Thursday, April 12, 2012

အတ္တကြီး နိုင်ငံရေးသမားတို့၏ လွှမ်းမိုးခံရခြင်း၊လှည့်ပတ် ယုံသွင်းအသုံးချခံရခြင်းတို့မှ ကင်းဝေးကြပါစေ အိတ်ဖွင့်ပေးစာ(အပိုင်း - ၁)

Posted by မျိုးချစ်သူရဲကောင်းများ On 3:45 AM 0 comments

From :ဖိုးသောကြာ


ကျွန်ုပ်ကို ၁၉၉၀ နောက်ပိုင်းမှာ မွေးဖွားပြီး လူဖြစ် ဖြစ်လာတဲ့ မြန်မာပြည်သား လူငယ်လေး တစ်စုက

အင်အယ်လ်ဒီ ဟာ ရွေးကောက်ပွဲ နိုင်ပါလျှက်နဲ့ ဘာလို့ အာဏာ မယူနိုင်ခဲ့၊ မရခဲ့တာလဲလို့ 

လာမေးကြပါတယ်။

မောင်ရင်လေးတို့ - ဒီမေးခွန်းကို မေးသင့်တာက ဘီဘီစီတို့၊ ဗွီအိုအေတို့၊ အာအက်ဖ်အေတို့ ၊ ဒီဗွီဘီတို့က

တဆင့် ဒေါ်အောင်ဆန်းစုကြည်တို့  အဖွဲ့ ကို တိုက်ရိုက်မေးပါလား။
 
ဒါမှ မဟုတ် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်မင်းတွေ ဆီကို သွားမေးပါလားလို့ ပြန်ပြောမိပါရဲ့ ။

ရေဒီယိုကနေ ဒေါ်အောင်ဆန်းစုကြည်တို့  အဖွဲ့ ကို မေးရင် ဖြစ်စေ။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ

အမတ်မင်းတွေ ဆီကို သွားမေး ဖြစ်စေ သူတို့  ပြန်ဖြေမှာက စစ်တပ်က မတရားလုပ်လို့၊ အနိုင်ကျင့် ပြီး

ပါတီကို ဖြိုခွဲလို့။ ပြီးတော့ တမင် ညစ်ပတ်ပြီး အာဏာ မပေးလို့ အင်အယ်လ်ဒီ အာဏာ မရတာပေါ့ ဆိုတဲ့

စကားပဲ ပြန်ကြားရမှာပေါ့။

ကျွန်တော်တို့ သိချင်တာက အဲဒီ နောက်ကွယ်က အာဏာ မပေးသူနဲ့  အာဏာ- မရနိုင်သူတွေ ကြားက

မမြင် နိုင်တဲ့။ မှောက်ဖဲကို သိချင်တာပါတဲ့။
 
ဘယ်လို ရှင်းပြ ရပါ့မလဲ။

၁၉၈၄ မှာ တရုတ်ပြည်က စီးပွါးရေး တံခါးဖွင့် စနစ် စတင်ကျင့်သုံးတော့ ဦးနေ၀င်းက အဖက်ဖက်က

ချွတ်ခြုံကျ- ဖြူပြာလိုက်ပြီး ဒေ၀ါလီ နိုင်ငံ ဖြစ်နေတဲ့ အချိန်မှာ မြန်မာပြည်ကို ဘယ်လို ပြောင်းရမလဲ ၊

သူ ဘေးရန် ရှင်းရှင်းနဲ့ ဘယ်လို လုပ်ရမလဲ ဆိုတာ စဉ်းစားခဲ့တယ်လို့  သိရတယ်။

၁၉၈၆ လောက် ကတည်းက ဦးနေ၀င်းက ဦးအောင်ကြီးကို အပြောင်းအလဲ အတွက်မြေစမ်း

ခရမ်းပျိုးခွင့် ပြုခဲ့တာ သတိထားမိသူတွေက တွေ့ ခဲ့ မြင်ခဲ့ ကြတယ်။

ပေဖူးလွှာ မ၈္ဂဇင်းမှာ ဦးအောင်ကြီးရေးတဲ့ “ကျွန်တော် အညာသားပါခင်ဗျား”

ဆိုတဲ့ ဆောင်းပါးတွေ။ ပြီးတော့

ဦးနေ၀င်းသို့ အိတ်ဖွင့် အကြံပေးစာ တွေဟာ ဦးအောင်ကြီးရဲ့ ရှစ်လေးလုံး ဖြစ်ဖို့  နှိုးဆွပေးတဲ့

စာတွေ ဖြစ်တယ်ဆိုတာ အဲဒီတုန်းက လူတိုင်း သိကြ လက်ခံကြတယ်။

ဘယ်နေရာက စဖြစ်မလဲ ဆိုတာ လူတွေက စိတ်ဝင်စားနေတဲ့ အချိန်မှာ ဖြစ်ချင်တော့ ငွေမဲတွေ ၁၉၈၆

