Thursday, April 12, 2012

အတ္တကြီး နိုင်ငံရေးသမားတို့၏ လွှမ်းမိုးခံရခြင်း၊လှည့်ပတ် ယုံသွင်းအသုံးချခံရခြင်းတို့မှ ကင်းဝေးကြပါစေ အိတ်ဖွင့်ပေးစာ(အပိုင်း - ၂)

Posted by မျိုးချစ်သူရဲကောင်းများ On 3:52 AM 0 comments

From : ဖိုးသောကြာ


ရှစ်လေးလုံး စတာနဲ့ ကွန်မြူနစ်တွေ ဒေါ်စုနား သွားကပ် ကုန်ပြီဆိုတာ စစ်တပ်ကရော၊ အမေရိကန်

အပါအ၀င် အနောက်နိုင်ငံတွေက သူတို့လဲ သိတာပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပါတီမှာ ကွန်မြူနစ်တွေ ရှိနေတယ်ဆိုတာ အရမ်း မပြောပါနဲ့ ၊ သက်သေ ပြပါလို့

၂၀၀၈ မှာ စာရေးသူကို အင်အယ်လ်ဒီပါတီဝင်ဆိုသူ တစ်ဦးက မေးလာသလိုမျိုး ခုချိန်မှာ မေးလာခဲ့ရင်

အရှင်းဆုံး ပြောပြစရာ အချက်ရှိပါတယ်။

၁၉၈၉ အောင်စုတင်- သုံးဖွဲ့  စည်းလုံးနေရာကနေ ဦးအောင်ကြီးက အင်အယ်လ်ဒီမှာ ကွန်မြူနစ်တွေ

ရှိနေတယ်။

လက်တွဲ မလုပ်နိုင်။ ထုတ်ပယ်ပေးရေး အဆိုတင်သွင်းတော့ မဲခွဲ ဆုံးဖြတ်ရာမှာ“ မထုတ်ရေး” ဘက်က

မဲနိုင်သွားလို့ ဦးအောင်ကြီး အင်အယ်လ်ဒီ ပါတီကနေ နှုတ်ထွက်သွားခဲ့ တာ အခိုင်မာဆုံး သက်သေပါပဲ။

ဒါကြောင့် အဲဒီတုန်းက အမေရိကန်က မနှစ်က ကွယ်လွန်သွားတဲ့ အောက်လွှတ်တော်အမတ် စတီဗင်

ဆိုလာ့ဇ်ကို လွှတ်ပြီး ဒေါက်တာမောင်မောင် အပါအ၀င် ဦးနုတို့ ဦးအောင်ကြီးတို့ ဒေါ်စုတို့နဲ့

လာစကားပြောပြီး တောက်ကြည့်ခဲ့တာပေါ့။

စတီဗင်ဆို လာ့ဇ်က အဲဒီတုန်းက အမေရိကန် အောက်လွှတ်တော်ရဲ့ အာရှနဲ့ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေးရာ

ဆပ်ကော် မတီရဲ့ ဥက္ကဋ္ဌ။

သူက အမေရိကန်လွှတ်တော်က ယုံယုံကြည်ကြည်နဲ့ ခိုင်းခဲ့လို့ မြောက် ကိုးရီးယား ကင်အီဆွန်း၊ အီရတ်

ဆဒမ်ဟူစိန်တို့နဲ့ပါ သွားစကားပြောဘူးတဲ့ လူ။

-ရှစ်စပ်က ဂျင်ခြေလည်နေတဲ့ စတီဗင်ဆို လာ့ဇ်က မြန်မာပြည်က ရှစ်လေးလုံးအချိန် အ ခြေအနေမှန်ကို

သဘောပေါက် လာခဲ့ တာပေါ့။

အမေရိကန်အောက်လွှတ်တော်ကို ပြန်ပြီး အစီရင်ခံတာက၊ ဘယ်သူမှ မြန်မာပြည်မှာ ရှစ်လေးလုံး

လှုပ်ရှားမှုကနေ အပြောင်းအလဲ ဖြစ်လာအောင် အတိုက်အခံတွေဘက်က

တကယ်တမ်း ခေါင်းမဆောင် နိုင်ဘူး ဆိုတာ သူတို့ တွက်မိကြတယ်။

နောက်ပြီးတော့ ဦးနု တို့ ဒေါ်စုတို့ အာဏာရရင် သိပ်မကြာဘူး၊ ကွန်မြူနစ်တွေပဲ အာဏာလက်ပြောင်း

