Sunday, December 25, 2011

Posted by မျိုးချစ်သူရဲကောင်းများ On 7:14 AM 2 comments

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်များ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၁၂) ရက်နေ့က

ကျင်းပပြုလုပ်သော နယ်မြေလုံခြုံရေးအရ ရှောင်တိမ်းလာရသူများအတွက်

ပြည်ထောင်စုလွှတော်ကိုယ်စားလှယ်များမှ ကချင်ပြည်နယ် အစိုးရအဖွဲ့ထံ

အလှူငွေပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် သိရှိခဲ့ရသော ငြိမ်းချမ်းရေးနှင့် ပတ်သက်၍

လွှတော်ကိုယ်စားလှယ်များ၏ ပြောကြားချက်များကို တင်ပြအပ်ပါသည်။



ဦးခတ်ထိန်နန်

ပျော်ရွှင်နေရမယ့် ဒီဇင်ဘာခရစ်စမတ်အချိန်အခါမှာ ကျွန်တော်တို့တွေဟာ ၀မ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊

မတည်ငြိမ်ခြင်းတွေ စတဲ့ခံစားမှုကိုယ်စီနဲ့ ဒီနေ့ဒီလမှာ တွေ့ဆုံနေကြရပေမယ့်

လုံခြုံရေးအရခိုလှုံလာရသူများ၊ မိသားစုများကို ဖေးမကူညီစောင့်ရှောက်နိုင်ရန်အတွက်

ကျွန်တော်တို့အားလုံးဟာ တက်ညီလက်ညီ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ မဏ္ဍိုင်ကြီး သုံးရပ်နှင့်အတူ

စတုတ္ထမဏ္ဍိုင်ဟာလည်းပဲ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တဲ့အတွက် ဒီနေ့မြစ်ကြီးနားမှာရှိတဲ့

ပြည်တွင်းမီဒီယာများ အထူးသဖြင့် ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားကို ခေတ်သစ် စနစ်သစ်

အစိုးရသစ်လက်ထက်မှာ ပထမဆုံးရောက်လာတဲ့ ပြည်တွင်းမီဒီယာများထဲက မြန်မာတိုင်းမ်၊ Voice ၊ Weekly

Eleven ၊ Hot News ၊ ကုမုဒြာ စတဲ့သတင်းမီဒီယာများကို လည်း ကချင်ပြည်နယ်က ကြိုဆိုသလို

ကျေးဇူးလည်း အများကြီးတင်ပါတယ်။ ဒီကနေ့ ရောက်ရှိလာတဲ့ Hot News journal

အယ်ဒီတာချုပ် ဒေါ်ဟေမာကလည်း ငွေကျပ် သိန်း(၆၀) ကို ကိုယ်တိုင် စခန်းတွေကို

လိုက်လံလှူဒါန်းသွားမှာဖြစ်ပါတယ်။


ဦးဂျေရောဝူ

တပ်မတော်ဆိုတာလည်း တိုင်းရင်းသားမျိုးစုံပါဝင်ပါတယ်။ ကျွန်တော်လွှတော်မှာလည်း တင်ပြထားပါတယ်။

လူနည်းစုတိုင်းရင်းသားတွေကို အနိုင်ကျင့်တာမျိုးတော့ မဖြစ်စေချင်သလို

တိုင်းရင်းသားတွေအနေနဲ့လည်း မဖြစ်နိုင်တဲ့ ပြည်ထောင်စုကြီး ပြိုကွဲစေမယ့်တောင်းဆိုမှုတွေကို

မတောင်းဆိုစေချင်ပါဘူး။ စစ်ပွဲတွေကြောင့် ခေတ်သစ်ပြည်သူတွေလည်း သေကြေပျက်စိးကြပြီး

အများကြီးဒုက္ခရောက်ရပါတယ်။ ကလေးတွေလည်း မိဘမဲ့ ဖြစ်ကုန်တာတွေ ရှိပါတယ်။ ဒါကြောင့်

အပစ်အခက် အမြန်ဆုံးရပ်ဆဲပြီး အမြင်မတူတာတွေကို ညှိနှိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ

အမြန်ဆုံးဖော်ဆောင်နိုင်အောင်သာ ဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဒေါ်ဒွဲဘူ

မည်သည့် တိုင်းရင်းသားလူမျိုးမဆို သေနက်သံ ဗုံးသံကို မကြားလိုကြကြောင်း ငြိမ်းချမ်းမှုနဲ့ ဆန့်ကျင်တဲ့

စစ်နှင့် သွေးထွက်သံယိုမှုများကို လုံးဝမကြားလိုကြောင်း၊ မိမိတို့ကချင်ပြည်နယ်မှာ သေနက်သံ ဗုန်းသံ

မိုင်းကွဲသံများကို ပြန်လည်ကြားနေရပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများ

စိတ်မချမ်းမြေ့မှုနဲ့ စိုးရိမ်ထိတ်လန့်မှုများ ကြီးမားစွာခံစားနေရကြောင်း

ဦးစောသိန်းအောင်

တိုင်းရင်းသားအဖွဲ့အစည်းများသည် လူမျိုးစုံ၊ ဒေသစုံမှ ကျဉ်းမြောင်းသည့်

အယူအဆများကို စွန့်လွှတ်လျှက် တစ်ဦးနှင့်တစ်ဦးနားလည်မှု ရယူကာ

ပွင်လင်းစွားဆွေးနွေးတိုင်ပင်၍ ဒေသအကျိုး၊

နိုင်ငံအကျိုးဆောင်ရွက်သွားကြ မှသာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊

နယ်စပ်ဒေသတည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို

အရှန်အဟုန်တိုးမြှင့်ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း။


Posted by မျိုးချစ်သူရဲကောင်းများ On 6:53 AM 0 comments

ရဟန်းနှင့်လူဆက်ဆံနည်း(၄)မျိုး


ရဟန်းတော်များနှင့် လူဒကာ,ဒကာမတို့သည် မကွေမကွာဆက်ဆံနေကြရသူများဖြစ်၍ ခွဲခွာ၍ မရစကောင်း။

သာသနာ့တာဝန်ကို ဆောင်ရွက်ကြရာ၌ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ၊ ပစ္စယနှင့်ဓမ္မ၊

လောကနှင့် လောကုတ္တရာဒွန်တွဲနေသဖြင့် ခွဲခွာ၍မရ။ သို့ရာတွင် လိုအပ်သည်ထက် ကျော်လွန်၍

ပူးတွဲခြင်းမရှိစေရချေ။ ရဟန်းနှင့်လူ ဆက်ဆံနည်း(၄)မျိုးရှိပါသည်။

၁။ဂါဟ ဂါဟက- အပြန်အလှန်ဖမ်းခြင်း၊အချို့အမျိုးသားအမျိုးသမီးတို့သည် ရဟန်းတော်များအား

ရှိခိုးပူဇော်လှူဒါန်းကြရာ၌ သံဃာတော်ဂုဏ်ကို အာရုံမပြု၊ သီလ,သမာဓိ,ပညာ ရရာရကြောင်း၊

လူ,နတ်,နိဗ္ဗာန်သုံးတန်ချမ်းသာ ရရာရကြောင်းကိုအကြောင်းပြု၍လှူဒါန်းပူဇော်ကြသည်မဟုတ်။

လက်ရှိအခြေအနေကို အပေးအယူအကူအညီ ရယူလိုသောစိတ်ဖြင့် ဆက်ဆံကြတယ်၊ ပူဇော်ကြတယ်။

ထိုသို့သော အမျိုးသားအမျိုးသမီးများကို လာဘ်ပေးလာဘ်ယူနည်းအရ အာမိသပစ္စည်းကို မိမိက

အရင်ပေးကာ မိမိကိုယ်ကျိုးအတွက်ဖြားယောင်း၍ အမိဖမ်းသူဟုခေါ်ပါသည်။
 

အချို့သောရဟန်းတော်များလည်း ထို့အတူပင် ဒကာ ဒကာမတို့အား အသိဥာဏ်ပေးခြင်း၊

ရဟန်းတရားကျင့်ကြံခြင်း အားဖြင့်အလှူအကျိုးများအောင်ဆောက်ရွက်ပေးခြင်းမျိုးဖြင့် မပေါင်းဘဲ

လာဘ်ရရေးအတွက် လူပေါင်းပေါင်းကာ ၀မ်းကျောင်းအလှူခံရုံမျှမက မိမိကပင် သစ်သီးပေးခြင်း၊

ပန်းပေးခြင်း၊ငွေချေးခြင်း၊ဗေဒင်ဟောခြင်း၊ဆေးပေးခြင်းစသည်ဖြင့်လူဒကာတို့၏ ပင်ကိုယ်ယုံကြည်စိတ်၊

သဒ္ဓါစိတ်ကလေးကို လမ်းပြောင်းသွားအောင်ဖျက်ဆီးတတ်ကြသည်။ ထိုရဟန်းကို အလဇ္ဇီ-

အရှက်မရှိသောရဟန်းဟုခေါ်ပါသည်။ဤနည်းဖြင့်ဆက်ဆံသည်ကို ရဟန်းတော်များဘက် က ဖမ်းယူခြင်း၊

ဖြားယောင်းခြင်းဟုခေါ်သည်။ အဲဒီလိုဆက်ဆံနည်းကို လူဒကာဘက်ကလဲဖမ်း၊ ရဟန်းဘက်ကလဲဖမ်း၊

အဖမ်းအဖမ်းချင်းဆက်ဆံနည်းဟုခေါ်ပါသည်။ ထိုသို့သောဆက်ဆံနည်းဖြင့်ဆက်ဆံပါလျှင်

လှူဒါန်းအားပေးသူဒကာဒကာမတို့လည်းသာသနာဖျက်ဆီးသူဟုခေါ်ပြီး၊ ရဟန်းကိုလည်း

သာသနာဖျက်ဆီးသူဟုခေါ်ပါသည်၊ သေလျှင်ငရဲသို့ကျရောက်တတ်ပါသည်။

၂။ဂါဟမုတ္တက- ဒကာသာ ဖမ်း၍ ရဟန်းတော်ဘက်က အဖမ်းမခံခြင်း၊ လွှတ်ခြင်း။ အချို့သော

လူဒကာဒကာမတို့သည် ရဟန်းတော်များအား ရှိခိုးပူဇော်လှူဒါန်းကြရာ၌ သံဃာတော်ဂုဏ်ကို အာရုံမပြု၊

သီလ,သမာဓိ,ပညာ ရရာရကြောင်း၊ လူ,နတ်,နိဗ္ဗာန်သုံးတန်ချမ်းသာ

ရရာရကြောင်းကိုအကြောင်းပြု၍လှူဒါန်းပူဇော်ကြသည်မဟုတ်။ လက်ရှိအခြေအနေကို

အပေးအယူအကူအညီ ရယူလိုသောစိတ်ဖြင့်

ဆက်ဆံကြတယ်၊ ပူဇော်ကြတယ်။ ထိုသို့သော အမျိုးသားအမျိုးသမီးများကို လာဘ်ပေးလာဘ်ယူနည်းအရ

အာမိသပစ္စည်းကို မိမိက အရင်ပေးကာ မိမိကိုယ်ကျိုးအတွက်ဖြားယောင်း၍

အမိဖမ်းသူဟုခေါ်ပါသည်။ထို့သို့သောနည်းကို ဒကာကသာဖမ်း၍ ရဟန်းတော်ကအဖမ်းမခံခြင်း၊

မဖမ်းခြင်းဟုခေါ်ပါသည်။


၃။မုတ္တဂါဟက-ဒကာဘက်က လွှတ်ထားသော်လည်း ရဟန်းဘက်ကဖမ်းနေခြင်း။

အချို့သောရဟန်းတော်များသည် ဒကာ ဒကာမတို့အား အသိဥာဏ်ပေးခြင်း၊ ရဟန်းတရားကျင့်ကြံခြင်း

အားဖြင့်အလှူအကျိုးများအောင်ဆောက်ရွက်ပေးခြင်းမျိုးဖြင့် မပေါင်းဘဲ လာဘ်ရရေးအတွက်

လူပေါင်းပေါင်းကာ ၀မ်းကျောင်းအလှူခံရုံမျှမက မိမိကပင် သစ်သီးပေးခြင်း၊ ပန်းပေးခြင်း၊ငွေချေးခြင်း၊

ဗေဒင်ဟောခြင်း၊ဆေးပေးခြင်းစသည်ဖြင့်လူဒကာတို့၏ ပင်ကိုယ်ယုံကြည်စိတ်၊ သဒ္ဓါစိတ်ကလေးကို

လမ်းပြောင်းသွားအောင်ဖျက်ဆီးတတ်ကြသည်။ ထိုရဟန်းကို အလဇ္ဇီ-

အရှက်မရှိသောရဟန်းဟုခေါ်ပါသည်။ဤနည်းဖြင့်ဆက်ဆံသည်ကို ရဟန်းတော်များဘက် က

ဖမ်းယူခြင်း၊ဖြားယောင်းခြင်းဟုခေါ်သည်။ ထိုသို့သောနည်းကို ရဟန်းဘက်ဖမ်း၍

လူဘက်ကမဖမ်းခြင်းဟုခေါ်ပါသည်။

၎။မုတ္တဂါဟက-ဒကာဘက်ကရော ရဟန်းဘက်ကပါ မဖမ်းဘဲ လွှတ်ထားခြင်း၊ အထက်ပါသုံးနည်းတို့မှ

တစ်ခုမှမဟုတ်သောနည်း၊ မြင့်မြတ်သောဆက်ဆံနည်းဟုခေါ်ပါသည်။ ရဟန်းနှင့်

လူပေါင်းသင်းဆက်ဆံနည်း(၄)မျိုးရှိရာ နောက်ဆုံးနည်းကို ဘုရားရှင်ကြိုက်တော်မူပါသည်။ သို့ဖြစ်၍

ဗုဒ္ဓဘာသာကောင်းပီပီ၊ ရဟန်းကောင်းပီပီ၊ နောက်ဆုံး မုတ္တဂါဟကနည်းဖြင့်ဆက်ဆံသွားဖို့ပါ။ ဘာပဲဖြစ်ဖြစ်

မိမိကအခုပေါင်းသင်းဆက်ဆံနေတာမှားနေတယ်ဆိုရင်တောင်ပြင်ယူတတ်ဖို့ပါပဲ။ ဤလေးချက်သည်

လူဒကာဒကာမတွေအတွက်အရေးကြီးသလို ရဟန်းတော်များအတွက်လည်း Very Very Important ပါပဲ။

ယနေ့မှစလို့ ကောင်းသောနည်းလမ်းဖြင့်ဆက်ဆံကာ သာသနာတော်ကြီးတိုးပွားအောင်

ကြိုးစားဆောင်ရွက်နိုင်ကြပါစေ…..............



Monday, December 19, 2011

Posted by မျိုးချစ်သူရဲကောင်းများ On 7:47 AM 0 comments

ပညာရှိ စကားများ

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။

(ဘင်ဂျမင်ဒစ်ဆရေလီ)

အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။

(အယ်ဘတ်အိုက်စတိုင်း)

လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။ ထို့ကြောင့်

အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌

အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။

(ဟင်းရစ်အစ်ဆန်)

ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။

(အီစွတ်)

သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား

ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများဖြစ်တယ်။

(ဆမ်းမာဆက်မော)

ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌

အရဲရင့်ဆုံး အကြံဥာဏ်ဟာ လုံခြုံမှုအရှိဆုံးဖြစ်တယ်။

(လိုင်ဗွီ)

စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။

ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။

မှတ်သားခြင်းက တိကျသော လူတစ်ယောက်ဖြစ်စေတယ်။

(ဆာဖရန်စစ်ဘေကွန်)

မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။

(နီကီတာခရုရှက်)

တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာ ကျောက်တုံးကိုပင် တိုက်စားသွားတယ်။

(လူခရီးတပ်စ်)

သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။

(ရပ်ဝယ်ဒိုအီမာဆန်)

ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာ ၀င်ပေါက်ကြီးဖြစ်တယ်။

အလုပ်မရှိတဲ့ လူတစ်ယောက်ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။

မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှ ၀င်ရောက်နိုင်တယ်။

(ဂျော့ဖရီချော်ဆာ)

ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။

(အဲဖရက်တင်နီဆင်)

အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေး

လွတ်မြောက်သွားခြင်းက ပိုလို့ကောင်းသေးတယ်။

(ဘလက်စတုံး)

သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။

(ဂျွန်ဒရိုင်းဒန်)

ငွေကြေးဥစ္စာအတွက် သက်သက်အိမ်ထောင်ပြုတာက ပြည့်တန်ဆာလုပ်တာနဲ့ အတူတူပဲ။

(ဘားနဒ်ရှော)

သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယား နဲ့ နားပင်းနေသော

လင်ယောက်ျား တို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။

(ဂျွန်မီတန်)

ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သောလူသာလျှင်

အတော်ဆုံးလူဖြစ်တယ်။

(ဟင်းရစ်အစ်ဆန်)

သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။

(ပလူးတက်)

သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။

(ချားဒါဝင်)

အနည်းငယ်သုံးစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့ အပေါက်ကလေး

တစ်ပေါက်ဟာ အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။

(ဘင်ဂျမင်ဖရင်ကလင်း)

လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။

(စီဆာရို)

ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။

(အယ်လင်နွာ ရုစဗဲ့)

ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ ကြောက်စရာ လည်းကောင်းတယ်။

အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံ ထားသောကြောင့် ဖြစ်တယ်။

(အလက်ဇန်းဒါးပုတ်)

အရာရာကို မလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော် မလုပ်တတ်ဘဲလုပ်ခြင်း ၊ သို့မဟုတ်

ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလည်း ကောင်းလှတယ်။

(ပလူးတက်)

စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊

အရာအားလုံး၌လည်းကောင်း အဓိက အကျဆုံး အချက်မှာ ရိုးသားမှုပင် ဖြစ်သည်။

(လောင်းဖဲလ်လိုး)

ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌စိတ်မှာ တင်းကျပ်နေတတ်သည်။

(ဗစ်တာဟူဂို)

ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။

(ဂျေ ၊ ဂျေ ၊ ရူးဆိုး)

ပညာရှိများနှင့်တစ်နာရီဆွေးနွေးရခြင်းသည် မိမိဘာသာစာအုပ်တစ်ရာဖတ်သည်ထက် အကျိုးများ၏။

(သိုးဆောင်းစကားပုံ)

အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။

(အဂ္ဂါး)

သူတစ်ပါးကို ကျကျနန သင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံး ဖြစ်၏။

(အင်္ဂလိပ်စကားပုံ)

စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာ

ရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်း

လိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဥာဏ် နှင့် အားပေးစကား ပြောဖို့ရန်

ဝန်မလေးအပ်ပေ။ စကားတစ်ခွန်းပြောပေးရုံနှင့်သူ့အား မြေတောင်မြှောက်ရာ ရောက်ပေသည်။

(ဒီဖိုမင်း)

စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့် သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်သမျှကို

သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်း နှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို

လုံးဝလက်မခံပါနှင့်။

(ဒေါက်တာဝီလျံအိုစလာ)

Posted by မျိုးချစ်သူရဲကောင်းများ On 7:39 AM 0 comments

အမြင်ကို အကြည့်ကပဲ ဆုံးဖြတ်ပါတယ်

တစ်ခါက

စစ်သားလူထွက် တစ်ယောက်နဲ့ ဘုန်းကြီးလူထွက် တစ်ယောက် နဲ့ အိမ်နီးနားချင်း ဖြစ်ကြတယ်။

အပြင်လောကမှာ သေချာ ကျွမ်းကျင်စွာ ရှာဖွေ မစားသောက်တတ်တဲ့ သူတွေ ဆိုတော့ သူတို့

အလုပ်လုပ်ရတာ အရမ်းကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ကိုယ့်ဖာသာကိုယ် ကြိုးစားပြီး

ဝီရိယစိုက်ထုတ်လုပ်ကိုင်တော့ သူ့ဖာသာသူ အနည်းငယ်တော့ စုဆောင်းမိကြတယ်။

သူတို့က အိမ်နီးနားချင်းသာ ဖြစ်ကြတာ မေးထူးခေါ်ပြောပဲ အဖြစ်နဲ့ပဲ နေထိုင်ကြတယ်။ ဟက်ဟက်ပက်ပက်

မပေါင်းဖြစ်ကြ။ စစ်သားလူထွက်ကလည်း သူ့ဖာသာသူ လုပ်စရာ ရှိတာတွေကို လုပ်တယ်။ ပြန်လာရင်

ချက်ပြုတ်စားသောက်တယ်။ ဘုန်းကြီးလူထွက် ဘာလုပ်တယ် ဘာကိုင်တယ် ၊ ဘယ်လိုနေတယ် သူ မသိ ၊

စိတ်လည်း မဝင်စား။ ဘုန်းကြီး လူထွက်ကလည်း ဒီလိုပဲ စစ်သားလူထွက် ဘယ်လို နေတယ် ၊ ဘာတွေ

 လုပ်တယ် စိတ်မဝင်စား. ၊ ဒီလိုနဲ့ပဲ သူတို့ နေထိုင်လာကြတယ်။

တစ်နေ့တော့. . . ၊ စစ်သားလူထွက် သူစုဆောင်းထားတဲ့ ရွှေတိုရွှေစ အထုပ်လေး ပျောက်သွားခဲ့တယ်။

သူထားရာ နေရာဝန်းကျင်မှာ ဘယ်လိုမှ ပြန်ရှာလို့ မတွေ့တော့ဘူး။ ဒါနဲ့ သူလည်း စိတ်တွေ အလွန်ရှုပ်ပြီး

သူ့ပစ္စည်းလေးကို ရှာဖို့ အိမ်အပြင်ထွက်လိုက်တော့ သူ့အိမ်ဘေးက ဘုန်းကြီးလူထွက် က မသင်္ကာစရာ

ကုန်းကုန်းကွကွနဲ့ တစ်ခုခုကို ဖွက်နေသလို ၊ တစ်ခုခုကို သိမ်းနေသလို တွေ့လိုက်ရတယ်။

သူ့မှာ သက်သေ မရှိလေတော့ သူ့ပစ္စည်းလေးကို ဘုန်းကြီးလူထွက် ခိုးတာဆိုပြီးလည်း စွပ်စွဲလို့ မဖြစ်။

သက်သေရအောင် သူ ဂရုစိုက်ပြီး ဘုန်းကြီးလူထွက်ကို စောင့်ကြည့်တယ်။ ဘုန်းကြီးလူထွက်ကလည်း

မသင်္ကာစရာ ပုံစံနဲ့ ဟိုဟာလုပ် ဒီဟာလုပ် နဲ့ တစ်ခုခုကို ဖွက်နေသလိုပါပဲ။ ဒီတော့ သူလည်း

ဘုန်းကြီးလူထွက်ဆီက သက်သေတစ်ခုခု မရလေ ပိုပြီး ဒေါသတွေက ထွက်လေ သူက ဘုန်းကြီးလူထွက်ကို

ဘယ်လိုပဲ ကြည့်ကြည့် သူခိုးလို့ပဲ မြင်လေလေပါပဲ။ သူလုပ်သမျှတွေကလည်း သူခိုးတွေ လုပ်ပုံနဲ့

တူနေပြန်တယ်။

ဒါပေမဲ့ ဖြစ်ချင်တော့ မိုးရာသီရောက်တော့မယ် ဆိုတော့ သူတို့ အိမ်ကို ပြင်ဆင်ရင်း ရေတလျှောက်ကို

သန့်ရှင်းရေးလုပ်တော့ သူပျောက်နေတဲ့ ရွှေတိုရွှေစအထုပ်လေး ကိုပြန်တွေ့ရတယ်။ တကယ်တော့

သူရဲ့ ရွှေထုပ်လေးကို အစာမှတ်ပြီး ကြွက်က ချီသွားတာပါ။ နောက်မှ အစာမဟုတ်မှန်းသိတော့

သူရောက်ရာနေရာမှာ ထားခဲ့တော့ ရေတလျှောက်ထဲကို ရောက်နေတာ။ ဒါကို အခုမှ သူက ပြန်တွေ့တယ်။

ဒီအချိန်မှာပဲ သူ ရေတလျှောက်ရှင်းနေသလို ဘုန်းကြီးလူထွက်ကလည်း ဟိုတစ်ဖက်မှာ သူ့ဖာသာသူ

သူလည်း သူ့အိမ်အတွက် ရှင်းလင်းပြင်ဆင်နေတယ်။ ကိုယ့်ပစ္စည်းလေး ပြန်ရတဲ့ စစ်သားလူထွက် က

အခုတော့ သူမြင်နေရတာက ဟိုးအရင် သူပစ္စည်းလေး မပျောက်ခင်ကတည်းက ဘုန်းကြီးလူထွက်ကို

ဘုန်းကြီးလူထွက်လို ပုံစံနဲ့ပဲ ပြန်မြင်မိတယ်။ ဘယ်လိုကြည့်ကြည့် သူခိုးပုံမပေါက်တော့ဘူး။

အဖြစ်အပျက်လေးကတော့ ဒါပါပဲ။

ကျွန်တော်တို့ ကြားဖူးနေကြ စကားလေး အတိုင်းပေါ့..“ ဥစ္စာပျောက် ငရဲရောက်တာပါ။ ”

ကိုယ့်ပစ္စည်းပျောက်တာနဲ့ သူများကို ထင်မိတတ် ၊ မြင်မိတတ်ပါတယ်။ ကိုယ့်ပစ္စည်း

ဘယ်နေရာကို ရောက်နေတယ် ဆိုတာ မသိဘူး။ ဘယ်ဖြစ်နေတာ မသိဘူး။

ဟိုလူ့ကို ထင်မိ ၊ ဒီလူ့ကို စွပ်စွဲမိ ဖြစ်တတ်ပါတယ်။

တကယ်တော့ ကိုယ်ရဲ့ အမြင်အာရုံကို အရောင်ပါသော မှန်တစ်ချပ်နဲ့ ကာထားလိုက်သလိုပါပဲ။ လောကကြီး

ဘယ်လောက်လှပနေပါစေ ဘယ်လိုမှ မမြင်နိုင်တော့ပါဘူး။ အရောင်ပါတဲ့ မှန်ကို ဖယ်ပြီး လောကကြီးကို

လက်ရှိအတိုင်း ကြည့်တတ်မှသာ အရာရာကို အမှန်အတိုင်းမြင်ပါလိမ့်မယ်။

ဒါကြောင့် “ လူတစ်ယောက်အပေါ် မိမိ ဘယ်လို မြင်တယ် ဆိုတာ သူ့ကို သင် ဘယ်လို အကြည့်နဲ့ 

ကြည့်လိုက်တယ် ဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်။ ”

Posted by မျိုးချစ်သူရဲကောင်းများ On 7:35 AM 0 comments

How To Solve The Problem (ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ)

တစ်ခါက မုဆိုးကြီး တစ်ယောက်ဟာ သူ့သားကို အသိပညာ တစ်ခုပေးချင်လို့

သူတောလိုက်သွားရာကို ခေါ်သွားသတဲ့။ တစ်နေရာလည်း ရောက်ရော တောင်ကမူလေး

တစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့။ ဖခင်မုဆိုးကြီးက သူ့သားကို သေသေချာချာ

ကြည့်ခိုင်းပြီး နေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ ရောက်အောင် ခဲလုံးတစ်လုံးနဲ့

ပစ်ပေါက်လိုက်တယ်။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ ထရပ်လိုက်တယ်။ ပြီးတော့

ဘာရယ်ညာရယ်မှန်း မသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်။ သူ့ကိုလာလန့်စေတဲ့ခဲလုံးကို

လိုက်ကိုက် နေတော့တယ်။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊ စားစရာလဲ မဟုတ်ဘူး

ဆိုတာသိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ နှစ်ယောက် ပြန်လာခဲ့ကြတယ်။

နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်။

ဒီတစ်ခါမှာတော့ သူတို့ဟာ နေရာအချက်အချာ ကောင်းတဲ့ သစ်ပင်ပေါ်မှာ နေရာယူကြတယ်။

သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ

တစ်ခုရှိတယ်။ ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်။ ဖခင်မုဆိုးကြီးက

သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲမြားတစ်စင်း

ပစ်လိုက်တယ်။

မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ။ ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွားစိုက်တယ်။ စွပ်ခနဲ့

လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖျတ်ခနဲ့ကြည့်ပါတယ်။ ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ

လက်ကြားထဲလာစိုက်တဲ့ မြားကိုသေသေချာချာကြည့်ပြီး ငြိမ်နေတယ်။ ခဏကြာတော့ မြားလာရာ

လမ်းကြောင်းကို မျှော်ကြည့်တယ်။

ပြီးတော့ မြားကိုတလှည့် ၊ မြားလာရာ လမ်းကြောင်းကို တလှည့်သေချာကြည့်တယ်။ မြားတံကို ခြင်္သေ့က

ဘာမှ မလုပ်ပဲမြား လာရာလမ်းကြောင်း၇ဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်း

လှမ်းပြီး လျှောက်လာတယ်။

ဒါကြောင့်..........

ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး..........။

ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့ အဓိက ရန်သူကို

တိုက်ခိုက်တတ်တဲ့ ခြင်္သေ့...............။

ခွေးကတော့ ခွေးပါပဲ.....။

ဒီလိုပဲ....

ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ........။.

ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့။ လောကကြီးမှာလဲ ဒီလိုပါပဲ။

ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက်တတ်လား။ ပြဿနာရဲ့အစကို

၇ှာပြီး ပြေလည်အောင် ရှင်းတတ်လား ၊ ဆိုတဲ့ လူနစ်မျိုးကွဲ သွားပါတယ်။

ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ။

ငါဟာ...........ခြင်္သေ့..........လား ၊ ခွေး...လား။

အဖြေရလာပါလိမ့်မယ်။ ။

Posted by မျိုးချစ်သူရဲကောင်းများ On 7:23 AM 0 comments

ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူမှု ဥပမာ နှစ်ခု

နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် ပြည်သူများက အလိုအလျှောက် ရွေးချယ် 

သတ်မှတ်ခဲ့ကြသည့် ပုဂ္ဂိုလ်များတွင် တုနှိုင်းမမီသည့် ကိုယ်ရည်ကိုယ်သွေး များစွာရှိပါသည်။ 

ထိုကိုယ်ရည်ကိုယ်သွေးများထဲတွင် တာဝန်ယူတတ်ခြင်း၊ တာဝန်ယူနိုင်ခြင်း၊ တာဝန်ယူရဲခြင်း 

စိတ်ဓါတ်သည်ထိုခေါင်းဆောင်များ၏ ဂုဏ်သိက္ခာ 

 တစ်ခု ဖြစ်သည်။ ထိုဂုဏ်သိက္ခာသည် ခေါင်းဆောင်များ၏ ပကတိ အဆင့်အတန်းလည်း ဖြစ်သည်။

အယ်ဒီတာ ကိုအောင်ဆန်း အကြောင်း ရေးသားခဲ့ကြသည့် ဆောင်းပါးပေါင်း များစွာထဲမှ ကျွန်တော်

အနှစ်သက်ဆုံးများမှာ ဆရာကြီး ဒဂုန်တာရာ၏ ရုပ်ပုံလွှာ နှင့် ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ

စာအုပ်ထဲတွင် ရေးသားထားသည်များ ဖြစ်သည်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ နတ်မောက်မဂ္ဂဇင်း အမှတ် ၂

တွင် ဆရာကြီး ဒဂုန်တာရာ ရေးသားခဲ့သည် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း ဆောင်းပါးကို

ဖျတ်ခနဲ တွေ့ရသော....စာအုပ်တွင် ပြန်လည်ဖော်ပြထားပါသည်။ ထိုအထဲမှ အနည်းငယ် ကောက်နှုတ်

တင်ပြလိုပါသည်။

"သူ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်စဉ်က သူတည်းဖြတ်သော မဂ္ဂဇင်းထဲတွင် 

ထိုအခါက တက္ကသိုလ်  အာဏာပိုင်တစ်ဦး၏ မနှစ်မြို့ဖွယ်ရာ 

သူတစ်ယောက်အကြောင်းကို ပြောင်လှောင်ရေးထားသော ဆောင်းပါး 

ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသည်။ ရေးသူက ကိုညိုမြ။ တက္ကသိုလ် သပိတ်မှောက်ကိစ္စ 

အခိုးအငွေ့များထွက်နေစဉ် တက္ကသိုလ် အာဏာပိုင်တို့က ကျောင်းမှ အယ်ဒီတာ ကိုအောင်ဆန်းကို

ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။ ဆောင်းပါးရေးသူ၏ အမည်ကို ဖော်ထုတ်ပါဟု ဆိုသည်။ သူ 

မဖော်ထုတ်။ ဆောင်းပါးရေးသူကို ဖော်ထုတ်လျှင် သူ့ကို ကျောင်းမထုတ်ဘဲ ဆောင်းပါးရေးသူကိုသာ 

အပြစ်ပေးမည်ဟု ယူဆရသည်။ သူက သူ တာဝန်ယူမည်ဟု ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။

ထို့ကြောင့် ကျွန်တော်က အိုးဝေမဂ္ဂဇင်း အယ်ဒီတာ

ကိုအောင်ဆန်းကို စွဲလမ်းသွားသည်။" (ဒုတိယအကြိမ်ထုတ် စာမျက်နှာ ၁၃၃)




ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူရဲသည့် ဂုဏ်သိက္ခာ နောက်ထပ်ပြယုဒ်တစ်ခုမှာ

စိတ်ဝင်စားဖို့ ကောင်းပါသည်။ လက်လှမ်းမီသည့် စာအုပ် ၂ အုပ်မှ မှီငြမ်း ကိုးကားတင်ပြလိုပါသည်။

၁။ နိုင်ငံရေး အတွေ့အကြုံများ ၊ ကိုသန်း (ကြည့်မြင်တိုင်)

ပင်ဝါးရုံစာပေ ၊ ပထမအကြိမ် ၊ ၂၀၀၉ နိုဝင်ဘာ ၊

၂။ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ ၊ ကျော်အောင်

Last and First in Burma by Maurice Collis

ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၂၀၁၁ ဇန်န၀ါရီ ၊

"ရွာလူထုက တိုင်ကြား

ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ရန်အောင်နှင့် သခင်ထွန်းအုပ်တို့ ပါဝင်သော ဗမာ့လွတ်လပ်ရေးတပ်မတော် 

စစ်ဌာနချုပ်သည်လည်း မော်လမြိုင်စစ်ကြောင်းနှင့် လိုက်ပါခဲ့ပြီး ထိုင်းနိုင်ငံတွင်းရှိ 

