Tuesday, April 17, 2012

ဘာ ရယ်တော့ မဟုတ်ပါဘူး သမိုင်းထဲ မှာ ထည့်သင်မလို့

Posted by မျိုးချစ်သူရဲကောင်းများ On 7:59 PM 0 comments

ဘာ ရယ်တော့ မဟုတ်ပါဘူး သမိုင်းထဲ မှာ ထည့်သင်မလို့ .......အထက်မှာ ပြထားတဲ့ ပုဂ္ဂိုလ်

(၃) ယောက်ကိုကြည့်ပါ။ မယုံမရှိပါနဲ့ အဲ့ဒါ တကယ်.အမျိုးတွေပါ။ ဝဲ ဖက်အစွန်က ဗိုလ်မင်းရောင်၊

အလယ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျန်တစ်ယောက်ကတော့ ကင်မ် ပါ။

ဗိုလ်မင်းရောင်

ဗိုလ်မင်းရောင်ဆိုတာ နာမည်ကျော် “ရွှေလရောင်”ဘွဲ့ခံ မြို့လုလင် မြို့သူကြီး

ဦးမင်းရောင် ဖြစ်ပါတယ်။ မြန်မာသွေးစစ်စစ်ဖြစ်ပါတယ်။ မျိုးချစ်စိတ်

အလွန်းကြီးမားသူဖြစ်ပါတယ်။ မြန်မာဆန်ဆန်ယောင်ထုံးနဲ့ ချိတ်ပုဆိုး ကို အမြဲ ဝတ်ဆင်သူဖြစ်ပါတယ်။

တောင်တွင်းကြီးမြို့ မြောက်လက်နေ သူကြီးမျိုးရိုးဖြစ်သူ သွေးသောက်ဘွဲ့ရ ဦးမှူး၊ ဒေါ်ပိုတို့၏

သားဖြစ်ပါတယ်။ အဖရော အမိ ပါ မြန်မာစစ်စစ်တွေဖြစ်ပါတယ်။ ဗိုလ်မင်းရောင်၏မိခင် ဒေါ်ပိုမှာ

ကိုင်းရွာသူဖြစ်ပါတယ်။ အချိတ်ပုဆိုးဝတ်၍ မြင်းစီးပါက အလွန်ကြည့်ကောင်းပြီး

ကျားကျားရားရားရှိလှပါတယ်။ ဦးမင်းရောင်သည် စိတ်ထက်မြက်ပြီး

ရွပ်ရွပ်ချွံချွံ ဆောင်ရွက်တတ်သူဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် (၁၂၄၇) ခုနှစ်၊ ခရစ် (၁၈၈၆) တွင်

မန္တလေး နေပြည်တော်မှ နေလနှစ်ဆူ ပေါတော်မူသောအခါ အင်္ဂလိပ်များ အထက်မြန်မာပြည်ကို

သိမ်းပိုက်စဉ် ဗိုလ်မင်းရောင်သည် သူ့ကျွန်အဖြစ် နွံနစ်မခံ၊ ကုလားဖြူတို့အား မကြည့်လိုသော ဇာတိမာန်နဲ့

လူသူ ၃၀၀၀-ခန့် စုပြီးလျှင် နယ်ချဲ့တို့ကို တော်လှန်ခဲ့ပါတယ်။ ဗြိတိသျှအစိုးရသည် ဗိုလ်မင်းရောင်ကို

မဖမ်းနိုင်သရွေ့ တောင်တွင်းမြောက်လက် နယ်များကို ငြိမ်းချမ်းစွာ မအုပ်စိုးနိုင်ကြောင်း သိသဖြင့်

ဗိုလ်မင်းရောင်ကို အသေဖြစ်စေ၊ အရှင်ဖြစ်စေ၊ ဖမ်းဆီးပေးနိုင်သူအား ဆုငွေ၁၀၀၀ိ/

ကျပ် ပေးမည်ဟု ကြေငြာခဲ့သေးပါတယ်။ အဲ့ဒီနောက် လေးတိုင်စင်ရွာ

တိုက်ပွဲတွင် ရွှေလရောင်မှာ ပေါင်ကျည်ဆန်သင့်သော ဒဏ်ရာနှင့် အင်္ဂလိပ်တို့ တွေ့ရှိဖမ်းမိသွားရာ

ဗိုလ်မင်းရောင် အား အင်္ဂလိပ်၏ သစ္စာခံရန်နှင့် သစ္စာခံက အသက်ချမ်းသာပေးမည်ဟု

ဗြိတိသျှတို့က ဖြားယောင်းခဲ့သေးပါတယ်။ ဒါပေမယ့် ဗိုလ်မင်းရောင်က

သစ္စာမခံသည့်ပြင် ပြန်လည်တုံ့ပြန် ပြောဆိုခဲပါတယ်။ ““ငါဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် ဘယ်တော့မှ

သစ္စာမဖောက်ဘူး၊ မင်းတို့ပေးတဲ့ရာထူးကို ငါ မလိုချင်ဘူး၊ မင်းတို့ ငါ့ကိုသတ်လိုက ခုချက်ချင်းပင် သတ်ပါ””