ယူသွားလိမ့်မယ် လို့လဲ တွက်ဆကြတယ် ။

သူတို့ အထင် ပိုမို ခိုင်မာ သွားစေတဲ့ နောက်ဆုံး ဖြစ်ရပ်က အမေရိကန်သမ္မတ ဂျော့ဘုရှ်ရဲ့ “ ၂၀၀၆-

တွင် မြန်မာ ပြည် ဒီမိုကရေစီ မြင်စေရမည်၏” စီမံကိန်းမှာ မဲဆောက်က ဗကပတွေ-

အမေရိကန် ရောက်နေတဲ့ ဗကပ-တွေရဲ့ တရုတ်ပြည် အ၀င်အထွက် ခြေလှမ်းတွေ ကြည့်ပြီး ရှေ့ ဘာ

ဆက်လုပ်ရမယ်ဆိုတာ တွက်ချက်ကာ အိုဘားမားက အတိုက်အခံတွေဘက် ဖိပြီး အားပေး ဆက်ဆံတဲ့

အနေအထားကနေ စစ်အစိုးရနဲ့ အနီးကပ် ဆက်ဆံရေး မူဘက် ပြောင်းခဲ့တာ။

ဒီအပေါ်ကို နိုငငံရေး တွက်ဆ ချင့်ချိန် နိုင်တဲ့ လူတချို့ မမြင် ပြန်ကြည့်ရင်--

တခါက မဆလပါတီ လူထုအင်အားဆိုတာ ဆူတိုင်း လိုရင်း ရောက်တာ မဟုတ်ပါဘူးနော်။

လူထုခေါင်းဆောင်ကလဲ အစိုးရကို မကျေနပ် တာဘဲရှိတယ်။ ဦးနေ၀င်းကို

မကျေနပ်တာဘဲရှိတယ်။ ဒေါသဖြစ်တာဘဲရှိတယ်။ နိုင်ငံရေးမလုပ်တက်ဘူး။ သူတို့ကို -ဘဘက

အဲ့ဒီကို ပြန်စွတ်စွဲချင်တယ်။

(ဦးချစ်လှိုင်ပြောကြားချက်အရ --)

ကြားသိရသော သတင်းအရ ၁၉၉၀ ရွေးကောက်ပွဲအပြီး ဦးနေ၀င်းသည် အနိုင်ရ

NLD ခေါင်းဆောင်ကို ခေါ်တွေ့ပြီး သူတို့ကိုမည်သို့ သဘောထား ပါသလဲ ဟုမေးသော အခါ

NLD ခေါင်းဆောင်က သူ့သဘောနှင့် သူဆုံးဖြတ်၍ မရ

အများဆန္ဒ နှင့်အညီ ဆောင်ရွက်ရမည်ဟု ပြောခဲ့ကြောင်းသိရှိရသည်။ ထို့နောက် NLD ကဦးနေ၀င်းကို

ခုံရုံးတင်ရန် ပြုမူကြောင်း သိရှိရသည်။
(ဗိုလ်မှုးအောင်လင်းထွဠ်၏ပြောကြားချက်အရ)

ဦးနေ၀င်းထံတွင် စစ်တပ်ရှိ၍ မိမိထံတွင် အပ်တို တစ်ချောင်းမရှိဘဲ ဗကပ သွေးထိုးမှု့ကြောင့် ဦးနေ၀င်း

ကိုထွက်ပေါက် မပေးဘဲ ဂျောင်ပိတ် တိုက်ခြင်းသည် မိမိအမှားဖြစ်ပါတယ်။

အာဏာရှင်တွေ ဒီမိုကရေစီအစိုးရတွေဆိုပြီး နိုင်ငံတွေကို စစ်အေးကာလမှာ အနောက်အုပ်စုက

ဂရုမစိုက်ဘူး။

ကွန်မြူ နစ်ကို တိုက်နေရင်၊ သူတို့က ထောက်ခံနေမှာပဲ။ အနောက်အုပ်စုက ဦးနေ၀င်းကိုပဲ အထင်ကြီးတယ်။

သူ့ဟာသူ ဘယ် နည်းနဲ့ပဲ အုပ်ချုပ်၊ ဦးနေ၀င်းကမှ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တယ်လို့၊

