Tuesday, March 27, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ၂၅ % ကိုဖယ်ရှားဖို့ကြိုးစားတာ တပ်မတော်ကို ထိပ်တိုက်ရင်ဆိုင်တာလား ဒေါ်စုကြည်

Posted by မျိုးချစ်သူရဲကောင်းများ On 4:43 AM 0 comments

                          ကိုယ့်ထီး ကိုယ့်နန်း နဲ့နေလာခဲ့တဲ့ မြန်မာ့သမိုင်းတစ်လျောက် ပြန်ကြည့်မယ်ဆိုရင်

ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းကြီးလက်ထက်မှာလည်း တပ်မတော်ဆို တာ

ရှိခဲ့ပါတယ်။ ဒုတိယမြန်မာနိုင်ငံ တော်ကိုတည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးလက်ထက်မှာလည်း

ရှိခဲ့ပါတယ်။ တတိယမြန်မာနိုင်ငံ တော်ကိုတည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ

လက်ထက်မှာလည်း မပါမဖြစ်ရှေ့ဆုံးကပါပဲ။ ဒါပေမယ့် အလောင်းမင်းတရားကြီးက စတဲ့ လောင်း၊ နောင်၊

ဆင်၊ စဥ့်၊ ဖောင်း၊ ဘိုး၊ ဘ၊ သာ၊ ပု၊ မင်း၊ သီ ဆိုတဲ့ မင်းဆက် ၁၁ အုပ်ဆိုးခဲ့တဲ့ တတိယမြန်မာနိုင်ငံတော်ကြီး

ပျက်ဆီးဖို့ အကြောင်းအရင်းဟာ စုဖုရားလတ်(စုပါတယ်နော် သတိထား) လက်ထက်ကစပြီး

ပျက်စီးပါ တော့တယ်။

                     စုဖုရားလတ်ရဲ့မယ်တော်ဟာ မင်းတုန်းမင်းကြီးရဲ့ မိဖုရား ဆင်ဖြူမရှင်ပါပဲ။ ဆင်ဖြူမရှင်ရဲ့

မယ်တော်ကတော့ ငယ်ငယ်တုန်းကစာသင်တဲ့အထဲမှာပါတဲ့ ရာဇ၀င် မိန်းမဆိုးကြီး နန်းမတော်မယ်နုဆိုတာ

 အားလုံးသိကြမှာပါ။ သဇင်ပန်းတွေပွင့်လို့ ဦးဦးဖျားဖျားပန်တဲ့သူက နန်းမတော်မယ်နုရဲ့ ဓါးစက်အောက်မှာ

အသက်ပျောက်လောက်အောင် မာနခက်ထန် မိဖုရားတို့ရဲ့ မာန်အပြည့်ရှိခဲ့သူပါ။ နန်းမတော်မယ်နုရဲ့သမီး

ဆင်ဖြူမရှင်ကလည်း နန်းတွင်းမှာ သူဆွဲထားတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းနဲ့ အုပ်စိုးနိုင်ဖို့

ဖုန်းကြီးကျောင်းသားလေး သီပေါဘုရင်ကို နန်းတင်ဖို့ကြံစည်ခဲ့သူပါ။ စုဖုရားလတ်ကလည်း အစ်မဖြစ်သူနဲ့

ညီမဖြစ်သူကိုကျော်ပြီး ရာဇပလ္လင်တက်လို့ သီပေါဘုရင်ကို လုခဲ့တဲ့သူပါပဲ။ မိန်းမတွေအုပ်စိုးလို့

နန်းတွင်းပြဿနာတွေရှုပ်ရာကတဆင့် မီးလောင်ရာလေပင့်သလိုဖြစ်ပြီး သီပေါဘုရင်ပါတော်မူလို့

