မြန်မာနိုင်ငံသားများဘဏ်မှ အစုရှယ်ယာတစ်ခုကို တန်ဖိုးငွေကျပ်တစ်သိန်းနဲ့ တစ်ဦးကို အနည်းဆုံးတစ်စုမှ
အများဆုံး အစု ၅၀၀ အထိ ရောင်းချပေးနေပြီလို့ သိရတယ်။ “ခါတိုင်း ရောင်းရင် တစ်ခါရောင်းမှ ကျပ်သန်း
၆၀ လောက် ရောင်းရတာ၊ အခုက ဘီလျံချီပြီး ရောင်းမှာ၊ ရောင်းရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားငွေ
ကိုင်တွယ်ရမယ့် လိုင်စင် Dealer Licence ယူရမယ်၊ ယူရင် capital (မ,တည်ငွေ) ထည့်ရမယ်၊ မ,တည်ငွေ
အတွက် ရှယ်ယာသွက်သွက်လေး ရောင်းချင်လို့” လို့ မြန်မာနိုင်ငံသားများဘဏ်မှ အထွေထွေမန်နေဂျာ
တစ်ဦးက ရှင်းပြပါတယ်။ သည်နှစ် ရှယ်ယာရောင်းချရာမှာ အစုရှယ်ယာ ဝယ်သူတွေ
စရိတ်သက်သာအောင် ရှယ်ယာပရီမီယံ တောင်းခံမှာ မဟုတ်ဘူးလို့လည်း သိရတယ်။ ယခင်နှစ်တွေက
ရောင်းချရာမှာ အစုရှယ်ယာ ဝယ်သူက တစ်စုလျှင် ရှယ်ယာငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ရှယ်ယာပရီမီယံအဖြစ်
ပေးသွင်းရပါတယ်။ အစုရှယ်ယာပိုင်ရှင်တွေ ရရှိမယ့် အခွင့်အရေးတွေက အထွေထွေ အစည်းအဝေးတွေကို
ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ် (proxy) ဖြင့်ဖြစ်စေ မဲပေးနိုင်ပါတယ်။ လူ၊ ပုဂ္ဂိုလ်တစ်ဦး အနေနဲ့
အစုရှယ်ယာ ၅၀၀ စု၊ အစုအဖွဲ့တစ်ခု အနေနဲ့ အစုရှယ်ယာ ၁၀၀၀ စုထက်မနည်းပိုင်ဆိုင်ပါက
ဒါရိုက်တာအဖွဲ့ဝင်အဖြစ် အရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ အစုရှယ်ယာတွေကို လွှဲပြောင်းရောင်းချလိုပါက
မြန်မာနိုင်ငံသားများဘဏ်က တစ်ဆင့် ဒါမှမဟုတ် မြန်မာ့ချေးငွေ သက်သေခံလက်မှတ်များ
လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (MSEC) မှ တစ်ဆင့်ရောင်းချနိုင်ပါတယ်။ capital Market
ပေါ်ပေါက်လာရင်လည်း ယင်းဈေးကွက်မှာ လွှဲပြောင်း ရောင်းချနိုင်ပါတယ်။ နှစ်စဉ် အမြတ်ငွေအေပေါ်
အမြတ်ဝေစု ခံစားပိုင်ခွင့်ရှိပါတယ်။ အစုရှယ်ယာ ဝယ်လိုသူတွေ အနေနဲ့ မြန်မာနိုင်ငံသားများဘဏ်နဲ့
သူ့လက်အောက်ရှိ ဘဏ်တွေမှာ လျှောက်လွှာတစ်စောင် ကျပ် ၅၀ နဲ့ ဝယ်ယူပြီး မည်သူမဆို
လျှောက်လွှာတင်နိုင်ပါတယ်။ ဘဏ်အစုရှယ်ယာတစ်စုရဲ့ ဈေးနှုန်းဟာ ယခင်က ကျပ် ၅၀၀၀
သာရှိခဲ့ပြီး၂၀၀၉ ခုနှစ် နှစ်ပတ်လည် ညီလာခံမှာ ရှယ်ယာရှင်တွေရဲ့ သဘောတူညီမှုနဲ့ ကျပ်တစ်သိန်း
သတ်မှတ်ခဲ့တာပါ။ မြန်မာနိုင်ငံသားများဘဏ်ကို ၁၉၉၂ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း
၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

0 comments:
Post a Comment