Tuesday, September 13, 2011

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း

Posted by မျိုးချစ်သူရဲကောင်းများ On 2:12 AM 0 comments

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်

မကြာခင်က ဥပဒေပြဋ္ဌာန်း၍ အတည်ပြုလိုက်သော ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းတွင်

အမေရိကန်၊ အီးယူ၊ ဂျပန်၊တရုတ်နှင့်စင်ကာပူနိုင်ငံ များမှကုမ္ပဏီများဝင်ရောက် ရင်းနှီးမြှုပ်နှံရန်

ပြင်ဆင်နေကြောင်းနှင့် အဓိကအားဖြင့် ရေထွက်ကုန်ပစ္စည်းထုတ် လုပ်သည့်လုပ်ငန်းများ၊

ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများနှင့် ပတ်သက်သောကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံလိုကြောင်း

ထိုင်းနိုင်ငံ စီးပွားကူးသန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Mr. Alongkorn Ponlaboot က

ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်မှုအား Italian-Thai Development ကုမ္ပဏီမှ

ရရှိထားပြီး ပြီးခဲ့သည့် ဇန်န၀ါရီလတွင်မူ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့်ဥပဒေအား

အတည်ပြုပြဋ္ဌာန်းလိုက်သည်။

"တကယ်တော့ Italian-Thai Development ကုမ္ပဏီက investment ကုမ္ပဏီ မဟုတ်ပါဘူး။

သူတို့ က development ကုမ္ပဏီပါ။ ဒီစီမံကိန်းကိုယူပြီးကာမှ သက်ဆိုင်ရာ investment

ကုမ္ပဏီတွေကို ပြန်ချပေးသွားမှာပါ။ ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံကြတာကတော့ နိုင်ငံပေါင်းစုံ က

ဖြစ်နိုင်ပါတယ်။ ထားဝယ် ရေနက်ဆိပ်ကမ်းရဲ့ ဖွံ့ဖြိုးမှုက ထိုင်းနိုင်ငံ အနောက်ပိုင်း ကစ်ချနာဘူရီ

နဲ့လည်း ချိတ်ဆက်နေတယ်။ အဲဒီနေရာမှာ industrial estate တွေ ဖွံ့ ဖြိုးလာနိုင်တယ်။ ပြီးတော့

အခု တရုတ်ကလည်း China City Free Trade Centre ဆိုပြီး ဘန်ကောက် မြို့ပြင်မှာ

အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ အကုန်အကျခံရပြီး ဆောက်မှာဆိုတော့ ထိုင်းနိုင်ငံနဲ့

ဆက်စပ်ပြီး ဒီနေရာမှာ ဖွံ့ဖြိုးလာမှာတော့ အမှန်ပဲ"ဟု မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသော

ပြည်ပကုမ္ပဏီတစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမှုနှင့်အတူ အဓိကအားဖြင့် တာဝန်ယူမှုအပြည့်ရှိသော

တစ်နည်းအားဖြင့် corporate social responsibility အပြည့်ယူသော ကုမ္ပဏီများ ၀င်ရောက်လာခြင်း

ဖြင့်သာမှန်ကန်သော တိုးတက်မှုများအား ဖော်ဆောင်နိုင်မည်ဟူသော သုံးသပ်ချက်များလည်းရှိနေသည်။

responsible ရှိတဲ့ corporation တွေဆိုရင်တော့ ဒေသခံတွေရဲ့ ဘ၀ကို ထိခိုက်မခံဘူး။ တာဝန်ယူပေးတယ်။

တရားစွဲရင် လျော်ကြေး ပေးရတဲ့အတွက် မျက်နှာလွှဲ ခဲပစ်မလုပ်ကြဘူး . .