သာဆောင်ရန်းမှ တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော် 

ချီတက်ခဲ့ကြသည်။ မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး သံလွင်မြစ်ကို ဖြတ်ကူးသည်။ ထို့နောက် မဲပလီ၊ 

ယင်းပိုင်တို့မှတစ်ဆင့် ဘီးလင်းမြစ်ကို ဖြတ်ကူးကာ ၀မဲလူ၊ ၀င်းကလုံမှ ဆက်လက် ချီတက်ခဲ့ကြရာ 

စစ်တောင်းမြစ်ကမ်းပေါ်ရှိ ကွမ်းဆိပ်သို့ ရောက်သည်။ ယင်းသို့ ချီတက်ခဲ့ရာတွင် သထုံခရိုင် ပေါင်မြို့နယ် 

အတွင်းမှ သဲဖြူကုန်းရွာ ကုလားသူကြီးသည် အင်္ဂလိပ်စစ်တပ်များ အတွက် သူလျှိုလုပ်ပေးရပြီး 

ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုလည်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ခဲ့ကြောင်း ရွာလူထုက 

တိုင်ကြားသည်။ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့

ထိုအခါ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်က ကုလားသူကြီးကို ဖမ်းဆီးပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးသည်။

စစ်ဆေးရာတွင် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးရန် စစ်ခုံရုံးက ဆုံးဖြတ်သည်။ (ဗိုလ်ချုပ်အောင်ဆန်းက 

စစ်ခုံးရုံး ဥက္ကဋ္ဌ ဖြစ်သည်) ထိုအင်္ဂလိပ် သူလျှို ကုလားသူကြီးကို မုတ္တမမြို့ ဘောလုံးကွင်းထဲတွင် 

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဓါးရှည်ဖြင့် ခုတ်ပြီး ကွပ်မျက်ခဲ့သည်။ တော်တော်နှင့် 

မသေသဖြင့် သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရန် အမိန့်ပေးရသည်ဟု ဆိုသည်။ သူလျှို ကွပ်မျက်ပွဲသို့ 

လူအမြောက်အမြား လာရောက် ကြည့်ရှုခဲ့ကြသည်။

ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်လာရာ လမ်းကြောင်းတစ်လျှောက်တွင် အင်္ဂလိပ်သူလျှိုများ၊ 

လွတ်လပ်ရေးကြိုးပမ်းမှုကို နှောင့်ယှက်ဖျက်ဆီးသူများ၊ ပဉ္စမံများ၊ အလိုတော်ရိများ၊ သူခိုးဓါးပြများကို 

သုတ်သင်ခဲ့ကြရသည်။ ထိုသို့ ပြုလုပ်ခဲ့သဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်၏ 

အုပ်ချုပ်မှုအောက်ရှိ မြို့ရွာ ကျေးလက်ဒေသများသည် ရေခဲနှင်းဆောင်းတမျှ အလွန်အေးချမ်းခဲ့သည်။ 

တံခါးမပိတ်ဘဲ အိပ်လျှင်ပင် ခိုးမည့်သူမရှိ။ မှုခင်းမရှိသလောက် နည်းသည်။ သဲဖြူကုန်း 

သူကြီးကို သေဒဏ် ပေးခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်ခဲ့ရာ 

လမ်းကြောင်းတစ်လျှောက် သေဒဏ်ပေး ကွပ်မျက်ခဲ့သည့် အမှုပေါင်းများစွာ အနက်မှ တစ်ခုသာဖြစ်သည်။

စာရေးသူသည် (ကိုသန်း၊ ကြည့်မြင်တိုင်) ဗမာ့လွတ်လပ်ရေး တပ်မတော်မှ သေဒဏ်ပေး ကွပ်မျက်မှု နှစ်ခုကို 

ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့ရသည်။ တစ်ခုက စိန့်မိုက်ကယ် မျက်မမြင်ကျောင်းဝင်း အတွင်း 

ဓါးပြတစ်ယောက်ကို ဗိုလ်ကျော်ဇောက လှံစွပ်ထိုး ကွပ်မျက်မှု ၊ နောက်တစ်ခု 

ဟင်္သာတမြို့ ဘောလုံးကွင်းအတွင်း ဗိုလ်ရန်နိုင်၏ နောက်ချန်တပ်ဖြစ်သော ဗိုလ်သန်းအောင်၏ တပ်က 

ဓါးပြတစ်ဦးအား လှံစွပ်ထိုး ကွပ်မျက်မှုတို့ ဖြစ်သည်။ ယင်းအတွက် မည်သူ့ကိုမျှ အရေးယူသည်ဟု 

မကြားခဲ့ရပေ။"

(နိုင်ငံရေး အတွေ့အကြုံများ စာအုပ် ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် နယ်ချဲ့တို့

ကြိုးပမ်းခဲ့စဉ်က ဆောင်းပါး ၊ စာမျက်နှာ ၉၉ - ၁၀၀)

အထက်ပါ ဖြစ်ရပ်သည် ၁၉၄၁ ဒီဇင်ဘာလ ပတ်ဝန်းကျင်အတွင်း ဖြစ်ခဲ့သည်ဟု

ခန့်မှန်းရပါသည်။ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာသည့် ဘုရင်ခံ ဒေါ်မန်စမစ်၏ ဥပဒေပြုကောင်စီ

အစည်းအဝေးကို ၁၉၄၆ခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ၁၉၄၁ ခုနှစ်က

ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ စစ်ချီခဲ့သည့် သခင်ထွန်းအုပ်သည်လည်း ထိုဥပဒေပြုကောင်စီတွင် အဖွဲ့ဝင်

တစ်ဦးဖြစ်သည်။ သခင်ထွန်းအုပ်က ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား လူသတ်တရားခံအဖြစ်

စွပ်စွဲလိုက်သည်။ လူသတ်မှုဖြင့် ဖမ်းဆီးရမည်။ သခင်ထွန်းအုပ်က သူကိုယ်တိုင် မျက်မြင်သက်သေအဖြစ်

ရုံးတွင် သက်သေခံမည်ဟု တင်ပြသည်။ (အသေးစိတ်ကို ဆရာကျော်အောင်

ဘာသာပြန်ထားသည့် မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ စာအုပ် ၊ အောင်ဆန်းနှင့် ယှဉ်ပြိုင်ခြင်း အခန်း ၊

စာမျက်နှာ ၃၈၈တွင် ဖတ်ရှုနိုင်ပါသည်။)

ထိုသတင်းသည် ရန်ကုန်သတင်းစာများ၊ လန်ဒန်သတင်းစာများတွင် ပျံ့နှံ့သွားသည်။ ဗိုလ်ချုပ်ကို

ဖမ်းဆီးချင်နေသည့် အင်္ဂလိပ်တို့ ပိုမို ဗျာများသွားသည်။ ဖမ်းဆီးရန် သင့် မသင့် နယ်ဘက်

စစ်ဘက် ခေါင်းဆောင်များ ခေါင်းချင်းဆိုင်ကြသည်။ ဘုရင်ခံက ဖမ်းဆီးချင်နေသူ ဖြစ်သည်။ ပုဂ္ဂိုလ်ချင်း

ဆက်သွယ်မှု၏ အကျိုးတရားများကို ယုံကြည်သူ ဘုရင်ခံ ဒေါ်မန်စမစ်က ၁၉၄၆ ခုနှစ် မတ်လ ၂၈

ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို အစိုးရအိမ်တော်သို့ ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်။

"ဘုရင်ခံက သူကြီးကွပ်မျက်မှု အကြောင်းကို မေးမြန်းသောအခါ

ဗိုလ်ချုပ်အောင်ဆန်းက ရှောင်လွှဲဖုံးကွယ်ခြင်း အလျဉ်းမပြုဘဲ ယင်းအမှုအတွက် သူ့တွင် တာဝန်ရှိသည်ဟု

မဆိုင်းမတွ ပြောသည်။ ဣနြေ္ဒမပျက် တည်ငြိမ်စွာ ပြောခြင်းဖြစ်သည်။ ဘုရင်ခံပင် အံ့သြသွားသည်။

ထိုသူကြီးကို ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ခုံးရုံးက စစ်ဆေးပြီး သေဒဏ်အပြစ်ပေး၍

ကွပ်မျက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံကို ပြောသည်"

(နိုင်ငံရေး အတွေ့အကြုံများ စာအုပ် ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် နယ်ချဲ့တို့

ကြိုးပမ်းခဲ့စဉ်က ဆောင်းပါး ၊ စာမျက်နှာ ၁၀၉)







Posted by မျိုးချစ်သူရဲကောင်းများ On 7:07 AM 0 comments

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ


အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်

ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

ငါ၏စိတ်ဓါတ်ကို ဖန်တီးပေးသည် နတ်သိကြားတို့အား ငါ ကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုပ်တွင်းသိုပ

ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒါဏ်ချက်တို့ကြောင့်

ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား

သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။

သို့သော် ငါ့အားမတုန်လှုပ်သည်ကိုတွေ့ရအံ့။

နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရအံ့။

သုဂတိသို့ သွားရာတံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ

ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ

မှတ်သားထားသည်ဖြစ်စေ ငါကားဂရုမပြု

ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍

ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။

Posted by မျိုးချစ်သူရဲကောင်းများ On 7:03 AM 0 comments

ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံပါသော မြန်မာကျပ်ငွေ
















Posted by မျိုးချစ်သူရဲကောင်းများ On 6:56 AM 0 comments

ဗိုလ်ချုပ်အောင်ဆန်း၏ဘ၀ဖြစ်စဉ်နေ့စွဲများ

၁၉၁၅။ ။ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၁၂၇၆ တပေါင်းလဆန်း ၁ ရက် စနေနေ့တွင် မကွေးတိုင်း

နတ်မောက်မြို့၌ဖွားမြင်သည်။ ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟု အမည်ရေးသောလည်း

အကိုဖြစ်သူ အောင်သန်းနှင့်လိုက်ဖက်အောင် အောင်ဆန်းဟုခေါ်တွင်ခဲ့သည်။

၁၉၂၂။ ။ အသက် ၇ နှစ်တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတထံတွင် ကျောင်းနေခဲ့သည်။

၁၉၂၈။ ။ ရေနံချောင်းအမျိုးသားအထက်တန်းကျောငိးသို့ ပြောင်းနေခဲ့သည်။

၁၉၃၀။ ။ သတ္တမတန်းအောင်ကာ ဦးရွှေရိုးစကောလားရှစ်ရသည်။ တစ်လ ၁၀ဖြင့် သုံးနှစ်စာ

စကောလားရှစ်ရခဲ့သည်။

၁၉၃၂။ ။ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ

ရန်ကုန်တက္တသိုလ်ရောက်သည်။

၁၉၃၄။ ။ ဥပစာတန်းအောင်သည် (စာမေးပွဲခုံအမှတ် ၂၃၁)။ တကသ

အမှုဆောင်ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။

၁၉၃၅-၃၆။ ။ တကသအမှုဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးမဝေမဂ္ဂဇင်း

အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်း၌ "ခွေးသရမ်းကြီးလွတ်နေသည်"

(Hell Hound At Large) ဆောင်းပါးရေးသူကို ထုတ်ဖော်မပြောသဖြင့် တက္ကသိုလ်မှ ထုတ်ပယ်ခံရသည်။

၁၉၃၆။ ။ တကသ ဒုဥက္ကဌရွေးချယ်ခံရသည်။ ရန်ကုန်မြို့ ဂျူဘာလီဟောခန်းမ၌ ကျင်းပသော

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံတွင် မိန့်ခွန်းပြောကြားသည်။

၁၉၃၇။ ။ အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င်၊ နိုင်ငံရေးဗေဒ ဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်း အောင်မြင်သည်။

ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာရနှင့် စာဖတ်အသင်း ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ပဲခူးဆောင်

အခန်းအမှတ် (၁၁၃)တွင် နေခဲ့သည်။

၁၉၃၇-၃၈။ ။ တကသဒဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ

ဥက္ကဌအဖြစ်လည်း ဆောင်ရွက်သည်။

၁၉၃၈။ ။ ဥပဒေသင်ကြားနေရာမှ၎င်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ

သမဂ္ဂဥက္ကဌ နေရာမှ၎င်း နှုတ်ထွက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော နယူဘားမား သတင်းစာ

အယ်ဒီတာအဖွဲ့တွင် ခေတ္တ၀င်ရောက် လုပ်ကိုင်သည်။ ပထမဦးဆုံး တက္ကသိုလ် ကျောင်းသား ကိုယ်စားလှယ်

တက္ကသိုလ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ အောက်တိုဘာလတွင် သခင်ကိုယ်တော်မှိုင်း

ဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်သည်။

၁၉၃၈-၃၉။ ။ တကသဥက္ကဌအဖြစ် ဆောင်ရွက်သည်။

၁၉၃၉။ ။ ဇန်န၀ါရီလတွင် ရန်ကုန်အရေးတကြီး လုံခြုံရေးအက်ဥပဒေဖြင့် (၁၅)ရက်

ဖမ်းဆီးထောင်ချခံရသည်။ ဖေဖော်ဝါရီ (၂၅)ရက်နေ့ သန်းခေါင်ကျော် ၂ နာရီခွဲတွင် ကျင်းပသော

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်းအလုပ် အမှုဆောင် အစည်းအဝေးသို့

တက်ရောက်သည်။ ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၅နာရီတွင် ဗမာပြည် နန်းရင်းဝန်၊ မြို့မိမြို့ဖ

အဖွဲ့ဝင်လူကြီးများနှင့် ကျောင်းသား ခေါင်းဆောင်များ (ကျောင်းသားသပိတ် အရေးနှင့်
 
စပ်လျဉ်း၍) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက်သည်။ ဧပြီ ၆ ရက်မှ ၉ ရက် အထိ

ကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှုးအဖြစ် တာဝန်ခံ ဆောင်ရွက်သည်။ သြဂုတ်လ

၁၃ရက်နေ့တွင် ရန်ကုန်ရေကျော်ရပ် တို့ဗမာအစည်းအရုံး တည်နေရာ၌ သခင်ဆောင်ဆန်း၊ သခင်လှဖေ၊

ကိုသိန်းဖေ၊ ကိုဗဟိန်း၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံး အတွင်းတွင် ကွန်မြူနစ်အဖွဲ့လေးတရပ်

စတင်ဖွဲ့စည်းသည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်း ၄၉လမ်း အိမ်နံပါတ် ၁၈၈တွင် ဗမာပြည်

ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာတည်ထောင် ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေ

အတွင်းရေးမှုးအဖြစ် တာဝန်ယူခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ဒေါက်တာဘမော်အိမ်၌ ကျင်းပသော

အစည်းအဝေး၌ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်း ခံရသည်။ နိုဝင်ဘာ ၁၈ ရက်ေ

န့တွင် မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ကို စတင်တည်ထောင်ကာ

သခင်အောင်ဆန်းအား ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြသည်။ ၁၉၃၉ ဒီဇင်ဘာလမှ ၁၉၄၀

ဇန်န၀ါရီလ အတွင်း ဗမာတစ်ပြည်လုံးသို့ တရားလှည့်လည် ဟောပြောခဲ့သည်။

၁၉၄၀။ ။ မတ်လ ၂၂ရက်နေ့ အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင် ကျင်းပသော အိန္ဒိယအမျိုးသား

ကွန်ဂရက်ညီလာခံသို့ သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင်၊ သခင်ဆင်ဂူပတား၊ ကိုထွန်းရှိန်

(ဗိုလ်ရန်နိုင်)၊ ကိုဗဟိန်း တို့နှင့်အတူ တက်ရောက်ခဲ့ကာ မေလ ၅ရက်၌ ရန်ကုန်ပြန်ရောက်သည်။ ဇွန်လ ၂၉

ရက်တွက် ဟင်္သတခရိုင် ရာဇ၀တ်ဝန် မစ္စတာဇေးဗီးယားက ဇွန်လ ၁ရက်နေ့ ဇလွန်မြို့၌ ချင်းတောင်

အကြောင်း ဟောပြမှုဖြင့် သခင်အောင်ဆန်းကိုဖမ်းရန် ၅ ကျပ်တန် ၀ရမ်းကို ထုတ်ခဲ့သည်။ သြဂုတ်လ ၈

ရက်နေ့တွင် သခင်လှမြိုင်နှင့်အတူ ဟိုင်လီအမည်ရှိ သင်္ဘောဖြင့် ဗမာပြည်မှ တရုတ်ပြည်သို့ လျှို့ဝှက်စွာ

ထွက်ခွါခဲ့ကြသည်။ သြဂုတ်လ ၂၄ရက်နေ့တွင် တရုတ်ပြည် အမွိုင်သို့ ရောက်ရှိကာ ထိုမှတဆင့် နိုဝင်ဘာ

၁၂ရက်နေ့တွင် ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။

၁၉၄၁။ ။ မတ်လ ၃ရက်နေ့တွင် ဗမာပြည်သို့ပြန်လာပြီး မတ်လ ၉ ရက်နေ့၌ ရဲဘော်သုံးကျိပ်ထဲမှ

ပထမအသုတ်လူငယ်တစ်စုကို တပါးတည်းခေါ်ယူပြီး ဂျပန်ပြည်သို့ လျို့ဝှက်စွာ ပြည်လည် ထွက်ခွာခဲ့သည်။

မတ်လ ၂၇ ရက်နေ့တွင် ဂျပန်ပြည်တိုကျိုမြို့သို့ ပြန်လည် ဆိုက်ရောက်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလ

