Friday, January 27, 2012

ဘာသာခြားကို ယူမယ်ဆိုရင် .. ဒီစာလေး လက်ဆောင်ပေးချင်တယ်

Posted by မျိုးချစ်သူရဲကောင်းများ On 12:51 AM 3 comments


``ဘာသာမတူ အိမ်သူမဖြစ်´´

ခရစ်နှစ် ၁၈၉၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော

``မြန်မာနိုင်ငံတရားဥပဒေများဆို

င်ရာ အက်ဥပဒေ´´ တွင် အမှုသည် များသည်

ဗုဒ္ဓဘာသာဖြစ်လျှင် ဗုဒ္ဓဘာသာ တရားဥပဒေ၊ မဟာမေဒင်(မွတ်ဆလင်)ဖြစ်လျှင်

မဟာမေဒင် တရားဥပဒေ၊ ဟိန္ဒူဖြစ်လျှင် ဟိန္ဒူတရားဥပဒေ အရ အဆုံးအဖြတ်ပေးရမည်ဟု

ပြဋ္ဌာန်းထားသော်လည်း အ မှုသည်များသည် ဗုဒ္ဓဘာသာ နှင့် မဟာမေဒင်၊ဗုဒ္ဓဘာသာ နှင့်

ဟိန္ဒူစသည်ဖြင့် ဖြစ်လာခဲ့ပါက မည်သို့ ဆုံးဖြတ်ရမည်ကိုကား မပါဝင်ခဲ့ချေ။

မြန်မာ့ဓလေ့ ထုံးတမ်းနှင့် နှစ်ပေါင်းများစွာ

နေထိုင်လာခဲ့ကြသော မြန်မာအမျိုးသမီးများသည် လူမျိုးခြား(ဘာသာခြား)တို့၏

ဓလေ့ထုံးတမ်းများကို နားမလည်ကြချေ။ လူမျိုးခြား(ဘာသာခြား) နှင့်လပ်ထပ် ပြီး

အကြင်လင်မယားအဖြစ် နေထိုင်လာခဲ့ကြသဖြင့် မိမိတို့သည်

တရားဝင်လင်မယားအဖြစ်သာ နားလည် ကြသည်။ မြန်မာ့ပတ်ဝန်းကျင်ကလည်း ထိုသို့ပင်

နားလည်လက်ခံကြသည်။ မြန်မာ့ဓလေ့ ထုံတမ်းဥပဒေ အရ လင်နှင့်မယားသည်

တန်းတူအခွင့်အရေးရရှိကြသည်။ လင်သေမယား မယားသေလင် အမွေဆက်ခံခွင့် သည်

တရားတစ်ထုံးစွဲဆိုတောင်းခံရသည့်

အခွင့်အရေးမျိုးမဟုတ်ချေ။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်ထိမ်းမြားရေးတွင် ဘာသာအယူဝါဒမတူညီမှု

အတားအဆီး၊ လူမျိုးအနွယ် ဇာတ် မတူညီမှုအတား အဆီး အကန့်အသတ်၊

လက်ထပ်ထိမ်းမြားမှုကို မင်္ဂလာအခမ်းအနားဖြင့် ပြုလုပ်ရမည်ဟူသော သတ်မှတ်

ချက်မရှိသဖြင့် နှစ်ဦးသဘောတူ ပေါင်းသင်းနေထိုင်လျှက်ရှိကြသော

လူမျိုးခြား(ဘာသာခြား)ယောင်္ကျားက

တရားဝင်လင်ယောက်ျားဟူ၍ပင် နားလည်ကြသည်။

သို့ရာတွင် အရေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်သော်

မြန်မာအမျိုးသမီးများသည် တရားဝင် လင်မယားဖြစ်ကြောင်းကိုပင်

မနည်းခုခံနေရသည်။ မိမိတို့၏ ပုဂ္ဂလိက အခွင့်အရေးများ ဆုံးရှုံးရသောအခါ ဥပဒေ၏

အကူအညီကိုယူရသောအခါ ဘာသာခြား၊လူမျိုးခြားယောက်ျား၏ တရားဥပဒေက ဤနည်းဤပုံ

ဖြင့် လက်ထပ်ထိမ်းမြားခြင်းကို အသိအမှတ်မပြု။ လက်ထပ်ထိမ်းမြားလျှင်

ဤနည်းလမ်း ဤစည်းကမ်းများ ကို မလိုက်နာပါက တရားမ၀င်ဟုပြဋ္ဌာန်းထားလျှင်

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ တရားဝင်နေမှုကို ထည့် သွင်းမစဉ်းစားမှုမရှိတော့ပဲ

