-
ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက်မကြိုက်ကြိုက်ဟုတ်တာ မှန်တာဆိုရင် ပြောရဲရမယ်။ ညွှန်ပြရဲရမယ်။ ခေါင်းဆောင်ဟာခေါင်းရှောင်မဖြစ်စေရဘူး။ကျနော်ကတော့ လူတိုင်းကြိုက်ကိုလိုက်ပြောမှာမဟုတ်ဘူး။တိုင်းပြည်နှင့်လူထုအကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ လုပ်မှာပဲ။
-
လမ်းဘေး အကြော်တဲလေးထဲမှာ လူတစ်ယောက်ချမ်းနေရှာတာကို သူမြင်တော့ သူဝတ်ထားတဲ့ ကုတ်အကျီကို ချွတ်ပေးတယ်။ နိုင်ငံတော်ရဲ့ အကြီး အကဲ ဆီက မယူရဲတော့ ဗိုလ်ချုပ်က ဘာပြောတယ်ထင်လည်း ။ မင်းချမ်းနေတာ ငါနဲ့ ဆိုင်တယ်ကွ….. ပြည်သူလူထု ဆင်းရဲနေတာ ငါနဲ့ဆိုင်တယ်.။ ဘာကြောင့်လည်း ဆိုတော့ ငါက တိုင်းပြည်ရဲ့ အကြီးအကဲဖြစ်လို့ဘဲ ဆိုပြီး သူဝတ်ထားတဲ့ ကုတ်အကျီကို ချွတ်ပေးကာ သူရဲ့ နှလုံးသားကို လှပမှုကို ဖွင့်ပြသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း။
-
”ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကို ပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အမှန်သာလိုက်နာရင် တကယ့်ယောကျာင်္းမြတ်ဖြစ်နိုင်တဲ့ တရားတွေကိုသင်ကြားပေးတဲ့ကျောင်းကြီးပေါ့”
-
ပါးစပ်ပေါက်များစွာကို ဟာကနဲ ဟင်ကနဲ ဖြစ်စေခဲ့သော လူတိုင်းပါးစပ်ဖျားမှာ စံ တင်ထားနိုင်ခဲ့သော လူပေါင်းများစွာကို ပျော်ရွှင်စေခဲ့သော မြန်မာပြည်အား ထိမ်းသိန်းစောင့်ရှောက်ပေးသော ငြိမ်းချမ်းရေးအပြုံးတွေနဲ့ ဝေဆာနေသော စမတ်ကျကျ နေထိုင်ပြောဆို တတ်သော မနာလိုသူအတင်းအဖျင်းတွေကို မေတ္တာထား၍ သည်းခံတတ်သော ခေါင်းဆောင်ကောင်းပီသမူ့ဖြင့် ရှေ့ဆောင်လမ်းပြနိုင်သော ယုံကြည်မူ့အပြည့်ဖြင့် တာဝန်ထမ်းဆောင်နိုင်သော ကျွန်ုပ်တို့၏ ရင်ထဲမှ ကျွန်ုပ်တို့၏ သမ္မကြီး သက်တော်ရာကျော်ရှည်ပါစေ ကျန်းမာပါစေ ချမ်းသာပါစေ ပြည်သူအတွက် ခေါင်းဆောင်ပီသမူ့အား လေးစားဂုဏ်ပြုလိုက်ပါသည်...။ ချမ်းသာပါစေ ပြည်သူအတွက် ခေါင်းဆောင်ပီသမူ့အား လေးစားဂုဏ်ပြုလိုက်ပါသည်...။
Saturday, April 7, 2012
ပြည်သူနှင့်ပြည်ခိုင်ဖြိုးပါတီကြား သွေးခွဲခြင်းလုပ်ဆောင်နေတဲ့ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း
လက်အုပ်ချီ ရှိခိုးခြင်းနှင့်ပတ်သတ်၍
သိရဲ့သားနဲ့ မလိုက်နာကျတာလားတော့ မသိပါဘူး။ ရှိခိုးတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြတာကို
ဦးဇင်းမြန်မာပြည်နေစဉ်က ခဏခဏ တွေ့ဖူးပါတယ်။ ဦးဇင်းကလည်း လူတစ်ယောက်ရှိခိုးတဲ့အခါမှာ ဒီလူ
ဘာသာရေးလိုက်စားလား မလိုက်စားဘူးလားဆိုတာ သိချင်လို့ အဲဒီရှိခိုးတဲ့ပုံစံကို
လူတစ်ယောက်ရှိခိုးတဲ့အခါ သေချာကြည့်တာက များပါတယ်။ သို့သော် မိမိနဲ့မရင်းနှီးသောသူများဖြစ်ပါက
ပြောဆိုပေးဖို့က မဖြစ်နိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ မိမိနှင့်မရင်းနှီးရင် ဦးဇင်းက
စကားလည်းမပြောတက် မပြောရဲတာကြောင့်လည်း ပါပါတယ်။ ဒါ့ကြောင့် ဦးဇင်းက အားလုံးကို
ရင်းနှီးချင်တယ်။ ဒါမှလည်း အမြင်မတော်တာရှိရင် ကိုယ်က ရဲရဲတင်းတင်း ပြောရဲမှာလေ။
ဦးဇင်း နိုင်ငံခြားသားများနှင့် ဘုရားစေတီပေါ်တွင် တွေ့ဆုံ၍ စကားပြောဖြစ်သောအခါမှာလည်း သူတို့က
မင့်တို့ ဗုဒ္ဓဘာသာလူမျိုးတွေ ဘာ့ကြောင့် ဘုရားရှိခိုးတဲ့အခါ တစ်ဦးနှင့်တစ်ဦး မတူညီကြတာလဲ။
မင့်တို့ဘုရားက ရှိခိုးခြင်းနှင့်ပတ်သတ်ပြီး မိန့်ကြားပေးခဲ့တာ မရှိဘူးလားဆိုပြီး အမေးခံရဖူးလို့
ဖြေရှင်းပေးခဲ့ရတာလည်း မနည်းပါဘူး။ အခုတစ်ခါ သီရိလင်္ကာနိုင်ငံရောက်၍ မိမိတက်နိုင်သမျှ
ပညာများကို အွန်လိုင်းကနေတဆင့် ဖြန့်ဖြူးပေးနေတော့လည်း gmail ကနေ ရှိခိုးခြင်းနှင့်ပတ်သတ်ပြီး
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက ခဏခဏ အမေးခံရလို့ ဖြေပေးရတာလည်း များလှပါပြီ။ ဒါ့ကြောင့်
နောက်တစ်ခါမေးခြင်းများကို မဖြေရအောင်နှင့် လူသားအားလုံးသိရှိပြီး လိုက်နာကျင့်သုံးနိုင်အောင်
ဘယ်လိုရှိခိုးရမလဲဆိုတာကို တင်ပြပေးလိုက်ပါတယ်။
လက်အုပ်ချီမိုးရှိခိုးသောအခါ
ဥက္ခောင်းမြေထိ၊ ပြားပြားပိမျှ၊ အတိဂါရဝ၊ ရိုသေခလျက်၊ တုပ်ကွကျစ်လစ်၊ မြတ်ရှင်ချစ်အား၊ ပုဆစ်နှစ်ဖက်၊
စုံလက်ပြိုင်ပူး၊ နဖူးထိပ်စ၊ ဦးနှိမ်ချပြီး၊ ပဉ္စပတိဋ္ဌီ၊ ငါးလိမယွင်း၊ တည်ညွတ်ခြင်းဖြင့်၊ အချင်းခပ်သိမ်း၊
ညွတ်ညွတ်တိမ်းမှ….ဟု မဃဒေဝလင်္ကာပိုဒ်ရေ (၁၈)မှာ တင်ပြထားသကဲ့သို့
ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး ငါးဦးညီမှသာဆိုသည့်အတိုင်း မိမိခြေဖျားဆယ်ချောင်း၊
လက်ဖျားဆယ်ချောင်း၊ နဖူး၊ တံတောင်နှစ်ဖက်၊ ဒူးခေါင်နှစ်ဖက်တို့သည် ကြမ်းပြင်(သို့မဟုတ်) မြေကြီးနဲ့
ထိစပ်ပြီး ရှိခိုးရပါမည်။
ထို့ပြင် လက်အုပ်ချီတဲ့အခါမှာလည်း ကြာဖူးသဏ္ဍာန်ပြုလုပ်ပြီး နဖူးတည့်တည့်မှာ တည်ထားကာ