ဝရမ်းပြေးနေစဉ် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်သည်။ ဒီဇင်ဘာ ၂၇၊ ၁၉၄၁​ စနေနေ့ည ၁

နာရီအချိန်တွင် ယိုးဒယား ပြည်ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏နေအိမ်တွင်

ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းပြီး

လက်မောင်းသွေး ဖောက်သောက်ကြသည်။

၁၉၄၂။ ။ ဇန်န၀ါရီ ၁ ရက်တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို ဘားမားလစ် (Burma List) ခေါ်

အင်္ဂလိပ်အစိုးရ၏ ရန်သူတော် စာရင်းတွင် အမှတ်စဉ် ၂ အဖြစ် ကြေညာခဲ့သည်။ ဇူလိုင်လတွင်

ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်သည်။ သြဂုတ်လ

၁ရက်တွင် ဘီအိုင်အေ ဗမာလွတ်လပ်ရေး တပ်မတော်မှ ဘီဒီအေ ဗမာ့ကာကွယ်ရေး

တပ်မတော်အဖြစ်သို့ ပြောင်းလဲရာတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေ

တပ်မတော်၏ သေနာပတိ ဖြစ်လာသည်။ စက်တင်ဘာလ ၆ ရက်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။

လက်ထပ်ပွဲတွင် ဆေးရုံ ယခုစစ်ရုံးချုပ်ပေါ်၌ပင် ကျင်းပသည်။ နိုဝင်ဘာလ ၈ရက်တွင် မြို့တော်ခန်းမ၌

ကျင်းပသော ခေတ်သစ်ဆရာ ဖြစ်သင်တန်းတွင် သေနင်္ဂဗျူဟာ စစ်ပညာအကြောင်း ဟောပြောသည်။

၁၉၄၃။ ။ မတ်လတွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ မတ်လ ၁၇ရက်တွင် ဒေါက်တာဘမော်နှင့်

အတူဂျပန်ပြည် တိုကျိုမြို့သို့ ဖိတ်ကြားခြင်းခံရပြီး ၁၉၄၃ မတ် ၂၂ ရက်တွင် ဂျပန်အင်ပါယာ၏

ဘွဲ့ထူးဂုဏ်ထူးတံဆိပ် (order of the risingsun) ဖြင့် ချီးမြှင့်ခံရသည်။ သြဂုတ်လ ၁ရက်တွင် ဗမာ့တပ်မတော်

စစ်ဦးစီး သေနာပတိ ရာထူးအပြင် စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။

ဂျပန်အစိုးရ၏ (First Class Order of

The Sacred Treadsure) ချီးမြှင့်ခြင်း ခံရသည်။ အောက်တိုဘာ ၂ ရက်တွင်

ဦးဝိစာရကြေးရုပ်နှင့် ကျောက်တိုင်ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားသည်။
 
၁၉၄၄။ ။ သြဂုတ်လ ၄ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး

ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး (ဖဆပလ) ကို ပဲခူးမြို့ဗမာ့တပ်မတော် တိုင်း

၎ စခန်း၌ လျို့ဝှက်စွာ ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်အောင်ဆန်ုးသည် ဖဆပလ ဗဟိုဦးစည်း

အဖွဲ့တွင်၎င်း၊ ဖဆပလ ဗဟိုစစ်ကောင်စီတွင်၎င်း၊ စစ်ရေး ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရသည်။

သြဂုတ်လ ၂၃ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ ပတ်လမ်းနှင့် ဦးထွန်းမြင့် လမ်းထောင့်ရှိ စစ်ဝန်ကြီး

ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်၌ ဗမာ့တပ်မတော် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပြည့်သူ့အရေးတော်ပုံ

ပါတီတို့ ပါဝင်ဖွဲ့စည်းသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး

အဖွဲ့ချုပ်ကို ပြည်လည်ဖွဲ့စည်းသည်. စက်တင်ဘာ ၃ ရက်တွင် ဗိုလ်မှူးကြီး စောကြာဒိုး၊

ဗိုလ်ကြီး စောစံဘိုးသင်၊ ဗိုလ်မှူးရဲထွက်၊

ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည့် နှင့်အတူ မြောင်းမြမြို့သို့ ရောက်လာကြသည်။ စက်တင်ဘာ ၇ရက်တွင်

ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်ကြီးစောစံဘိုးသင်၊ ဒုဗိုလ် သိန်းဆွေ၊

ဗိုလ်မှူးကြီး ဇေယျ၊ဗိုလ်မှူးရဲထွက်တို့နှင့်အတူ ပုသိမ်ခရိုင် ကန်ကြီးထောင့်ရွာသို့ ခရီးထွက်ကြသည်။

၁၉၄၅။ ။ မတ်လ ၁၇ ရက်တွင် ရန်သူကို တိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်ပြီး စစ်မြေပြင်

ထွက်ခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဖက်စစ်ဂျပန်များကို စတင်တော်လှန်သည်။ မေလ ၆ ရက်တွင်

 ဗိုလ်ချုပ်စလင်းနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံသည်။ ဇွန် ၂၀ ရက်တွင် အင်္ဂလိပ်စစ်သင်္ဘော ကမ်ဘာလင်

(H.M.S Cumberland) ပေါ်၌ အခြား နိုင်ငံရေး ခေါင်းဆောင်များနှင့်အတူ ဘုရင်ခံ

ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဆွေးနွေသည်။ သြဂုတ်လ ၁၉ ရက် နေသူရိန် အစည်းအဝေးတွင်

မိန့်ခွန်းပြောကြားသည်။ သြဂုတ်လ ၂၉ ရက် မြို့တော်ခန်းမ၌ ကျင်းပသည့် အရှေ့အနောက်အသင်း (East

And West Association) တွင် အင်္ဂလိပ်ဘာသာဖြင့် ဟောပြောခဲ့သည်။ စက်တင်ဘာလ ၄ ရက်တွင်

အရှေ့တောင်အာရှဆိုင်ရာ သေနာပတိ လော့မောင်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက်

တည်တံ့ရေးအတွက် ဆွေးနွေးရန် သခင်သန်းထွန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်နေ၀င်း၊ ဦးဘဖေတို့နှင့်အတူ

သီဟိုကျွန်း ဂန္ဓီမြို့သို့ သွားသည်။

၁၉၄၆။ ။ ဇန်န၀ါရီ ၂၀ရက်တွင် ရွှေတိဂုံအလယ် ပစ္စယံ၌ ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ

ညီလာခံတွင် ဖဆပလ ဥက္ကဌအဖြစ် တင်မြောက်ခံရသည်။ မတ်လ ၄ ရက်တွင် သခင်မြ၊ ဟင်္သာတဦးမြ၊

ဦးအောင်စံဖေတို့နှင့်အတူ ရန်ကုန်မှ ရခိုင်သို့ ခရီးထွက်သည်။ မတ်လ ၆ ရက်တွင် တောင်ကုတ်ေ

ရာက်သည်။ မတ်လ ၇ ရက်တွင် တောင်ကုတ်၌ တရားဟောသည်။ မတ်လ ၁၀ ရက်တွင်

စစ်တွေကိုရောက်ပြီး၊ မတ်လ ၁၁ရက်နေ့၌ စစ်တွေမြို့တွင် တရားဟောသည်။ မတ်လ ၂၆ ရက်တွင်

စထရင်း ဟော်တယ်၌ အိန္ဒိယခေါင်းဆောင် ပဏ္ဍစ်နေရူးနှင့် ၃နာရီကြာ ဆွေးနွေးသည်။ မေလ ၂၈ ရက်

ညနေ၄ နာရီ အချိန်၌ ပြည်သူ့ရဲဘော်တပ်ဖွဲ့ အားလုံးကို လောင်းဝစ် လမ်းဌာနချုပ် အဖွဲ့တည်ရာ ဌာန၌

သြ၀ါဒမိန့်ခွန်း ပေးသည်။ စက်တင်ဘာ ၂၆ ရက်တွင် ဘုရင်ခံ၏ အမှူဆောင် ကောင်စီ၌ ဒုသဘာပတိ အဖြစ်

ရာထူးလက်ခံပြီး အစိုးရအဖွဲ့ အသစ်ကိုဖွဲ့သည်။ နိုဝင်ဘာလ ၂ ရက် မြစ်ကြီးနားရှိ တိုင်းရင်းသား

ကချင်စစ်တပ်ကို စစ်ဆေးသည်။ နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အထက်ဗမာပြည်သို့

ခရီးထွက်သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကယားပြည်နယ် လွယ်ကော်မြို့၌ ကျင်းပသည့်

ကရင်အမျိုးအသား နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်သည်။ ဒီဇင်ဘာလ ၂၄ ရက်

နံနက်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော၌ စော်ဘွားများနှင့် ပထမဆုံးအကြိမ်ဆွေးနွေးသည်။

၁၉၄၇။ ။ ဇန်န၀ါရီ ၂ရက်တွင် သခင်မြ၊ ဦးတင်ထွတ်တို့နှင့် အတူ ဘိလပ်သို့ သွားသည်။ ဇန်န၀ါရီ ၅ ရက်နေ့

ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဒေလီရေဒီယိုမှ ဗမာပြည်သို့ ဟူသော မှာကြားချက် မိန့်ခွန်းကို

အသံလွှင့်သည်။ အာရှညီညွတ်ရေးသို့ ဟူသော ဗိုလ်ချုပ်အသံသွင်း မိန့်ခွန်းကိုလည်း ထိုနေ့ည ၈

နာရီခွဲအချိန်တွင် ဒေလီရေဒီယိုမှ အသံလွှင့်သည်။ ဇန်န၀ါရီလ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း

ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီ ခေါင်းဆောင်သော

ဗြိတိသျှကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှ

ဝန်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။ ဇန်န၀ါရီ ၂၈ ရက်တွင် အောင်ဆန်း အက်တလီစာချုပ်အား

လက်မှတ်ထိုးသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရန်ကုန် ပြန်ရောက်သည်။ ဖေဖော်ဝါရီ ၈ ရက်နေ့

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့သို့ သွားရောက်သည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ်

လက်မှတ် ရေးထိုးသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော မြို့တော်ဝန်၏

ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၀ ရက်နေ့တွင် ဗမာပြည် အင်္ဂလိပ် ကုန်သည်ကြီးများ

အသင်း နှစ်ပတ်လည်နေ့တွင် မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၅ ရက်မှ မတ်လ ၁၇

ရက်နေ့အထိ လေကြောင်းခရီးဖြင့် မြိတ်၊ ထားဝယ်၊ မော်လမြိုင်မြို့များသို့ ခရီးထွက်သည်။ မတ်လ

၁၇ရက်နေ့ ညနေ၄နာရီအချိန်တွင် မော်လမြိုင်မြို့ ဘုရင်မပန်းခြံတွင် မိန့်ခွန်းပြောကြားသည်။ မတ်လ ၂၀

ရက်နေ့တွင် ကျောက်ဆည်နှင့် မန္တလေးမြို့များတွင် တရားဟောသည်။

မတ်လ ၂၁ စစ်ကိုင်းမြို့တွင် တရားဟောသည်။ မတ် ၂၃ ရက် ညောင်ဦးမြို့တွင် တရားဟောသည်။ မတ်လ

၂၄ ရက် မကွေးမြို့တွင် တရားဟောသည်။ မတ်လ ၂၅ ရက် တွင် နတ်မောက်မြို့တွင် တရားဟောသည်။

မတ်လ ၂၇ ရက် အာလံ (အောင်လံ) တွင် တရားဟောသည်။ ထိုနေ့တွင်ပင် ရန်ကုန် ပြန်ရောက်သည်။ ဧပြီလ

၁ ရက်တွင် လေယာဉ်ဖြင့် စစ်တွေသို့ ခရီးထွက်သည်။ ထိုညနေတွင် ရေတပ်မတော်မှ

စစ်သင်္ဘောဖြင့် မြေပုံမြို့သို့ ခရီးဆက်သည်။ ဧပြီလ ၂ ရက်နေ့တွင် စစ်တွေမှ

ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လာသည်။ ဧပြီလ ၄ ရက်တွင် အုတ်တွင်း တောင်ငူ ပျဉ်းမနားမြို့များတွင်

တရားဟောသည်။ ဧပြီလ ၅ ရက်တွင် ပျော်ဘွယ်၊ တပ်ကုန်း၊ ရမည်းသင်းမြို့များတွင် တရားဟောသည်။

ဧပြီလ ၉ ရက်နေ့ ညနေ ၆ နာရီတွင် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့် အတူ မဲရုံများသို့

လိုက်လံစစ်ဆေးသည်။ ရွေးကောက်ပွဲ ကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလ အဖွဲ့သည်

မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသည်။ ဧပြီလ ၁၂ ရက်နေ့ နေလယ် ၂ နာရီတွင်

ဗီယက်နမ် နိုင်ငံကိုယ်စားလှယ် ပါမောက္ခ ရန်ပင်လော့နှင့် တွေ့ဆုံသည်။ ဧပြီလ ၁၇ရက် နေ့လည် ၁

နာရီတွင် ကန်တော်ကြီးစောင်း အိုရီယန့်ကလပ်၌ ယိုးဒယား အစိုးရနှင့် ဗီယက်နမ်အစိုးရ

ကိုယ်စားလှယ်တော်များ ဧည့်ခံပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၁၈

ရက်နေ့တွင် နှစ်သစ်ကူး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၂၈ရက်နေ့ မန္တလေးသို့ လာသည်။

Posted by မျိုးချစ်သူရဲကောင်းများ On 6:40 AM 0 comments

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် (ပြည်မြို.)


Posted by မျိုးချစ်သူရဲကောင်းများ On 6:38 AM 0 comments

ဗိုလ်ချုပ်အောင်ဆန်း၏ မှာတမ်း


ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဖန်တီးတည်ထောင်သည့် ဗိသုကာလည်းဖြစ်၊ လွတ်လပ်ရေးတိုက်ပွဲကို

ဦးဆောင်သူလည်းဖြစ်၊ နယ်ချဲ့ဆန့်ကျင်ရေး သူရဲကောင်းကြီးလည်း ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည်

၁၉၄၇ ခု၊ ဇူလိုင် ၁၉ ရက်နေ့ တွင် ကျဆုံးသွားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးတိုက်ပွဲ၏ လမ်းခုလတ်၌ ကျဆုံးရစဉ်အခိုက်အတန့်တွင် အသက် ( ၃၂

) နှစ်သာရှိသေးသည်။ လူ့ဘ၀၏ ငယ်ရွယ်သေးသော ပျိုမျစ်သေးသော အရွယ်ဖြစ်သည်။ သို့ရာတွင်

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခု၊ ဖေဖော်ဝါရီလအတွင်း ပြန်လည်ဖွဲ့စည်းလိုက်သော

ကြားဖြတ်ယာယီအစိုးရအဖွဲ့၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊

ကာကွယ်ရေးနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနများကိုလည်းကောင်း ဦးစီးတာဝန်ယူလျက် ရှိလေသည်။

ယင်းနှစ် မေလတွင် ဖဆပလ အဖွဲ့ချုပ်၏ ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတစ်ရပ်ကို ကျင်းပကာ

တိုင်းပြည်ပြုလွှတ်တော်သို့ တင်သွင်းရမည့် အဆိုတွေကို ဦးဆောင် ဆွေးနွေးချမှတ်ခဲ့သည်။ တဖန်

ဇွန်လတွင် ဆိုရွန်တိုဗီလာ စီမံကိန်းဟု အမည်တွင်သော ( ၂ ) နှစ်စီမံကိန်း တစ်ရပ်ကို

ဦးဆောင် ရေးဆွဲခဲ့ပြန်သည်။ ယင်းလ ( ၁၀ ) ရက်၌ ကျင်းပသော တိုင်းပြည်ပြုလွှတ်တော်အစည်အဝေးတွင်

ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့်

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သတ်သော လမ်းညွှန်ပြဌာန်းချပ် အဆိုတစ်ရပ်ကို တင်သွင်းခဲ့သည်။

ယင်းအဆိုတင်သွင်းရင်း ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်သော အချုပ်အခြာအာဏာပိုင်

သမ္မတနိုင်ငံကိုသာ လိုလားသည်။ အချုပ်အခြာအာဏာမှာ လူထုမှဆင်းသက်သည်ဟု ယုံကြည်သည်

စသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာသဘောသကန်ကို အဓိပ္ပါယ်ဖွင့်ပြခဲ့လေသည်။ေ

၁၉၄၇ ခု၊ ဇူလိုင်လဆန်းတွင် စစ်ပစ္စည်းထောက်ပံ့ရေးတပ်မှ ဘရင်းဂန်းအလက် ( ၂၀၀ ) နှင့်

ကျည်ဆန်များ ပျောက်ဆုံးသည်။ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေးအရ လုပ်ကြံကြတော့မည် စသော

သတင်းတွေ ပေါ်ထွက်လာသည်။ စစ်ပစ္စည်းထောက်ပံ့ရေးတပ်ကို ဦးစီးအုပ်ချုပ်နေသူများမှာ

ဗြိတိသျှစစ်အရာရှိများသာ ဖြစ်ကြောင်း လူတိုင်းသိကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်

ဖဆပလအဖွဲ့၏ နိုင်ငံရေးရန်သူမှာ မည်သူမည်ဝါဖြစ်သည်ကိုလည်း လူတိုင်းသိကြသည်။

“ဗမာပြည်ကို လွတ်လပ်ရေးပေးလိုက်လျှင် သွေးချောင်းစီးလိမ့်မည်” ဟု ဗြိတိသျှနယ်ချဲ့ ကိုလိုနီသမားတို့၏