အနောက်က သဘောထားတယ်။

တချိန် တုန်းက ပြည်ပြေး ၀န်ကြီးချုပ်ဟောင်း ဦးနုကို အမေရိ ကန်နဲ့ အနောက်အုပ်စုက ဘယ်တုန်းကမှ

အထင်မကြီးဘူး။ အဲ သလိုပဲ လက်ရှိ အချိန်မှာ ပြည်ပရောက် အင်အယ်လ်ဒီဆိုသူတွေ ၊ စင်ပြိုင်အစိုးရ

ဆိုသူတွေ လုပ်ပေါက် ကိုင်ပေါက်တွေ ကြည့်ပြီး အမေရိကန်နဲ့ သူ့  အပေါင်း အပါ အနောက် အုပ်စုက

ပရိုပိုဇယ် နိုင်ငံရေး ထောက်ပန့် ကြေး လျှော့တာတို့ ၊ ထိုင်းမှာနေတဲ့ အတိုက်အခံတွေကို ထိုင်း အစိုးရ ကနေ

“ရေမှုတ် တဖက် ၊ မီးစ တဖက်” အလုပ်ခိုင်းတာတို့နဲ့  ခပ်ကျဲကျဲ ဆက်ဆံလာ မြင်ရတယ်။

တကယ်တော့ ထိုင်း အစိုးရက မြန်မာ့ အတိုက်အခံတွေကို အမေရိကန် အလိုကျ အလျှော့အတင်းလုပ်

ဆက်ဆံနေတာ တွေးတတ်တဲ့ လူတိုင်း သိပါတယ်။

ဒီတော့ ရှင်းရှင်း မြင်အောင် ပြောရရင်--

၁။ အင်အယ်လ်လ်ဒီက ၁၉၉၀ မှာ ရွေးကောက်ပွဲ အနိုင်ရပေမယ့် အဲဒီ ရလဒ်ကို ကိုင်ပြီး

ညာသံပေးအော်ဟစ်တာတွေ၊ အထိမ်း အမှတ်ပွဲတွေ လုပ်နေပေမယ့် စင်ပြိုင် အစိုးရ မဖွဲ့ ရဲဘူး။
 
ဒီအကြောင်း ဦးခင်မောင်ဆွေ ကိုယ်တိုင်က ဂန္ဓီ ညီလာခံမှာ အစိုးရဖွဲ့ ရင် အမေရိကန်က ထောက်ခံမလား

သွားမေးတော့ အမေရိကန် သံရုံးက (-နိုး-)မထောက်ခံနိုင် ကြောင်း ငြင်းတာ ခံခဲ့ ရတာ လူသိထင်ရှား

ထုတ်ဖော် ၀န်ခံထားတာ ရှိတယ်။

အမေရိကန် ၊ တရုတ်၊ ရုရှား စတဲ့ နိုင်ငံကြီးတွေ အပါအ၀င် တခြား နိုင်ငံတွေက ထောက်ခံမှု

မရနိုင်တာ မြင်ရနိုင်တယ်။

အစိုးရဖွဲ့ တယ်ဆိုတာ နိုင်ငံတကာမှ ထောက်ခံ ဆက်ဆံမှ အစိုးရ ဖြစ်နိုင်တာ။

၂။ အမေရိကန်က စန်ရှင်တွေ ချပြီး ပိတ်ဆို့တာ။ စစ်အစိုးရကို ကန့် သတ်ချက်တွေ ချတာ။ ပြည်ပ

အတိုက်အခံတွေကို ငွေကြေး ကူညီတာဟာ မြန်မာ ပြည်ကို တရုတ်၊ ရုရှားဘက် ခြေစုံပစ် နီးကပ်

မသွားအောင်၊ သူ့ ဘက် လာကပ်အောင်၊ အစိုးရကိုလည်း ခြောက်ပြီးသားဖြစ်။ ပြီးတော့ သူ့ ဘက်ပါမလားလို့

အတိုက်အခံကို မွေးကြည့်တာ။

အင်အယ်ဒီကို ထောက်ခံတာ မဟုတ်ဘူး။ သူ့ အလုပ် သူ လုပ်တာ။

အမေရိကန်က နောက်ကွယ်မှာ အပိုင်ရှိသလိုလို အင်အယ်လ်ဒီက လူတွေ ကြွားလုံးထုတ်ရုံ လေပစ်ရုံ