ခါးညွတ်၍ရှိခိုးတဲ့အခါ လက်အုပ်ကလေးကြဲလိုက်ပြီးလျှင် မြေကြီးကို အထက်ပါငါးချက်လုံး ထိစပ်မှုရှိအောင်
ရှိခိုးရပါမည်။
ထိခြင်းငါးပါးဖြင့် ဘုန်းကြီးများက ဘုရားဆင်းတုနှင့် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ရှိခိုးဦးချနေကြစဉ်
ယခုတင်ပြခဲ့သလို ဦးဇင်းတို့ဗုဒ္ဓဘာသာလူမျိုးများအားလုံး လိုက်နာကျင့်သုံးကြမယ်ဆိုလျှင် မိမိတို့ဘာသာကို
အခြားသူများမြင်ပါက ကဲ့ရဲ့စရာ အထင်သေးခြင်းများလည်း ကင်းလွတ်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘူး
တစ်ယောက်တစ်ပေါက်နှင့်လုပ်ချင်သလို လုပ်နေမယ်ဆိုပါက မိမိတို့ဘာသာကို တစ်ခြားဘာသာဝင်များက
မင့်တို့ဘာသာက အခြေခံအဆင့်ဖြစ်တဲ့ ရှိခိုးတာတောင် တစ်ယောက်နှင့်တစ်ယောက်မတူညီကြဘူးဆိုပြီး
ကဲ့ရဲ့အထင်သေးခြင်းများ ခံရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။
ယခုလောက်တင်ပြလျှင် လုံလောက်မည်ဟုထင်သောကြောင့် ဒီမှာပဲ နိဂုံးချုပ်ရင်း
ဦးဇင်းတို့ဗုဒ္ဓဘာသာလူမျိုးများသည် အခြေခံအဆင့်ဖြစ်တဲ့ ရှိခိုးခြင်းလေးကိုတော့ အားလုံးညီညွတ်စွာဖြင့်
လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါပေသည်။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com
ကိုလံဘိုမြို့၊သီရိလင်္ကာနိုင်ငံ။
တော်ပါပြီ...ဒေါင်းရယ်..
အန်တီစု ရဲ့ မျိုးချစ်စိတ် ကိုတော့ လေးစားမိတာ အမှန်ပါ
ပင်းတယ မြို့သူကြီး ဦးမြတ်၊ မျိုးချစ်သူရဲကောင်းကြီး ဦးဘိုးမြ နှင့် ဦးမင်ရောင် တို့၏
မျိုးဆက် သစ် မစ်စ် အဲရစ် (Mrs Aris) နှင့် ဆွေမျိုးပေါက်ဖော်များ
ဦးအောင်ဇေယျ လက်ထက် ပင်းတယ မြို့သူကြီး ဦးမြတ် ရဲ့ မျိုးဆက်သစ်မလေး မစုကြည်
ဒီကနေ့ခေတ်မှာနိုင်ငံတနိုင်ငံကို သိမ်းပိုက်ဖို့အတွက် နိုင်ငံကြီးများက ၎င်း တို့ရဲ့ သြဇာခံသူ၊ အဆင်ပြေ
သူတွေကို အစိုးရတင်ပြီး လူမျိုးရေး ဝါးမြိုကာ သိမ်းပိုက်တဲ့ နည်းကို သုံးနေကြကြောင်း ပြီးခဲ့တဲ့
တပ်မတော်နေ့မိန့်ခွန်းမှာ သတိပေး ပြောကြားသွားပါတယ်။
ဗုဒ္ဒဘာသာ မြန်မာနိုင်ငံတွင် မိန်းမ တစ်ဦးဖြစ်တဲ့ ဒေါ်စု အား လွှတ်တော်ကိုယ်စားလှယ် အရွေးချယ် ပြီး နောက် ၄ ရက်ကြာတွင် နိုင်ငံအနှံ့ မိုးသီးကျ
Monday, April 2, 2012
ဒေါ်စုရဲ...သမီးတယောက်ပါ...သမီးဆိုးလို.ခေါ်ပါတယ်...အမေခြေရာနင်းနိုင်ပါတယ်..(FACEBOOK က ကူးလာတာပါ..)