"တကယ်တော့ နိုင်ငံတိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှုဆိုတာလုပ်ရမှာပါ။

အဲဒီအတွက်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက်

ကုမ္ပဏီတွေကို ဖိတ်ခေါ်ရတာရှိပါတယ်။ ဒီလိုဖိတ်ခေါ်တဲ့နေရာမှာတော့

business ethics မရှိတဲ့ ကုမ္ပဏီတွေအစား

ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူမှု အပြည့်ရှိတဲ့၊ 

ပြီးတော့ အလုပ်သမားကို ပြန်ပြီး အသုံးပြုတာကအစ

ကိုယ့်ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေ ကို ပြန်ပြီးအလုပ်အကိုင်ပေးနိုင်တဲ့ 

ကုမ္ပဏီမျိုးတွေဝင်လာဖို့ လိုပါတယ်။

ဒီလိုမှမဟုတ်ဘဲ အိမ်နီးနားချင်းနိုင်ငံတွေကလာပြီး ကိုယ့်အလုပ်သမား ကိုယ်ခေါ်လာမယ့်ကုမ္ပဏီဆိုရင်တော့

စစ်မှန်တဲ့ဖွံ့ဖြိုးမှုဖြစ်ဖို့ မလွယ်ပါဘူး" ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောပြခဲ့သည်။

လက်ရှိအချိန်၌ မြန်မာ့စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသော

ကုမ္ပဏီများအနက် ပြင်သစ်ကုမ္ပဏီတစ်ခုဖြစ်သော

Total ရေနံကုမ္ပဏီသည်လည်းကောင်း၊ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သော

Chevron ကုမ္ပဏီသည်လည်းကောင်း၊

တောင်ကိုရီးယားနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသော 

ဒေ၀ူးကုမ္ပဏီသည်လည်းကောင်း တာဝန်ယူမှုရှိသောကုမ္ပဏီ

များဖြစ်ပြီး ဒေသခံများ၏ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများအား ပြန်လည်ဖော်ဆောင်ပေးနေမှုများ

ရှိကြောင်း ဒေသခံလုပ်သား ၉၅ ရာခိုင် နှုန်းအားလည်း ပြန်၍အသုံးပြုထားကြောင်းသိရှိရပြီး ကျန်ရှိနေသည့်နိုင်ငံ

အချို့မှာမူ ယင်းကဲ့သို့ responsible ယူမှုအားနည်းနေကြောင်း သိရသည်။

"နိုင်ငံတွေမှာ Civil Society အားကောင်းတဲ့ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေဟာ ဒေသခံရဲ့ အကျိုးစီးပွားကို

ထည့်မတွက်လို့ကို မရဘူး။ သူတို့မှာ ဖိအားတွေရှိတယ်။ လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ အားမကောင်းတဲ့

နိုင်ငံတွေကျတော့လည်း သူ့ရဲ့အရပ်ဖက်အဖွဲ့အစည်းဟာ 

ကိုယ့်ပြဿနာကိုယ်တောင် မဖြေရှင်းနိုင်တဲ့အတွက်

ဒီလိုနိုင်ငံက ကုမ္ပဏီတွေ ၀င်လာတာနဲ့စာရင် Civil Society အားကောင်းတဲ့၊ တာဝန်ယူမှု အပြည့်ရှိတဲ့

ကုမ္ပဏီတွေဝင်တာ ပို ကောင်းပါတယ်"ဟု ဒေါက်တာ နေဇင်လတ်ကလည်း သုံးသပ်ခဲ့သည်။

"ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရပါတယ်။ ဖိတ်တဲ့အခါ လာရောက်ရင်းနှီးမြှုပ်နှံတဲ့

ကုမ္ပဏီတွေထဲမှာမှ responsible corporation တွေကတော့ သူတို့လုပ်လိုက်တဲ့အတွက် negative impact

တွေဖြစ်စေတဲ့ လူမှုရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုတွေမရှိအောင် တာဝန်ယူရလေ့ရှိပါတယ်။

အဲဒီအတွက် သူတို့လုပ်ငန်းကြောင့် ထိခိုက်မှုမရှိအောင် precautionary measure တွေယူကြရတယ်။

တကယ်တော့ ကျွန်တော်တို့နိုင်ငံကို လာတဲ့အထဲမှာ responsible business corporation တွေ

ရောက်လာဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ အိမ်နီးနားချင်းက small and medium enterprises

