Thursday, March 29, 2012

အစိုးရနှင့် ကေအန်ယူအကြား ယုံကြည်မှူ ခိုင်မာလာ...

Posted by မျိုးချစ်သူရဲကောင်းများ On 2:04 AM 0 comments

အစိုးရနှင့် ကေအန်ယူအကြား ယုံကြည်မှူ ခိုင်မာလာ...

From : YPN

ပဒိုမန်းငြိမ်းမောင်အား သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ခြင်းကြောင့် အစိုးရနှင့်

ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ယုံကြည်မှု ပိုမိုခိုင်မာလာစေကြောင်းကရင်အမျိုးသားအစည်းအရုံး

(ကေအန်ယူ)က ပြောသည်။

“အစိုးရက ငြိမ်းချမ်းရေး လိုလားနေတဲ့အတွက် ပဒိုကို လွှတ်ပေးလိုက်တာလို့ မြင်တယ်။ ဒီလိုလွှတ်ပေးလိုက်

 တာဟာ ငြိမ်းချမ်းရေးအစီအစဉ်ကို ပိုခိုင်မာလာတယ်။ ယုံကြည်မှု တည်ဆောက်လာနိုင်တယ်”

ဟု ကေအန်ယူ အထွေထွေအတွင်းရေးမှုး နော်စီဖိုးရာစိန်က ပြောသည်။

ဇန်နဝါရီ ၁၂ ရက်နေ့ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲတွင်

ပဒိုမန်းငြိမ်းမောင်အား ပြန်လွှတ်ပေးရန် ကေအန်ယူက တောင်းဆိုခဲ့ပြီး

အစိုးရဘက်ကလည်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ရာတွင်

ပါဝင်စေချင်သဖြင့် ပြန်လွှတ်ပေးမည်ဟု

ဝန်ကြီးဦးအောင်မင်း ကိုယ်တိုင် ကတိပေးခဲ့ကြောင်း နော်စီဖိုးရာစိန်ကပြောသည်။

“သူတို့ကလည်း ကတိအတိုင်း လုပ်ဆောင်တာကို တွေ့ရတော့ ပြောင်းလဲမှုအတွက် သူတို့

ကြိုးစားနေတယ်လို့ တွေ့လာတာပေါ့” ဟု သူက ပြောသည်။

ဧပြီလ (၄) ရက်နေ့တွင် အစိုးရနှင့် ကေအန်ယူတို့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရေး ကိစ္စများကို

အကြိုညှိနှိုင်းရန် ထိုင်း-မြန်မာနယ်စပ်သို့ မတ်လ ၂၄ ရက်နေ့၌ရောက်ရှိလာသည့် ဦးအောင်မင်း

ဦးဆောင် သော အဖွဲ့ဝင် (၇) ဦးပါ အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့်အတူ မန်းငြိမ်းမောင်လည်း

ပါလာခဲ့ခြင်းဖြစ်သည်။

ခိုင်မာသော အပစ်အခတ်ရပ်စဲရေးရရှိရန်၊ နှစ်ဖက်ဆက်ဆံရေးရုံးများ ထားရှိရန်၊ စစ်အင်အား မတိုးချဲ့ရေး၊

ကရင်လူထုနှင့် နီးကပ်တည်ရှိနေသော စစ်တပ်များအားရုပ်သိမ်းပေးရေးတို့ကိုလည်း ဧပြီ (၄)

ရက်နေ့ တွေ့ဆုံသည့်အခါ အသေးစိတ်ဆွေးနွေးသွားမည်ဟု နော်စီဖိုးရာစိန်က ပြောသည်။

ဧပြီလ (၄) ရက် ခရီးစဉ်အတွင်း ကေအန်ယူ

ကိုယ်စားလှယ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုကိစ္စများကို

အပြန်အလှန်ဆွေးနွေးဖလှယ်သွားမည်ဟု သိရသည်။

ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်စေချင်သဖြင့် အစိုးရက ပြန်လွှတ်ပေးခဲ့သည့် ပဒိုမန်းငြိမ်းမောင်

 သည် အနားယူရန် လိုအပ်နေသဖြင့် လာမည့်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံပွဲတွင်

ပါဝင်နိုင်ဦးမည် မဟုတ်ကြောင်း ကေအန်ယူက ပြောသည်။

ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်လေဆိပ်၌်

ဖမ်းဆီးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနှင့် မင်္ဂလာဒုံတရားရုံးကထောင်ဒဏ်ခြောက်လ

ချမှတ်ခဲ့သည်။

ထို့နောက် ကေအန်ယူအဖွဲ့မှ ဖြစ်သဖြင့် မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု

စွဲချက်များဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် တစ်သက်တစ်ကျွန်းကို တပေါင်းတည်း ကျခံရန်ချမှတ်ခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တစ်ပတ်အကြာ မတ်လ ၁၉ ရက်နေ့တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်

လွှတ်ပေးခဲ့သည်။ ။

0 comments:

Post a Comment

LIKE BOX