Tuesday, February 21, 2012

“ လူစွယ် ”

Posted by မျိုးချစ်သူရဲကောင်းများ On 1:24 AM 0 comments



“ လူစွယ် ”

အတ္တတွေခြုံ ငွေဂုဏ်တွေဖုံး

မင်းတို့မျက်လုံးမှာ

(ငါ့ကို)

ရွံရှာစရာ သတ္တဝါလိုမြင်နေတာလား။

မင်းတို့အပြောက ချိုမြ

စကားလုံးတွေကလှပေမယ့်

ခနဲ့တဲ့ အသုံးတွေကိုငါသိတယ်။

ငွေကိုလမ်းခင်း ခြံနဲ့ဝန်းလောက်

တောက်ပြောင်မှ

မင်းတို့ကလူထင်တဲ့ကောင်။

ငွေမရှိ တိုက်ခန်းမရှိ

မင်းတို့ပြောတဲ့ ဂုဏ်တွေမရှိပေမယ့်

ကိုယ့်ထူးကိုယ်ချွန်

ကိုယ့်ရည်ကိုယ်သွေး

လောကဘေး ကိုကြံကြံခံထားတဲ့ကောင်။

အစွယ်တော့လည်းရှိပါတယ်။

အခြေအနေအရ အနှိမ်ခံဘဝမှာ

နေနေရပေမယ့်

သည်းခံမှုမှာလည်းအတိုင်းအတာနဲ့။

ပြောတော့ထားမယ်သူငယ်ချင်း…

ငါ့အစွယ်မရှိချင်ရင်

သူငယ်ချင်း…

မင်း

ငြိမ်ငြိမ်နေစမ်းကွာ။

အောင်မျိုးခန့် (မော်ကျွန်း)

၂၀၊ ၂၊ ၂၀၁၂ (တနင်္လာနေ့)

0 comments:

Post a Comment

LIKE BOX