Monday, March 26, 2012

အန်တီစုသည် ဗိုလ်ချုပ်အောင်ဆန်း မဟုတ်

Posted by မျိုးချစ်သူရဲကောင်းများ On 2:43 PM 0 comments


From : ရဲထွန်းမှတ်တမ်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီ က အန်တီစုရဲ့

အာဏာ လွှဲအပ်ချက်အရ စင်ကာပူ နိုင်ငံမှာ ထုတ်ပြန်ကြေငြာခဲ့တဲ့ ကြေငြာချက်မှာ ဖော်ပြထားတဲ့ ပါတီများ ၊

 တိုင်းရင်းသားများ အရေးကို အန်တီစုက ၄င်း၏ တာဝန်အနေဖြင့် ဆောင်ရွက် မည် ဆိုတဲ့

အကြောင်းအရာတွေကို ဖတ်လိုက် ရတော့ အန်တီစုကတော့ လုပ်ချလိုက်ပြန်ပြီ.. သူ့ကိုယ်သူ

ဗိုလ်ချုပ် အောင်ဆန်း လို့များ သတ်မှတ်ထင်ထားသလားလို့ ကျွန်တော် တွေးထင် လိုက် မိပါတယ်။

အားလုံး သိကြတဲ့ အတိုင်း မြန်မာနိုင်ငံမှာ ယခု ကာလတိုင်အောင်

အမျိုးသား ခေါင်းဆောင်အဖြစ် ပြည်သူအားလုံးရဲ့ အသည်းမှာ မှတ်ယူ ထားကြတာကတော့

ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပီး ဘယ်သူမှ အဲဒီနေရာကို အစားထိုး နိုင်ခြင်း မရှိသေးပါ။ ဒီနေရာမှ

ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင် အန်တီစုမှာ ထူးချွန်တဲ့ အရည်အချင်းတွေ အများကြီးရှိတာ ကျွန်တော်

လက်ခံပါတယ်။ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီး တစ်ခုက ဘွဲ့ရ၊ ပညာတတ် တစ်ယောက် ဖြစ်ပါတယ်။

အင်္ဂလိပ် ဘာသာ စကားကို မိခင် ဘာသာစကား သဖွယ်

ကျင်လည်စွာ ပြောဆိုရေးသား နိုင်ပါတယ်။ နိုင်ငံရေး ရည်မှန်း ချက် ကြီးမားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့

သမီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလောက်နဲ့တော့ အမျိုးသား ခေါင်းဆောင် တစ်ဦးအဖြစ် လက်ခံဖို့

ဆိုတာ သေသေချာချာ စဉ်းစား ကြည့်လျင် မလုံလောက် သေးပါ။ အန်တီစု အနေနဲ့ ဖခင် ဖြစ်သူ

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေရာကို အစားထိုး ၀င်ရောက်ဖို့ဆိုတာ သိပ်တော့ မလွယ်လှပါ။

ဗိုလ်ချုပ်ဟာ မြန်မာနိုင်ငံ နတ်မောက်မှာနေ၊ နတ်မောက်မှာ မွေးပြီး နတ်မောက်မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါ

တယ်။ မြန်မာ့လူနေမှု အဆောက်အဦး အတွင်းမှာ ပေါက်ဖွား ကြီးပြင်းလာရသူ၊ ပြည်သူလူထုနှင့် အေးအတူ၊

ပူအမျှ ကျွန်ဘ၀တွင် ခံစားလာခဲ့ရသူ၊ ပညာရေးမှာလည်း မျိုးချစ်စိတ်ကို လှုံ့ဆော်ပေးခဲ့တဲ့ ရေနံချောင်း

အမျိုးသား ကျောင်းမှာ ပညာသင်ကြားခဲ့ရသူ၊ တက္ကသိုလ်မှာလည်း တစ်စိုက်မတ်မတ် နိုင်ငံလွတ်လပ်ရေးကို

ရည်မှန်းလျက် အပတ်တကုတ် ကြိုးစား လှုပ်ရှားခဲ့သူ၊ နယ်ချဲ့ လက်အောက်မှ လွတ်လပ်ရေး

ကြိုးပမ်းမှုမှာလည်း အဆင်းရဲခံ၊ အငတ်ခံ၊ ကိုယ်ကျိုးစွန့်လွှတ်ခဲ့သူ၊ နောက်ဆုံးမှာ တိုင်းပြည်အတွက်