အဆင့် ပဲရှိတာပါ။

အင်အယ်လ်ဒီ ထိပ်ပိုင်းထဲ ၀င်ပြီး ဒီမိုကရေစီ အော်နေကြတဲ့ လူတချို့ ဟာ ဒီမိုကရေစီ မျက်နှာဖုံး စွပ်ထားတဲ့

ဗကပ တွေ ဆိုတာ (စီအိုင်အေ) အမေရိကန်က သိတယ်။

ဗကပ တွေ လက်ထဲ အာဏာ ရောက်အောင် ကူညီမယ့် အထိ အမေရိကန် “အ”ပါ့ မလား။

၃။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်က တရုတ်နဲ့  အဆင်ပြေမှ ဖြစ်မယ့်

အိမ်နီးချင်း နိုင်ငံလို့်  လေလှိုင်းမှာ အလျဉ်းသင့်တိုင်း ပြောနေသလို ဂျွန်မက်ကိန်း- ကိုတောင် အဲလို

ထပ်ပြောတာ ကြားနေရဆဲပါ။ တရုတ်က အင်အယ်လ်ဒီ ရွေးကောက်ပွဲ နိုင်နိုင်ချင်း

လက်ဆွဲ နှုတ်ဆက်ဖို့ ပြေးလာခဲ့ပေမယ့် လက်ရှိမှာတော့ စားကွက် မှန်မယ့် လက်ရှိစစ်အစိုးရ ကို စီးပွားရေး

အရ အကာအကွယ်ပေးပြီး ထောက်ခံ ပေးနေတယ်။

၎။ တိုင်းရင်းသား လက်နက်ကိုင်တွေ ဆိုတာကလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့  သစ္စာခံ တပ်တွေ မဟုတ်ဘူး။

သူတို့ ရည်ရွယ်ချက်နဲ့ သူတို့ လုပ်နေကြတာ။ ဒီအဖွဲ့ တွေ အားကိုးပြီး စစ်အစိုးရကို စစ်အနိုင်တိုက် ဖြုတ်ချ

အာဏာ ယူနိုင်တဲ့ အဆင့်မရှိဘူး။

ဒီတော့ အင်အယ်လ်ဒီ ဘာလို့  အာဏာ မရသလဲဆိုတာ မှောက်ဖဲလေးတွေ တွက်ကြည့်လိုက်ရင် လူပေါ

တစ်ယောက် အဆင့်နဲ့  တောင် သိနိုင်ပါတယ်။

လက်ရှိအခြေအနေမှာတော့ အင်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်က လူထု နှလုံးသားကို ကိုင်လှုပ်မယ့်

အလုပ်တွေ ကိုကျော်သူနဲ့  အပြိုင်လုပ်နေတာ မြင်ရတယ်။

ပြည်ပ မြန်မာသတင်းဌာန တွေကလဲ ဒေါ်စုလုပ်သမျှ ဆယ်ပြားဖိုး လုပ်ရင် တကျပ်ဖိုးလောက် ပိုပိုသာသာ

လွှင့်ပေးနေတယ်။ အလွန်တာဝန်ကျေကြသလို ချစ်ဖို့လဲ အရမ်းကောင်းပါတယ်။

အမေရိကန်နဲ့ သူ့  အပေါင်း အပါတွေကတော့ သူတို့ဘက် ပါနိုင်၊ လက်တွဲ နိုင်မယ့် သူတွေကို ဘာဆု၊

ညာဆုတွေ ပေးမှာပါပဲ။

နာမည်ကြီးရင် ကမ္ဘာက ပိုသိပြီး၊ ၀ိုင်းထောက်ခံကြရင် အလုပ် လုပ်ရာမှာ ခြေလှမ်း ပိုသွက် နိုင်မယ်လေ။
 
နာမည်ကြီးဖို့ က အရေးကြီးသလား။ အလုပ်ဖြစ်ဖို့က အရေးကြီးသလား။

ရုပ်ရှင်စကားနဲ့ ပြောရရင် နာမည်ကြီးတိုင်း အကယ်ဒမီ မရကြဘူးလေ။

ဦးကျော်ဆွေတို့။ ဦးရွှေဘတို့၊ တွံတေး သိန်းတန်တို့ ။

0 comments:

Post a Comment

LIKE BOX