Thursday, May 24, 2012

ခလောက်ဆန် အကောက်ကြံနေသော Eleven Media

Posted by မျိုးချစ်သူရဲကောင်းများ On 1:16 PM 0 comments


ဒီနေ့ ပြည်တွင်းက Eleven မီဒီယာရဲ့ အွန်လိုင်းစာမျက်နှာမှာ " လျှပ်စစ်မီးမရရှိမှု ပြဿနာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် များပြားလာ အိမ်နီးချင်းနိုင်ငံများအား လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရောင်းချသော ရေအားလျှပ်စစ် စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်သင့် " ဆိုတဲ့ သတင်းကိုဖတ်လိုက်မိတယ် ဒီသတင်းခေါင်းစဉ်မှာ စိတ်ဝင်စားဘို့ကောင်းတာက ၉၀% ထိရောင်းစားနေတယ်ဆိုတဲ့ ကိန်းဂဏန်းဖေါ်ပြချက်ဖြစ်တယ် ။

ဒီကိန်းဂဏန်းကို ဒီ Eleven က ဘယ်ကရတာလည်း ၊ ခိုင်မာတဲ့ သတင်းအရင်းမြစ်ဖေါ်ပြချက် အပေါ် အခြေခံထားသလားဆိုတာ ဆက်ဖတ်လိုက်တော့ ဘယ်ခိုင်မာတဲ့သတင်းအချက်အလက်ပေါ်မှာ မှအခြေခံထားတာမရှိဘဲ အထင်နဲ့ ရေးထားတာကိုတွေ့ရတယ် သူအထင်နဲ့ရေးထားတာကို သတင်းရဲ့ဟိုးအောက်ဆုံးမှာ ဒီလိုဖေါ်ပြထားတယ် ။


ခုလိုလျှပ်စစ်မီးတွေအခက်အခဲဖြစ်ပေါ်နေချိန် ၊ နိုင်ငံတစ်ဝှမ်းက မြို့ကြီးအချို့မှာ ဆန္ဒဖေါ်ထုတ်ပွဲတွေ ဖြစ်ပေါ်နေချိန်မှာမှာ ဒီသတင်းကိုအချိန်ကိုက်ထည့်တာဟာ ရိုးသားမှုရှိပါရဲ့လား ၊ ပြီးတော့ ၉၀%ထိ ရောင်းစားနေတယ်ဆိုတဲ့ မသေချာမရေရာတဲ့ကိန်းဂဏန်း ဖေါ်ပြချက်နဲ့ အစိုးရအပေါ်ပြည်သူတွေ အကြည်ညိုပျက်သည်ထက်ပျက်အောင်လုပ်တာ ၊ ဆန္ဒပြပွဲတွေကိုအရှိန်တက်လာအောင်လုပ်တာ မဟုတ်ဘူးလား ဆိုတာမေးခွန်းထုတ်စရာဖြစ်လာတယ် ။

