Saturday, January 28, 2012

ပြည်သူပိုင် စစ်ခွေး

Posted by မျိုးချစ်သူရဲကောင်းများ On 5:53 AM 0 comments


ပြည်သူပိုင် စစ်ခွေး

ခွေးဆိုတာသူ့ ကို အစာကျွေးနေတဲ့လက်ကိုပြန်မကိုက်တတ်ပါဘူး။

သူ့ အရှင်သခင်ကျေးဇူးရှင်တွေ ရဲ့ အသက်အိုးအိမ်စည်းစိမ် ကို သူသေတဲ့ အထိ

ကာကွယ်စောင့်ရှောက်ပါတယ်။

ကျွန်တော်တို့ အမောင်စစ်ခွေးတွေသည်လည်း ထိုနည်းတူစွာ ပြည်သူကကျွေး တပ်ကမွေးတဲ့

စစ်ခွေးများပေမို့ ကျွန်တော်တို့ကို ထမင်းကျွေးနေသော ပြည်သူ၏လက်ကို

ဘယ်တော့မှပြန်ကိုက်လိမ့်မည်မဟုတ်။

ကျွန်တော်တို့ မောင်စစ်ခွေးများ သည် ကျွန်တော် တို့ အရှင်သခင်ကျေးဇူးရှင်ဖြစ်သော ပြည်သူများ ၏

အသက် အိုးအိမ်စည်းစိမ်နှင့် ၄င်းတို့ နေထိုင်ရာ အမိမြန်မာနိုင်ငံတော် ကို ကျွန်တော် များ

အမောင်စစ်ခွေးတို့ အသက်သေတယ် အထိ ကာကွယ်စောင့်ရှောက် သွားမည်။

လူဆိုတာ ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးပေမို့ ကိုယ်သာ သစ္စာရှိတဲ့

နိုင်ငံ့ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ရိုးမှန်ရင် စစ်ခွေးလို့ ပြောခံရလဲ ဘာအတွက်ရှက်နေမှာလဲ

ဘာအတွက်စိတ်မကောင်းဖြစ်နေမှာလဲ ဘာအတွက်ငြင်းခုံနေမှာလဲ ခေါင်း ကိုမော့ ရင်ကိုကော့ပီး

ကျွန်တော်ဟာ သခင် ( ပြည်သူ ) ကိုချစ်တဲ့ သစ္စာရှိတဲ့ စစ်ခွေး ( ပြည်သူပိုင် စစ်ခွေး )

တစ်ကောင်ဖြစ်ကြောင်း ခပ်ရဲရဲသာ ၀န်ခံလိုက်ပါ။

ကျွန်တော်တို့ အမောင် စစ်ခွေး များ၏ တာဝန်မှာ တိုင်းပြည် နှင့် လူမျိုး အတွက် သစ္စာရှိရှိ တာဝန် သိသိဖြင့်

မိမိတာဝန်ကျရာနေရာမှ တစိုက်မတ်မတ် ဆက်လက်ထမ်းဆောင်သွားရန်သာ လိုပါသည်။

မည်သူမှားသည် မည်သူမှန်သည် ကို "အချိန်" က အဖြေထုတ်ပေးပါလိမ့်မည်။

အချိန်က ထုတ်ပေးမဲ့ အဖြေ အတွက် ငြင်းခုံ ရင်း မစောင့်ဘဲ အများအတွက် အလုပ်လုပ်ရင်း စောင့်ဖို့

တိုက်တွန်းရင်း ...

ပြည်သူ ပိုင် စစ်ခွေး တစ်ကောင်

0 comments:

Post a Comment

LIKE BOX