ ပြတယ်။ ရှုပ်ထွေးအောင်လုပ်ပစ်တယ်။ ဂျာနယ်တွေက ၀ိုင်းပြီး Lobby

 လုပ်ပေးတယ်။ အဲဒါနဲ့ နိုင်သွားတော့ ပျော်ကြပြန်ရော”” ဟုပြောကြားသွားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်

အနေဖြင့် လွတ်လပ်ရေးဖခင်ကြီးရဲ့ သမီးဆိုသော အရှိန်ဖြင့် ဈေးရောင်းပွဲတော်တွေလုပ်၊ရရှိလာသော

ပိုက်ဆံများဖြင့် ရွေးကောက်ပွဲမတိုင်ခင် စည်းရုံးရေးဆင်းတဲ့နေရာ အရပ်ဒေသတွေမှာ ပေါပေါသီသီ

သုံးနိုင်ပေမယ့်လည်း အခုလိုဖွဲ့စည်း ပါတီသစ် တွေမှာ အခက်အခဲ တော်တော်များများ

ရှိနေကြောင်းတွေ့ရှိရသည်။မီဒီယာတွေဘက်မှ ပြန်လည်ကြည့်ရူလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်

သွားရောက်သည့် ခရီးစဉ်တိုင်း ဒေါ်စု အိမ်ကနေထွက်တာ၊လမ်းမှာထမင်းစားတာ၊

အိမ်သာတက်တာ၊သးပေါက်တာက အစ သတင်းအနေနဲ့ထုတ်ပြနေကြောင်းလည်း တွေ့ရှိရပါသည်။

ကျန်ပါတီများစည်းရုံးရေးဆင်းတာ၊ပြည်သူ့အတွက်လုပ်ဆောင်ပေးတဲ့

 အရာမျိုးတွေကို တော့ ချန်လှပ်ထားကြောင်းကိုတော့ အများပြည်သူများ တွေ့ရှိကြမှာဖြစ်ပါသည်။


Myanmar Express

0 comments:

Post a Comment

LIKE BOX