Friday, March 23, 2012

ကြော်ငြာကောင်းသော ဒေါ်စုနဲ့ တကယ်အလုပ်လုပ်ပြနေသော အစိုးရကိုမှ ခွဲမကြည့်တက်ရင် သူငယ်တန်း ပြန်ဆင်းကြပေတော့ ...

Posted by မျိုးချစ်သူရဲကောင်းများ On 8:35 PM 2 comments


ကြော်ငြာကောင်းသော ဒေါ်စုနဲ့ တကယ်အလုပ်လုပ်ပြနေသော အစိုးရကိုမှ ခွဲမကြည့်တက်ရင် သူငယ်တန်း

 ပြန်ဆင်းကြပေတော့ ...

"ကြော်ငြာကောင်းပြီး ပစ္စည်းမကောင်းရင် ကြုံတွေ့ရမယ့် ဆိုးကျိုးတွေကိုလည်း ပြည်သူတွေက

နားလည်ကြပါတယ်"

- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး

ရွှေယင်းမာဦး

အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)

ဓာတ်ပုံ - ကောင်းထက်

* ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီအနေနဲ့ ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲဆွယ်စည်းရုံးမှုကို

ဘယ်လိုပုံစံနဲ့ လုပ်ခဲ့ပါသလဲ။ လုပ်ခဲ့ ရသလောက်မှာ ပြည်သူရဲ့အားပေး မှုနဲ့ လွတ်လပ်မှုကိုရော ကျေနပ်

အားရမှု ရှိပါသလား။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ရည်မှန်းချက်မှာ နိုင်ငံတော်နှင့် ပြည်သူများအားလုံး၏

တည်ငြိမ်အေး ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိခံစားနိုင် ရေးဖြစ်ပါတယ်။ ပါတီရဲ့ ရည်မှန်းချက် အတိုင်း

 ပြည်သူများ တည်ငြိမ်အေးချမ်း မှုရရှိခံစားနိုင်ရေးနဲ့ ပြည်သူ များအကျိုး ရှိစေသော လိုအပ်ချက်တွေကို

 တတ်စွမ်း သရွေ့ ပါဝင်ဖြည့် ဆည်းဆောင်ရွက်ပေး နေပါတယ်။ ဒီဆောင်ရွက်နေမှုတွေက ကြားဖြတ်

 ရွေးချယ်မယ့် ၄၈ နေရာ မှာသာ ဆောင်ရွက်နေတာမဟုတ်ဘဲ ကျန်တဲ့ နေရာတွေမှာလည်း

 ဆောင်ရွက်နေပါ တယ်။ မိမိတို့ပါတီအနေနဲ့ အကျိုး ပြု လုပ်ငန်းတွေကို ယခင်ကလည်း ဆောင် ရွက်ခဲ့ပြီး

ယခုလည်း ဆောင် ရွက်လျက်ရှိ ပါတယ်။ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေ ကျန်ရှိနေပါက

အခြေအနေပေးတာနဲ့ ပြီးပြတ် အောင် ဆောင်ရွက်ပေးဖို့ အာမခံ ပါတယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ကို

 အပြောနဲ့မဟုတ်ဘဲ လက်တွေ့ ဆောင် ရွက်မှုတွေကို ပြည်သူတွေ သိရှိကြပြီးဖြစ် ပေမယ့်

လက်တွေ့ဆောင်ရွက်ခြင်းမရှိ သူတွေရဲ့ ပြောကြားချက်တွေအပေါ် မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်ရန်သာ

 မိမိလုပ်ဆောင်ချက်တွေနဲ့ ယှဉ်တွဲပြီး ရှင်းလင်းအသိပေးမှု ပြုလုပ်ပါတယ်။ ပြည်သူတွေရဲ့

လိုအင်ဆန္ဒအတိုင်း အကျိုးရှိစေ မိမိတို့ရဲ့လက်တွေ့ လုပ်ဆောင် ခဲ့မှုတွေ အတွက် ပြည်သူတွေ က

 ကျေနပ်အားရမှုရှိသကဲ့သို့ မိမိတို့ အနေနဲ့လည်း ၀မ်းသာပီတိဖြစ်မိပါ တယ်။ ပြည်သူတွေ အကျိုး အတွက်