ဦးစီးပဲ့ကိုင်ကြီး ၀င်စတန်ချာချီက နိမိတ်ဖတ်ထားသည်မှာလည်း ပူပူနွေးနွေးပင် ရှိနေသေးသည်။

ထိုကြောင့် အခြေအနေမှာ ရှင်းနေ၏။ ဗိုလ်ချုပ်အောင်ဆန်းကို လူပုဂ္ဂိုလ်အရ

အစတုံးဖျောက်ဖျက်လျက် နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုကြီး တစ်ရပ်ကို ကျူးလွန်ရန်အတွက် ပြည်တွင်းမှ

အမျိုးသားသစ္စာဖောက်များနှင့် နယ်ချဲ့သမားများ လက်ဝါးရိုက်ထားကြပြီး ဖြစ်လေပြီ။

သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားသစ္စာဖောက်တစ်စုနှင့်

နယ်ချဲ့သမားတို့ကို ကြောက်ရွံ့တုန်လှုပ်နေပါသလော။ မကြောက်ပါ။ မတုန်လှုပ်ပါ။

သူ့ကိုယ်ပိုင်အနာဂတ်၏ မှောင်မဲသော အလားအလာကိုမြင်ရုံဖြင့် နောက်ဆုတ်ပါသလော။ မဆုတ်ပါ။

သူ့အသက်နှင့် သားမယားကို ခင်တွယ်သည့်အတွက် သွားနေသောလမ်းမှ ဖယ်ရှားရှောင်ခွာပါသလော။

မရှောင်ခွာခဲ့ပါ။

ဤသို့အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားသစ္စာဖောက်များနှင့် နယ်ချဲ့သမားတို့၏

ပူးပေါင်းလုပ်ကြံမှုဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ရပါသည်။


နိုင်ငံတကာမှများစွာသောခေါင်းဆောင်တို့သည် မိမိအသက်ကိုစွန့်လွှတ်ရကာနီးတိုင်း သူတို့ချစ်မြတ်နိုးသော

တိုင်းပြည်နှင့်လူမျိုးအတွက် အမှာစကားပြောကြားလေ့ ရှိခဲ့ကြသည်။ သေတမ်းစာအဖြစ် ပြောကာ၊ ရေးကာ

ထားခဲ့ကြသည်။ ထူးဆန်းသောအိပ်မက်ကို မြင်မက်သည့်အတွက် မိမိနှင့်တကွ အမေရိကန်တစ်ပြည်လုံးတွင်

ထူးခြားသော အဖြစ်အပျက်တစ်ရပ် ပေါ်ပေါက်လိမ့်မည်ဟု နောက်ဆုံးပြောခဲ့သော

အမေရိကန်သမ္မတလင်ကွန်း၏စကားသည် လင်ကွန်း၏ သေတမ်းစာပင်

ဖြစ်လေသည်။ ဒေါက်တာဆွန်ယက်ဆင်က သေအံ့ဆဲဆဲမှာကြားခဲ့သော စကားများသည်

တရုတ်တစ်မျိုးသားလုံး၏ ၀ံသာနုရက္ခိတတရားများ ဖြစ်လာကြသည်။ ဦးဝိစာရ ကိုယ်တော်ကြီး၏

“လိမ္မာရစ်ကြပါ”ဟူသော အဆိုအမိန့်သည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေး စိတ်ဓာတ်ကို

လှုပ်နိုးခဲ့သော နောက်ဆုံးမှာတမ်းပင် ဖြစ်လေသည်။

အလားတူစွာပင် ဗိုလ်ချုပ်အောင်ဆန်းသည် လုပ်ကြံမခံရမီ ( ၆ ) ရက်အလို၊ ဇူလိုင်လ ( ၁၃ ) ရက်တွင်

ရန်ကုန်မြို့၏ မြို့တော်ခန်းမ၌ ကျင်းပသော

ရန်ကုန်နယ်လုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကြီးတွင် နောက်ဆုံးဖြစ်သော

မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။ အဆိုပါမိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်းက

တိုင်းပြည်ပြုလွှတ်တော်တွင်း၌ သူဘာတွေလုပ်သည်၊ တိုင်းပြည်ပြုလွှတ်တော်၏ အခြေအနေမှာ

မည်သို့ရှိသည်၊ ဖဆပလအဖွဲ့ချုပ်၏ ရှေ့ခြေလှမ်း မည်သို့လှမ်းမည် စသော တိုင်းပြည်က

သိသင့်သိထိုက်သည့် အကြောင်းကိစ္စမှန်သမျှကို ဖွင့်ဟရှင်းပြခဲ့သည်။

“တိုင်းပြည်ပြုလွှတ်တော်ဟာ အချုပ်အခြာအာဏာကို ရအောင်လုပ်တဲ့နေရာတွေလည်း ရှိပါသေးတယ်၊

ဥပဒေသဘောပြောရရင် အချုပ်အခြာအာဏာမရသေးဘူး၊ အချုပ်အာဏာသဘောဖြစ်တဲ့

အဆင့်အတန်းကိုတော့ ရတယ်” ဟု တိုင်းပြည်ပြုလွှတ်တော်၏ အနေအထားအမှန်ကို ဖွင့်ပြောလေသည်။

မြန်မာပြည်သူတို့၏ တစ်ခုတည်းသော ဦးတည်ချက်နှင့် မယိမ်းမယိုင်သော ဆန္ဒမှာ အချုပ်အခြာအာဏာပိုင်

သမ္မတနိုင်ငံ ထူထောင်ရေးသာ ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်းက “ဗမာပြည်ဟာ

လုံးဝလွတ်လပ်ရေး လိုချင်တယ်၊ ဘယ်လို အဆင့်အတန်းမှ မလိုချင်ဘူးလို့ ဆုံးဖြတ်ခဲ့တာ သိတဲ့အတိုင်းပဲ၊

လွန်ခဲ့တဲ့မေလ ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံသဘင်မှာ အချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံ

ထူထောင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်၊ တိုင်းပြည်ပြုလွှတ်တော်မှာ ကျွန်တော်ကိုယ်တိုင် တင်သွင်းဆုံးဖြတ်ခဲ့တဲ့

သမ္မတနိုင်ငံ ထူထောင်ဖို့ ဆုံးဖြတ်ပြီးပြီ” ဟု အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“ကျွန်တော်တို့အစိုးရဟာ တိုင်းပြည်လူထုက ထောက်ခံလို့ဖြစ်လာတဲ့ အစိုးရဖြစ်တယ်၊ တိုင်းပြည်လူထုက

မကြည်ညိုဘူးလို့  သိလာတဲ့တစ်နေ့ မှာ တွယ်ကပ်မနေဘူး၊ ထွက်ပေးမယ်၊ သို့သော်..

တစ်နှစ်လောက် စောင့်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ ဘယ်လို လူစားလည်းဆိုတာ သိလိမ့်မယ်၊ ရာဇ၀င်မှာ

အဆဲခံရမယ့်လူစား မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိမယ်” ဟု သူ ရာထူးမမက်၊ အစိုးရဖြစ်ရေးကို

မခင်တွယ်၊ ရာဇ၀င်တွင် အဆဲမခံလိုပုံကို ရိုးရိုးသားသားပင် ၀န်ခံပြောဆိုပါသည်။

ဤနေရာတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူလူထုအပေါ်၌ အဘယ်မျှ

ယုံကြည်ကိုးစား စေတနာထားသည်ကို ကွက်ကွက် ကွင်းကွင်း တွေ့မြင်နိုင်လေသည်။ ပြည်သူလူထုကို

ယုံကြည်သလောက် အမျိုးသားသစ္စာဖောက်များနှင့် နယ်ချဲ့သမားကို သူမကြောက်။ သူ့ကို

ယုတ်မာကောက်ကျစ်စွာ နိုင်ငံရေးအရ လုပ်ကြံတော့မည့် ရက်ပိုင်းအလို၌ပင် သူသည်

နယ်ချဲ့ဖောက်ပြန်ရေးသမားများနှင့် မစေ့စပ်။ နယ်ချဲ့ဖောက်ပြန်ရေးသမားတို့ရှေ့မှောက်၌ ဒူးမထောက်၊

ထိုသူတို့၏ ရန်စနက်ဘေးမှလွတ်ကင်းအောင်လည်း ထွက်မပြေး၊ ခေါင်းအေးအေး သတ္တိရှိရှိဖြင့် ရင်ဆိုင်ကာ

စိန်ခေါ်ခဲ့ပါသည်။

လွတ်လပ်ရေးကို “နောက်ဆုံးနည်းအေးအေးနဲ့မရရင် ရတဲ့နည်းနဲ့ လုပ်ရမယ်” ဟု ရာဇသံပေးလိုက်ပါသည်။

ဤရာဇသံသည် နယ်ချဲ့ဖောက်ပြန်ရေး သမားများအတွက် သေမင်းတမန်ခေါင်းလောင်းသံလည်း ဖြစ်ပါသည်။
 
“လွတ်လပ်ရေးလိုချင်ရင် လွတ်လပ်ရေးရတဲ့ စည်းကမ်းညီညွှတ်မှုတွေကို ထိန်းထားပါ၊ ထူထောင်မှုကို

လုပ်ကြပါ၊ အဲဒီလို လုပ်ပြီးတဲ့နောက်၊ ရှေ့ကို လွတ်လပ်ရေးအရသာကိစ္စအတွက် အလုပ်လုပ်တဲ့နေရာမှာ

စည်းကမ်းရှိဖို့၊ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့၊ ခင်ဗျားတို့ စောက်ကျင့်တွေကို ပြင်ဖို့လိုနေပြီလို့

ကျွန်တော်ပြောခဲ့မယ်..”

မှန်၏။ အကျင့်တွေ ပြင်ဖို့လိုနေပြီဟု ဗိုလ်ချုပ်က ပြောခဲ့လေပြီ။ စကားလုံးကြမ်းသော်လည်း

သူ့ရင်တွင်းနှလုံးသားအတွင်း၌ ရှိသမျှ စိတ်စေတနာကို လုံးဝပုံအောကာ ဖွင့်ချမှာကြားသွားခြင်းဖြစ်သည်။

ယင်းသို့လျှင် နယ်ချဲ့သမားကို ရာဇသံပေးသော၊ တိုင်းပြည်၏နောက်ရေးအတွက် တဖွဖွမှာကြားခဲ့သော

အထက်ပါမိန့်ခွန်းသည် လွတ်လပ်ရေးအတွက် သူ့အသက်နှင့် ခန္ဓာကိုယ်ကို သွေးစိမ်းရှင်ရှင်တို့အကြား၌

ယဇ်တင်စွန့်လွှတ်ပူဇော်ရင်း အသေခံသွားသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏

မှာတမ်းဟူ၍ပင် ဆိုရပါတော့မည်။

Posted by မျိုးချစ်သူရဲကောင်းများ On 6:26 AM 0 comments

ဗိုလ်ချုပ်အောင်ဆန်း said ” ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက်မကြိုက်ကြိုက် ဟုတ်တာ မှန်တာဆိုရင် ပြောရဲ ရမယ်”

ဗိုလ်ချုပ်အောင်ဆန်း said ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက်မကြိုက်ကြိုက် ဟုတ်တာ 

မှန်တာဆိုရင် ပြောရဲ ရမယ်။ ညွှန်ပြရဲရမယ်။ ခေါင်းဆောင်ဟာခေါင်းရှောင်မဖြစ်စေရဘူး။ ကျနော်ကတော့

လူတိုင်းကြိုက်ကို လိုက်ပြောမှာ မဟုတ်ဘူး။ တိုင်းပြည်နှင့် လူထုအကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ 

လုပ်မှာပဲ။ (၂၁-၃-၄၇နေ့က စစ်ကိုင်းတွင် ဟောပြောချက်မှ)


Saturday, December 17, 2011

Posted by မျိုးချစ်သူရဲကောင်းများ On 7:06 PM 0 comments

ဆရာဝန်တစ်ဦး၏ မီးဟုန်းဟုန်း တောက်မည့် မြန်မာပြည် ဆောင်းပါးမှ ကောက်နှုတ်ချက်

              ယနေ့ လမ်းမများပေါ်တွင် လှည့်လည်၍ အစိုးရထွက်ပေးဟု အော်နေကြသော ကုန်သည်၊ 

ပွဲစားများကို မေးလိုပါသည်။

          လုပ်သားပြည်သူများ စားဝတ်နေရေး ချောင်လည်အောင်၊ ကုန်ဈေးနှုန်းကျဆင်းအောင် 

ဘာတွေများ တတ်စွမ်းသလောက် ဆောင် ရွက်ခဲ့ ကြပါသလဲ။

          မိမိတို့ ကိုယ်ကျိုးကိုသာ ရှေးရှု ၍ ဈေးနှုန်းများကစားခြင်း၊ ကုန်သိုလှောင်ခြင်း

လုပ်ခဲ့ကြသူတို့မှာ ဘယ်သူတွေလဲ။

           အမြတ်ခွန်တွေကိုကော မှန်မှန်ကန်ကန် ပေးခဲ့ကြသလားဟု မေးလိုပါသည်။

ဈေးနှုန်းတက်စရာရှိ လက်မနှေးဘဲ လွယ်လွယ်ကူကူ တက်ပစ်လိုက်၏။

ကျစရာရှိလျှင်တော့ ဖြည်းဖြည်းပေါ့ဟု ဆိုကြ၏။

ကားသမားကလည်း ကားသမားအလျောက်၊ စပယ်ယာကလည်း 

စပယ်ယာအလျောက် ပြည်သူကို နှိပ်စက်၏။

မိမိကိစ္စ အောင်မြင်ရေးအတွက် ရိုးရိုးသားသားရှိခဲ့ကြသော ၀န်ထမ်းများကို 

လာဘ်ထိုးခြင်းဖြင့် ဖျက်ဆီးကြ၏။

ယူသူကလည်း ယူ၏၊ ပေးသူကလည်း ပေး၏။

ထို့နောက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စွပ်စွဲ အပြစ်ဖို့ကြ၏။ (ယနေ့ စင်ပေါ်တက်၍ အာပေါင် 

အာရင်းသန်သန် ဟောပြော နေကြသော ရုပ်ရှင်သရုပ်ဆောင်တို့က အမြတ်ခွန် မပေးရလေအောင် 

နည်းမျိုးစုံ ကျင့်ကြံခဲ့ကြ၏။)

ရောင်းဝယ်မှု၊ အပေးအယူမှု အသီးသီးတို့တွင် ငွေမည်းတို့ဖြင့် ကစားခဲ့၊ လှည့်ပတ်ခဲ့ကြ၏။

အခြား မကုန်နိုင်အောင် ထောက်ပြစရာများ ရှိပါသည်။

ယေဘုယျအားဖြင့် ပြည်သူလူထုဘက်မှလည်း တိုင်းပြည်အပေါ် တာဝန်ပျက်ကွက်ခဲ့ကြကြောင်း 

ရိုးရိုးသားသား ၀န်ခံကြစေလို ပါသည်။

အချုပ် ဆိုရင်လျှင် တိုင်းပြည်ပျက်ရခြင်းတွင် အစိုးရတာဝန်ရှိသလို ပြည်သူတို့ဘက်မှလည်း 

တာဝန်မကင်းကြောင်း နားလည် ကြစေ လိုပါသည်။

လက်ရှိအရေးအခင်းများကို ဆက်လက်၍ သုံးသပ်တင်ပြပါမည်။

ယခု တစ်တိုင်းပြည်လုံး အော်ဟစ်တောင်းဆိုနေကြသော ဒီမိုကရေစီသည် 

အင်မတန် ကောင်းမွန်၍ လွတ်လပ်မျှတသော စနစ် တစ်ခုလည်း ဖြစ်ပါသည်။

ကျွန်တော် အလွန်ကြိုက်ပါသည်။

ထို့ ကြောင့် လုပ်သားပြည်သူတို့ ငြိမ်းချမ်းစွာ လှည့်လည်၍ ဒီမိုကရေစီပေးရေး

တောင်းခံမှုကို ကျွန်တော် ထောက်ခံ ကြိုဆိုပါသည်။

သို့သော် တဖြည်းဖြည်း ကျွန်တော် ထိတ်လန့်လာပါသည်။

တိုင်းပြည်အရေးအတွက် ရင်လေးမိပြီး တုန်လှုပ်ချောက် ချားလာပါသည်။

ကျွန်တော်တို့ မြန်မာ ပြည်သားများ ဒီမိုကရေစီကို မသုံးတတ်ကြောင်း နားလည်လာရပါသည်။

ဥပမာအချို့ပြရလျှင် နိုင်ငံတော်အလံကို ဇောက်ထိုးတပ်ကြခြင်း၊ တချို့က လုံးခြေ၍ ခြေထောက်ဖြင့် 

တက်နင်းပြခြင်း၊ ရုပ်ရှင် မင်းသမီး တစ်ဦးက တိုင်းပြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ 

စာအုပ်ကို ခြေထောက်ဖြင့် နင်းပြခြင်း (ဟောပြောသူတစ်ဦးက စင်မြင့်ပေါ်မှ နေ၍ 

အစိုးရအဖွဲ့အစည်းအသီးသီးအား မအေနှင့် ကိုင်တုတ်ခြင်း)၊ ကားများ ချောဆွဲခြင်း၊ လူတွေ မတန်တဆ 

