Wednesday, October 26, 2011

အမှန်တရားကို လက်ခံကြပါ

Posted by မျိုးချစ်သူရဲကောင်းများ On 2:21 PM 0 comments

လောကမှာလူရယ်လို့ ဖြစ်လာရင် ဘယ်လိုလူမျိုးမဆို အမှန်တရားကိုလက်ခံနိုင်ရမယ်၊
လူ့ ပတ်ဝန်းကျင်မှာနေပြီး အမှန်တရားကို မျက်စိမှိတ်နားပိတ်ပြီး လက်ကိုင်မထားရင်တော့
အဲဒီ လူလောက်တန်ဖိုးမရှိတာ ဒီကမ္ဘာမြေပေါ်မှာ မရှိသင့် ပါဘူးး။ အမှန်တရား ....
အမှန်တရား ....ဆိုတာ ဘာလဲ ? ကျွန်တော့် ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကတော့ 
အမှန်တရားကိုပြောရင် သူတို့  နာကျဉ် တက်ကြတယ် ....သူငယ်ချင်းတို့  မင်းတို့ ရဲ့ 
အမှန်တရားကိုပြောမယ်ဆိုရင်ကော မင်းတို့  ရင်ဆိုင်နိုင်ကြပါ့ မလား ...တကယ်တော့ 
မင်းတို့ ငါတို့ တွေရဲ့ အမှန်တရားတွေကို မျက်ကွယ်မပြုသင့် ဘူး၊ သူငယ်ချင်းတို့ မင်းတို့ လဲ
အမှန်တရားကို မျက်ကွယ်မပြုပါနဲ့ ၊ အရှိကိုအရှိတိုင်း အမှန်ကိုအမှန်တိုင်း ရပ်တည်နေပေးကြပါ
...လောကမှာ အမှန်တရားကိုလက်ကိုင်ပြုပြီး အမှန်တရားကိုလုပ်နေတဲ့ သူတွေအတွက်
မင်းတို့ ငါတို့ သူငယ်ချင်းအားလုံး အမှန်တရားဘက်မှာပဲနေရမယ် ...အမှန်တရားဆိုတာ
သူများကို်မကောင်းကြောင်းပြောနေတာမဟုတ်ဘူး ..အမှန်တရားဆိုတာ သူများကို
ပုတ်ခတ်ပြောဆိုနေတာမဟုတ်ဘူး .......အမှန်တရားဆိုတာ ရင်ထဲကလာတာ
အမှန်တရားကို မဖုံးကွယ်ပစ်ကြနဲ့  ....လုပ်ငန်းခွင်မှာလဲ အမှန်တရားဆိုတာရှိတယ် ..
.လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာလဲ အမှန်တရားဆိုတာရှိတယ် ..အဖွဲ့ အစည်းတစ်ခုမှာလဲ
အမှန်တရားဆိုတာ ရှိတယ်။ လောကမှာ ကိုယ်မမှန်မကန်လုပ်လို့  လူတစ်ဦးတစ်ယောက် ( သို့  )
အဖွဲ့ အစည်းတစ်ခုကို မနစ်နာစေပါနဲ့  ....မှားမှန်းသိရင် ချက်ခြင်းပြင်ပါ။ အမှန်တရားကို
လက်ကိုင်ထားပါ အဖွဲ့ အစည်းတစ်ခုမှာ သားဖြစ်တဲ့ သူအမှားတစ်ခုလုပ်မိတာကို ငါ့ အဖေက
ဒီအဖွဲ့ ရဲ့  ဥက္ကဌ ငါကသူ့ သား ..ဒီအမှားလောက်တော့  ဖုံးထားမယ်ဆိုပြီး အမှန်တရားကို
မျက်ကွယ်ပြု အဖေဖြစ်သူကလည်း ငါ့ သားလုပ်တာပဲ ငါဖုံးကွယ်ပေးထားမှပဲ ဆိုပြီးဖုံးကွယ် ...
အဲ့ လိုအမှန်တရားကို မျက်ကွယ်ပြုတာဟာ လောကမှာအဲ့ လောက်ကြောက်ဖို့ ကောင်းတာ
ဘာမှမရှိတော့ ပါဘူး .....သူငယ်ချင်းတို့ ရေ မင်းတို့ လည်းအဖွဲ့ အစည်းတခုမှာပဲဖြစ်ဖြစ် ...
မင်းတို့ ကိုယ်တိုင် ခေါင်းဆောင်ပဲဖြစ်ဖြစ် ...အမှားလုပ်ခဲ့ သည်ရှိရင် အမှန်တရားတိုင်းပဲရင်ဆိုင်ပါ ...
အဲ့ တာခေါင်းဆောင်ကောင်းပါ ..အလုပ်သမားကောင်းပါ ...ကိုယ့် ကြောင့် အဖွဲ့ အစည်းမှာ
လူကောင်းတစ်ယောက် မနစ်နာပါစေနဲ့  ..မဆုံးရှုံးပါစေနဲ့  ....ကိုယ်ကလဲ အမှန်တရားအတွက်ဆို
မည်သူမျှမကြောက်ပါနှင့်  ...အမှန်တရားလမ်းကြောင်းတိုင်းပဲလျှောက်လှမ်းကြပါ .....
ကဲ ချစ်တဲ့ သူငယ်ချင်းတို့ ရေ အားလုံးပဲ အမှန်တရားလမ်းကြောင်းပေါ်မှာပဲနေပြီး
အမှန်တရားတွေဘက်ကပဲ ရပ်တည်ပေးကြပါ......

0 comments:

Post a Comment

LIKE BOX