ဝန်းကျင်မှာ ဆက်တိုက် ကြေငြာခံရလို့ လူထုက အစိုးရကို ဒေါသ ထွက်နေတာရယ်၊ စက်မှု

တက္ကသိုလ် ကျောင်းသား တချို့ ရန်ဖြစ်ပြီး ဖုန်းမော်သေတာ ရယ် က ရှစ်လေးလုံး ဖြစ်ဖို့ လမ်းကြောင်းပေါ်

အရောက် ပို့ခဲ့တာပါပဲ။ ဒီအချိန်မှာ ကျောင်းသားထုကို ဒေါက်တာဇော်မင်း၊ ဌေးသိန်း၊

သက်ခိုင်(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောရဲ့  သားမက်) တို့ အုပ်စု ကလည်း

မီးလောင်ရာ လေအပင့် ကောင်းခဲ့ကြတယ်။

၁၉၈၈ စဖြစ်တော့ ဦးနေ၀င်းက တိုင်းပြည်ဆူဆူပူပူ မဖြစ်ခင် အမြန်ဆုံး ရွေးကောက်ပွဲလုပ်ပြီး

ဦးအောင်ကြီးကို တင်ချင်တာ။

ဦးနေ၀င်းကြီး မကြိုက်တဲ့ သူဆိုရင်၊ သူ့ ကို ဆန့် ကျင်နေတဲ့ သူဆိုရင် ကြိုက်သလို ဖမ်းခွင့်၊ ထောင်ချခွင့် ရှိတဲ့

အချိန်မှာ ဥိးအောင်ကြီးရဲ့စာတွေက “သခွတ်ပင်က မီးတကျီကျီ” ဆိုသလို အရေး အခင်း ဖြစ်ဖို့

တွန်းအားပေးနေတာ သိလျှက်နဲ့ သူ့ကို ဘာမှမလုပ်ဘဲ လွှတ်ထားခဲ့တယ်။ ပြီးတော့ နိုင်ငံတော်က

ထုတ်ဈေးနဲ့ရတဲ့ ဂျုံ သကြားနဲ့ ရပိုင်ခွင့်တွေ သုံးပြီး “အောင်ကြီးကိတ်” စီးပွါးရေးကို ကြီးထွားအောင်

ဖန်တီးခွင့်ပေးထားတယ်။

ဒီအချက်တွေက မပြေးသော် ကန်ရာရှိ ဆိုသလို တွက်လို့ရတဲ့ အချက်ပါပဲ။

အဲဒီ အချိန်က ဒေါ်စု နိုင်ငံရေးထဲ ရောက်လာတယ် ဆိုတာကလဲ

မိခင်-ဒေါ်ခင်ကြည် ပြုစုဖို့ ရောက်လာရင်းကနေ အဆွယ်ကောင်းလို့ ဗကပ- တွေ အပင့်ကောင်းလို့ ဆိုတာ

ပဌမဆုံး တရားပွဲမှာ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေနဲ့ တွဲထွက်လာတာ ကြည့်ရင်

အထင်အရှားကြီး မြင်နိုင်တယ်။

တကယ်လို့ နိုင်ငံရေးထဲသို့ဒေါ်စုမ၀င် ရောက်ခဲ့ရင် ရွေးကောက်ပွဲ လုပ်လျှင် လူထုက ရွေးစရာမရှိလို့

ဦးအောင်ကြီး ကိုသာ မဲပေးမှာ ဖြစ်တယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့  စာရင် ရှစ်လေးလုံး ဖြစ်အောင် တာစူတဲ့ အထဲမှာ ဦးအောင်ကြီးက

အများကြီးစောတယ်။

ဦးအောင်ကြီး လုပ်သမျှ လွှတ်ထားပြီး ဦးနေ၀င်းက လှည့်ကွက်နဲ့ နာမည်ကောင်းယူ အသုံးချ- ပြီးတော့

သူ ရှောင်ထွက်ဖို့  လုပ်တယ် ဆိုတာ အဲဒီတုန်း ကတည်းက နိုင်ငံရေး နား လည်တဲ့ လူတိုင်း တွက်မိကြတယ်။

ဦးအောင်ကြီးတက်လျှင် ဦးနေ၀င်းသည် ဦးအောင်ကြီးကို တိုင်းပြည်စီးပွါးရေး ဦးစီးခိုင်းမယ်။

