Wednesday, October 26, 2011

ဇာဂနာ ကတုံး တုံးရခြင်းအကြောင်း

Posted by မျိုးချစ်သူရဲကောင်းများ On 4:45 AM 0 comments

ကတုံး ကတုံးဆိုတာ မြန်မာပြည်သူတွေရဲ. နုတ်ဖျား ရေပန်းစားလာတာတွေ.ရပါတယ်.
ပါဠိလိုကတော့ နိက္ကေသသီသော၊ ခလ္လာဋော၊ မုဏ္ဍော ၊ ဘဏ္ဍု ၊ မုဏ္ဍိကော၊ ( ဘူကဏ္ဍ- 
အဘိဓာနပ္ပဒီပိကာ) တဲ့။
ပါဠိစကားလုံး ကလည်းများလိုက်တာ လို့  မအောက်မေ့လိုက်နဲ့ ။ မြန်မာ
စကားလည်း ပြန်စဉ်းစားကြည့်ပြန်တော့
 ကတုံး၊ ချီးပူး ၊ ရွှေဂေါင်းပြောင်၊ ထိပ်ပြောင်၊ ပြောင်ကြီး ၊ စသဖြင့် ပြောလိုက်တာလည်း ကတုံး ရဲ့ 
ပရိယာယ် စကားများစွာပါပဲ။ကတုံး ဟာ အမျိုးမျိုးရှိပါတယ်။ အမျိုးမျိုးရှိသလို နေရာအမျိုးမျိုးမှာ
အသုံးပြုကြတယ်။ အသုံးပြုခြင်း ရည်ရွယ်ချက်တွေလည်း အမျိုးမျိုး ပါပဲ။
ဟိုး... ငယ်ငယ်တုံးကပေါ့ ။ ရွာမှာ ဇီးပင်တွေ အသီးသီးပြီး လို့  ကုန်သွားပြီဆိုရင် ကတုံး တုံးရတယ်။ ကတုံး
တုံးတယ်လို့  အညာဘက်မှာတော့ ပြောကြပါတယ်။ ဇီးပင် ကတုံး ဆိုတဲ့ အသုံး နှုန်းကလည်း အပေါ်က
ကိုင်းတွေ ရှင်းလင်းပစ်တာမို့  ခေါင်းနဲ့  တူတာမို့  ကတုံး လို့  ပြောတာ ထင်ပါ ရဲ့ ။ ဇီးပင်ရဲ့  ကတုံး
တုံးခြင်းကလည်း လူတွေက လှပ ဖို့  ကို ရည်ရွယ်ရာ မဟုတ်ဘူး။ နုပျိုဖို့ ပါ။ ဇီးခုတ်မှ ပျို - ဆိုတဲ့ စကား
အတိုင်းပေါ့။ ပျိုမြစ်ခြင်းကို ပြန်ယူတာဟာ ဇီးသီးများများ သီးဖို့ အဓိက ရည်ရွယ် ချက်ပါပဲ။
ပြီးတော့ ရှုပ်နေတဲ့ တောတွေကို ရှင်းပစ်တယ်လို့  သုံးသလို၊ တောကတုံး 
တုံးမယ်လို့ လည်း ပြောကြပြန်တယ်။ တောကတုံး တုံးတာကတော့ တောထဲမှာ ရှိတဲ့ အကောင်ရှည်
အန္တရာယ် ကင်းဝေးဖို့  ဆိုတဲ့ ရည်ရွက်ခြင်းပါပဲ။
ကလေးဘ၀မှာ ရွာဓလေ့ အရ နွေရာသီမှာ ပူပြင်းလွန်းလို့  ကလေးများရဲ့ ဆံပင်ကိုလည်း ယောကျာ်လေး
မိန်းခလေး မရွေး ကတုံး တုံးလေ့ ရှိကြတယ်။ ကလေးတွေ ခေါင်း အေးစေဖို့ ပေါ့။
အဲ- အပြစ်နဲ့ မိုက်တဲ့ သူတွေကိုလည်း အပြစ်ကြောင့် ကတုံး တုံးခံရတယ်။ အဲဒါ က များသော အား ဖြင့်
အကျဉ်းကျတဲ့ နှစ်ကြီး သမားမျိုးပေါ့။ သူတို့  ကျတော့ ဆံပင်ပုံ လှပအောင် ပြင်ဆင်ချိန်
မရှိတာရယ်။ ပြင်ဆင်ဖို့  အခြေနေမရှိတာရယ်ကြောင့် ခေါင်းတုံး ခံရပါတယ်။
ခုခေတ်မှသာ မဟုတ်သေးပါ။ ဘုရား လက်ထက်ကလည်း အပြစ်ရှိသူကို ဦးခေါင်းတုံးပြီး စည်တီးကာ 
ဆိုးဝါးကြောင်း လူများမြင်သာအောင် မြို့ တွေကို လှည့်ပတ်ပြသပါတယ်။ သူ့ ရဲ့ မကောင်းမှု သက်သေ
အဖြစ်၊ နောင်လူတွေ မကောင်းတာ မလုပ်ရဲအောင် ပြုလုပ်တဲ့ သဘောပါ။
ဒီတော. မြန်မာပြည်မှာ ရေပန်းစားနေတဲ. ကိုဇာဂနာလည်း သူလုပ်ထားတဲ. အပြစ်တွေကြောင်. ကတုံး
တုံးထားတာပေါ.ဗျာ...ကိုယ်.အပြစ်ကို သိပြီး ၀န်ခံထားတဲ.သဘောပေါ...ဗျာ...

0 comments:

Post a Comment

LIKE BOX