Friday, February 10, 2012

စေတနာကို မလေးစားတောင် မစော်ကားပါနဲ့ 

Posted by မျိုးချစ်သူရဲကောင်းများ On 10:14 PM 0 comments

          တစ်ခုလောက်မေးပါရစေ တပ်မတော် အပေါ်အမြင်မကြည်ဘူး တဲ့ သူတို့ ကမှ နိုင်ငံတော်ကို

ချစ်တာ ပါတဲ့ သူတို့ က မှ တအားချစ်တာ ဆိုပဲ အော် အွန်လိုင်းပေါ်မှာ ပဲချစ်နေကြတာပါလားနော်

...မေးပါရစေဗျာ ခင်ဗျားတို့ တအားထောက်ခံအားပေးနေတဲ့ သူတွေ အရမ်းလေးစားနေရတဲ့ သူတွေ

အရမ်းအားကိုးရမှာပါဆိုတဲ့ သူတွေ ခင်ဗျားတို့ တောင်းဆိုနေကြသလို ပေါ့နော် ငါးထောင်တန်

ဖုန်းကဒ်တွေလို မျိုး ကျွန်တော်လည်း တောင်းဆိုကြည့်ချင်တယ်ဗျာ......

          ခင်ဗျားတို့ အရမ်းချစ်ပါတယ်ဆိုတဲ့ သူတွေက ကျွန်တော်တို့ ကိုကော ဘာတွေလုပ်ပေးမှာလဲ

ဘာတွေဖြည့်ဆည်းပေးမှာလဲ ဥပမာ အမေရိကန် မရိန်းတပ်မတော် လိုပေါ့ အဲလိုဖြစ်အောင်

ဖြည့်ဆည်းပေးမှာလားဗျာ မရိန်းတပ်သား တစ်ယောက်ရဲ အခြေခံလစာ ကတော့ မြန်မာငွေနဲ့ ဆို

အမိုက်စားကြီးပဲဗျ ပြီးတော့ လေ မရိန်းတပ်သားတွေစီးတဲ့ Timber land ဖိနပ်တွေ ကော စီးလို

့ရနိုင်မှာလား အပြင်မှာ ဗျာ လူငယ်တွေဝတ်ကြပါတယ် ကန္တရ ဘောင်းဘီလိုမျိုးတွေလေ ဗျာ Air foce 1

ဆိုတာမျိုးတွေပေါ့ အဲလိုတွေ ကော ၀တ်ခွင့်ရမှာလား စစ်ချပ်ဝတ်တန်ဆာတွေဗျာ ပြီးတော့ ညကြည့်

မှန်ဘီလူးတို့ အမေရိကန်မရိန်းတပ်သားတွေ ရဲ့ စစ်ဝတ်တွေလို ပြည့်ပြည့်စုံစုံ သူတို့ က လုပ်ပေးမှာတဲ့ လား

အဲ အမေရိကန် က မရိန်းတပ်သားတွေက အီရတ်စစ်မြေပြင်မှာ ကတုတ်ကျင်းတွေတူးပြီး အိုင်ပတ်နဲ

့အင်တာနက်သုံးနေတာ ဗျ လေဒီဂါဂါ နဲ့ ဂျပ်စတင်ဘီဘာ တောင် နားထောင်နေသေးတယ် အဲလို ကော

လုပ်ပေးမှာလား မရိန်း ပြန် တမ်းဝင် အရာ ရှိတစ်ယောက် ဆီကို Hammer jeep တွေ ထုတ်ပေးထားတယ်

အဲလိုတွေ ကော ရမှာလား ခင်ဗျားတို့ က ကျွန်တော် တို့ စနစ်တကျဖွဲ့ စည်းထားပါတယ်ဆိုတဲ

့တပ်မတော်ကို တောင် သူတို့ က ဘာတွေဖြည့်ဆည်းပေးမယ်ဆိုတာ ကို တောင် မပြောနိုင်သေးတာ

ခင်ဗျားတို့ က တအားကို အားကိုးလွန်းကြပါတယ် သူတို့ က အနောက်နိုင်ငံ နဲ့ အဆက်သွယ်ရှိတယ် ပဲ ထား

