Sunday, February 5, 2012

‎"ပြုပြင်ထားသောဆေးများဖြင့် ကွမ်းစားခြင်းကြောင့် ခံတွင်းရောဂါ ယခင်ထက် လေးဆတိုးလာ"

Posted by မျိုးချစ်သူရဲကောင်းများ On 1:08 AM 0 comments

ကွမ်းစားရာတွင် မိရိုးဖလာနည်းအတိုင်းမဟုတ်ဘဲ ဆေးပြင်း များထည့်၍စားသုံးလာမှုကြောင့်

ခံတွင်းရောဂါဖြစ်ပွားမှုယခင်ထက် လေးဆခန့်ပိုတိုးလာကြောင်း

သွားနှင့်ခံတွင်းဆရာဝန် ဦးအောင်ထွန်း စိုးက ပြောသည်။

''အရင်ခေတ်ကလို ကွမ်းသီး၊ ဗမာဆေးနဲ့ စားတာ မဟုတ်တော့ ဘဲ

သဘာဝမဟုတ်ဘဲ ပြုပြင်ထားတဲ့ ဆေးတွေနဲ့

စားသုံးနေတဲ့အခါမှာ ခံတွင်းနဲ့ ပတ်သက်တဲ့ ရောဂါ တွေအဖြစ်များလာတာတွေ့ရတယ်။

အဖြစ်များတာတော့ ခံတွင်းကင် ဆာပဲ''ဟု ၄င်းက ပြောသည်။

ယခင်က အသက် ၄ဝ နောက် ပိုင်းမှသာ သွားဖုံးကင်ဆာဖြစ်ပွားမှု များတွေ့ရှိရသော်လည်း ယခုအခါ

အသက် ၂ဝ ဝန်းကျင် အရွယ်မှစ၍

ဖြစ်ပွားမှုများရှိလာကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ ဈေးနှုန်း သင့်တင့် စွာဖြင့် အလွယ်တကူ စားသုံးနိုင်

ခြင်းကြောင့် ဆယ်ကျော်သက် အရွယ်မှစ၍

ကွမ်းစားသည့် အလေ့အကျင့် ရှိလာခြင်းကြောင့် ဖြစ် ကြောင်း ၄င်းက သုံးသပ်သည်။

''ကွမ်းရောင်းတဲ့ သူတွေက လည်း သဘာဝအတိုင်းပဲ ရောင်းသင့်တယ်၊

အခုနောက်ပိုင်းမှာ ဆေး ရွက်ကြီးကို အရက်၊ ပျားရည်တွေနဲ့

ရောစိမ်ထားပြီး နှပ်ဆေးသဘောမျိုး အသွင်ပြောင်း ထားတယ်။ ထုံး ကိုလည်း

ရေနဲ့ဖျော်၊ အပေါ်ယံရေ ကြည်တွေကို သွန်ပစ်ပြီးအနည်ထိုင် ကျန်ခဲ့တဲ့ ထုံးအနှစ်သားကိုမှ

ပျစ်ပျစ်ဖျော်ထားတဲ့ နို့မှုန့်တွေနဲ့ ရောတယ်။ ထုံးကလည်း ပြုပြင် ထားတော့သဘာဝ ဘယ်ဟုတ် တော့မလဲ၊

ဒီတော့ ခံတွင်းတင်မက အသည်း၊အဆုတ်တို့မှာပါ ရောဂါ တွေ  ဆင့်ကဲဖြစ်လာနိုင်တယ်''ဟု၎င်းက

ပြောသည်။

ထို့အပြင် ပြည်ပမှတရား မဝင်လမ်းကြောင်းများဖြင့် ဝင် ရောက် လာသော ဆေးပြင်းများနှင့်

ဘင်္ဂလားဒေ့ရှ်မှ ဝင်လာသည့် ကွမ်း သီးထုပ်များသည်လည်း

သဘာဝ အတိုင်းမဟုတ်ဘဲ ပြုပြင်ထားသည့် အတွက်ကွမ်းထဲတွင်

ထည့်သွင်း စားသုံးရန် မသင့်ကြောင်း ၄င်းက ပြောသည်။ လက်ရှိတွင် အမျိုးသမီး အချို့ ပါ

ကွမ်းစားလာသည်ကိုတွေ့ရပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကွမ်းစားပါက ကလေးကိုပါ ဆိုး

ကျိုးဖြစ်နိုင်သောကြောင့် ရှောင်ကြဉ် သင့်ကြောင်း၊

ဌာနဆိုင်ရာအနေဖြင့် ဆေးလိပ်ပညာပေးသာမက ကွမ်း ပညာပေးအစီအစဉ်ပါ

လုပ်ဆောင် ပေးရန် လိုအပ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

ချစ်ဆုဆွေ

0 comments:

Post a Comment

LIKE BOX