လက်ထပ်ထိမ်းမြားခြင်း တရားမ၀င်ဟု ဆုံးဖြတ်ခံရသည်။

ထိုအခါ နှစ်ဦးသားအကြင်လင်မယားအဖြစ် ပေါင်းသင်းကြစဉ်က မွေးဖွားလာသော သားသမီးများ

သည်ပင်တရားမ၀င်သော သား၊သမီးများအဖြစ် မျက်နှာငယ်ဘ၀ရောက်ရလေတော့သည်။

မြန်မာအမျိုးသမီးများအနေနှင့် ``သားကိုသခင်၊ လင်ကိုဘုရား ´´ဟူသော အယူအဆ

အိမ်ဦးနတ် ဟူသော အတွေးအခေါ်များဖြင့် ရိုသေလေးစားစွာ

ပြုစုလုပ်ကျွေးခဲ့ရသည်များပင် အရာမထင်တော့ပဲ အပျော်မယား အဆင့်အတန်းသို့ပင်

ရောက်ခဲ့ရသည်။ မြန်မာ့ဓလေ့ထုံးတမ်းအရ ဤသို့ကာမဂုဏ်ကိစ္စများတွင်

``အပျော်´´ဟူ၍သတ်မှတ်ခံရခြင်း သည် အမျိုးသမီး၏ ဂုဏ်သိက္ခာကို များစွာကျဆင်းစေသည်။

ဤသို့သောအခြေအနေများကြောင့် သာသာခြား၊လူမျိုးခြား

ယောက်ျားများနှင့် အိမ်ထောင်ဖက်မိရသော မြန်မာအမျိုးသမီးများ၏ အနာဂတ်ဘဝ

အာမခံချက်များသည် ရေရေရာရာ မရှိတော့ပဲ ရင်နင့်စဖွယ်များသာ ကြုံတွေ့နေခဲ့ရသည်။ ။

ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတစ်ဦးသည် အစ္စလာမ်ဘာသာဝင် တစ်ဦးနှင့်

လက်ထပ်ခဲ့သော် မည်ကဲ့သို့ ဆုံးဖြတ်ခဲ့ကြသည်ကို ဦးစွာတင်ပြလိုပါသည်။

အစ္စလာမ်တရား ဥပဒေအရ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးသည်

၎င်းဘာသာဝင်မဟုတ်သော အမျိုးသားတစ်ဦးနှင့် တရားဝင် ထိမ်းမြားမှု

မပြုနိုင်ပေ။ သို့သော် အစ္စလာမ်ဘာသာဝင် ယောက်ျားတစ်ဦးသည်

၎င်းဘာသာဝင်အမျိုးသမီး များအပြင် `ကီတာဘီယာ´ခေါ် ရှေးကျမ်းစာကို လက်ခံသော

အမျိုးသမီးများနှင့်လည်း တရားဝင်ထိမ်းမြား လက်ထပ်နိုင်သည်။

အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ယောက်သည် ကီတာဘီယာ မဟုတ်သော အမျိးသမီး

(ဥပမာ-နတ် ရုပ်တု ကိုးကွယ်သူ၊ မီးကိုကိုးကွယ်သူ) တစ်ဦးဦးနှင့် ထိမ်းမြားခြင်းမပြုနိုင်ပေ။

သို့ရာတွင် အကယ်၍ ထိမ်းမြားမိပါက ယင်းထိမ်းမြားမှုသည်

နည်းလမ်းမကျမှုသာ ဖြစ်ပြီး ပျက်ပြယ်ခြင်း မရှိပေ။ ကီတာဘီယာခေါ်

ရှေးကျမ်းစာကိုလက်ခံသော အမျိုးသမီး ဆိုသည်မှာ စကြာဝဠာအလုံးစုံကို

ဖန်ဆင်းတော်မူသော ထာဝရဘုရားသခင်သည် လက်ရှိ အစ္စလာမ်ဘာသာဝင်များ လက်ဝယ်ရှိ

ကုရ်အာန် ကျမ်းတော်မြတ်၏ အရင် တောင်ရက်၊ ဇဘူရ်၊ အိန်ဂျီလ် စသည့်

ကျမ်းစာများကို လူသားတို့အပေါ် လမ်းညွှန်အဖြစ် ပေးခဲ့သည်။ အဆိုပါ

ထာဝရဘုရားသခင်၏ ရှေးကျမ်းစာများကို လက်ခံလိုက်နာသော အမျိုးသမီးများကို

`ကီတာဘီယာ´ ဟုခေါ်သည်။ ခရစ်ယာန် (သို့မဟုတ်)ဂျူး အမျိုးသမီးများကို

ကီတာဘီယာအဖြစ် အသိအမှတ်ပြုသည်။

အကယ်၍ ကီတာဘီယာ မဟုတ်သော အမျိုးသမီးတစ်ဦးဦးနှင့် ထိမ်းမြားခဲ့ပါက နည်းလမ်း

မကျသောထိမ်းမြားမှု ဟု သတ်မှတ်၍ ထိမ်းမြားမှုကို နည်းလမ်းကျစေလိုလျှင် ပုံစံအားဖြင့်

