Friday, February 10, 2012

စစ်တက္ကသိုလ် အမှတ်စဉ် (၅၄)ကျောင်းဆင်းပွဲ

Posted by မျိုးချစ်သူရဲကောင်းများ On 10:19 PM 1 comments

                                    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်

"ယနေ့မှစပြီး တပ်မတော်ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် ကြမယ့် ရဲဘော်တို့ဟာ

နောင်တစ်ချိန်မှာ နိုင်ငံတော်တာဝန်နှင့် တပ်မတ်ာတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမှာ

ဖြစ်တယ်။

ရဲဘော်တို့ဟာ စစ်ရေးအမြင်တစ်ခုတည်းရှိနေရုံဖြင့် မလုံလောက်တော့ဘူး။ စစ်ရေးဆိုတာ နိုင်ငံရေးနှင့်

တစ်ဆက်တစ်စပ်တည်းဖြစ်နေသကဲ့သို့ နိုင်ငံရေး ဆိုတာကလဲ စီးပွားရေးနှင့် အပြန်အလှန် မှီတည်လျှက်

ရှိနေတယ်။

ယနေ့ဆင်နွှဲနေသော ခေတ်သစ်စစ်ပွဲများဟာ လက်နက်ကိုင်တိုက်ခိုက်တဲ့

စစ်ရေးသက်သက်မဟုတ်တော့ဘဲ Multi Dimensional Warfare ဆိုတဲ့ ဘက်စုံစစ်ပွဲအသွင်ဖြင့်

ဆင်နွှဲနေသကဲ့သို့ စစ်ရေးမဟုတ်သော စိမ့်ဝင်မှုများဖြင့်လည်း စိမ့်ဝင်တိုက်ခိုက်နေတာကို

တွေ့မြင်လာရတယ်။

ဒါ့ကြောင့် ရဲဘော်တို့ဟာ စစ်ရေးအမြင်သာမက နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင် နှင့်

နိုင်ငံတကာရေးရာ အမြင်များဖြင့်ပါ ပြည့်စုံနေအောင် အမြဲကြိုးစား ဆောင်ရွက်ဖို့လိုအပ်တယ်။

အဲဒီလို ပြည့်စုံနေမှလည်း နောင်တစ်ခေတ်၏ အောင်စစ်သည်ဆိုသည့်

စစ်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်မှ အားထားရသော

လက်ရုံးရည်၊ နှလုံးရည် နှင့် ပြည့်စုံသည့် ခေါင်းဆောင်များ ဖြစ်လာမှာ

ဖြစ်တယ်။"

«တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ၀၉-၁၂-၂၀၁၁ ရက်နေ့ မိန့်ခွန်းမှ 

ကောက်နှုတ်ချက်»

(ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi

ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန်

ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

တပ်မတော်မှ ကာကွယ်ရေးတာဝန် ကိုအပြည့်ဝထမ်းဆောင်ရင်းကာကွယ်ပေးခဲ့သော် ပထမဆုံး

အရေးယူမူပင်ဖြစ်ပါသည်။တပ်မတော် သည်ပြည်သူတွက်သာဖြစ်သည်။မြန်မာအမျိုးသမီးတဦးကို

စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း

ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။)

တပ်မတော်တိုင်း၏ အဓိကတာဝန်မှာ နိုင်ငံတော်ကို ကာကွယ်ရန်ဖြစ်ကြောင်း။ပြည်သူကြားက

ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူတို့၏ အကျိုးစီးပွားကိုလည်း

ကာကွယ်စောင့်ရှောက်ရန်လိုကြောင်း။တပ်မတော်သားပီပီစည်းကမ်းကောင်းမွန်ရေး၊

ကိုယ်ကျင့်တရားကောင်းမွန်ရေးကို ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း ။(9/2/2012နေ့

ဗထူးတပ်နယ်အရာရှိ၊ စစ်သည်မိသားစုများ ၊ သင်တန်းသားများနှင့်တွေ့ဆုံခြင်းမှကောက်နုတ်ချက်

ဖြစ်ပါတယ်
လက်နက်ကိုင်တိုက်ခိုက်တဲ့ စစ်ရေးသက်သက်မဟုတ်တော့ဘဲ Multi Dimensional Warfare ဆိုတဲ့

ဘက်စုံစစ်ပွဲအသွင်ဖြင့် ဆင်နွှဲနေတာတွေ ကိုကြံကြံခိုင်နိုင်အောင်ကြိုးစားကြပါသွေးချင်း

နောင်တော် ညီအကိုများ

တပ်မတော် သားအားလုံးကို

လေးစားစွာဖြင့်

ဖိုးသားလေး

1 comments:

အောင်စစ်သည်များအားလုံးကို အစဉ်လေးစားလျှက်..

Post a Comment

LIKE BOX