ဒီနေရာမှာကြုံတုန်း ရေအားလျှပ်စစ်ဆိုတာ တစ်ခါတလေ မရောင်းရင်မရတဲ့အခြေအနေမျိုး ရှိတယ်ဆိုတာလေး ပြောချင်ပါတယ် ၊ ဥပမာရွှေလီရေအားလျှပ်စစ် စီမံကိန်းတွေဆိုပါစို့ ရွှေလီမြစ်ဟာ တရုတ်ပြည်ထဲကနေမြန်မာပြည်ထဲကိုစီးတယ် ဆည်လုပ်လို့ရမယ့် မြေအခြေအနေတွေကလည်း ဒီတရုတ်မြန်မာနယ်စပ်နားတွေမှာ အခြေအနေပေးတယ် တရုတ်က သူ့ဘက်မှာသူ့ပိုက်ဆံနဲ့သူ ဆည်ဆောက်လိုက်ပြီးသူ့ဖာသူလျှပ်စစ်ထုတ်သွားတယ်ဆိုပါစို့ မြစ်အောက်က မြန်မာတွေဘာမှမရတော့တဲ့ အပြင် ကိုယ့်ဘက်က မြစ်ကြောင်းတစ်လျှောက်မှာပါ သဘာဝပတ်ဝန်းကျင်အခြေအနေတွေ ပျက်ယွင်းလာမယ် ၊နောက်ပြီးကိုယ်ကလည်း သူ့ဘက်မှာ ဒေါ်လာဘီလီယံချီအကုန်ခံပြီး ဆည်သွားဆောက်ပြီးတော့ကိုယ့်နိုင်ငံအတွက်ပြန်ဝယ် (ခုတရုတ်လုပ်သလို) ဒီလိုလည်းလုပ်နိုင်တာ မဟုတ်ဘူး ဒီတော့နှစ်နိုင်ငံညှိရတယ် ကိုယ့်ဘက်မှာတရုတ်က ဒေါ်လာဘီလီယံချီပြီး အကုန်ခံဆည်ဆောက် ပြီးတော့ထွက်လာတာကို တ၀က်ယူ ကျန်တစ်ဝက်ကိုရောင်း သူ့ကိုရောင်းတဲ့အထဲကမှကိုယ်ကအပြည့်ရတာမဟုတ်ဘူး သူရင်းနှီးထားတဲ့အတွက် သူ့ကိုဒီအတိုင်းပေးရတဲ့အချိုးလေးတွေပေး ကိုယ်ကရတာလည်းယူ ၊ ပြန်တွင်းမှာလျှပ်စစ်လိုရင် ဒီရတဲ့ပိုက်ဆံနဲ့ပြန်ဝယ် ဒီလိုလုပ်ထားတာ ဒါကို လျှပ်စစ်တွေ ပြည်ပရောင်းနေပါတယ်ရောင်းနေပါတယ်ဆိုပြီး မျက်စိစုံမှိတ် အော်နေလို့ ဖြစ်တာမဟုတ်ဘူး။ ဒီလိုဖြစ်နေတယ်ဆိုတာအခြေခံက တိုင်းပြည်ဆင်းရဲလို့ ဖြစ်နေတာ ချမ်းသာရင်ဒါတွေဖြစ်စရာအကြောင်းမရှိနိုင်ဘူး ။

အောက်မှာလည်း သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့တစ်ခုလုံးကို အရူးတွေလို့ရေးထား တဲ့ ကော့မန့်တွေ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့တစ်ခုလုံးကို အကြည်အညို ပျက်စေမယ့် ကော့မန့်တွေကို ဖေါ်ပြထားတယ် ၊ ဒါပြည်သူတွေရေးတာပဲလို့ပြောလို့မရဘူး သန်းထွဋ်အောင်အကြောင်းခုရေးကြည့် ရမလားမရဘူးလားဆိုတာ ၊ ရေးရင်ရေးတဲ့ အိုင်ပီကို ဘန်းတယ် ၊ ဖျက်တယ် အမျိုးစုံလုပ်ပါတယ် ဒါလူတိုင်းသိတဲ့ကိစ္စပါ ဘာမဟုတ်တဲ့ သန်းထွဋ်အောင်ကိုအကြည်ညိုပျက်စေမယ့် ကော့မန့်ကျတော့ဖျက်တယ် ၊ သမ္မတနဲ့ အစိုးရအဖွဲ့တစ်ခုလုံးကိုအကြည်ညိုပျက်စေမယ့် ရေးသားချက်တွေကိုကျတော့ဖေါ်ပြထားတယ် ဆိုတာ ရိုးသားမှုတစ်ခုမဟုတ်ပါ ။


သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများမှ တရာစွဲဆိုသင့်သောကိစ္စဖြစ်ပါသည် ၊ ဒီအတိုင်းဆက်လွှတ်ထား လျှင် ရောင့်တက်လာပါတော့မည် အပ်နှင့်ထွင်းရမည့်နေရာ ကို ပေါက်ဆိန်နှင့် ပေါက်ရပါတော့မည် ။

ဒီလိုရေးတော့ ဒေါက်တာဆိတ်ဖွားဟာ Eleven ကိုတိုက်ခိုက်တယ် ဘာညာဆိုပြီး တောင်ရေးမြောက်ရေးရေးတယ် လုပ်နေတာကျတော့တစ်ခုမှမဟုတ်ဘူး ၊ မဟုတ်ရင်တော့ရေးမှာပဲ အရေးမခံချင်ရင် ဟုတ်အောင်နေ မှန်အောင်နေ သိပ်မှန်နေတယ်ထင်ရင် အာကြီးတို့ ပုံနှိပ်စက်မှာ မင်းတို့ရှင်းထားတဲ့စောင်ရေနဲ့ အစိုးရကိုအခွန်ဆောင်ထားတဲ့စောင်ရေတွေ အရင်တိုက်ကြည့် ပြီးတော့မှ မှန်တယ်ဆိုတဲ့စကားကိုမရှက်တတ်ရင်ဆက်ပြော ဟုတ်ပြီလား ။


ဒေါက်တာဆိတ်ဖွား

0 comments:

Post a Comment

LIKE BOX