Monday, April 2, 2012

ရွေးကောက်ပွဲမှာ ဒေါ်စုနိုင်ကို နိုင်မှာပဲ

Posted by မျိုးချစ်သူရဲကောင်းများ On 6:44 AM 1 comments


ရွေးကောက်ပွဲမှာ ဒေါ်စုနိုင်ကို နိုင်မှာပဲ ၊

အစကတည်းက အစိုးရက နိုင်စေချင်လို့ အခြေခံဥပဒေတွေပြောင်းပေးပြီး

ဒေါ်စုကို ၀င်ပြိုင်စေမယ် ၊ တကယ်ဆိုရင် ဒေါ်စု အနေနဲ့ နိုင်ငံသားလည်းမပာုတ်၊

လူမျိုးခြားနဲ့ လည်း လက်ထပ်တဲ့အတွက် ၀င်ပြိုင်ခွင့်မရှိပါဘူး ။

ပြီးရင် ဒေါ်စု လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ ဒီမိုကရေစီကိုဦးတည်နေပါတယ်ဆိုပြီး

အခြားနိုင်ငံတကာရဲ့ ပိတ်ဆို့ မှုတွေကို လျှော့ချစေမယ် ၊ အခု အလွှတ်တော်ထဲမှာပဲ

ကြံ့ဖွတ်ဦးရေက ၄၀၀ ရှိတယ် ၊ စစ်တပ်က လွှတ်တော် တစ်ခုလုံးမှာရှိတာရဲ့ ၂၅ % ရှိတယ် .။

ပြီးတော့ စစ်တပ်အနေနဲ့ ဒေါ်စုကို သူတို့ ရဲ့ အခြေခံဥပဒေကို လုံးဝအထိခံမှာမပာုတ်ဘူး

ဘီဒိုအာဏာနဲ့ ပဲ ပယ်ချမှာပဲ ၊ နောက်ဆုံးကုန်ကုန်ပြောရရင် သမ္မတကိုတောင်

အာဏာ တက်သိမ်းလို့ ရတဲ့ power တွေ စစ်တပ်မှာရှိတယ် ။

ပြောချင်တာက ဒေါ်စုနိုင်ရုံနဲ့ မြန်မာနိုင်ငံကြီး ဒီမိုကရေစီရပြီး ငြိမ်းချမ်းမှာမပာုတ်ဘူး၊

ဒါပေမယ့် မျှော်လင့်ချက် အရိပ်ယောင်လေးတော့ ရှိတယ် ၊ အဲဒါကို ဒေါ်စုကိုယ်တိုင်လည်းသိတယ်

အဲဒါကြောင့် ဒေါ်စုအနေနဲ့ လွှတ်တော်ထဲကို ၀င်ပြိုင်ရတာဖြစ်တယ် ၊

မြန်မာနိုင်ငံဒီမိုကရေစီရဖို့ ဆိုတာ လွယ်လွယ်နဲ့ ဖြစ်မလာနိုင်ပါဘူး ၊

အစိုးရက အနေနဲ့ သေသေချာချာ အကွက်ချပြီး စီစဉ်ထားတဲ့ ကိစ္စမလို့ ပါ ။အရမ်းလည်းလည်လွန်းတယ် ၊

 လျှော့မတွက်ပါနဲ. ။

ဆုတောင်းပါတယ် ၊ မြန်မာနိုင်ငံကြီး ဒီမိုကရေစီ မြန်မြန်ရပါစေလို့ ။

1 comments:

This comment has been removed by a blog administrator.

Post a Comment

LIKE BOX