Wednesday, January 25, 2012

အရေးကြီးမှ သွေးမစည်းရင်တော....

Posted by မျိုးချစ်သူရဲကောင်းများ On 5:48 PM 0 comments


 တို့ မြေ တို့ ရေတစ်လက်မမျှ မကျူးကျော် နဲ့ ကာကွယ်ပေးရန်


 အသက်ကို ပေး ကိုယ်ကျိုးမထား နယ်စပ်သွား၏


 ငါတို့ စစ်သားသဘောထားသည်...


 ငါဒီစခန်းခေါင်းဆောင် ငါမသေ ငါစခန်း ငါနိုင်ငံမြေ မကျရစေသတည်း


 ငါ့ဒီခေါင်းဆောင်အရာရှိ ငါဆရာကြီး မသေမခြင်း မကျရစေသတည်း


 ငါ့ဒီဆရာကြီး ငါရဲဘော်စစ်သား မသေမခြင်း မကျရစေသတည်း


 ဒီလိုသဘောထား ငါတို့ ထားကာ ပြည်တွင်းပြည်ပ ရန်သူငါတို့ တိုက်သတည်း


 ငါ၏ရဲဘော် ကျသွားသဖြင့် အဘယ်ဆရာဝမ်းမနည်း နေမည်နည်း


ငါ၏ဆရာကြီး ကျသွားသဖြင့်  အဘယ်အရာရှိ နေနိုင်မည်နည်း


 ငါတို့ သည်လည်း ငါ၏သွေးသောက် ထိုရဲဘော် နှင့်  သွေးမြေကြားမှာ


 ရပ်ကြည့်မနေ မိုင်းခင်းမြေ ကို ရင်ဝယ်အပ်ကာ အတူတိုက်ကြရာဝယ်


 မျက်စိရှေ့ ဝယ် ရဲဘော်သွေးရဲရဲ ငါမြင်ရသော် ငါရင်အထဲမည်သို့ ရှိမည်


 အသင်ဝင်ကြည့်စမ်းပါဘိ...


 သို့ သော် ထိုငါ့သွေးသောက်မျက်လုံး အရောင်ဝယ် ကြောက်ရွံမရှိ ငါမြင်ခဲ့၏


 ငါ့သွေးသောက်တွင် လေးစားမူအရောင် ကျေနပ်မူအရောင်သူမသေမီ


 နိုင်ငံတွက် ပေးဆပ် အထက်အရာရှိ မသေ တာဝန်ကျေပွန် သည်ကို


 မဲ့ပြုံးတစ်ချက် နဲ့ အရောင်ပေးခဲ့သေးသည် ထိုဟာငါတို့ စစ်သားတည်း...


 ထိုရဲဘော် ပြန်တမ်းငါတို့ ဖတ်သည် ရဲဘော်သင့်အား တပ်မတော်မှ


 ထုတ်ပယ်လိုက်ပီ သင်သွားလိုရာသွားနိုင်ပီ ဆိုသော် ထိုစကား


 အဘယ်ငါတို့ ခံစားမည်နည်း အဘယ်ငါတို့ ဝမ်းနည်မည်နည်း


 ထိုအဆုံးသတ်ကာ ပြည်သူ အတွက်တိုင်းပြည်အတွက် 


 ပေးဆပ်ခဲ့ရသည့် ငါတို့ စစ်သားတည်း...


 အကယ်ငါသည် ပေးဆပ်စွန်းလွတ်ခဲ့ ရင်လဲ


 ဝမ်းနည်းစာသား ထိုပြန်တမ်းကို ဝမ်းနည်းမျက်ရည်များစွာ


 ငါ၏မိဘ ငါသွေးချင်းများနှင့်  ငါနိုင်ငံကိုခွဲခွာလိုက်ရထိုအသိနှင့် 


 ကျစေသော်ကား အမိန့် နာခံ ဟိုအဝေးကို ငါလည်းထွက်သွာရမည်တည်း..


 ယခင်လက်ရှိတို့ နိုင်ငံဝယ် ပြည်တွင်းပြည်ပ အန္တရယ်များ အလွန်များခဲ့


 သေနတ်ကို ဓါးနဲ့ ခုခံပီး စည်းကမ်းဖေါက် စည်းလုံးမူပြောက်လို့ ထီးနန်းပြောက်ခဲ့ဖူးလေသတည်း....



 ယခုချိန်ဝယ် လက်နက်စွမ်းပကားအလွန်ကြီးမား


 မီဒီယာ များ အလွန်ဥာဏ်များ


 တို အမျိုးသားရေး တို့ စဉ်စား


 ဘယ်သို့ တို့ တွေ ရင်ဆိုင်မည်


 ဘယ်သို့ တို့ တွေပေါင်းစည်းသင့်သနည်း


 အရေးကြီးမှ သွေးမစည်းရင်တော့


 ဒီခောတ် ရေစီကြောင်းနဲ့ အမျိုးပင်မကျန်


 ငါတို့ မြန်မာပြောက်မည်တည်း။


 လေစားစွာဖြင့် 


 ဖိုးသားလေး....

0 comments:

Post a Comment

LIKE BOX