Saturday, May 26, 2012

ဒေါ်စုအတွက် နိုင်ငံရေး ဟောစတမ်း

Posted by မျိုးချစ်သူရဲကောင်းများ On 9:25 AM 0 comments


From : ဆရာမိုးပေါက်ဆင်

(၁) မကြာခင် မြန်မာ့နိုင်ငံရေးလောကမှ အရှင် ထွက် ထွက်တော့မည်....

(၂) တက်ချင်လို့ တင်ခဲ့ပြီး ၀င်ခဲ့သော လွှတ်တော်ဆိုသည်ကို နောက်ဆုံး မကျိမ်ချင်လည်းကျိမ်/ကျိမ်ချင်လည်းကျိမ် လုပ်ခဲ့ရသော နေ့သည် ဒေါ်စု၏ လွှတ်တော်တွင်း နိုင်ငံရေးလှုပ်ရှားမှု့ လွှတ်တော်အမတ်ဘ၀ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးနေ့လည်း ဖြစ်သွားလိမ့်မည်။

(၃) လာမယ့် (၆၇) နှစ်ပြည့်မွေးနေ့မှစတင်ပြီး ဆက်လက် အသက်ရှင်သန်ခွင့် အခွင့်အလမ်း ရခဲ့ပါက ...ကျန်မွေးနေ့များကို နိုင်ငံရပ်ခြားတိုင်းပြည်များတွင်သာကျင်းပနိုင်တော့မည်ဖြစ်ပြီး မြန်မာပြည်ဆိုသည် ကို အဝေးကနေပဲ ထိုင်ပြီးကြည့်/ ထပြီးကြည့်လုပ်နိုင်တော့မည်။ဆိုလိုရင်းကား ....ဒေါ်စုဘ၀တွင် တစ်ကြိမ်တစ်ခါဘူးမျှ မကြုံဘူးသော/မလည်ဘူးသော .............၀ဋ်ဒုက္ခ ဆင်းရဲခြင်းအမျိုးမျိုးကို “၀ဋ်လည်တဲ့ ပုံစံ” နဲ့ ခံစား ကြုံတွေ မည့်သဘော ဖြစ်သည်။

(၄)၂၀၁၄ နှစ်လည်တွင် ဒုတိယ ဘင်းနစ်အကွီနို (သို့မဟုတ်) ဒုတိယဘနာဇီယာ ဘူတို ဘ၀ ဆိုက်ရောက်ကိန်းမြင်သည်...........။

(၅) တိုင်းပြည်ကို လိမ်ခဲ့သူ/လိမ်နေသူတွေ/ဆက်ပြီးလိမ်ဦးမည့်သူတွေနဲ့ ပေါင်းပြီး ကြံရာပါ ဘ၀ ခဏ ရောက်ခဲ့ရသည့်အတွက် တိုင်းပြည်မြေကြီးရဲ့ ဒါဏ်ခတ်မှု့ကို ခံရပေလိမ့်မည်။ ဒါဏ်ခတ်နည်းကား အခြားမဟုတ် ....ဒေါ်စုအတွက် မြန်မာ့မြေ တွင် ( ၄ ပေ ---၆ ပေ ----- ) မြေကွက် တစ်ကွက်ပင် ပိုင်ဆိုင်ခွင့်ရလိမ့်မည်မဟုတ်။

ယတြယာချေ နည်း ...... (က) မွေးနေ့ မွေးရက် မစောင့်တော့ပဲ ဖယောင်းတိုင် လက်တစ်ဖက် (၉) တိုင် ( ညာလက် ---၅)တိုင် ဘယ်လက် (၄)တိုင် ကို မီးထွန်းညှိ ပြီး ခြံအမှတ် (၅၄) မှ ဒီ/ချုပ်ရုံး .....ဒီ/ချုပ် ရုံးမှ ခြံအမှတ် (၅၄) ကို ညစဉ် ( ၀၆း၀၃ ) နာရီမှ နံနက် (၀၆း၀၃) နာရီ အထိ ခေါက်တုံ့  ခေါက်ပြန် (၂ရ ) ရက် တိတိ လမ်းလျှောက်ရန် ........ဖယောင်းတိုင်ထွန်းပြီးလမ်းလျှောက်နေသောမိတ်ဆွေ (၄၅ )ယောက်ကိုအဖေါ်ပြု နိုင်သည်။

ယတြယာ (ခ) ..................လှိုင်သာယာ နဲ့အနီးဆုံး တရားစခန်းတစ်ခုကို ရွေးချယ်ပြီး ၀စီပိတ် တရားထိုင်နည်းကို လည်းကောင်း အစားအစာ မစားပဲ (၇၂) နာရီ ဆောင့်ကြောင့်ထိုင် ခြင်း ပြု ရမည်........

ယတြယာ (ဂ) ................အထူးသတိပြုရန် .....ယခုနှစ် မွေးနေ့တွင် မှုတ် ရန် ရည်ရွယ်ချက်ဖြင့် ဖယောင်တိုင်မထွန်းရ .......မြန်မာပြည်တစ်ပြည်လုံး မီး မလင်းမခြင်း ဘယ်တော့မျှ မ မှုတ် /မပိတ်စေပဲ .....ဆက်တိုက်ဖယောင်းတိုင် မီးကူးပြီး ထွန်းညှိ ထားရန် ..........

ယတြယာ ကို ညွန်ကြားချက်အတိုင်း အကောင်အထည်ဖေါ်ပါက အဆိုးအညံ့ များ ကြုံလာမည့် ဘေး မှ ကင်းဝေးနိုင်ပါသည်။

Myanmar Express

0 comments:

Post a Comment

LIKE BOX