 လက် တွေ့ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ် တွေဖြစ်လို့ ပြည်သူတွေရဲ့ အားပေးမှု၊ လွတ်လပ်မှုတွေအပေါ်

 ကျေနပ် အားရ မှု ရှိပါတယ်။

* အခု ဧပြီ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ် လပ် မျှတမယ်လို့ ယူဆပါသလား၊

ဘာကြောင့်ပါလဲ။

ရွေးကောက်ပွဲတိုင်းဟာ လွတ် လပ် မျှတမှုရှိကြပါ တယ်။ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်အနေနဲ့

လည်း စနစ်တကျ ညွှန်ကြား ကြပ်မတ်လျက် ရှိပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ လည်း တရားသော

နည်းလမ်းအတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်နေ ကြသလို ကျန်သောပါတီတွေအနေနဲ့ လည်း

သတ်မှတ်ချက်များနှင့်အညီ တရားသောနည်းလမ်းများအတိုင်း ပါဝင်ယှဉ်ပြိုင်ရေး ကြိုးပမ်းလျက်ရှိ ကြောင်း

 သိရပါတယ်။

* ၂၀၁၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲမှာ ကိုယ်စားလှယ်ဦးရေ အများဆုံး အနိုင်ရခဲ့တဲ့ ပါတီတစ်ခု

အနေနဲ့ အဲဒီရွေးကောက်ပွဲ နဲ့ မကြာမီ ကျင်းပမယ့် ကြားဖြတ်ရွေး ကောက်ပွဲ ကို နှိုင်းယှဉ်သုံးသပ်ပေးပါ။

၂၀၁၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲမှာ နေရာပေါင်း ၁,၁၅၄ နေရာ ရှိပြီး အခုနေရာပေါင်း ၄၈

 နေရာသာရှိ ပါတယ်။ ယခင် ၂၀၁၀ ပြည့်နှစ် နေရာများ ရဲ့ အစွန်းထွက် ဆယ်ဂဏန်း ၅၄ ထက် တောင်

နည်းနေပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပါတီ တချို့က ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့ခြင်း၊

ကန့်ကွက်မှု များပြုလုပ်ခြင်းတို့ ရှိခဲ့သော်လည်း ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်လာ တာ

 တွေ့ရပါတယ်။ ယခင်နဲ့မတူတဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့အကျိုးအတွက် ပါဝင်

 ဆောင်ရွက်လာခြင်း ဖြစ်တယ်လို့ ရှုမြင် ပါတယ်။

* ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ စောင့် ကြည့်သူတွေ ထားရှိဖို့အတွက် ဘယ်လို စီစဉ်ထားပါသလဲ။ အထူး

သဖြင့် မဲရေတွက်မှုကို ဘယ်လို စောင့်ကြည့် သွားမလဲဆိုတာ သိပါ ရစေ။

ကော်မရှင်က ထုတ်ပြန်ထားတဲ့ ညွှန် ကြားချက်တွေနဲ့အညီ ဖွဲ့စည်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။

 ပြည်သူများနှင့် မဲရုံတာဝန်ရှိသူ များကို ယုံပါတယ်။

* မဲဆန္ဒနယ် ၄၈ ခုမှာသာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာ

 နိုင်ငံရဲ့ဒီမိုကရေစီအသွင်ပြောင်းမှု လမ်းကြောင်းမှာ ဘယ်လောက် အရေးပါပါသလဲ။ ဘယ်လောက် ရော

အရှိန်တွန်းပေးနိုင်ပါမလဲ။

၄၈ နေရာသာရှိတဲ့အတွက် အရေ အတွက်ကတော့ နည်းပါတယ်။ မြန်မာ နိုင်ငံရဲ့

ဒီမိုကရေစီအသွင်ပြောင်းရေး လမ်းကြောင်းအတိုင်း စိတ်ကောင်း စေတနာမှန်နှင့် ပါဝင်ဆောင်ရွက်လာ

 ခြင်းဆိုတဲ့ ယုံကြည်စိတ်က တွန်းအားဖြစ် စေမယ်လို့ ယူဆပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်