တက်စီး ကြခြင်း၊ သင်္ကြန်ကဲ့သို ဟေးလားဝါးလား အပျော်ကြူးကြခြင်း၊ လမ်းလွှဲမရှိသော 

အချို့ဆင်ခြေဖုံးရပ်ကွက်များကို ပိတ်၍ နာရီပေါင်း များစွာ ဟောပြောပွဲကျင်းပနေသဖြင့် ယာဉ်များ 

လုံးဝမသွားနိုင်ဘဲ လုပ်သားပြည်သူပေါင်းများစွာ ဒုက္ခ ရောက်ခဲ့ကြခြင်း 

စသည်တို့ကို ပြည်သူများ တွေ့မြင်ကြပါလိမ့်မည်။


            ကိုယ့်နိုင်ငံအလံကို ချနင်းပြီး သူများနိုင်ငံအလံကိုလွှင့်ထူးထားသော မြန်မာအတိုက်အခံများ

ထို့ပြင် ရန်ကုန်ဆေးရုံကို ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အစိုးရအား ပြင်းထန်စွာ ဝေဖန်ရှုတ်ချကြသည်။

ကျွန်တော်လည်း လုံးဝ စိတ်ဆိုးခဲ့ပါသည်။

သို့ရာတွင် ရက်ပေါင်းများစွာ ဆေးရုံကြီးကို သပိတ်စခန်းဖွင့်၍ တို့အရေး၊ တို့အရေးဟု

အသံကုန် အော်ဟစ်နေကြခြင်းကို ဘာကြောင့် မတားဆီးခဲ့ကြပါသနည်း။

ဆေးရုံပေါ်တွင် ရှိနေသော အသည်းအသန်လူနာ တို့ကို ကြွေးကြော်သံ၊ ဆူပူအော်ဟစ်သံ တို့ကြောင့်

ဘယ်လိုထိတ်လန့်ဝေဒနာ တိုးကြမည်ကို မည်သူမျှ မစဉ်းစားမိကြတော့ဘူးလား။

ဒီမိုကရေစီကျကျ ပွင့်ပွင့်လင်းလင်း ရေးသားရလျှင် ဆရာဝန် တစ်ဦးအနေဖြင့် ဆေးရုံကို ပစ်ခတ်ခြင်း

အတွက် ရှုတ်ချသလို သပိတ် စခန်းဖွင့် ခြင်းကိုလည်း ရှုတ်ချပါသည်။

ကျွန်တော့အနေဖြင့် ဩဂုတ်လ ၂၄ ရက်နေ့ည၊ နိုင်ငံတော်သမ္မတ ဒေါက်တာ မောင်မောင် တိုင်းပြည်သို့

မိန့်ခွန်းပြော ကြားပြီး ကတည်းက သပိတ်အောင်ပွဲ ရရှိပြီဟု နားလည်ပါသည်။

အလွန် အနှစ်သာရ ပြည့်ဝသော မိန့်ခွန်းတစ်ခု ဖြစ်ပြီး နိုင်ငံတော်သမ္မတကိုယ်တိုင်က

ကတိအတန်တန်ပေးထားပြီဖြစ်ရာ ကိုယ့် တိုင်းပြည်ကို ချစ်ကြလျှင်၊ လူမျိုးကို ချစ်ကြလျှင်

သပိတ်လှန်၍ အလုပ်ခွင်သို့ ပြန်ဝင်ကြရန်သာ ရှိပါသည်။

ဥပဒေ ဘောင်အတွင်းမှ စနစ်တကျ ပြည်သူတို့ ဆန္ဒ လိုက်လျောခြင်းဖြစ်၍ လက်မခံ နိုင်စရာ မရှိပါ။

စက်တင်ဘာလ ၁ ရက်နေ့တွင် နောက်တစ်ကြိမ် ထပ်မံ၍ တိုင်းပြည်သို့ မိန့်ခွန်းပြောခဲ့ပြန်သည်။

သူ့မိန့်ခွန်းများတွင် တိုင်းပြည်အပေါ် ထားရှိသော သူ့စေတနာကို အထင်အရှား သိနိုင်ပါသည်။

သမ္မတတစ်ဦးအနေဖြင့် လိုက်လျောနိုင်သမျှ အစွမ်းကုန် လိုက်လျောနိုင်၊ မလိုက်လျောနိုင်သော 

ကိစ္စများကိုလည်း အကျေအလည် ရှင်းလင်းတင်ပြထားပါသည်။

ကျွန်တော် လူမှန်းသိကတည်းက တိုင်းပြည်သို့ တိုက်ရိုက်မိန့်ခွန်းပြော၍ ရှင်းလင်းတင်ပြသော

သမ္မတဟူ၍ ယခုတစ်ဦးတည်းသာ တွေ့ဖူးပါသည်။

ဒေါက်တာမောင်မောင် ကဲ့သို့ ခေါင်းဆောင်ကောင်းတစ်ဦး လက်လွှတ်လိုက်ရမည်ကို ကျွန်တော်

အင်မတန် နှမြောမိပါသည်။

ယခုလို တိုင်းပြည်ပျက်ခါမှ သမ္မတတက်လုပ်ပြီး သူ့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက်

ကြိုးစားစွမ်းဆောင်နေသော ပုဂ္ဂိုလ် တစ်ဦး အနေဖြင့် များစွာချီးကျူးဂုဏ်ပြု ထိုက်ပေသည်။

သူ အာဏာမလိုချင်မှန်း ကျွန်တော် သိပါသည်။

ယခုသပိတ်တိုက်ပွဲသည် တဖြည်းဖြည်းနှင့် အခြေအနေပိုဆိုးလာသည်။

နိုင်ငံရေးအမြတ်ထုတ်မှုများ၊ သမဂ္ဂများ မှိုလိုပေါက်လာကြသည်။

ပါတီစုံမဖြစ်ရသေးဘဲ တွဲရေး ကွဲရေးများ ဖြစ်နေကြပြီ။

ထောင်များလည်း ကျိုးပေါက်၍ ထောင်သားများ လွတ်မြောက်လာကြသည်။

လုကြ၊ သတ်ကြ၊ ယက်ကြ၊ ဖြတ်ကြ ဖြစ်လာကြသည်။

ဒီမိုကရေစီဟု အော်ဟစ်ထွက်ပေါ်လာကြသော စာစောင်များလည်း စီးပွားရေးဆန်ဆန် 

အလုအယက် ထွက်ပေါ်လာကြသည်။

ဒီမို ကရေစီကျကျ ရေးဖို့ထက် အစိုးရကို များများတွယ်လေ လူကြိုက်များလေဖြစ်၍ 

အစိုးရကို ပို၍ ဖိအားပေး နှိပ်ကွပ်နေကြသည်။

နိုင်ငံခြားသားများလည်း ခြေရှုပ်လာကြသည်။ ဘီဘီစီ၊ ဗွီအိုအေတို့မှလည်း ကောလာဟလမျိုးစုံ၊ 

အတို့အထောင် မျိုးစုံတို့နှင့် တိုင်းပြည်ကို မပျက်ပျက်အောင် လုပ်လာကြသည်။

ပြည်တွင်း ကောလာဟလဖြန့်ချိရေးအဖွဲ့မှလည်း တိုင်းပြည် 

ပျက်စီးရာပျက်စီးကြောင်း ကောလာဟလပေါင်းစုံကို တစ်နေ့ တစ်မျိုး ရအောင် ထုတ်လွှင့်ပေးခဲ့သည်။

နယ်စွန်နယ်ဖျားမှ သူပုန် သောင်းကျန်း သူတို့ ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်လာကြပြီး 

ကင်းစောင့်ရာမှ ပြဿနာဖြစ်ပြီး ရပ်ကွက် အချင်းချင်း အပြင်းအထန် သတ်ဖြတ်ကြသည်။

အစိုးရယန္တရား တစ်ခုလုံးလည်း ပျက်ယွင်းပေပြီ။

ဓာတ်ဆီ လုံးဝမချက်တော့သဖြင့် ဓာတ်ဆီ လုံးဝမရှိ၊ ထို့ကြောင့် ကား ဈေးနှုန်း ကြီးမြင့်လာ၍

လက်လုပ်လက်စားတို့ ငတ်ကြလေပြီ။

ငတ်သဖြင့် လုကြ၏။

ပည်သူတို့ကို နှိပ်စက်ခိုးဆိုး အကြံအဖန်လုပ်ခဲ့ကြသော ၀န်ထမ်း အသီးသီးတို့သည် 

ယခုအခါ အပြစ်ကင်းစင်သော သူရဲကောင်းများ ဖြစ်လာကြ၏။

အစိုးရကို ကလော်ဆဲကြ၏။

တစ်လလုံး လှည့်လည်သပိတ် မှောက်ပြီး လကုန်ရက် လခထုတ်စရာရှိတော့ အပြည့်အဝ

သွားရောက်ထုတ်ယူကြ၏။

ဒီလ အလုပ် မလုပ်ပါလား၊ ဒါကြောင့် လခမယူတော့ဘူးဟု ငြင်းသူမရှိ။

လခထုတ်ပြီး နောက်တစ်နေ့ သပိတ်ဆက်မှောက်၏။

အချုပ် ဆိုရသော် တိုင်းပြည်ကြီး ရစရာမရှိအောင် ပျက်ယွင်းသွားလေပြီ။

နဂို ကတည်းက အပျော်ကြူးရမည်ဆိုလျှင် ဗိုလ်မထားသော ကျွန်တော်တို့ မြန်မာ

ပြည်သူပြည်သားများသည် ဒီမိုကရေစီကို လွဲမှားစွာ အသုံးချကုန်ကြလေပြီ။

ဤအတိုင်းဆိုလျှင် မကြာမီပင် မြန်မာနိုင်ငံကြီး မီးဟုန်းဟုန်းတောက်လောင်ပေတော့မည်။

သွေးချောင်းစီးပွဲများ ဖြစ်ရမည်မှာ မလွဲပါ။

ယခုလို အရေးကြီးသည့်အချိန်တွင် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့်


တိုင်းပြည်ကို ကယ်တင်ရန် အရေးကြီးလှပေ သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးသည် ယခုအခါ ချောက်နှုတ်ခမ်းပေါ်တွင် တဲတဲလေးသာ 

ကျန်တော့သည်။

ယခင်က လုပ်ခဲ့ကိုင်ခဲ့ကြသူ ခေါင်းဆောင်များအနေဖြင့်လည်း တိုင်းပြည်ကို ကယ်တင်ဖို့ထက် မိမိတို့

အာဏာရရှိရေး အတွက် အပြင်းအထန် စည်းရုံး၍ တိုင်းပြည်ကို ချောက်ထဲသို့ အတင်းတွန်း ချနေကြသည်။

တကယ်အရေး အကြောင်း၊ တိုင်းပြည်အတွက် လိုအပ်စဉ်ကာလက ၎င်းတို့ ဘယ်မှာ ပုန်းခိုနေ ကြသည်မသိ၊

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တစ်ဦးတည်းသာ အမိုက်ခံ၊ အနစ်နာခံ၍ တိုင်းပြည်၏ ပကတိအခြေ အနေကို

ရဲရဲဝံ့ဝံ့ ဖော်ထုတ်တင်ပြခဲ့ပေသည်။

သူ့စာများတွင် အမှားအယွင်း အနည်းငယ်ပါရှိသော်လည်း မူရင်း စေတနာနှင့်ယှဉ်လျှင် မပြောပလောက်ပါ။

ယခု လောလောဆယ်လည်း သူ့အနေဖြင့် ဘာမှလက်လွတ်စပယ် ဟောပြောခြင်း၊ ပုဂ္ဂလိက

တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ဘဲ ဒီမို ကရေစီကျကျ ပြောဆိုလုပ်ကိုင်နေသည်ကို တွေ့ရပေသည်။

အချို့နိုင်ငံရေးခေါင်းဆောင်ဟောင်းများစွာ အစိုးရက ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်စဉ်ကပင်

ကျေကျေနပ်နပ်လက်ခံ ယူခဲ့ကြပြီး ပေးအပ်သော ငွေကြေးနှင့် အခြား

ခံစားခွင့်ရှိသည်တို့ကိုလည်း အပြည့်အ၀ ခံစားခဲ့ကြပေပြီ။

လေး-ငါး သောင်းခန့် တန်ဖိုးဖြင့် အစိုးရပေးသော ကားများကိုယူ၍ စီးပွားရှာကြသည်။

အချို့မှာ နှစ်သိန်းပတ်ဝန်းကျင်ဖြင့် ပြန်၍ ရောင်းချကြသည်။

အစိုးရကို မကျေနပ်လျှင် အစကတည်းက ငြင်းပယ်ခဲ့ကြပါလား။

မိမိကိုယ်တိုင်က အစိုးရပေးသော အခွင့်အရေးများကို အသိအမှတ်ပြုခံစားပြီး ယခုအခါကျမှ

အစိုးရ ကို ဘာကြောင့် ပုဂ္ဂလိက တိုက်ခိုက်နေ ကြသလဲဟု ပြန်လည်စဉ်းစားကြစေလိုသည်။

ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ဆိုလျှင် ၎င်းဖော်ထုတ်ဟောပြောခဲ့သော သွေးထက်သံယိုမှုပေါင်းစုံတို့၏

သုံးပုံ နှစ်ပုံခန့်တွင် မိမိသည် အစိုးရ၏ ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်အရှိ ဆုံး

ပါဝင်ခဲ့သည်ကို မေ့လျော့နေသလားဟု မေးကြည့်ချင်ပါသည်။

ယနေ့ ဒီမိုကရေစီ အမြန်ပေးပါဟု အော်ဟစ် ကြွေးကြော်နေသော တပ်မှူးဟောင်းများ မိမိတို့
 
ဘာကြောင့် တပ်မှ အထုတ်ပယ်ခံရ သည်ကို ပြန်လည် စဉ်းစားကြစေလိုသည်။

မိမိတို့ ကျူးလွန်ခဲ့သည့် မဲဆွယ်မှု၊ မဲခိုးမှုတို့အတိုင်း ယခု ပြန်လုပ်ကြမည်စိုး၍ ဆန္ဒခံယူပွဲ

မလုပ်သင့်ပါဟု အော်နေကြသလားဟုပင် ထင်မိပါသည်။

တစ်ချိန်လုံး ဘယ်နေရာတွင် အိပ်နေမှန်းမသိသော ရှေ့နေများ ကောင်စီကလည်း

ဒေါက်တာမောင်မောင်၏ မိန့်ခွန်းကို အကိုး အကားများ ထုတ်၍ ကန့်ကွက်ခဲ့ကြ၏။

အခြေခံ ဥပဒေကို အစိုးရက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း၊ ပုဒ်ထီး ပုဒ်မများဖြင့်

အတိတ်ကို ပြန်လည်ဖော်ထုတ်ခဲ့ကြ၏။

၎င်းရှေ့နေများကို ကျွန်တော်တစ်ခု မေးလိုပါသည်။

အစိုးရအနေဖြင့် ၎င်း အခြေခံဥပဒေများကို ချိုးဖောက်ခဲ့စဉ်က ရှေ့နေများကောင်စီက

ဘာကြောင့် တရားဝင် ကန့်ကွက်လွှာ မတင်သွင်း ခဲ့ကြပါသနည်း။

ဒါတော့ ပြောလို့ရမှာ မဟုတ်ဘဲဟု ဆင်ဝှေ့ရန်ရှောင် မပြုလုပ်ကြစေလိုပါ။

အစိုးရအနေဖြင့် အရေးယူသည်၊ မယူသည်မှာ မိမိတာဝန်မဟုတ်၊ ဥပဒေကို

နားအလည်ဆုံးဖြစ်သည့် ရှေ့နေများ ကောင်စီအနေဖြင့် အစိုးရက ဥပဒေချိုး

ဖောက်နေကြောင်း သိလျှင် ရဲရဲဝံ့ဝံ့ ကန့်ကွက်လွှာတင်သွင်းရန် တာဝန်ရှိပေသည်။

ဥပဒေကိုချိုးဖောက်နေကြောင်း သိလျက်နှင့် ငြိမ်နေခြင်းသည် ဥပဒေ

ကျူးလွန်ရာရောက်သည်ဟု  ကျွန်တော် နားလည်ပါသည်။

ယခုလို ဘေးရန်ကင်းရှင်းမှ လက်ခမောင်းခတ်သူများကို ပြည်သူတို့

ဘယ်လိုမြင်ကြမည်ကို စဉ်းစားကြည့်စေလိုပါသည်။

နောက်တစ်ခုအနေနှင့် ပြောရလျှင် "ယနေ့ ပါတီစုံစနစ်ကို တောင်းဆိုနေကြသူများ

စင်ပေါ်တွင် အော်ဟစ်ပြောဟော နေကြသူများက "ရွေးကောက်ပွဲလုပ်စရာ မလိုပါ။

ပါတီစုံစနစ်ကိုသာ တန်းပြီး ပေးလိုက်ပါတော့"ဟု ဘာကြောင့် တောင်းဆိုနေကြပါသလဲ။

တစ်ဖက်က လည်း ဒီမိုကရေစီဟု တောင်းဆိုသည်။

တစ်ဖက်မှလည်း ရွေးကောက်ပွဲလုပ် မနေနှင့်တော့။

ပါတီစုံကို တစ်ခါတည်းသာ ပေးလိုက်တော့"ဟု ဆိုပြန်ရာ မီးစ

တစ်ဖက်၊ ရေမှုတ်တစ်ဖက် ဖြစ်မနေဘူးလားဟု မေးလိုပါသည်။

ပြည်သူများ ဆန္ဒကို မသိချင်ကြတော့ဘူးလား။ တစ်ပါတီစနစ်ကိုသာ လိုလားသူ

ပြည်သူ သန်းပေါင်းများစွာ ရှိနေကြပါသည်။

ယင်းကိုထည့်၍မစဉ်းစားဘဲ အဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။

ပါတီစုံကို တစ်ခါတည်း ပြောင်းလိုက်လျှင် တစ်ပါတီလိုလားသူ ပြည်သူလူထုကို

ဘယ်လောက် နစ်နာ သွားမည်ကို ဒီမိုကရေစီကျကျ စဉ်းစားမိ ကြရဲ့လား။

ပြည်သူအားလုံး၏ ဆန္ဒပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်း

မလုပ်ရဲကြတော့ဘူးလား။

ပြည်သူအားလုံး၏ဆန္ဒ မပါဝင်ဘဲ ပါတီစုံစနစ်ကို အတင်းအဓမ္မ တောင်းဆိုနေကြခြင်းမှာ

ဒီမိုကရေစီ ဟုတ်ပါရဲ့လား။

ပါတီစုံကို တစ်ခါတည်း ပြောင်း လိုက်လျှင် တစ်ပါတီကိုလိုလားသူ ပြည်သူလူထုကို

ဘယ်လောက် နစ်နာသွားမည်ကို ဒီမိုကရေစီ ကျကျ စဉ်းစားမိရဲ့လား။

ပြည်သူအားလုံး၏ဆန္ဒ ပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်းနှင့်

မလုပ်ရဲကြဘူးထား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိကြဘူး လားဟု

အထပ်ထပ်အခါခါ မေးမြန်းလိုပါသည်။

လုပ်သားပြည်သူအပေါင်းတို့ခင်ဗျား နိဂုံးချုပ်ဆိုပါမည်။

ကျွန်တော်တို့ တိုင်းပြည်ပျက်စီးပုံအရေးကို မြင်ကြပါ။

ကျွန်စော်နံလာပြီကို သတိပြုကြပါ။

အစိုးရသည် အစိုးရသာဖြစ်ပါသည်။

တိုင်းပြည်မဟုတ်ပါ။

အစိုးရကို မုန်းတီးရုံ၊ ဦးနေ၀င်း၊ ဦးစန်းယုကို မုန်းတီးရုံနှင့် တိုင်းပြည်ကို မဖျက်ကြပါနှင့်။