တစ်မျိုးသားလုံး သူ့ကျွန်ဘ၀ရောက်ခဲ့ရပါတယ်။


                             နန်းမတော်မယ်နုကစ၊ ဆင်ဖြူမရှင်အလယ်၊ စုဖုရားလတ်အဆုံး

အထက်မြက်ဆုံးလို့ထင်ရပေမယ့် တဇွတ်ထိုးလုပ်ရပ်တွေကြောင့် ပြည်သူတွေဒုက္ခရောက်ခဲ့ရတယ်။

အဲဒါတောင်နောင်တမရ၊ အမှောင်ကျနေတဲ့ လူတစ်စုက

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ကြိုးစား နောက်တစ်ကြိမ်ကျွန်ဖြစ်အောင်

စွမ်းဆောင်နေတာလားလို့ မေးလိုက်ချင်တယ်။ တပ်မတော်ရဲ့တာဝန်ထဲမှာပါတဲ့ “ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့

ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ တပ်မတော်ရဲ့အဓိကတာဝန်က ဖွဲ့စည်းပုံအခြေခံဥပဒေကို

ကာကွယ်စောင့်ရှောက်ရေး” ဆိုတာသိလို့ ထိပ်တိုက်ရင်ဆိုင်နေတာလား ဒေါ်စုကြည်ရယ်။ ဖေဖေက

လက်နဲ့ရေး၊ သမီးကခြေနဲ့ဖျက်၊ တိုင်းပြည်ကို တိုင်းတပါးလက်ဝယ်ခံဘ၀ကိုရောက်ဖို့

ကြိုးစားနေတာလား ဒေါ်စုကြည်ရယ်..
 
                  ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နိုင်ငံပိုင်သတင်းမီဒီယာကနေတစ်ဆင့် လွှင့်တဲ့အချိန်မှာ

“လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့မြင်နေရပါတယ်။ ထင်ရှားတဲ့

ဥပမာတစ်ခုပေးရမယ်ဆိုရင် ရွေးကောက်ခံမဟုတ်တဲ့လွှတ်တော်ကိုယ်စားလှယ် ၂၅

ရာခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။
 

                                        အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ပုဒ်မများကို ပြည်သူတွေကို အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မတွေကတော့ အနာဂတ်နိုင်ငံရေးမှာ တပ်မတော်က

ဦးဆောင်မှု အခန်းကဏ္ဍကပါရမယ်ဆိုတဲ့ဟာ။ ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းခွင့်ရှိတယ်ဆိုတဲ့

ပုဒ်မတွေဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ တစ်ဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

ကျည်ဆံဗုံးဆံအမြောက်ဆံတွေကြားမှာ ပေါက်ဖွားလာတဲ့ ခေတ်အဆက်ဆက်က ပြည်သူ့တပ်မတော်

ဟာ ပြည်သူကိုကာကွယ်ရင်းနဲ့ ဒေါ်စုကြည်တို့လိုလူမျိုးတွေရဲ့ အတိုက်အခိုက်တွေရဲ့ကြားမှာ

ရှင်သန်လာခဲ့တာ ၇ နှစ်သား ၈ နှစ်သားမဟုတ်တော့ပါဘူး။ ဒေါ်စုကြည်ရဲ့အသက်ထက်ကြီးတဲ့

၆၇ နှစ်မြောက် တပ်မတော်နေ့ကို ရောက်နေပြီဆိုတာ ဒေါ်စုကြည်သဘောပေါက်သင့်ပါပြီ။

တပ်မတော်ကို ပြည်သူနဲ့ဘယ်လိုသွေးခွဲသွေးခွဲ ပြည်သူ့ဘက်က အမြဲရပ်တည်ပေးခဲ့တဲ့

တပ်မတော်ရဲ့စေတနာတွေကို နားလည်ခဲ့လို့ အခက်အခဲမရှိဘဲ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့

ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ပြည်သူနဲ့လက်တွဲပြီး လျှောက်လှမ်းနေတယ်ဆိုတာ တိုင်းသိပြည်သိ