ဗျာ အမေရိကန်လို နိုင်ငံမျိုး က နော် သူတို့ က သာ သမ္မတ စနစ်နဲ့ အုပ်ချုပ်နေတာ တခြား နိုင်ငံ နဲ

့ပူးပေါင်းပြီဆို စစ်စခန်းတွေ အရင်ချတာ ဘာကာကွယ်မယ် ညာကာကွယ်မယ်ဆိုပြီး

နယ်မြေသိမ်းလိုက်တာပဲလေ ဒါကို ခင်ဗျားတို့ က တအားကို အားပေးနေကြတယ် စစ်စခန်း အရင်

ချတယ်ဆိုတာ လက်နက်တွေ ခေတ်မှီစက်ကိရိယာတွေ နဲ့ လာတာလေဗျာ သူတို့ လို မတိုးတက်တဲ့ နိုင်ငံ

က ဘာပြန်ပြောရဲမှာလဲ အေး ဟုတ်ပါပြီ ခင်ဗျားတို့ လက်ခံခိုင်းလို့ ထောက်ခံပေးထားတဲ့ သူရဲ့ အကူညီနဲ

့မြန်မာနိုင်ငံ ကို တိုးတက်အောင်လုပ်ပါပြီတဲ့ အလကား ကြီးတော့ ဘယ်သူ က လုပ်ပေးမှာလဲ

အနည်းအကျဉ်းတော့ ပေးဆပ်ရမှာပေါ့ ဟုတ်ဘူးလား အဲ ကျွန်တော် သတင်း တစ်ခု ဖတ်ဖူးတယ် ဗျ

ဂျပန်မှာ လေ အမေရိကန်တွေ က စစ်စခန်းတွေလာချတော့ မရိန်းတပ်သားတွေနဲ့ ဂျပန်မလေးတွေ

ဇာတ်ကား တွေထွက်သတဲ့ ဗျာ ခင်ဗျားတို့ လည်း ကြည့်ဖူးမှာ ပါဘယ်လို ဇာတ်ကားတွေလဲဆိုတာ ကို

အဲလိုမျိုးများ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်သွားရင် ခင်ဗျားတို့ သာ စဉ်းစားတော့ ကျွန်တော်တို့ ကတော

့ဗမာမိန်းကလေး တစ်ယောက်ယောက် ကို အမြန်ယူမှရမှာပဲ မဟုတ်လို့ ကတော့ ငါ့သား က ငါနဲ့ မတူ

ငါ့မြည်း က ငါနဲ့ မတူတွေဖြစ်ကုန်တော့ မှာနော် ......ခင်ဗျားတို့ ကလေ မရောင်ရာကို

တအားဆီလူးကြတယ် ခင်ဗျား တို့ က ကျွန်တော် တို့ တပ်မတော်ကို အမြင်မကြည်ဘူးနော် ကဲ ထားရတယ်

အမေရိကန်မှာလိုလေ သူတို့ ကအင်အားကြီးနိုင်ငံမို့ စစ်ကားတွေဆို သူတို့ က စစ်တပ်ကို ဘယ်လိုတွေ

ထောက်ပံ့ပေးတာ ဘယ်လိုတွေ ဆိုတာ ခင်ဗျားတို့ သိတာ ကျွန်တော်တို့ မြန် မာနိုင်ငံ က အဲလိုတွေ

လုပ်ပေးနိုင်သေးတာ မဟုတ်ဘူး ခင်ဗျားတို့ ဗျာ စစ်မြေပြင်ကို အလည်တစ်ခေါက်လောက်လိုက်

ခဲ့စေချင်တယ် ခင်ဗျားတို့ ထမင်း မငတ်စေရပါဘူး အိမ်မှာ စားရသလိုကို ကျွေးမယ် ကျွန်တော့် တို

့ရဲဘော်တွေကလည်း ပြည်သူတွေ ဆို ဆွေမျိုးရင်းချာလို ကို ပြုစုမှာပါ ခြေထောက်ပြတ်လို့ ဆေးမနိုင်ပဲ