ကျွန်တော်တို့သည် တိုင်းပြည်မျက်နှာကိုသာ ကြည့်ရမည်ဖြစ်ပါသည်။

ဦးနေ၀င်း မျက်နှာကို ကြည့်စရာမလိုပါ။

ထို့အတူ ဒေါက်တာမောင်မောင်၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း

တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် စသည်ဖြင့် ဘယ်သူ့မျက်နှာကိုမျှ ကြည့်စရာမလိုပါ။

သန်းပေါင်းများစွာသော ပြည်သူတို့၏ အကျိုး၊ တိုင်းပြည်၏အကျိုးကိုသာ ရှေးရှု၍

တိုင်းပြည်ချစ်စိတ်မွေးကြပါ။

တရားမျှတသော၊ ဒီမိုကရေစီကျသော ဥပဒေဘောင်အတွင်းမှ

ဆန္ဒခံယူပွဲများတွင် ကြိုက်သလိုပါဝင်ကြပါ။

မိမိတို့အလုပ်ကို ပြန်လုပ်ကြရင်း တိုင်းပြည် ချစ်ကြောင်း၊ အစိုးရ မကောင်းသော်လည်း

မိမိတို့ကောင်းကြောင်းပြကြပါ။

အစိုးရများ အနေဖြင့်လည်း နုတ်ထွက်ပေးမည်ဖြစ်ကြောင်းကို အထပ်ထပ် ဖြေပြီးဖြစ်ပါသည်။

မိမိတို့လက်ထဲတွင် ဒီမိုကရေစီရောက်နေကြောင်း စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။

မှန်မှန်ကန်ကန် ဆုံးဖြတ်ကြပါ။

ကြားကြားသမျှ ကောလာဟလများကိုလည်း ဉာဏ်ရှိသူများပီပီ ချင့်ချိန်၍ ယုံကြပါ။

ထပ်၍ဆိုပါမည်။

ကျွန်တော်သည် တိုင်းပြည်ကို ချစ်မြတ်နိုးသော ဆရာဝန် တစ်ဦးသာဖြစ်၍

ဘယ်ဘက်သို့မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြကြောင်း

ပြည်သူကို သိစေချင်ပါသည်။

ကျွန်တော် ဆွေမျိုးရင်းချာတစ်ဦးလည်း အရေးအခင်းထဲတွင် သေနတ်မှန်၍ သေဆုံးခဲ့ရပါသည်။

သို့သော်လည်း မိမိ၏ ဆွေမျိုးတစ်ဦး၏အရေးထက် တိုင်းပြည်၏အရေးကိုသာ ကျွန်တော် ကြည့်ပါသည်။


(http://www.myanmarexpress.net/2011/12/blog-post_5544.html) မှ ကူးယူဖော်ပြသည်

Friday, December 16, 2011

Posted by မျိုးချစ်သူရဲကောင်းများ On 6:23 AM 0 comments

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတကြီး၏ သတင်းစာရှင်းလင်းပွဲ(19-11-2011)


Posted by မျိုးချစ်သူရဲကောင်းများ On 6:09 AM 0 comments

ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖော်ဆောင်ပေးလျက်ရှိသော တပ်မတော်



မြင့်မောင် (Phil, Q)

                 ယနေ့ အခါသမယသည် တပ်မတော် အစိုးရနှင့် တိုင်းရင်းသား ပြည်သူတို့ လက်တွဲညီညီဖြင့်

မိမိတို့ ချစ်မြတ်နိုးသည့် ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး

တိုးတက်သည့် နိုင်ငံတော်ကြီး အဖြစ် တည်ဆောက်လျက် ရှိသည့် အခါသမယ ဖြစ်သည်။

                တစ်နည်းအားဖြင့် ဆိုသော် မြန်မာ့ တပ်မတော်ကြီးသည် ပြည်ထောင်စုကြီးနှင့် ပြည်ထောင်စုဖွား
 
တိုင်းရင်းသား တို့၏ အကျိုး စီးပွားနှင့် ပတ်သက်လာလျှင် တပ်မတော် စတင်ဖွဲ့စည်း ထူထောင်သည့်

အချိန်မှသည် ယနေ့ အချိန်ကာလ တိုင်အောင် ထာဝစဉ် ကာကွယ် စောင့်ရှောက်ပေးလျက် ရှိသည်။

အခြေအနေ အချိန်အခါအရ မိမိ ပခုံးပေါ်သို့ ကျရောက် လာသော နိုင်ငံ့ တာဝန်များကို ထမ်းရွက်

သယ်ပိုးရသည့် အခါမျိုးတွင်လည်း နိုငငံနှု့် တိုင်းရင်းသား ပြည်သူတို့၏ အကျိုး စီးပွား ဖြစ်ထွန်းစေမည့် နိုင်ငံ

တည်ဆောက်ရေး လုပ်ငန်းများကို အနာဂတ် မျှော်မှန်းချက် အမြင်ဖြင့် ဦးဆောင်မှု ပေးလျက်

အကောင်အထည် ဖော်ခဲ့သည့် အစဉ်အလာ ကောင်းများနှင့် ပြည့်စုံသော ပြည်သူ့ တပ်မတော်ကြီး ဖြစ်သည်။

ယနေ့ နိုင်ငံ တာဝန်များကို ထမ်းဆောင်လျက် ရှိသည့် တပ်မတော် အစိုးရ သည်လည်း မှန်ကန်သော

ဦးဆောင်မှု နှင့်အတူ ပြည်ထောင်စု ကြီးကို ချစ်မြတ်နိုး ကုန်သော တိုင်းရင်းသား ပြည်သူတို့၏ အင်အားဖြင့်

ကြိုးပမ်း ဆောင်ရွက်လျက် ရှိသော အချိန်၊ ပြည်သူ အပေါင်းတို့ လိုလားသည့် ခေတ်မီဖွံ့ဖြိုး

တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်အောင် အနှောင်း သေချာ စေမည့် အစကောင်းများ အခိုင်အမာ

ချမှတ်လျက် ရှိနေသည့် အခါ သမယ ဖြစ်သည်။

            တပ်မတော်၏ မဆုတ်မနှစ် ကြိုးပမ်း အားထုတ်မှုများကြောင့် ဒီမိုကရေစီ စနစ်

ကျင့်သုံး၍ ပြည်ထောင်စုကြီးကို ဦးဆောင်မည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး

အဖွဲ့အစည်းများ ပေါ်ထွန်း လာနေပြီ ဖြစ်သည်။ ဆိုရလျှင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့်

ဖွံ့ဖြိုးရေး ကောင်စီ (သို့) တပ်မတော် အစိုးရ၊ တစ်နည်းအားဖြင့် တပ်မတော်သားများ ကိုယ်တိုင်က

ဒီမိုကရေစီ အုပ်ချုပ်ရေးကို ဖော်ဆောင် ပေးနေခြင်းပင် ဖြစ်သည်။ ထိုသို့ ဖော်ဆောင်ရာ တွင်လည်း အမည်ခံ

သက်သက် ဒီမိုကရေစီမျိုး မဟုတ်မူဘဲ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ

အုပ်ချုပ်ရေးမျိုး ဖြစ်အောင် အနာဂတ် အမြင် ကြီးမားစွာဖြင့် တစ်ဆင့်ပြီး

တစ်ဆင့် ဖော်ဆောင် ပေးနေခြင်း ဖြစ်သည်။

တာဝန် ကျေပွန်သည့် အမျိုးသားအင်အားစုကြီး

၁၉၄၁ ခုနှစ်မှသည် ယနေ့ ၂ဝ၁၁ ခုနှစ် ကာလတိုင်အောင် ရှည်လျား ကြာမြင့်လှသည့်

ကာလအတွင်း ပြည်သူ့ တပ်မတော်၏ အမျိုးသား နိုင်ငံရေး (National Politics) တွင် ဦးဆောင်မှု

အခန်းကဏ္ဍမှ အစဉ်တစိုက် ပါဝင် ထမ်းရွက်ခဲ့မှု၊ ပြည်ထောင်စုကြီးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားတို့

အတွက် အမျိုးသား အကျိုးစီးပွား (National Interest) ကို ကာကွယ် စောင့်ရှောက်ရုံမျှ မက

တည်ဆောက် ပေးခဲ့မှုတို့ အပေါ် မည်သည့် စံနှုန်းဖြင့် တိုင်းတာသည် ဖြစ်စေ၊ မည်သည့် ရှုထောင့်မှပင်

ရှုမြင်သည် ဖြစ်စေ တပ်မတော်သည် အမျိုးသားရေး တာဝန်၊ သမိုင်းပေး တာဝန် ကျေပွန်လှသည့် အမျိုးသား

အင်အားစုကြီး တစ်ရပ်ဖြစ်ကြောင်း ယထာဘူတ ဉာဏ်အမြင် ရှိသူတိုင်း သိမြင် သဘောပေါက်သည်။

သမိုင်းပေး အမျိုးသားရေး တာဝန်ြကီးများ ထမ်းရွက် သယ်ပိုးခဲ့သည့် တပ်မတော်

တပ်မတော်သည် စတင် ဖွဲ့စည်း ပြီးသည်နှင့် တစ်ပြိုင်နက် တိုင်းပြည်ကို နှစ်ပေါင်းများစွာ ခြယ်လှယ်

အုပ်ချုပ်နေသော နယ်ချဲ့ဝါဒီ အင်္ဂလိပ် တို့ကို လည်းကောင်း၊ တိုင်းရင်းသား ပြည်သူတို့ကို နိုင့်ထက်စီးနင်း

ညှဉ်းပန်း နှိပ်စက်လာသော ဖက်ဆစ်ဝါဒီ ဂျပန်တို့အား လည်းကောင်း စစ်ရေး၊ နိုင်ငံရေး နည်းလမ်းများဖြင့်

ရင်ဆိုင် တိုက်ခိုက်လျက် အမိ နိုင်ငံတော်ကြီး၏ လွတ်လပ်ရေးကို ဆောင်ကြဉ်း ပေးခဲ့သည်။

                လွတ်လပ်ရေး ရပြီး နောက်တွင် နယ်ချဲ့တို့၏ တမင်ကြံစည် ပြုလုပ်မှု

အကျိုးဆက်ကြောင့် ပေါ်ပေါက်လာသော ပြည်တွင်း ရောင်စုံ သောင်းကျန်မှုကြီး ကိုလည်းကောင်း ပြည်ပ

အင်အားကြီး နိုင်ငံ အပါအဝင် နိုင်ငံအချို့က အားပေးအားမြှောက် ပြုသည့် ပြည်ပ

ကျူးကျော်တပ်များ ပြည်ထောင်စု နယ်မြေအတွင်း ဝင်ရောက် ကျူးကျော် လာခြင်းကို လည်းကောင်း

''တပ်မတော်သည် နိုင်ငံ အတွက်'' ဆိုသော ခံယူချက်ကို မမှိတ်မသုန် ခံယူလျက် စစ်ဆင်ရေးပေါင်း

များစွာဖြင့် စွန့်လွှတ်စွန့်စား တွန်းလှန်တိုက်ခိုက် ချေမှုန်း ခဲ့သည်။ ပြည်ထောင်စု အလံတော်ကြီး တလူလူ

လွင့်နေအောင် တပ်မတော်သား တို့၏ အသက်သွေးပေါင်း များစွာ ပေးဆပ် ဆောင်ရွက် ခဲ့သည်။

                  ဆုံးရှုံးခဲ့သော လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ ပြန်လည် ရယူရေးနှင့် ရရှိပြီးသော

လွတ်လပ်ရေး ပြန်လည် ဆုံးရှုံး သွားစေမည့် အခြေအနေ များမှ ကာကွယ် စောင့်ရှောက်ရေးကို အောင်မြင်စွာ

ထမ်းရွက် သယ်ပိုးခဲ့သော တပ်မတော်သည် ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု

မပြိုကွဲရေး တာဝန်ကြီးများ ကိုလည်း ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင် သယ်ပိုး ထမ်းရွက်

ခဲ့ရပြန်သည်။ပြည်တွင်းသောင်းကျန်းမှုကာလ ၁၉၄၉ ခုနှစ် ဧပြီလမှ ၁၉၅ဝ ပြည့်နှစ် စက်တင်ဘာ လအထိ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဒုတိယ ဝန်ကြီးချုပ် တာဝန်ယူလျက် ပြည်ထောင်စု အကျိုးကို

ထမ်းရွက် ခဲ့ရသည်။ ထပ်မံ၍လည်း ၁၉၅၈ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ်အထိ တပ်မတော်သည် ထိုစဉ်က

အုပ်ချုပ်လျက် ရှိသည့် အစိုးရ အဖွဲ့၏ တောင်းဆိုချက် အရ အိမ်စောင့် အစိုးရ တာဝန်ကို ရယူကာ

အထွေထွေ ရွေးကောက်ပွဲ ကြီးကို သန့်ရှင်း မျှတစွာ ကျင်းပပြုလုပ် ပေးရင်း တစ်ဖက်မှလည်း ပြည်သူ့

အကျိုးပြု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

               ၁၉၆၂ ခုနှစ်တွင်မူ ထိုစဉ်က ကျင့်သုံးလျက် ရှိသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏

အားနည်းချက်၊ ပြည်တွင်းပြည်ပ ထိုးနှက် တိုက်ခိုက်မှု စသည်တို့ကြောင့် ပြည်ထောင်စုကြီး ပြိုကွဲမည့်

အရေး ပေါ်ပေါက်လာသည့် အတွက် တပ်မတော်က နိုင်ငံတော်ကို မလွှဲ မရှောင်သာ တာဝန်ယူ ထိန်းသိမ်း

ကာကွယ် ခဲ့ရသည်။

                      ၁၉၈၈ ခုနှစ် တွင်လည်း နိုင်ငံတော်ကို ဆန့်ကျင်သူများ၊ ပုဂ္ဂိုလ်ရေး ခံစားချက် အာဃာတ

ရှိသူများ၏ သွေးထိုး လှုံ့ဆော်မှုကြောင့် အမှိုက်ကစ ပြာသာဒ် မီးလောင်သည့်

အရေးအခင်းကြီး ဖြစ်ပွားခဲ့သည်။ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ အမြော်အမြင် မရှိ

လှုံ့ဆော်မှုကြောင့် အစိုးရ အုပ်ချုပ်ရေး ယန္တရား ပျက်ပြားလျက် နိုင်ငံပိုင် ပစ္စည်းများ အကြမ်းဖက်

ဖျက်ဆီးခြင်း၊ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ လုယက်ဖျက်ဆီး သတ်ဖြတ် ခံရခြင်း ဆိုသည့်

ဆိုးရွားရက်စက်သည့် အရေးအခင်းကြီး ပေါ်ပေါက် လာသည်။ ထို အရေးအခင်းကြီးကို

အကြောင်းပြုလျက် ပြည်တွင်း နယ်စပ်ဒေသ အချို့၌ စစ်ရေးအရ တိုက်ခိုက်လာမှု၊ ပြည်ပ

အင်အားကြီး နိုင်ငံတစ်ခုက ပြည်ထောင်စု၏ အချုပ်အခြာ အာဏာကို ထိပါးလျက် စစ်ရေး ခြိမ်းခြောက်လာမှု