ကိုယ်စားလှယ်လောင်းဦးရဲထွဋ် မဲဆွယ် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။

ဓာတ်ပုံ - ဘူးသီး

* ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်နှ နေရာလောက် နိုင်မယ်လို့ ခန့်မှန်း ယုံကြည်ထားပါသလဲ။

ပါတီတိုင်းဟာ အနိုင်ရမယ်လို့ ယုံကြည်ပြီး ရွေးကောက်ပွဲဝင်ကြတာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်

 ပြည်သူတွေအနေ နဲ့ ဘယ်ပါတီ၊ ဘယ်လို ပုဂ္ဂိုလ်တွေက အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့လက်တွေ့ အကျိုးပြု

နေတယ်၊ အကျိုးပြုနိုင်စွမ်းရှိ တယ်ဆိုတာ ခွဲခြားပြီးသိပါတယ်။ ကြော်ငြာကောင်းပြီး ပစ္စည်းမကောင်းရင်

ကြုံတွေ့ရမယ့် ဆိုးကျိုး တွေကိုလည်း ပြည်သူတွေက နားလည်ကြပါတယ်။ ကျွန်တော်တို့ ပြည်သူကို

ယုံကြည်ပါ တယ်။

2 comments:

ဘယ်သူကောင်းတယ်မကောင်ဘူးဆိုတာအများသူငါသိနေပါပြီ သူ့၇ဲ့လုပ်ရပ်မကောင်းရင်ဘယ်သူကမှအတင်းခေါ်မလာမနေရဘာတွေလုပ်မယ်ဘာဖြစ်မယ်ဆိုပြီးတစ်ခွန်းမှမပြောခဲ့ပါဘူးသူ့၇ဲ့လုပ်၇ပ်ကိုနှစ်သက်တယ်လက်ခံတယ်ဘာမက်လုံမှမပေးခဲ့ဘူးမင်းတိုကသာဘာလုပ်မယ်ဘယ်လိုဒုက္ခပေးမယ်ဆိုတာတွေနဲ့ချိန်းချောက်စကားတွေသုံးနေရတာပါသူ့ကိုမလိုလား၇င်သူလာတဲ့အခါပြည်သူတွေကိုမလာမနေရလို့များခေါ်ထားတာလားသူတို့ဘာသာသဘောကျနှစ်သက်လို့လာတွေကြတယ်ဆိုတာမင်းတိုတစ်တွေကန်းချင်ေ၇ာင်ဆောင်ပြီးဟိုပြောဒီပြောမဟုတ်တာတွေနဲ့အပုတ်ချနေတာ သူကောင်းရင်သူးကိုနှစ်သက်မယ်မင်းကောင်း၇င်မင်းကိုပေါ့မင်းကိုလက်မခံဘူးဆိုမှတော့မင်းကိုမင်းစဉ်းစားလေဘာကောင်လဲဆိုတာ အသိရှိသူတိုင်းသိနားလည်သူတိုင်းဟာအခုချိန်မှာအာလုံးသိနားလည်ခဲ့ကြပြီပေါ့မင်းတို့ကသာကြောက်နေတာအင်းပေါ့ကြောက်၇မှာပေါမင်းတို့ကလူတွေမှမဟုတ်တာ သူများနိုင်ငံတွေဘယ်လောက်တိုးတက်ပြီးဘယ်လိုအနေထားတွေရှိတယ်ဆိုတာမင်းတို့တွေကပိုပြီးသိပါတယ် ပြန်ပြောပြနေစ၇ာတောင်မလိုဘူး မင်းဟာလဲတစ်လကိုdollar၅၀ရဖိုးသူများတွေရဲ့အပုတ်ချစာတွေရေးပေးနေ၇တဲ့စစ်ခွေးတစ်ကောင်ဆိုတာသိပါတယ်ကွာ

မင်းမေလိုးလားမင်းကစစ်ခွေးလောက်မှအသိဥာဏ်မရှိတာဘဲမင်းကရောဘာကောင်လဲလီးဘဲဟေ့ကောင်

Post a Comment

LIKE BOX