တွေလောက်ပဲဝင်လာမယ် ဆိုရင်တော့ တာဝန်ယူမှုဆိုတာပါလာ ဖို့နည်းပါတယ်။ ဥပမာ အိမ်နီးချင်း

နိုင်ငံတွေထဲက တရုတ်နိုင်ငံပဲ ထားပါတော့ သူတို့မှာလည်း တကယ့် responsible business corporation

ရှိပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဘာတာဝန်ယူမှုမှမရှိတဲ့ 

စီးပွားရေးကျင့်ဝတ်နည်းတဲ့ကုမ္ပဏီတွေ ၀င်ရောက်လာရင်

ဒီသက်ရောက်မှုကို ခံရမှာက ဒီနိုင်ငံမှာရှိတဲ့ ဒေသခံပြည်သူတွေပဲဖြစ်မှာပါ။ အဲဒီလို business ethics မရှိတဲ့

smes ကုမ္ပဏီတွေကြောင့် လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာတွေမှာ impact တွေ

အများကြီး ရလာနိုင်ပါတယ်" ဟု Asia Development Research Institute တည်ထောင်သူ

Mr. Winston Set Aung က ပြောပြခဲ့သည်။

ကုမ္ပဏီငယ်လေးများ၏ သဘော သဘာဝမှာစီးပွားရေးအကျိုးအမြတ် ကိုသာ ဦးတည်ကြည့်တတ်ကြပြီး

ကုမ္ပဏီကြီးများ၏ သဘောသဘာဝ မှာ အဆင့်တစ်ခုကိုရောက်လာသည် 

နှင့်အမျှ တာဝန်ယူမှုပိုင်းပါလာတတ်ကြောင်း သိရှိရသည်။

"တိုးတက်မှုလုပ်ရင် ဆိုးကျိုး တွေရှိမှာပါဆိုပြီး ဆိုးကျိုးထွက်မယ်မှန်း သိရက်နဲ့ precaution မယူဘဲ

ပစ်ထားလို့မရပါဘူး။ မလုပ်ခင်မှာ ဘယ်လိုအကောင်းဆုံး ဖြစ်အောင် လုပ်မလဲဆိုတာ

လေ့လာဆန်းစစ်မှုလုပ်ဖို့ လိုသလို precautionary measure တွေ ယူရပါတယ်။ ၁၀၀

ရာနှုန်းပြည့် ပျက်စီးမှာကို ဒီလိုလုပ်ခြင်းအားဖြင့် ၃၀ ရာခိုင်နှုန်းလောက်ပဲဖြစ်တယ်ဆိုရင်

အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် စီမံကိန်းတစ်ခုလုပ်မယ်ဆိုရင်လည်း

တာဝန်ယူမှုအပြည့်ရှိ တဲ့ကုမ္ပဏီကြီးတွေဆိုရင် ပထမဦးဆုံး ဒေသခံလူထုကို ဆိုးကျိုးဖြစ်စေတဲ့

social impact တွေ environmental impact တွေကို အရင်ဆုံးလေ့လာပြီး

ဘယ်လိုလျှော့ချရမလဲ လေ့လာရတယ်။ ဖြစ်သလိုလုပ်ရင်တော့ နိုင်ငံ ရဲ့ image ကိုလည်း

ထိခိုက်ပါတယ်။ responsible ရှိတဲ့ corporation တွေဆိုရင်တော့ ဒေသခံတွေရဲ့ ဘ၀ကို

ထိခိုက်မခံဘူး။ တာဝန်ယူပေးတယ်။ တရားစွဲရင် လျော်ကြေးပေးရတဲ့အတွက် မျက်နှာလွှဲခဲပစ်

မလုပ်ကြဘူး။ ဒါကြောင့် တာဝန်ယူတတ်တဲ့ အဖွဲ့အစည်းတွေများများ ၀င်လာရင်

တိုးတက်မှုနဲ့အတူပါလာမယ့် ထိခိုက်မှုတွေကို အတိုင်းအတာတစ်ခုထိ လျော့ချနိုင်မှာပါ"

NGO တစ်ခုမှတာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

0 comments:

Post a Comment

LIKE BOX