ကို အုန်း ပွင့် ရဲ. ရင် ဖွင်.သံ
တစ်မွန်းတည့်ပေါ့ဗျာ..။အဘွားကြီး သိပ်မနေရတော့ပါဘူး.။ အဘွားကြီးသေရင် ဘယ်သူတက်
မှာလဲ..။အစကတည်းကဗြုတ်စဗျင်းတောင်း. ဖြစ်ကတတ်ဆန်း ပေါက်လွှတ်ပဲစား လူတွေနဲ့ဖွဲ့
ထားတဲ့ပါတီပဲ.။ လူတွေကတော့ ဒေါ်စု ဆိုတော့ မျှော်လင့်ကြမပေါ့လေ..။အုန်းပွင့်လောက်တောင်
သောက်သုံးမကျတာ သူတို့ နောက်တော့ သိလာမှာပါ..။ခုချိန်ကတော့ NLD ကကောင်တွေကို
သွားမစလေနဲ့ ညီအစ်ကိုတို့.. ဘ၀င်လေဟပ်ပြီး ထမီဖင်ကပ်လားမကပ်လားတောင်မသိတော့ဘူး.။
အခုပြုံးနေပေမယ့် .။နောင်တစ်ချိန်မှာ မြန်မာ့နိုင်ငံရေး လူ့အသိုင်းအ၀ိုင်းမှာ ခေါင်းမဖော်နိုင်အောင်
ကြေကွဲရလိမ့်မယ်ဆိုတာ..အုန်းပွင့်တို့ ကြိုမြင်နေတယ်.။မင်းတို့ သိထားဖို့က ဒေါင်းအိုမကြီး ဒေါ်စု
ဆိုတာ Immortal ရထားတဲ့ မသေနိုင် မအိုနိုင်တဲ့သူ မဟုတ်ဘူးနော်..။ သူသေသွားရင်.. ဘယ်သူ့
အဖေခေါ်ရမှန်းမသိတဲ့ လူတွေ..၊ အတိတ်မေ့သလို ရွှေပျောက်သလို လုပ်ဥိးမယ့်သူတွေ ပေါ်လာ
လိမ့်ဦးမယ်.။ ဗေဒင်ဆရာတော့မဟုတ်ဘူး..၊ အကြားအမြင်လည်းမရဘူး.။ဒါပေမယ့် အနာဂါတ်မှာ
ဖြစ်လာမယ့် NLD အစုလိုက်အပြုံလိုက် ပြိုကွဲခြင်းကို ကြိုမြင်နေတယ်.။
အသက်သာကြီးနေတယ်...အတွေးအခေါ်တွေက...ခပ်ကြောင်ကြောင်ရယ်.....
- သေနတ်ကိုင်တဲ့လူတွေက သေနတ်ကိုင်ပြီး ဥပဒေအထိန်းအကွပ်မရှိဘဲ သူမှန်တယ်ထင်တိုင်း
ပစ်နေတာကို မကြိုက်ဘူးဆိုရင်..
- လက်ထိပ်ကိုင်တဲ့သူတွေက လက်ထိပ်တကားကားနဲ့ ဥပဒေအထိန်းအကွပ်မရှိဘဲ သူမှန်တယ်ထင်တိုင်း
ဖမ်းနေဆီးနေတာကို မကြိုက်ဘူးဆိုရင်....
