Thursday, May 24, 2012

ဖယောင်းတိုင်ပွဲမှာ တကယ်လိုနေတာ ဘာလဲ

Posted by မျိုးချစ်သူရဲကောင်းများ On 1:06 PM 0 comments

ပထမနေ့ကတော့ မီးရဖို့ မန္တလေးကိ မိဘပြည်သူများက မိမိသဘောအလျှောက် ဖယောင်းတိုင်ကိုင် လမ်းလျှောက် ဆန္ဒပြကြလေသည် ။ အစိုးရတာဝန်ရှိသူများဘက်ကလည်း ချက်ချင်းဆိုသလိုပင် အရေးပေါ်သတင်းစာ ရှင်းလင်းပွဲလုပ်ကာ ဖြေရှင်းချက်များ ထုတ်ပြလေသည်။ကျေနပ်သည် ပြေလည်သည် အသာထားစေဦး။ဒီမိုကရေစီစနစ် ပီပြင်လာပေပြီ။
သို့သော် မေးစရာများရှိပါသည် ။ထေ့စရာများ ပါလာတော့သည် ။ ကျွန်ုပ်တို့ ဝသီအတိုင်း ထေ့ပါတော့မည် ။

ဘယ်နှယ့်...။
ဆန္ဒပြကြပါလို့ မည်သူမျှ တိုက်တွန်းချက်မျှ မပါပဲ ပြည်သူ့ဆန္ဒနဲ့အညီ လမ်းပေါ် ဖယောင်းတိုင်ကိုင် ထွက်လာ..မကြာခင် ပြည်သူအသံက ထိရောက်တော့မှ ပေါ်လာပါတော့တယ် ။ အားပေးသူကြီးများ ပံပိုးသူကြီးများ ဓါတ်ပုံတွေရိုက် မီဒီယာတွေပေါ်ရောက်ကြ..သိပ်ဟုတ်ကြ..။ဒါနဲ့ မေးပါရစေဦး..
ပြည်သူအသံတွေ ထွက်မလာခင်တုန်းက သူလေးတွေ ဘယ်ဂျောင်ရောက်နေလဲ..။


အဲမန္တလေးမှာ ဆန္ဒပြတာ ဘာမှမဖြစ်ဘူးဟေ့ အသံလည်းကြားရော ပြလိုက်တဲ့မြို့တွေ..ပြကြပါ..တောင်းကြပါ..ဒါက ပြည်သူအသံကိုးဗျ။
ဟော..ဖမ်းပြီဟေ့ဆိုရော..ဖမ်းတယ်ဟ..အသံလေးကြားရုံတင်ရှိသေး..။
အားပေးသူ စင်ပေါ်တတ်အားပေးသူများ ပျောက်နေလိုက်တာ တစ်နေ့လုံး..ဘယ်ရောက်သွားပါလိမ့်..။
အစိုးရက အရင်စစ်တပ်စောက်ကျင့်ပဲ..ဘာဖြစ်တယ် ညာဖြစ်တယ်..နဲ့..အိုး..ဆဲလိုက်တာ မိုးမွန်ရော..။
နောက်တော့ ခေါ်မေးခံရသူကိုယ်တိုင် လူကြီးလူကောင်းဆန်စွာ ဆန္ဒပြခြင်းရည်ရွယ်ချက်နဲ့ နောက်လုပ်မဲ့အစီအစဉ်ကိုမေးတာပါ အကြမ်းဖက်ခြင်း ယုတ်မာခြင်း မရှိပါဘူးဆိုတော့ ခွေးသူတောင်းစားများက စောက်သံတွေ ပိတ်ရောဗျ။ဘာမှလည်း ဆက်မပြော ဆက်မရေးကြပါလားနော် ။ဘယ်ပြောမလဲဗျ ။သူတို့မှန်းတာ အမှန်ပြောတာအမှန်ဆိုပြီး ဆရာတတ်လုပ်တာ ဆရာမဟုတ်ပဲ ဆကီ(GAY-ဂျော်ကယ်-အခြောက်)ဖြစ်မှန်းသိတော့ ပတ်တောကို ပိတ်ရောပါလား ။

မန်းမြေကနေ ဆင်းလာလိုက်တာ ရန်ကုန်ရောက်တော့ ပြည်သူအသံကနေ နိုင်ငံရေးနဲ့ စီးပွားရေး ဂွင်ကြီးဖြစ်သွားပါလေရောပါလားဗျ ။
ဆန္ဒပြ ပြည်သူတွေ ကိုင်ဆောင်ထားတာက မီးပေးဖို့ တရုတ်ကို မီးမရောင်းပဲ နိုင်ငံတွင်း ပဲပေးဖို့ တနေ့ ၈ နာရီပေးဖို့ ၁၂ နာရီပေးဖို့ ၂၄ နာရီပေးဖို့ အမျိုးမျိုး မီးနဲ့ပတ်သတ်တာပဲကိုင်ဆောင်ပြတာပါပဲ။

