" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။
ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး"
***ကျမတို့ ပါတီကဘာမှ မလုပ်နိုင်လို့  ဘာကတိမှလည်းမပေးတော့ဘူး၊ ပြည်သူလူထုအနေနဲ့ 
ကျမတို့ NLD ကလွဲပြီးကျန်ပါတီများကိုမဲပေးချင်ရင်တော့ NLD ပျက်စီးရပါလိမ့်မယ်
" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား
မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "
***NLD မှာထောင်ထွက်တွေအများကြီးပါ၊ အားလုံးချမ်းသာချင်ကြပါတယ်၊
တခြားနည်းမရှိတော့လို့ နိုင်ငံရေးလုပ်ပြီးချမ်းသာအောင်ပိုက်ဆံရှာနေတာပါ၊ ချမ်းသာတဲ့ 
ဒဏ်မခံဘူးလို့ ပါ၊ ထောင်ထဲမှာပဲ နေခဲ့ရတာများတော့သနားကြပါရှင်။
" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိပြောင်မြောက်တဲ့ အားပေးထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ
ကလည်း ထောက်ခံကြမယ် "
***တနင်္သာရီက ပြည်သူတွေမှ မထောက်ခံရင် NLD ကို ထောက်ခံမယ့်သူမရှိတော့လို့ ပါ၊
တခြားနေရာတွေကိုအရင်မသွားရဲ လို့ ဒီပဲယင်းလိုဖြစ်၇င် ဒီတစ်ခါကျမသေမှာ
"ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ
တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှညာမှာ မဟုတ်ဘူး "
***တပ်မတော်အစိုးရအုပ်ချုပ်စဉ်ကာလတစ်လျှောက်လုံး ကနေ ခု
သမ္မတကြီးအုပ်ချုပ်နေတဲ့လက်ရှိကာလအထိ သူတို့ ဟာလည်းမှော်ဆရာမဟုတ်တာသေချာပါတယ်၊
ဒါပေမယ့်မှော်ဆရာတစ်ယောက်တောင် မပြောင်းလဲနိုင်တဲ့လျင်မြန်မှု့ မျိုးနဲ့မြန်မာပြည်ကြီးကို
တိုးတက်အောင် ကြိုးစားနေကြပါတယ်။ ကျမတို့ NLD ဟာ ဘယ်တော့မှ မညာပါဘူး
လက်တစ်လုံးခြားလုပ်လို့ ထောင်ကျသွားတဲ့ သူလည်း မနည်းတော့ပါဘူး။
" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "
***ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုပြည်သူက မထောက်ခံလဲ ထောက်ခံမယ့်ကျမအဆွေတော်
အိုဘားမားနဲ့ကလင်တန်တို့ ရှိသေးတယ် ဥရောပနိုင်ငံတွေ အများကြီးရှိတယ်
ရှင်တို့ မထောက်ခံလည်းဘာမှမဖြစ်ဘူး ဒီလိုပဲ နေလာတာ နှစ်နှစ်ဆယ်ကျော်ခဲ့ ပီ။ " ကျွန်မတို့ လုပ်နိုင်တာ
ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့
ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "
ကျွန်မတို့ လုပ်နိုင်တာရှိရင်လုပ်နိုင်တယ်လို့ ပြောမယ်။ ခုတော့ဘာမှ
လုပ်နိုင်တာမရှိလို့ မလုပ်နိုင်ဘူးလို့ ပဲ ပြောမယ်။လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဂျွန်ရက်တော
ကျမအိမ်ကို နောက်တစ်ခေါက်ခိုးဝင်လည်းကျမဘယ်သူမှ မသိအောင် တိတ်တိတ်ပုန်းနေမယ်။
" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ်
"
***ပြည်သူတွေဟာ နိုင်ငံရေးပါတီတွေကိုမဲ ထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး၊ အလုပ်လုပ်ဖို့လည်းလိုတယ်
ကိုယ်လုပ်မှကိုယ်စားရမှာ ဘယ်အစိုးရကမှ အလုပ်မလုပ်ပဲ တစ်တိုင်းပြည်လုံးကို
ထမင်းနေ့ တိုင်းကျွေးမထားနိုင်ဘူး။
" အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "
***ဒီမိုကရေစီသမားဆိုတာ တကယ်တော့အခွင့်အရေးသမားပါပဲ၊
အခွင့်အရေးကိုရသလောက်လက်တဆုံးနှိုက်တဲ့ဝါဒတစ်ခုပါ ၊
ကျမနောက်ဆုံးပြောချင်တာကတော့ မြန်မာပြည်ဘယ်လောက်ပဲဒီမိုကရေစီထွန်းကားနေပါစေ
ကျမအာဏာမရမချင်းဒီမိုကရေစီမရသေးပါလို့ ကျမအော်နေအုံးမှာပဲ။
(သဘာဝမြေ ) မှ ကူးယူဖော်ပြသည်
1 comments:
စောက် ကုလားအုပ်မကတော့ မစားရ အညှော်ခံ ဂွင်တော့ စရိုက်နေပြီ...
Post a Comment