- တရားစီရင်တဲ့သူတွေက ဥပဒေအထိန်းအကွပ်မရှိပဲ သူမှန်တယ်ထင်တိုင်း စီရင်နေတာကိုမကြိုက်ဘူးဆိုရင်
- အုပ်ချုပ်ရေး အာဏာပိုင်တွေက ဥပဒေအထိန်းအကွပ်မရှိပဲ သူမှန်တယ်ထင်တိုင်း
အုပ်ချုပ်နေတာကိုမကြိုက်ဘူးဆိုရင်
- ခင်ဗျားတို့မီဒီယာသမားတွေ ကလောင်ကိုင်ပြီး ဥပဒေအထိန်းအကွပ်မရှိပဲ
မှန်တယ်ထင်တိုင်းရေးနေတာကို ကျန်တဲ့သူတွေကရော ဘယ်ကြိုက်မလဲဗျာ....
ကျည်ဆန်တစ်တောင့်မှားပစ်ရင် လူတစ်ယောက်ကိုပဲ သေစေနိုင်တယ်
လက်ထိပ်တစ်ခုနဲ့ မှားဖမ်းရင်လည်း လူတစ်ယောက်ကိုပဲ မှားဖမ်းနိုင်တယ်
စီရင်ချက်တစ်ခုမှားချရင်လည်း အလားတူပဲ အကျိုးသက်ရောက်နိုင်တယ်
ခင်ဗျားလို ခပ်ကြောင်ကြောင် ကလောင်တစ်ချောင်းကြောင့် စာဖတ်မိတဲ့သူတိုင်း အဆိပ်သင့်သွားနိုင်တယ် ၊
ပျက်စီးရာပျက်စီးကြောင်းတွေ ဖြစ်သွားနိုင်တယ်ဆိုတာ သေခါနီးထိ တရားမရနိုင်တာ အံ့သြမိတယ်
.....အကုသိုလ်တွေများလွန်းတော့ အ၀ိစိကတော့ရောက်မှာ ရောက်မှာပါဘဲ....တော်ကြာ အ၀ိစိကို
ဖြတ်ကနဲ ရောက်မသွားပဲ ကိုယ့်ဖာသာ ယက်ပြီးဆင်းနေရမှာစိုးလို့ ရေးလိုက်ပါတယ် ။
( ခုလို ကိုယ့်ကို သူများက လွတ်လွတ်လပ်လပ်ကြီး ရေးချလိုက်တာကိုလည်း ပြုံးပြုံးကြီးဖတ်ပေရော့ )
ဒေါက်တာဆိတ်ဖွား
ရွေးကောက်ပွဲမှာ ဒေါ်စုနိုင်ကို နိုင်မှာပဲ
ရွေးကောက်ပွဲမှာ ဒေါ်စုနိုင်ကို နိုင်မှာပဲ ၊
အစကတည်းက အစိုးရက နိုင်စေချင်လို့ အခြေခံဥပဒေတွေပြောင်းပေးပြီး
ဒေါ်စုကို ၀င်ပြိုင်စေမယ် ၊ တကယ်ဆိုရင် ဒေါ်စု အနေနဲ့ နိုင်ငံသားလည်းမပာုတ်၊
လူမျိုးခြားနဲ့ လည်း လက်ထပ်တဲ့အတွက် ၀င်ပြိုင်ခွင့်မရှိပါဘူး ။
ပြီးရင် ဒေါ်စု လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ ဒီမိုကရေစီကိုဦးတည်နေပါတယ်ဆိုပြီး
အခြားနိုင်ငံတကာရဲ့ ပိတ်ဆို့ မှုတွေကို လျှော့ချစေမယ် ၊ အခု အလွှတ်တော်ထဲမှာပဲ
ကြံ့ဖွတ်ဦးရေက ၄၀၀ ရှိတယ် ၊ စစ်တပ်က လွှတ်တော် တစ်ခုလုံးမှာရှိတာရဲ့ ၂၅ % ရှိတယ် .။
ပြီးတော့ စစ်တပ်အနေနဲ့ ဒေါ်စုကို သူတို့ ရဲ့ အခြေခံဥပဒေကို လုံးဝအထိခံမှာမပာုတ်ဘူး
ဘီဒိုအာဏာနဲ့ ပဲ ပယ်ချမှာပဲ ၊ နောက်ဆုံးကုန်ကုန်ပြောရရင် သမ္မတကိုတောင်
အာဏာ တက်သိမ်းလို့ ရတဲ့ power တွေ စစ်တပ်မှာရှိတယ် ။
ပြောချင်တာက ဒေါ်စုနိုင်ရုံနဲ့ မြန်မာနိုင်ငံကြီး ဒီမိုကရေစီရပြီး ငြိမ်းချမ်းမှာမပာုတ်ဘူး၊