 လို့ ပြောဆိုရာ အင်္ဂလိပ်တို့က ဗိုလ်မင်းရောင်ကို ခေါင်းဖြတ် သတ်ပစ်လိုက်ပါတယ်။ ထို့နောက်

ဦးမင်းရောင်၏ ဦးခေါင်းပြတ်ကို နတ်မောက်မြို့ သိမ်တော်ကျောင်းတိုက်၏ တောင်ဘက် ကန်ဘောင်ရိုးရှိ

ထနောင်းပင်တွင် ဆွဲထားကာ လူအများအား လာရောက် ကြည့်စေခဲ့ပါတယ်။

ကြက်သီးထရလောက်အောင် လေးစားရသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ဗိုလ်မင်းရောင်၏ မြေး ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်မင်းရောင်ရဲ့ တတိယမြောက် မျိုးဆက်ဖြစ်ပါတယ်။ ဗိုလ်မင်းရောင်လိုပဲ မြန်မာ့သွေးစစ်စစ်ဖြစ်ပြီး

ဗိုလ်မင်းရောင်လိုပဲ မျိုးချစ်စိတ် ကြီးမားသူဖြစ်ပါတယ်။ ဗိုလ်မင်းရောင်လိုပဲ

မိဘ နှစ်ပါးလုံးက မြန်မာစစ်စစ်တွေဖြစ်ပြီး အဖမှာ ဦးဖာ၊ အမိမှာ ဒေါ်စု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအလည်ပိုင်း

နတ်မောက် မြို့မှာ မွေးပြီး နက်မောက်နဲ့ ရေနံချောင်းတို့မှာ ပညာသင်ကြားခဲ့ပါတယ်။ အဲ့ဒီနောက်

ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့ပါတယ်။ ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန်

ကြိုးပမ်းအားထုတ်ရာမှာ သူ့အဘိုးလိုပဲ ဖမ်းဝရမ်း ထုတ်ခံခဲ့ရာမှ သူသည် မြန်မာနိုင်ငံတွင်း

လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရပါတယ်။ ပထမတွင် သူသည်

တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း

ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန်

တိုက်တွန်းခဲ့ပါတယ်။ ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့

ဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး

ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။ အစ်ကိုဖြစ်သူမှာ ဦးဘဝင်းဖြစ်ပြီး ညီကို နှစ်ယောက်လုံး

နိုင်ငံအတွက် အများကြီး အကျိုးပြုခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်

အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ

 လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးကို

အလွန်ချစ်မြတ်နိုးတန်ဖိုးထားပြီး ကျေလက်သူ ကျေးလက်သား ဖြစ်ရတာကို ဂုဏ်ယူနေသူဖြစ်ပါတယ်။

ဒါကြောင့် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ဆိုတဲ့ ကလောင်နာမည်နှင့် စာတွေရေးသားခဲပါသေးတယ်။
 

ဗိုလ်မင်းရောင်၏ မြေး ဗိုလ်ချုပ်အောင်ဆန်း ၏ မြေး ကင်မ်

ဗိုလ်မင်းရောင်ရဲ့ ဆဌမ မျိုးဆက် ကတော့ ကင်မ် လို့ခေါ်တဲ့ ကပြား ဖြစ်ပါတယ်။ မြန်မာ့သွေးစစ်စစ်တော့

မဟုတ်ပါဘူး။ အမေက မြန်မာသွေးစစ်စစ်ပေမယ့် အဖေက တိုင်းတပါးသား မိုက်ကယ်အဲရစ် ဖြစ်ပါတယ်။

၁၉၇၇ ခုနှစ်တွင် အဘီဖြစ်သူ ဗိုလ်မင်းရောင်ကို လုပ်ကြံခဲ့သည့် ဗြိတိသျှတို့ နေထိုင်ရာ

လန်ဒန်မြို့မှာ မွေးခဲ့ပါတယ်။ မြန်မာပြည်မှာ မွေးခဲ့တာ မဟုတ်သလို မြန်မာပြည်မှာလဲ

မနေဖူးပါဘူး။ မြန်မာပြည်အတွက်လည်း ဘာမှမလုပ်ပေးဖူးပါဘူး။ ဒါပေမယ့် မြန်မာအတိုက်အခံတို့က သူ့ကို

ချစ်ခင်လေးစားကြပါတယ်။ ဘာကြောင့်မှန်းတော့ မသိပါဘူး။ သူ့မှာလည်း အစ်ကို တစ်ယောက်ရှိပြီး

နာမည်ကတော့ အလက်ဇန္ဒားဖြစ်ပါတယ်။ ကင်မ်ရဲ့ မြေးဖြစ်သူ ကျရင်တော့ ဗိုလ်မင်းရောင်တို့၊

ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အမျိုးတော်ကြောင်း ပြနိုင်ကောင်းပါရဲ့။ 6G မှာတောင် ဓာတ်ပုံချင်းယှဉ်ကြည့်လို့

ဒီလောက်ကွဲနေရင် 8G ကျရင်တော့ ဘာပုံတွေထွက်လာအုံးမယ်မသိ။( အငယ်ကောင်ကတော့

ခု ဆေးသမားဖြစ်နေပီတဲ့ ဆေးသမားဆိုလို့ ဆရာဝန်ကိုပြောတာမဟုတ်ဘူး :P )

0 comments:

Post a Comment

LIKE BOX