ပြည်တည်ပြီးလောက်တွေ တက်နေတာ မြင်ရင် ခင်ဗျား တို့ ဒူတွေတုန် ကုန်မှာစိုးလို့ ခင်ဗျားတို့ကို

မခေါ်ရက်လို့ ဆိုတာ သိထားစမ်းပါဗျာ ကျွန်တော်တို့ ကို မလေးစားရင်နေ ပါဗျာ စေတနာကို တော

့မစော်ကားပါနဲ့ ခင်ဗျားတို့ နဲ့ ပြည်သူလူထု တိုင်းပြည် ကို ချစ်လို့ ဆိုတာ ခင်ဗျားတို့ သိသင့်ပါတယ် လေ

ငါတို့ အမေက (နေကောင်းလား သား)လို့ မေးတဲ့ အခါတိုင်း ငါတို့ ဖြေခဲ့ ရတာ ကောင်းပါတယ်ဆိုတာ

အကြိမ်ကြိမ်ပါ အဲချိန် မင်းတို့ မှာ (သားငွေမလောက်တော့ ဘူးပို့ ပေးပါဦး )လို့ တောင်းနေတာ မင်းတို

့ပြန်တွေးကြည့်လေ ယောက်ျားတိုင်း တပ်မတော်သားမဖြစ်ဘူး ဟ အေး မင်းတို့ နားလည်အောင်ပြောရရင်

တပ်မတော်ထဲမှာ ရှိတဲ့ သူအကုန် ကလည်း မင်းတို့ နားလည်အောင် နော် (ငပေါ)တွေ တစ်ကောင်မှမပါဘူး

မင်း တို့ က မကျေနပ်ဘူး မကျေနပ်ဘူး ချည်းအော်နေကြတာ တပ်မတော် မကောင်းဘူး မင်းတို့ မှာ

တကယ်မကျေနပ်တဲ့ သူတွေ ရှိတယ်ဆိုရင် ငါတို့ အကြံပေးလိုက်မယ် ကွာ အိုစမာဘင်လာဒင်ရဲ

့လက်ပါးစေတွေလို လေယာဉ်ပျံအနုကြမ်းစီး ပြီး ၀င်တိုက်သလို မင်းတို့ မကျေနပ်တဲ့ သူတွေရဲ့ အိမ်ပေါ်

မင်းတို့ ကိုယ်တိုင် စတေးရဲလား လုပ်ရဲလား သမ္မတအိမ်တော်နား ကပ်ဗုံးခွဲတာ တို့ ကား

နားကပ်မိုင်းထောင်တာတို့ လုပ်ရဲလား အသေခံ သမ္မတ နား ကပ်မိုင်းခွဲတာတို့ ကော စတေးရဲလား မင်းတို

့မကျေနပ်တဲ့ သူကို လုပ်တာ လေ လုပ်ရဲလား စတေးရဲလား မင်းတို့ ဖြစ်စေချင်တဲ့ သူ ဒါမှဖြစ်မှပေါ့

အဲလိုကြတော့ တစ်ကောင်မှ ဇ ဖြင့် မရှိကြဘူး အွန်လိုင်းပေါ်မှာ တက် အော်မယ်ဆဲမယ် နိုင်ငံရေး

ဝက်ဆိုက်တွေမှာ ကွန့် မန့် လေး တွေရေးရတာနဲ့ တင်နိုင်ငံချစ်ပါတယ် လုပ်မနေနဲ့ မင်းတို့  မှာ တကယ်

ဇရှိတယ် ဆိုရင် ကျွန်တော့် နိုင်ငံအတွက် ကျွန်တော် ထောက်ခံအားပေးတဲ့ သူ သမ္မတ ဖြစ်ရေးအတွက်

ဆိုပြီး လုပ်လေ လုပ်ကြံနည်းတွေ အများကြီးပါကွာ မင်း တို့ တကယ် ဇရှိမယ် ဆိုရင် ပေါ့ မင်းတို့ မှာလည်း

လိုအပ်ချက်တွေ ရှိသလို ငါတို့ တပ်မတော်မှာလည်း လိုအပ်ချက်တွေ အများကြီးပါ ကွ ငါတို့ လည်း မင်းတို