မပြည့်စုံမှုကို ပြည့်စုံအောင် ဆောင်ရွက်လိုက်နာခြင်းအားဖြင့်

သော်၎င်း၊အဟန့်အတားများကို ဖယ်ရှားလိုက်ပြီးလျှင်သော် ၄င်း၊တရားဝင်သော

ထိမ်းမြားခြင်းဖြစ်လာနိုင်သည်။ နည်းလမ်းမကျသော ထိမ်းမြားခြင်းတစ်ရပ်ကို

ယေက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ အချိန်မရွေး ဖျက်ပစ်နိုင်သည်။ တစ်ဦးက

တစ်ဦးကို စွန့်လွှတ်ရုံမျှဖြင့် ထိမ်းမြားခြင်း ပျက်သွားလေတော့သည်။ ။

``ဘာသာကို စွန့်လွှတ်ရမည်´´

မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများသည် အစ္စလာမ်တရားဥပဒေအရ ကီတာဘီယာများ မဟုတ်ကြသဖြင့်

အစ္စလာမ်ဘာသာဝင်ယောက်ျားများနှင်

့ ယူစေခဲ့ကာမူ နည်းလမ်းမကျသော ထိမ်းမြား

ခြင်းသာဖြစ်သည်။ ထို့ကြောင့် နည်းလမ်းမကျသော ထိမ်းမြားမှုကို နည်းလမ်းကျစေ

လိုလျှင် (သို့မဟုတ်) တရားဝင် မယားဖြစ်လာစေလိုလျှင် အစ္စလာမ်ဘာသာသို့

ကူးပြောင်း ကိုးကွယ်ခြင်းမှတစ်ပါး အခြားရွေးချယ်ရန် လမ်းမရှိတော့ချေ။

မလယ် နှင့် မောင်ကျေး [(2 .UBR -1897-01) 497] စီရင်ထုံး၊

တရားဝင်လွှဲပြောင်းသူ နှင့် မလှထွေး( AIR -1929၊/ရန်ကုန်၊35)

စီရင်ထုံးများတွင် `ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက် သည် အစ္စလာမ်ဘာသာသို့

ကူးပြောင်းပြီး အစ္စလာမ်ဘာသာ ထုံးတမ်းအရ ထိမ်းမြားခြင်း မပြုလျှင်

ထိမ်းမြားမှုသည် တရားမ၀င် ၊တည်မြဲခိုင်မာခြင်းမရှိ´ ဟူ၍ ဆုံးဖြတ်ထားသည်။

အကယ်၍ အစ္စလာမ်ဘာသာသို့ကူးပြောင်းပြီး

မွတ်စလင်တစ်ယောက်နှင့် ထိမ်းမြားသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတစ်ယောက်သည်

အစ္စလာမ်ဘာသာကို စွန့်ပစ်ပြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်း ကိုးကွယ်လျှင်

ထိမ်းမြားမှုသည် တရားရုံး၏အမိန့်ဒီဂရီမပါဘဲ တွလာဘ်မပေးရဘဲ

အလိုလိုပျက်ပြယ်သွား သည်ဟူ၍ စီရင်ထုံများတွင် ဆုံးဖြတ် ထားသည်ကို

တွေ့ရပါသည်။

အစ္စလာမ်ဘာသာကို စွန့်ပစ်ခြင်းသည် ထိမ်းမြားခြင်းကို ပျက်ပြယ်စေရန် ရည်ရွယ်၍ ပြုလုပ်သည် ဖြစ်စေ ၊

တကယ်တမ်းဘာသာကူးပြောင်းရန် ရည်ရွယ်၍ပြုလုပ်သည်ဖြစ်စေ ရည်ရွယ်ချက်သည် အရေးမ

ကြီး ပေ။ ဘာသာကူးပြောင်းသည်ဟုဆိုရာတွင်လည်း အစ္စလာမ်ဘာသာနှင့်

ဆန့်ကျင်သည့် စကားများ ပြော ဆိုသည်ဖြစ်စေ ၊ အစ္စလာမ်ဘာသာမှတစ်ပါးသော ဘာသာ၌

ယုံကြည်မှုရှိသည့် စကားများကို ပြောဆိုသည် ဖြစ်စေ၊ ဘာသာကူးပြောင်းသည်

မည်ပေသည် ဟူ၍လည်း ဟူစိန်အဏ္ဏ၀ါ နှင့် ဖာတီမာဘီ (SJ-368) စီရင်ထုံးတွင်

ဆုံးဖြတ်ထားသည် ကိုတွေ့ရသည်။

ဤစီရင်ထုံးများကို ချုပ်၍ သုံးသပ်ကြည့်လျှင် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ဦးသည်

