Saturday, April 7, 2012

အန်တီစု ရဲ့ မျိုးချစ်စိတ် ကိုတော့ လေးစားမိတာ အမှန်ပါ

Posted by မျိုးချစ်သူရဲကောင်းများ On 4:35 AM 0 comments

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက် ပင်းတယ မြို့သူကြီး ဦးမြတ် ရဲ့ မျိုးဆက်၊

 ပဲခူးနယ်တွင် အင်္ဂလိပ်ကို ရွတ်ရွတ်ချွံချွံ တော်လှန်ခဲ့သူ မျိုးချစ်သူရဲကောင်းကြီး ဦးဘိုးမြ၊ အင်္ဂလိပ်ကို

 တော်လှန်ခြင်းကြောင့် အင်္ဂလိပ်တို့ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံရသူ ဗိုလ်မင်းရောင် ရဲ့ မျိုးဆက်၊

 အင်္ဂလိပ်ဆီက လွတ်လပ်ရေး ကို တိုက်ယူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ဟာ

 အမျိုးချစ်သူ တစ်ဦး ဖြစ်တယ် ဆိုတာကိုတော့ အားလုံးက လက်ခံနိုင်ကြပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုး နှစ် ပိုင်းရှိပြီး တစ်မျိုးမှာ မိဘ မောင်နှမ ဘက်မှ အမျိုးများ ဖြစ်ကာ၊

 နောက်တမျိုးကတော့ ယောင်္ကျား ဘက်မှ အမျိုးတွေ ဖြစ်ပါတယ်။ ယောင်္ကျား နဲ့ ယောင်္ကျား ဘက် က

 အမျိုးတွေကတော့ အင်္ဂလိပ်လူမျိုးများ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိဘ ဘိုးဘွားကများကတော့

 အင်္ဂလိပ် ကို တိုက်ခိုက်ရင်း အင်္ဂလိပ် သတ်လို့ သေဆုံး သွားကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့်

 ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဘိုးစဉ်ဘောင်ဆက် မြန်မာ များအားလုံးကို ၎င်း ၏ မျိုးရိုး အဖြစ်လုံးဝ

 သတ်မှတ်ခြင်း မသိပဲ သူမကိုယ်သူမ အဲရစ် မျိုးဆက် အဖြစ်ပဲ ခံယူထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဘက်က အမျိုးတွေကို စိမ်းကားပေမယ့်လည်း အင်္ဂလိပ်ဖက်က အမျိုးတွေ

 သာ မက အင်္ဂလိပ် လူမျိုး များကိုတော့ အလွန်အမင်း ခင်တွယ် တတ်တာ တွေ့ရပါတယ်။ လင်တော်မောင်

 မိုက်ကယ်အဲရဲ့ အမျိုးတွေ ဆိုပြီး အမြဲတမ်း အသားပေး ဆက်ဆံတဲ့အပြင် မြန်မာတွေထက်လည်း

 ဦးစားပေးဆက်ဆံတတ်သူ ဖြစ်ပါတယ်။



                                 ပင်းတယ မြို့သူကြီး ဦးမြတ်၊ မျိုးချစ်သူရဲကောင်းကြီး ဦးဘိုးမြ နှင့် ဦးမင်ရောင် တို့၏ 
 
                                           မျိုးဆက် သစ် မစ်စ် အဲရစ် (Mrs Aris) နှင့် ဆွေမျိုးပေါက်ဖော်များ


ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးချစ်သူ တစ်ယောက် ဆိုပေမယ့်လည်း အမျိုးအားလုံးကိုတော့

 မချစ်ခဲ့ပါဘူး။ မောင်နှမ အရင်းခြာတွေ ဖြစ်တဲ့ ဦးအောင်ဆန်းဦး တို့ မိသား စု ကို ရန်သူလို

 သဘောထားနေခဲ့ပြီး ယောင်္ကျားဖက်က အမျိုးတွေ ကိုတော့ ပလူးပလဲ ဖက်လဲ တကင်း နေတတ်သူ

 ဖြစ်ပါတယ်။

ဗမာပြည်သည် ဒို့ပြည်

ဗမာစာ သည် ဒို့စာ

ဗမာစကား သည် ဒို့စကား

ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ သခင် အမည်ခံခဲ့ တဲ့ ဒို့ဗမာ အစည်းအရုံးဝင် သခင်အောင်ဆန်းရဲ့ သမီးအရင်း

 ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံထက် အင်္ဂလန် နိုင်ငံကို မှ ကိုယ့်နိုင်ငံထင်ပြီး အသက် ၄၃

 နှစ် ထိ သွားရောက်နေထိုင်ခဲ့ပါတယ်။ အခုချိန်ထိ မြန်မာ စာလုံးပေါင်းကို မှန်အောင် လှလှပပ

 မရေးတတ်သလို မြန်မာစကား ထက် အင်္ဂလိပ်စကားကို မှ ကိုယ့် စာ ထင်ပြီး မြန်မာနိုင်ငံ အတွင်းမှာ မြန်မာ

 တွေနားထောင်နေတဲ့ အချိန်မှာတောင် မြန်မာလို မပြောပဲ အင်္ဂလိပ်လို့ မိန့်ခွန်း ပြောတတ်သူ ဖြစ်ပါတယ်။

အင်္ဂလိပ် လူမျိုး မိုက်ကယ် အဲရစ် နဲ့ ရတဲ့ သား အရင်း နှစ်ယောက်ကိုလည်း မြန်မာစာ လုံးဝ

 သင်ပေးထားခြင်းမရှိသလို မြန်မာစကား ပြောဖို့လည်း လုံးဝ အားမပေးခဲ့ပါဘူး။



                                အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ် အတွက် ကလေးမွေးပေးသည့် ဗိုလ်ချုပ်အောင်ဆန်း သမီး
 

                                 မြန်မာစကား မပြောတတ်တဲ့ မိသားစုနှင့် တွေ့ရသော သခင်အောင်ဆန်း၏ သမီး
 

                              ဦးအောင်ဇေယျ လက်ထက် ပင်းတယ မြို့သူကြီး ဦးမြတ် ရဲ့ မျိုးဆက်သစ်မလေး မစုကြည်





ဒေါ်အောင်ဆန်းစုကြည်ဟာ လင်တော်မောင် မိုက်ကယ်အဲရစ် ရဲ့ အမျိုး အင်္ဂလန်သား တွေကို အမျိုးချစ်

 စိတ်ဓာတ် ရှိရှိ ဆက်ဆံ ကာ အိမ်မှာ ခေါ်ပြီး ပါတီပေးတာတွေ လုပ်နေပေမယ့် မြန်မာဘက် က

 အမျိုးအရင်းတွေ ကိုတော့ လမ်းတွေ့ရင်တောင် မမြင်ချင်ဟန် ဆောင်နေကြောင်း သိရပါတယ်။

                         တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့

 ဒီကနေ့ခေတ်မှာနိုင်ငံတနိုင်ငံကို သိမ်းပိုက်ဖို့အတွက် နိုင်ငံကြီးများက ၎င်း တို့ရဲ့ သြဇာခံသူ၊ အဆင်ပြေ

 သူတွေကို အစိုးရတင်ပြီး လူမျိုးရေး ဝါးမြိုကာ သိမ်းပိုက်တဲ့ နည်းကို သုံးနေကြကြောင်း ပြီးခဲ့တဲ့

 တပ်မတော်နေ့မိန့်ခွန်းမှာ သတိပေး ပြောကြားသွားပါတယ်။

Myanmar Express

0 comments:

Post a Comment

LIKE BOX