့တောင်းဆို သလို တောင်းဆိုချင်တာပေါ့ ဒါပေမဲ့ ငါတို့ က မလုပ်ရဲလို့ မဟုတ်ဘူး မတောင်းဆိုရဲလို

့မဟုတ်ဘူး ခုမှ ငါတို့ နိုင်ငံ က အရှိန်ဟုန်နဲ့ တိုးတက်မှာ အစ ချီနေတဲ့ မာန်ဟုန်တွေနဲ့ တိုးတက်ဖို

့လုပ်နေတုန်း အချိန်လေ ဥပမာ ကွာ ပိုက်ဆံ မပြေလည်သေးတဲ့ အမေ့ ဆီက မုန့် ဖိုးမတောင်းရက်သလို

ပေါ့ ငါတို့  ငါတို့ မိဘ စိတ်ဆင်းရဲမှာ ငါတို့ မလုပ်ဘူး ငါတို့ အမေ မျက်နှာငယ်မှာ ငါတို့ မလုပ်ဘူး ဆိုသလို

ပေါ့ ကွာ ပိုက်ဆံ မပြေလည်မှန်း သိသိကြီးနဲ့ အတင်း ကြီး ဇွတ် မုန့် ဖိုးတောင်းနေတဲ့ ကလေးကျတော

့ကလေးဆိုးလို့ ခေါ်ချင်ခေါ်ကြမှာပေါ့ ဒါ က မင်းတို့ နားလည်အောင်ပြောပြတာ ပါ အဲတော့ ငါတို

့တိုင်းပြည်ကို ငါတို့ က ချစ်တယ် ဘယ်သူတွေဘာလုပ်လုပ် ဘာကြီးလုပ်သွားသွားငါတို့  က တိုင်း

ပြည်အပေါ် သစ္စာရှိတယ် အဲတော့ ကွာ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေ မှာ ငါတို့ က

မတောင်းဆိုဘူးငါတို့ က တပ်မတော် သားတွေ အမေ ရိကန် မရိန်း တပ်သားတွေ လို အိုင်ပက် တစ်လုံး စီ

ထုတ် ပေးရမယ် မဆိုလို ဘူး ငါတို့ တာ ၀န် ကို ငါတို့ ကျေပွန် ဖို့ ပဲ အရေးကြီးတယ် မင်းတို့ လို ဟိုအော်

ဒီအော်တွေနဲ့ လည်း မပုတ်ခတ်ဘူး မင်းတို့ သိထားဖို့ က မင်း တို့ အမြင်မကြည်ပါဘူးဆိုတဲ့ တပ်မတော် က

ဘယ်သူ သမ္မတတက်ဖြစ်ဖြစ် ငါတို့ တာ ၀န် က တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်စောင့် ရှောက်ဖို့ ပဲ အဲဒါ

ငါတစ်ယောက်တည်း ပြောတဲ့ စကားမဟုတ်ဘူး တပ်မတော်သားတိုင်းရဲ့ ရင်ထဲမှာ ရှိတဲ့ စကား ပဲ မင်းတို

့တိုင်းပြည်တကယ်ချစ်တယ်ဆိုရင် မင်းတို့ လုပ်ရမှာက သူများနိုင်ငံ က စစ်စခန်းတွေလာချမှ တိုင်းပြည် က

ပို အေးချမ်းမှာမဟုတ်ဘူး တိုင်းတစ်ပါး က တိုးတက်အောင် ကူညီမှတိုးတက်မှာမဟုတ်ဘူး အဲဒါ က

သီပေါမင်းတုန်းကလို ကျွန်စိတ်တွေ ပဲဖြစ်လိမ့်မယ် မင်းတို့ ကိုယ်တိုင်ကြိုးစားရမယ်ဆိုတာ ပဲ ဒါကို

မှမိုက်တွင်း ဆက်နက်နေမယ်ဆိုရင်တော့ ...မြန်မာနိုင်ငံကြီး က အစိတ်စိတ်အမွာမွှာကွဲ သွားလိမ့်မယ်

............................(သက်ဆိုင်သူသာနားလည်လိမ့်မည်)

0 comments:

Post a Comment

LIKE BOX