အစ္စလာမ်ဘာသာဝင် အမျိုးသား တစ်ဦးနှင့် တရားဝင် ထိမ်းမြားလိုလျှင် အစ္စလာမ်ဘာသာသို့

ကူးပြောင်းရ မည်ပင်ဖြစ်သည်။ ဘာသာကူးပြောင်း လက်ထပ်ပြီးမှ ဗုဒ္ဓဘာသာအဖြစ်

ပြန်လည် ကူးပြောင်းလျှင်လည်း လက်ထပ်ခြင်း ပျက်ပြယ်သွားပေသည်။

ထို့အပြင် အစ္စလာမ် ဘာသာဝင် တစ်ဦး၏ အမွေကို အစ္စလာမ်ဘာသာဝင် တစ်ဦးကသာ

လက်ခံနိုင်သည်။ အစ္စလာမ်ဘာသာ မဟုတ်သူများက ဆက်ခံခွင့်မရှိသဖြင့်

ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီး တစ်ဦးသည် အစ္စလာမ်ဘာသာဝင်

အမျိုးသားတစ်ဦးနှင့် ပေါင်းသင်း စေကာမူ ဘာသာကူးပြောင်းမှုမရှိလျှင်

တရားမ၀င်သဖြင့် မည်သည့်အခွင့်အရေးမျှ မရနိုင်ပေ။ မွေးဖွားလာသော သား

သမီးများမှာလည်း တရားမ ၀င် သားသမီးများသာ ဖြစ်ပေသည်။ အမျိုးသမီးက

ဘာသာကူးပြောင်းပြီး လက်ထပ်ခဲ့သဖြင့် တရားဝင်ဖြစ် စေကာမူ မွေးဖွားလာသော

သားသမီးများသည် အစၥလာမ္ဘာသာ မကုိးကြယ္ပါက အစၥလာမ္ဘာသာတစ္ဦး ၏

အမွေကို မရရှိနိုင်တော့ပေ။

(မြန်မာလုံမငယ်လေးများ စဉ်းစားဆင်ခြင်နိုင်ကြပါရန်)

ဦးအေးချို(မဟာဝိဇ္ဇာ) ၏ အမျိုးပျောက်မှာ စိုးကြောက်ပါတော့သည်။ စာအုပ်မှ.....။ ။

အရှင်ဝရသာမိ (မုံရွာ)

http://dhammaanalysis.multiply.com/

3 comments:

ဘာသာခြားကို ယူတာနဲ့ ဒေါ်စုတို့ လင်မယားပုံ ဘာဆိုင်လဲ..တခါလာလဲ ဒါပဲ ခလုတ်တိုက်. ဒေါ်စုယောကျာင်္းက ဘာသာခြားလို့ ဘယ်သူပြောသလဲ..သိထားသလောက် ဒီလူဟာ မသေခင်ကတည်းက ဗုဓ္ဒဘာသာကို ပြောင်း ကိုးကွယ်သွားတာပါ။

နောက်ပြီး ဗမာပြည်ထဲမှာ ဘာသာခြားကို ယူကြတာ ဘာကြောင့်လဲ..ဗမာယောင်္ကျားတွေက အပြင်ထွက် အလုပ်လုပ်ကြတယ်လေ. ပြည်ပမှာ ဗမာအမျိုးသား အနည်းဆုံး ၄သန်း (သဘောင်္သားမပါ) လောက် ရောက်နေကြပါတယ်။ ပြည်တွင်းမှာ တချို့ရွာတွေဆို ယောင်္ကျားမရှိလို့ မိန်းမတွေက အိမ်သာတွင်း တူးတာ၊ ရေမြောင်းတူးတာ လုပ်ရပါသတဲ့။

ဆက်ပြောရင်ရှုတ်ကုန်တော့မယ်. တောက်..............

ယူချင်တာ ယူကြကွာ...
လေတယ် ဘာတွေမှန်းကိုမသိဘူး
နောက်ဆုံးယူစရာတွေ တောင်းဆို စရာတွေ မရှိတော့ရင်
မြန်မာနိုင်ငံမှာ လူပေါင်း သန်6း0နီးပါး ရှိတယ် ...မြန်မာနိုင်ငံကို အပုံ သန်6း0နီးပါးခွဲံ
ပီး တယောက်တပုံ ယူကြကွာ...ဒီလောက်ဖြစ်နေကြတာ

first commenter is stupid,
second commenter is funny,, he' he' he'e'e'e'e'''

Post a Comment

LIKE BOX