ပြောလည်းပြော မမောစေနဲ့ ဂျီးတော်ရယ်.......
မမောတမ်း အပြောလည်း လန်းပါရဲ့
ကျောချမ်းလောက်အောင် ဝက်ဝက်ကွဲအားပေးနိုင်ရှာရဲ့
သူ့ခင်ဗျာ လူ့ရွာတစ်ခေါက်လာတုန်း
မှုစရာ ထီမထင်
ပြည်တစ်ခွင် လေပင့်သံက
မပီပြင်ဝိုးတဝါး။ ။
ကိုယ်လုပ်တော့ အဟုတ်ထင်
ရုပ်သွင်ကို မကိုးကွယ်ဘု
ဆိုးတယ်လို့ ယိုးမယ်ဖွဲ့
လက်ညိုးကို သွင်သွင်ထိုးတယ်
စိတ်သွင်ဆိုးရွား။ ။
ခရားရေလွှတ် တစ်တွတ်တွတ် ဒီမိုကရေစီ
ရွှေပြည်တော် မျှော်တိုင်းဝေးရယ်ကြောင့်
ငေးမောကာ လှည့်ကာပတ်ချိမ့်
တွေးတောတာ အဆင်မချောပေဘု
လင်ရောသားပါ တိုင်းတစ်ပါးရယ်မို့
အနှိုင်းစကား လွန်တယ်ထင်ရချည်ရဲ့
စာချွန်တော် ဖန်ဖန်ကွန့်
လူးလွန့်စိတ်ထား။ ။
အကောင်းမြင်သလို အသွင်ဆန်းတွေနှင့်
အဟောင်းပြင်လို အမြင်ကြမ်းတွေကြောင့်
ဆင်ကန်းတို့ တောတိုးပမာ
လျှောထိုးကာ ခါးစောင်းတိုက်
ခပ်မိုက်မိုက် လူနောက်လိုက်တွေကို
အကြိုက်ဆောင် ထွင်လုံးထည်နှင့်
အမြင်ဆုံးအောင် စည်းကာရုံးတယ်
ပြုံးမိပေသား။ ။
0 comments:
Post a Comment