အခုတော့ လူစည်တယ်ဟေ့ ဆိုတာနဲ့ ပေါ်လာတယ် စောက်ကျင့်တွေ...။
ဟိုအမယ်အိုကြီးလေသံအတိုင်းပဲ..ဖွဲ့စည်းပုံပြင်ရန်တဲ့..။နောက်တော့ အားလုံးဝိုင်းအော်ကြတာနဲ့ ခွေးသားလေးတွေ ပျောက်သွားရော..။မရတော့ဘူးမောင်ငယ်။
မြန်မာပြည်သူတွေ စာတတ်နေပြီ။power အဆင့်ဖြစ်နေပြီ.ပွန်းရုပ်မဟုတ်တော့ဘူး..။
ခင်ဗျားတို့ကို မီးပေးတာ လျှပ်စစ်က ဘုရားကပေးတာမဟုတ်ဘူး..ဆန္ဒပြချင်ရင် လျှပ်စစ်ရုံးသွားပြ ဆိုပြီးပြောလိုက်တဲ့ ဦးရဲကြီးတစ်ယောက်ရဲ့ စကားကြတော့ ဆတ်ဆတ်ထိမခံ ဖြစ်ကြပါရောလား..။

ဆွမ်းဆန်ထဲက ကြွက်ချီး

အဲနောက်တော့ လူအုပ်ကြားဝင် တမျိုးပြတယ်ဗျ..။ ကောင်းကျိုးလိုလားသလို..လူမှန်လိုလိုနဲ့..တကယ်တော့ လမ်းကြောင်းကို လွဲပေးပြီး သူတို့ လိုချင်တဲ့ လမ်းကို ဆွဲခေါ်တာပါပဲ..။အဲဒါကတော့ လျှပ်စစ်ဝန်ကြီးထွက်ပေးရေးဖြစ်ပြန်ရောလား ။
အားလုံးအကြိုက်တော်ကီသုံးပြီး သူတို့ခွင်ထဲဆွဲခေါ်တာပေါ့ဗျာ..။လူထုက မီးရရှိရေးကနေ ဟိုဝန်ကြီးထွက်ပေး ဒီလူကြီးထွက်ပေး နောက်တော့ မရရင် ဆက်စုဝေးကြ ဆက်ပြီး ဆန္ဒပြကြပေါ့ဗျာ.။
မန်းမြေမှာလည်း ပထမတော့ လမ်းလျှောက်ဆန္ဒပြ တိတ်ဆိတ်စွာပြန်ကြ..နောက်နေ့တွေကျတော့ အော်ဟစ်တာ တွေ ကားဘောနက်တွေထုတာတွေပါလာပြီး နည်းနည်းဆူလာပြီ..။စဉ်စား ရွှေမန်းသားတွေ အဲလောက်မရိုင်းဘူးဆိုတာ သိတယ်.။ဘယ်ကောင်တွေ ဝင်ပြီး ဓါးခုတ်နေလဲ..ပွဲလုပ်သူတွေကိုယ်တိုင် လက်လှ်ျိုပြီး အဖြတ်ခံရမှာတော့စိုးရိမ်သဗျ ။
နောက်ဆုံးတော့ လည်း ဖယောင်းတိုင်ဆိုင်တွေ ရောင်းလို့မလောက်ဘူး..။ရက်ရှည်ဆန္ဒပြပါစေတောင် ဆုတောင်းနေကြတာ.အဲလို။

ပြည်သူတွေလိုချင်တာ ဘာလဲ

ကောင်းပြီ..မီးမရတာ ဘာကြောင့်လဲမေးနေတဲ့လူများ ဒီမီးအားပေးစက်ရုံတွေဆောက်တာကောင်းတယ်လို့ ပြောတာ ဘယ်နှယောက်ပါခဲ့လဲဗျ။
ပညာရှင်တွေ လာပါဆိုတော့ ဘယ်ခွေးသူတောင်းစားမှ ပြန်မလာဘူး..။
ကဲဗျာ..အရိုးဆုံးပြောရရင် တော့ မီးပေးပါ ဆန္ဒပြမဲ့အစား တစ်နိုင်ငံလုံးမီးပေးဖို့ ကျုပ်တို့လုပ်နိုင်တယ်ဆိုပြီး ရင်ကော့ပြီး အာမခံထွက်တဲ့ပညာရှင်လေးတစ်ယောက်လောက်တောင် မပါတာတော့...............။
ဟင်း ဟင်း ဟင်း.......................... သိပ်မဟုတ်ဘူးနော်.။

မောင်ကျော်ခဲ(မြန်မာပြည်)

0 comments:

Post a Comment

LIKE BOX