ဦးအောင်ကြီးအာဏာရလာလျှင်လည်း တိုင်းပြည် ဒီမိုကရေစီ၆၀%ရလာမယ်။

အဓိကအချက်ကတော့ ဦးနေ၀င်းက အရာရာကို နောက်ကွယ်မှ ကြိုးမကိုင်တော့ဘဲ ဦးအောင်ကြီးကို

စီးပွါးရေး လွတ်လပ်ခွင့် ပေးကာ သူ့အသက်ရွယ်အရ အနားယူချင်တာ သူ၏ အသက်လုံခြုံရေး ကိုသာ

အဓိကထား မှာဖြစ်တယ်။

ဒါကို ဗကပ-က လဲ သိတယ်။

ဗကပ-က ဦးအောင်ကြီးကို မလိုချင်ဘူး။ တချိန်က သူတို့ ရန်သူဟောင်း။

ဒါ ကြောင့် လူထုဆန္ဒ ထောက်ခံရေး အဖွဲ့ကို တခါထဲ ဖျက်သိမ်းပြီး

အမြန်ဆုံး ရွေးကောက်ပွဲလုပ်ရန်ဆိုလာတယ်။

နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြ၊ အင်အယ်လ်ဒီကို ၀န်းရံကြ ဆိုပြီး ဗကပ-တို့ တစခန်း

ထလာ တော့တယ်။

ဦးအောင်ကြီးကလည်း ဒေါ်စုကို သူ့ ဘက်ပါအောင် အောင်စုတင် ဆိုပြီး

ဦးအောင်ကြီး- ဒေါ်အောင်ဆန်းစုကြည်- ဦးတင်ဦးတို့ ပေါင်းပြီး အင်အယ်လ်ဒီကို စဖွဲ့ ခဲ့ကြတယ်။

“ဗားကရာ ချောက်ကို ဆိုရှယ်လစ် အရိုးနဲ့ ဖို့ မယ်”လို့ အော်ဟစ်ဖူးတဲ့၊ အဖေကို ပင် ဖြုတ်ထုတ်သတ်

လမ်းစဉ်ချမှတ်ဖူးတဲ့ ဗကပ ကို ဦးနေ၀င်း က နိုင်ငံရေးမှာ မပါ နိုင်အောင် လုပ်ဖို့ ကြံတယ်။

ဒီတော့ ဗကပ-က ဦးနေ၀င်း လုပ်မယ့်ရွေးကောက်ပွဲကို သူတို့မပါဝင်ရလို့ ရွေးကောက်ပွဲဟာ

အတုအယောင်ကြီး သာဖြစ်ကြောင်း စစ်မှန်သော ရွေးကောက်ပွဲ ရရန် ကြားဖြတ် အစိုးရဖွဲ့ပြီး ထိုအစိုးရက

တရားမျှတသော ရွေးကောက်ပွဲကို ဆောင်ရွက်ပေးပြီး အနိုင်ရ ပါတီကိုလွှဲပေးရမည် ဖြစ်ကြောင်း

ကြားဖြတ်အစိုးရ ကို တောင်းဆိုရန် လူထုကို မြောက်ပင့်ပေး လေတော့တယ်။

ဗကပ ဗဟိုက ညွှန်ကြားမှု့ဖြင့် ယူဂျီများသည် မြေပေါ်သို့တက်လာပြီး လူထုကျောင်းသားတွင်း

သို့ထိုးဖေါက် ၀င်ရောက် လာပေမယ့် ဗကပ အမည်သုံးလျှင် လူထုက လက်မခံသည်ကို သိရှိတာပေါ့ ။

ဒါ ကြောင့် ဗကပသည် သူတို့ဖြစ်ချင်သည်များကို တိုက်ရိုက် အမည်မခံဘဲ ငယ်ရွယ်ကြွတက်ပြီး တိုင်းပြည်

အတွက်ဆိုလျှင် အသက်ပင် စွံ့ ရဲသော်လည်း နိုင်ငံရေး အတွေ့အကြုံ နုနယ် သေးသည့် ကျောင်းသားထု

တွင်း သို့ထိုးဖေါက်ပြီး ၀ါဒ ရေးရာများနှင့် မစည်းရုံးဘဲ ဖြစ်စေချင် သည်များကို ကျောင်းသားသမဂ္ဂ

အမည်နှင့် ကြေငြာချက်များ ထုတ်ခဲ့ကြတယ်။

ဦးနေ၀င်းအနေနှင့် ကြားဖြတ် အစိုးရကို လက်ခံလျှင် သူကြိုးစင် တက်ရမည် ဖြစ်သဖြင့် လုံးဝ

လက်မခံနိုင်ဘူး ပေါ့။

ကြားဖြတ် အစိုးရရရန် ၀န်ကြီးဌာန အားလုံး အထွေထွေ သပိတ်မှောက်ရန် ဗကပတို့ လူထုကြီးကို သွေးထိုး

လို့ ၈၈၈၈ စတင် ခဲ့ တော့ တာပါပဲ။


0 comments:

Post a Comment

LIKE BOX