စသည့် အခြေအနေ များကြောင့် အစဉ်အလာ ကောင်းများနှင့် ပြည့်စုံသည့် တပ်မတော် ပြည်ထောင်စုကြီးနှင့်

တိုင်းရင်းသား ပြည်သူတို့၏ အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေး ဆိုသည့် မှန်ကန် မွန်မြတ်သည့်

ခံယူချက်ဖြင့် နိုင်ငံတော် တာဝန် အရပ်ရပ်ကို ရယူလျက် ထိန်းသိမ်း စောင့်ရှောက် ခဲ့ရသည်။ ပြည်သူတို့၏

အသက်အိုးအိမ် စည်းစိမ်များ လုံခြုံ အေးချမ်းစေရန် စွမ်းဆောင် ပေးခဲ့သည်။

အမျိုးသား အကျိုးစီးပွား ဖော်ဆောင် ပေးခဲ့သော တပ်မတော်

              တပ်မတော်သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ၌ နိုင်ငံ့ တာဝန် အရပ်ရပ်ကို ရယူပြီးနောက်

တိုင်းရင်းသား လူမျိုးစုံ မှီတင်း နေထိုင်သည့် ပြည်ထောင်စု နိုင်ငံကြီး အတွက် အခြေခံ အကျဆုံး အမျိုးသား

အကျိုးစီးပွား (Primary National Interest) ဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး

ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တို့ကို ဒို့တာဝန် အရေးသုံးပါး အဖြစ်

လည်းကောင်း၊ ပြည်ထောင်စုကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားတို့ ကြွယ်ဝ

ချမ်းသာရေး၊ စည်းလုံး ညီညွတ်ပြီး အင်အား တောင့်တင်းသော နိုင်ငံ ဖြစ်ထွန်းရေး စသည့် အခြား

အရေးကြီးသော အမျိုးသား အကျိုး စီးပွားများ အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ

အဖြစ် လည်းကောင်း အတိအလင်း ချမှတ်၍ ဦးလည်မသုန် ထမ်းရွက်ခဲ့ရ ပြန်သည်။ အထူးသဖြင့် ပြည်သူ

အပေါင်းတို့ လိုလားသော ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် အခြေခံ

အုတ်မြစ် ဖြစ်သော ပြည့်စုံ ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ပေါ်ထွက်လာရေး အတွက်

ချမှတ်ပြီး နိုင်ငံရေး ဦးတည်ချက်များ အပြင် မူဝါဒ လမ်းစဉ် ခုနစ်ရပ် ထပ်မံ ချမှတ်၍ တိုင်းရင်းသား ပြည်သူ

အပေါင်း၏ အင်အားဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။

ယခုဆိုလျှင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး အခိုင်အမာ ပေါ်ထွန်း

လာခဲ့ပြီး ဖြစ်သည်။ ထိုအခြေခံ ဥပဒေအရ လွတ်လပ်၍ တရားမျှတသော ပါတီစုံ

အထွေထွေ ရွေးကောက်ပွဲကြီး ကိုလည်း ကျင်းပပေးနိုင် ခဲ့ပြီး ဖြစ်သည်။ ပြည်သူတို့က

စိတ်တိုင်းကျ ရွေးချယ်တင်မြှောက် လိုက်သည့် ပြည်သူ့ ကိုယ်စားလှယ် ကြီးများ ပေါင်းစုစည်းရုံး

ညီညွတ်စွာ ဆွေးနွေး တိုင်ပင်ကြလျက် ပြည်ထောင်စု အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး အဖွဲ့များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အဖွဲ့များ

ဖွဲ့စည်းရေးကို အောင်အောင်မြင်မြင် ကျင်းပပြုလုပ် နေကြပြီ ဖြစ်သည်။ စနစ်တကျ စုံစုံလင်လင် ဖွဲ့စည်း

ပြီးသည်နှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးကို ဆက်လက် တည်ဆောက်

သွားတော့မည် ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ဆက်လက်

တာဝန်ယူမည့် ပြည်ထောင်စုနှင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့များ အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေး

လုပ်ငန်းများကို အာရုံ စူးစိုက်စွာ၊ အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်နိုင်ရေး အတွက်လည်း စီးပွားရေး၊

လူမှုရေး ကဏ္ဍ အသီးသီးတွင် အခြေခံ အဆောက်အအုံ (Infrastructure) များကို တောင်ပေါ် မြေပြန့်

နယ်စပ်ပြည်မ ပြည်ထောင်စု နယ်မြေ အနှံ့အပြားတွင် အုံနှင့်ကျင်းနှင့် လမ်းခင်း

တည်ဆောက် ဖော်ဆောင်ပေးလျက် ရှိသည်။

ဒီမိုကရေစီ အုပ်ချုပ်ရေးကို ဖော်ဆောင်ပေးသည့် တပ်မတော်

              မြန်မာ့ တပ်မတော်သည် စတင် ပေါက်ဖွားလာစဉ် ကပင် မှန်ကန် မွန်မြတ်သည့် ရည်ရွယ်ချက်ဖြင့်

သန္ဓေတည် ပေါက်ဖွား လာသည့် တပ်မတော် ဖြစ်သည့် အပြင် ဖြတ်သန်းခဲ့သည့်

ကာလတစ်လျှောက် တွေ့ကြုံ ရင်ဆိုင်ခဲ့ရသည့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စ အဖြာဖြာကို

ထမ်းဆောင် ရာတွင်လည်း နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာ စောင့်သိမှု ဆံခြည် တစ်မျှင်စာမျှ တိမ်းစောင်းခဲ့ခြင်း

မရှိ၊ အမျိုးသား အကျိုးစီးပွားကို အစဉ်ရှေးရှု ဆောင်ရွက် ခဲ့သည်သာ ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

သို့ဖြစ်၍လည်း တပ်မတော်ကြီးသည် တိုင်းရင်းသား ပြည်သူတို့ အားကိုးရာ စွမ်းရည်သုံးရပ်၊ အစဉ်အလာ

(၁၂)ရပ်နှင့် ပြည့်စုံသည့် တပ်မတော်ကြီး အဖြစ် မားမားမတ်မတ် ရပ်တည် နိုင်ခဲ့သည်။ ယခုလည်း

ရပ်တည်လျက် ရှိနေသည်။ နောင်လည်း ရပ်တည် နေဦးမည် ဖြစ်သည်။

ခေတ်အလိုက် ပြောင်းလဲလာသော အခြေအနေ များအရ ကမ္ဘာပေါ်ရှိ နိုင်ငံတို့သည်

လွတ်လပ်သော ဈေးကွက် စီးပွားရေး စနစ်နှင့် ဒီမိုကရေစီ အုပ်ချုပ်ရေး တို့ကို

ကျင့်သုံးလာကြသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ တွင်လည်း ပြည်သူ အပေါင်း တို့က ထိုစနစ်

ထိုအုပ်ချုပ်ရေးဖြင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက် ချမ်းသာ ကြွယ်ဝအောင် တည်ဆောက် စေလိုလျက် ရှိရာ

တိုင်းရင်းသား ပြည်သူတို့၏ အကျိုးကို ထာဝစဉ် သယ်ပိုးခဲ့သော တပ်မတော်က ပြည်သူတို့၏ အဆိုပါ

လိုလားချက်ကို သိမြင် နားလည်စွာဖြင့် နည်းမှန်လမ်းမှန် ဖြည့်ဆည်း ပေးခဲ့သည်။ ဖြည့်ဆည်းပေးလျက်

ရှိနေဆဲလည်း ဖြစ်သည်။

စွမ်းရည် ထက်မြက်သော၊ ဦးဆောင်မှု အရည်အသွေး မြင့်မားသော

တပ်မတော် ဖြစ်သည့်အလျှောက် ပြည်သူတို့ အတွက် ဒီမိုကရေစီ အုပ်ချုပ်ရေး

စနစ်ကို ဖော်ဆောင်ရာတွင်လည်း စစ်မှန်သော ဒီမိုကရေစီ စနစ် ကျင့်သုံးကာ ပြည်သူတို့ အကျိုး စီးပွား

အမှန်တကယ် ဖြစ်ထွန်းရရှိ စေလိုသည်မှာ တပ်မတော်၏ စေတနာဖြစ်သည်။ ယနေ့ ကမ္ဘာပ်ါရှိ နိုင်ငံများတွင်

''ဒီမိုကရေစီ'' စကားလုံးကို တွင်ကျယ်စွာ အသုံးပြုလျက် လက်တွေ့တွင်မူ ဥပဒေ

စည်းမျဉ်း စည်းကမ်းများ ဘေးချိတ်ကာ စိတ်ထင်ရာ လုပ်နေကြသည့် အတွက် တည်ငြိမ်မှု အစား ဆူပူ

ဆန္ဒပြမှုများ၊ တိုးတက်မှုအစား ဆုတ်ယုတ် ကျဆင်းမှုများသာ ဖြစ်နေသည်။

Rights နှင့် Freedom တို့သည် ခေတ်ပေါ် ဒီမိုကရေစီ၏ ဥပစာ (Frontage) တွင် အထူးနေရာ ယူထားသည်။

ဒီမိုကရေစီ နှင့် ပတ်သက်လျှင် ပိုင်ခွင့်များ၊ လွတ်လပ်ခွင့်များ ကျင့်သုံးခွင့် ရရှိရေးကိုသာ

ဦးစားပေး ပြောကြသည်။ ဒီမိုကရေစီ၏ သဘော တရားတွင် အရေးပါသော အနှစ်သာရ ဖြစ်သည့် ဥပဒေ၊

စည်းမျဉ်း၊ စည်းကမ်း (Laws, rules and regulations) တို့ကို ပစ်ပယ် ထားကြသည်။ ကောင်းမြတ်ခြင်း

တရားမှန်သမျှ ဗီဇ သဘောအရ ထိန်းချုပ်မှုက အလိုအလျောက် ပါရှိစမြဲ ဖြစ်သည်။ ထိန်းချုပ်မှု မရှိသော

တရားတို့သည် ကောင်းမြတ် မှန်ကန်သော တရား(ဓမ္မ) မဟုတ်နိုင်တော့ဘဲ မကောင်းသော တရား (အဓမ္မ)

တို့သာ ဖြစ်နေလိမ့်မည်။ ပိုင်ခွင့်နှင့် လွတ်လပ်မှု တို့ကို ကျင့်သုံးရန် စဉ်းစားလျှင် ထိုပိုင်ခွင့်များကို

အခြားသူများ ထိခိုက်နစ်နာမှု မရှိအောင် မည်သည့် စည်းမျဉ်းဘောင် အတွင်းမှ ကျင့်သုံး သွားမည်

ဆိုသည်ကို ဦးစားပေး စဉ်းစားရန် ထိုသို့ မဟုတ်ဘဲ rights နှင့် freedom တို့ကို စိတ်တိုင်းကျ ကျင့်သုံးရေး

အတွက်သာ စဉ်းစားနေမည် ဆိုလျှင် ဒီမိုကရေစီ၏ မူလဂုဏ်ရည်နှင့် အခြေခံမူတို့ ပျက်သုဉ်းကာ စိတ်ထင်ရာ

လုပ်သည့် နိုင့်ထက်စီးနင်း လုပ်ရပ်များသာ ဖြစ်သွားပေမည်။ အခြေခံ အကျဆုံး အမျိုးသား

အကျိုးစီးပွား ဖြစ်သည့် တည်ငြိမ် အေးချမ်းမှု ပျက်ပြား သွားပေမည်။

ထိုအခြေအနေမျိုးကို တပ်မတော်က မလိုလား သလို ပြည်သူ အများစုကြီး ကလည်း မလိုလားပေ။

တည်ငြိမ်အေးချမ်း လိုသည်။ တည်ငြိမ် အေးချမ်းမှုကို အရင်းခံပြုသော ဖွံ့ဖြိုး တိုးတက်မှုမျိုး ကိုသာ ခံစားရယူ

လိုသည်။ ထိုသို့ ရယူခံစား လိုသည့် မျှော်မှန်း တောင့်တချက် နှင့်အညီ ပြည်သူများက တစ်ခဲနက် ထောက်ခံ

အတည်ပြုခဲ့ပြီး ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး တွင်လည်း နိုင်ငံတော်သည် စစ်မှန်၍

စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးကြောင်းနှင့် စီးပွားရေး စနစ်သည် ဈေးကွက်

စီပွားရေး စနစ်ဖြစ်ကြောင်း အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ တပ်မတော်နှင့် ပြည်သူ လက်တွဲလျက်

စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ် ကျင့်သုံးနိုင်ရန် ထက်သန်သော စိတ်၊ သည်းခံသော

စိတ်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည် ဖော်ခဲ့ကြရာ ယခုအခါ ရရှိပြီး ဖြစ်သည့် အခြေခံကောင်း

များဖြင့် အသစ်ပေါ်ထွန်း လာမည့် ပြည်ထောင်စု အဖွဲ့အစည်း များက ဆက်လက် တာဝန်ယူ ဆောင်ရွက်

သွားတော့မည် ဖြစ်သည်။

အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှ တပ်မတော်

       မြန်မာတို့၏ တပ်မတော်သည် ပြည်သူ့ ရင်နှစ်သည်းချာ သားကောင်း ရတနာများဖြင့် ဖွဲ့စည်းထားသည်။

မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ဖြစ်တည်လာသည်။ ဖြတ်သန်းခဲ့ရာ ကာလ တစ်လျှောက်

ရင်ဆိုင် ဖြေရှင်း ရယူခဲ့သည့် အတွေ့အကြုံ များက တန်ဖိုးကြီးသည်။ နက်ရှိုင်း ကျယ်ပြန့်သည်။ ထို

အတွေ့အကြုံ များကြောင့်ပင် တပ်မတော်သည် ထက်မြက်သည့် စွမ်းရည်များ၊ ကောင်းမြတ်သည့်

အစဉ်အလာများနှင့် ပြည့်စုံသည့် တပ်မတော် ဖြစ်လာသည်။ ဤသို့သော ဂုဏ်ထူး

ဝိသေသများနှင့် ပြည့်စုံသည့် တပ်မတော်ကြီးကို ဂုဏ်ပြုသော အားဖြင့် နှစ်စဉ် မတ်လ (၂၇) ရက်နေ့ကို

တပ်မတော်နေ့ အဖြစ် ပြည်ထောင်စုကြီး၏ နေ့ထူးနေ့မြတ် သတ်မှတ်လျက် အနှစ်သာရ ရှိရှိ

ကျင်းပ နေသည်မှာ ဂုဏ်သိန်မြင့်သော နိုင်ငံကြီးသား တို့၏ အစဉ်အလာကောင်း တစ်ရပ်ပင် ဖြစ်ပါသည်။

ယနေ့ဆိုလျှင် တပ်မတော်ကြီးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်သူက အပ်နှင်းသည့် တာဝန်များကို

အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍမှ ပါဝင် ထမ်းရွက်တော့မည် ဖြစ်သည်။

ထို့အတွက်လည်း ပြည်ထောင်စုနှင့် ဒေသ ဆိုင်ရာ လွှတ်တော် အသီးသီးတွင် တပ်မတော်သား

ကိုယ်စားလှယ်များ ပါဝင် တက်ရောက်လျက် ရှိနေပြီ ဖြစ်သည်။ နှစ်ဆယ့်ငါး ရာခိုင်နှုန်းသော

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အဖြာဖြာ

တို့တွင် အတွေ့အကြုံများ ကြွယ်ဝသည့် တပ်မတော်ကြီး အား

ကိုယ်စားပြုကာ ပြည်ထောင်စုကြီးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသား တို့၏ အကျိုးစီးပွား

တိုးတက် ဖြစ်ထွန်းရေးကို ဦးဆွေးဆံမြည့် ထမ်းဆောင် သွားကြတော့မည် ဖြစ်ရာ တိုင်းရင်းသား ပြည်သူတို့၏

ရင်နှစ်သည်းချာ သားကောင်း ရတနာများဖြင့် ဖွဲ့စည်းထားသော တပ်မတော်သား

             ကိုယ်စားလှယ်များ၊ ပြည်သူ ရွေးကောက် တင်မြှောက်လိုက်သည့် ပြည်သူ့

ကိုယ်စားလှယ်ကြီးများ ပေါင်းစု စည်းရုံး ညီညွတ်စွာ၊

ချစ်ကြည်စွာဖြင့် ပြည်ထောင်စုကြီးအား အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး

တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်အောင် တည်ဆောက်လျက် ရှိသည့် မြင်ကွင်းသည်

တိုင်းရင်းသား ပေါင်းတို့၏ အနာဂတ် မျှော်မှန်းချက် အတွက် ဂုဏ်ယူ အားတက်ဖွယ်ရာ ဖြစ်ကြောင်း မကြာမီ

ကျရောက် လာတော့မည့် တပ်မတော်နေ့နှင့် တပ်မတော်ကြီး အား ဂုဏ်ပြုရေးသား ဖော်ပြလိုက်ရ ပါသည်။ ။

(၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၃) မှ ဆောင်းပါးရှင်
 
မြင့်မောင် (Phil, Q) ၏ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်း ဖြစ်သည်။)

LIKE BOX