Monday, April 2, 2012

အသက်သာကြီးနေတယ်...အတွေးအခေါ်တွေက...ခပ်ကြောင်ကြောင်ရယ်.....

Posted by မျိုးချစ်သူရဲကောင်းများ On 6:47 AM 0 comments


- သေနတ်ကိုင်တဲ့လူတွေက သေနတ်ကိုင်ပြီး ဥပဒေအထိန်းအကွပ်မရှိဘဲ သူမှန်တယ်ထင်တိုင်း

 ပစ်နေတာကို မကြိုက်ဘူးဆိုရင်..

- လက်ထိပ်ကိုင်တဲ့သူတွေက လက်ထိပ်တကားကားနဲ့ ဥပဒေအထိန်းအကွပ်မရှိဘဲ သူမှန်တယ်ထင်တိုင်း

 ဖမ်းနေဆီးနေတာကို မကြိုက်ဘူးဆိုရင်....

- တရားစီရင်တဲ့သူတွေက ဥပဒေအထိန်းအကွပ်မရှိပဲ သူမှန်တယ်ထင်တိုင်း စီရင်နေတာကိုမကြိုက်ဘူးဆိုရင်

- အုပ်ချုပ်ရေး အာဏာပိုင်တွေက ဥပဒေအထိန်းအကွပ်မရှိပဲ သူမှန်တယ်ထင်တိုင်း

 အုပ်ချုပ်နေတာကိုမကြိုက်ဘူးဆိုရင်

- ခင်ဗျားတို့မီဒီယာသမားတွေ ကလောင်ကိုင်ပြီး ဥပဒေအထိန်းအကွပ်မရှိပဲ

 မှန်တယ်ထင်တိုင်းရေးနေတာကို ကျန်တဲ့သူတွေကရော ဘယ်ကြိုက်မလဲဗျာ....

ကျည်ဆန်တစ်တောင့်မှားပစ်ရင် လူတစ်ယောက်ကိုပဲ သေစေနိုင်တယ်

လက်ထိပ်တစ်ခုနဲ့ မှားဖမ်းရင်လည်း လူတစ်ယောက်ကိုပဲ မှားဖမ်းနိုင်တယ်

စီရင်ချက်တစ်ခုမှားချရင်လည်း အလားတူပဲ အကျိုးသက်ရောက်နိုင်တယ်

ခင်ဗျားလို ခပ်ကြောင်ကြောင် ကလောင်တစ်ချောင်းကြောင့် စာဖတ်မိတဲ့သူတိုင်း အဆိပ်သင့်သွားနိုင်တယ် ၊

 ပျက်စီးရာပျက်စီးကြောင်းတွေ ဖြစ်သွားနိုင်တယ်ဆိုတာ သေခါနီးထိ တရားမရနိုင်တာ အံ့သြမိတယ်

 .....အကုသိုလ်တွေများလွန်းတော့ အ၀ိစိကတော့ရောက်မှာ ရောက်မှာပါဘဲ....တော်ကြာ အ၀ိစိကို

 ဖြတ်ကနဲ ရောက်မသွားပဲ ကိုယ့်ဖာသာ ယက်ပြီးဆင်းနေရမှာစိုးလို့ ရေးလိုက်ပါတယ် ။

( ခုလို ကိုယ့်ကို သူများက လွတ်လွတ်လပ်လပ်ကြီး ရေးချလိုက်တာကိုလည်း ပြုံးပြုံးကြီးဖတ်ပေရော့ )

ဒေါက်တာဆိတ်ဖွား

0 comments:

Post a Comment

LIKE BOX