ကမ္ဘာက တုန်လှုပ်တဲ့အထိပါပဲ။ အဲဒါကြောင့် ဒေါ်စုကြည်ရဲ့ အကောင်းမမြင်တတ်တဲ့

စိတ်ဓါတ်နဲ့လုပ်ရပ်တွေက စင်္ကြာဝဠာထဲက သဲမှုန်တစ်ပွင့်လို မကြာခင် အချိန်အတွင်းမှာ ပျောက်ကွယ်

သွားမယ်ဆိုတာ ယုံကြည်နေတဲ့ မျိုးချစ်သူရဲကောင်းစစ်စစ်ကြီးတွေ ရှိနေတယ် ဆိုတာ သိထားသင့်ပါတယ်။

လွတ်တော်ထဲမှာပါတာက တပ်မတော်သား ၂၅ % ထဲပါ.. ပြည်သူလူထု ကိုယ်စားလှယ်

အမတ်လောင်းတွေက ၇၅%တောင်ပါတဲ့အတွက် ဒေါ်စုကြည်ကိုသာ လေးစားချစ်ခင်ကြည်ညိုမယ်ဆိုရင်

ဘာဖြစ်လို့များ ၂၅ %ကို ပယ်ရှားချင်တဲ့စကားတွေ ပြောချင်နေရတာလဲ.. ကောင်းမြတ်တဲ့ တပ်မတော်ရဲ့

အစဉ်အလာတွေကို ကြောက်လို့လား.. အမှန်တရားကို ပြည်သူတွေနားလည်လာတဲ့တစ်နေ့ မထောက်ခံမှာ

စိုးလို့ ကြိုတင်ဖယ်ရှားတာလားဆိုတာကတော့ ဒေါ်စုကြည်သာ အသိဆုံးဖြစ်ပါလိမ့်မယ်…

အမေရိကန်နိုင်ငံ၊ ဗြိတိန်တို့လို ဒီမိုကရေစီနိုင်ငံအတွက်ဖို့ အချိန်အတိုင်းအတာတစ်ခုထိ လျှောက်လှမ်း

ရမယ်ဆိုတာ ဒေါ်စုကြည် သိသင့်တယ်။ အတွေးအခေါ်မှန်မှန်စဉ်းစားသင့်ပါတယ်။ ခေတ်အဆက်ဆက်မှာ

တပ်မတော်က နိုင်ငံတော်ကို လွတ်လပ်ရေးရအောင်၊ မင်းမဲ့စရိုက်ဆန်ဆန် ၈၈

အရေးအခင်းမှာ ခေါင်းဖြတ်သတ်၊ ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးခဲ့တာကို

တပ်မတော်အနေနဲ့ နိုင်ငံတော်အုပ်ချုပ်မှုယန္တရားကြီး လည်ပတ်ဖို့ နိုင်ငံတော်ဘဏ္ဍာငွေရာဂဏန်းလောက်နဲ့

စတင်ပြီး တည်ဆောက်ခဲ့တာ ပြည်သူအားလုံးအသိပါပဲ။ တပ်မတော်သားတွေကို

အရွေးမခံလွှတ်တော်ကိုယ်စားလှယ်လို့ ပြောဆိုပြီး ဖယ်ရှားဖို့ကြိုးစားမယ်ဆိုရင်

ကျွန်တော်တို့နိုင်ငံတော်အနေနဲ့ ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းတုန်း လုံခြုံရေး အစောင့်အရှောက်

မပါတဲ့ မင်းသမီးတစ်ယောက်လိုဖြစ်နေမှာပါ။ ဒေါ်စုကြည်တောင်မှ စည်းရုံးရေး ခရီးစဉ်တွေမှာ

လုံခြုံရေးတွေမပါမဖြစ် ပါနေတာဖြစ်လို့ ဒီလို ဒီမိုကရေစီပြောင်းလဲရေးမှာ နိုင်ငံတော်ကိုကာကွယ်နေတဲ့

တပ်မတော်သားတွေ ပါဝင်ရမယ်ဆိုတာ ဒေါ်စုကြည်နားလည်မှာပါ။

Myanmar Express

0 comments:

Post a Comment

LIKE BOX