ဒါပေမယ့် မျှော်လင့်ချက် အရိပ်ယောင်လေးတော့ ရှိတယ် ၊ အဲဒါကို ဒေါ်စုကိုယ်တိုင်လည်းသိတယ်
အဲဒါကြောင့် ဒေါ်စုအနေနဲ့ လွှတ်တော်ထဲကို ၀င်ပြိုင်ရတာဖြစ်တယ် ၊
မြန်မာနိုင်ငံဒီမိုကရေစီရဖို့ ဆိုတာ လွယ်လွယ်နဲ့ ဖြစ်မလာနိုင်ပါဘူး ၊
အစိုးရက အနေနဲ့ သေသေချာချာ အကွက်ချပြီး စီစဉ်ထားတဲ့ ကိစ္စမလို့ ပါ ။အရမ်းလည်းလည်လွန်းတယ် ၊
လျှော့မတွက်ပါနဲ. ။
ဆုတောင်းပါတယ် ၊ မြန်မာနိုင်ငံကြီး ဒီမိုကရေစီ မြန်မြန်ရပါစေလို့ ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြည်သူတစ်ဦးမှ အိတ်ဖွင့်ပေးစာ နှင့် ပြည်သူများ သိရှိစေရန်....
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်များ သိစေရန် ယခုစာအား
ရေးသားပေးပို့လိုက်ခြင်းဖြစ်ပါသည်။ယနေ့တွင်ကျင်းပပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲရုံနေရာတော်တော်များများ တွင်
အနိုင်ရရှိနေကြောင်းသိရှိရပါသည်။သို့သော် မြို့နယ်တစ်ခုတွင် မဲရုံ ၁ ခု ၂ ခု စီသာ သိရှိရခြင်းသာ ဖြစ်ပြီး
သတင်းထောက်များ၊NLD ပါတီဝင်များ၏ အာဘော်များဖြင့် ယခုကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင်
NLD ပါတီက အားလုံးအနိုင်ရရှိသည်ဟု ရပ်ကွက်များ မြို့နယ်များတွင် လိုက်လံ
ကြွေးကြော်နေကြောင်းတွေ့ရှိနေရပါသည်။အဖြေကခုထိ အတိအကျ ထွက်မလာသေးဘဲ ကိုယ့်ကိုကိုယ်
နိုင်တယ်ဟု ယူဆပြီး ရပ်ကွက်နှင့် မြို့နယ်များတွင် စုရုံးကာ အော်လိုက်ကြ၊ဟစ်လိုက်ကြ ဖြင့် အများနေ
ကျွန်မတို့ပြည်သူတွေကို များ စွာအနှောက်အယှက်ဖြစ်စေပါသည်။ကျွန်မပြောချင်တာက
ဘယ်ပါတီဘဲနိုင်နိုင် ဘယ်ပါတီက အမတ်တွေဘဲဖြစ်ဖြစ် ကျွန်မတို့အနေဖြင့် နိုင်ငံတော်ကြီး
တိုးတက်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါသည်။အားလုံးက တစ်မြေတည်းနေ တစ်ရေတည်းသောက်
တာချင်းအတူတူ အခုလို မဲကိစ္စများကြောင့် အချင်းများကာ လူသေမူ၊ရိုက်မူ တွေကို မြင်နေရသည့် အတွက်
တော်တော်လေးကို စိတ်မကောင်းဖြစ်မိရပါတယ်ရှင်။ကျွန်မအကြံပြုချင်တာက
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မဲစာရင်း အတိအကျထွက်မှ အနိုင်ရသည်ဆိုလျှင် အခုလို
ကိစ္စရပ်များ ကို လုပ်ဆောင်ပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။
လေးစားစွာဖြင့်.....
ပြည်သူတစ်ဦး
Myanmar Express