အသက်ကို တောင်မှ ပေးလှူခဲ့သူ ဖြစ်ပါတယ်။ ခြုံပီး ပြောရလျှင် မြန်မာနိုင်ငံရေး သမိုင်းကြောင်းမှာ

စဉ်ဆက်မပြတ် ပါဝင် ဦးဆောင်လာသူ ဖြစ်ပါတယ်။

အန်တီစုကတော့ ပြည်ပ မှာ အနေကြာသူ၊ ပညာရေးမှာလည်း ပြည်ပကျောင်းများမှာ အနေများ

ခဲ့ပါတယ်။ မြန်မာ့လူမှုပတ်ဝန်းကျင်နဲ့ ကာလများစွာ ကင်းကွာနေခဲ့သူ၊ မြန်မာနိုင်ငံအပေါ် ပြင်ပမှ လေ့လာမှု

ရှုဒေါင့်များနဲ့သာ အထိအတွေ့များခဲ့သူ၊ မြန်မာနိုင်ငံရေး သမိုင်းကြောင်းရဲ့ ပွဲကြည့် ပရိသတ်

တစ်ဦးမျှသာ ဖြစ်ပါတယ်။ အန်တီစုအနေနဲ့ ဗိုလ်ချုပ်ရဲ့ ခြေရာကို ဘယ်လောက်ပဲ နင်းနိုင် နေပါစေ၊

ဒီအရာများဟာ အစားထိုးလို့ ရနိုင်တဲ့ အရာများ မဟုတ်ပါ။ အောက်စဖိုဒ့် တက္ကသိုလ်က ဘွဲ့တွေ ၊

 ဆုတံဆိပ်တွေနဲ့လည်း အစားထိုးလို့ မရနိုင်ပါ။

ဒါ့အပြင် အန်တီစု အနေနဲ့လည်း ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံ့ခေါင်းဆောင် ဖြစ်နိုင်ရေးအတွက် ဘယ်လိုမှ

လက်မခံနိုင်တဲ့ အရည်အချင်း ပျက်ကွက်မှု တစ်ခုက ရှိနေပါသေးတယ်။ အဲဒီအချက်က နိုင်ငံခြားသားနဲ့

လက်ထပ်ပြီး အဲဒီနိုင်ငံသား အဖြစ် ခံယူထားခြင်း၊ သားနှစ်ဦးစလုံး ကလည်း အဲဒီ နိုင်ငံခြားသား ဖြစ်နေခြင်း၊

အဲဒီအချက်တွေကြောင့် အန်တီစုဟာ တစ်ပါးနိုင်ငံရဲ့ သစ္စာတော်ခံ အခွင့်အရေး အကျိုးကျေးဇူးများကို

ခံစားခွင့်ရှိနေသူ ဖြစ်ပါတယ်။

အန်တီစုဟာ တကယ်ပဲ တိုင်းပြည်ကို ချစ်လို့လား၊ ပုဂ္ဂလိက ရည်မှန်းချက် ဆန္ဒ တစ်ခုအတွက် ဗိုလ်ချုပ်

အရှိန်အ၀ါနဲ့ ထင်ပေါ်ကျော်ကြားမှု၊ လူထုဂရုဏာကို ရယူအသုံးချနေတာလား ဆိုတာကိုတော့ သူ့ဘ၀၊

သူ့နောက်ကြောင်း၊ သူ့လုပ်ရပ်များနဲ့ နှိုင်းချိန် စဉ်းစားကြည့်ရမှာ ဖြစ်ပါတယ်။ နိုင်ငံအနှံ့ မဲဆွယ်

စည်းရုံးရေးကာလက ပင်နီရင်ဖုံး၊ ယောထဘီနဲ့ ဓာတ်ပုံရိုက် ကြေငြာခဲ့ပြီး လက်တွေ့ မှာတော့ အင်္ဂလန်က

ပိတ်စများ၊ ဂျုံမှုန့်များ၊ ဗာဒံစေ့နဲ့ ငြုတ်ကောင်းမှုန့်က အစ မှာယူ သုံးစွဲတဲ့ လုပ်ရပ်ဟာ (ဗိုလ်ချုပ်ရဲ့ နိုင်ငံတော်

စာတိုလေးမှာ ) ပဲပြုတ်နဲ့ နံပြားကို အကောင်းလုပ် စားသွားရှာတဲ့ သေတဲ့အချိန်အထိ အ၀တ်သုံးလေးစုံထက်

ပိုမရှိရှာတဲ့ ၊ ရိုးရိုးကျင့် ရိုးရိုးနေ ဟန်ပန် မလုပ်တတ်တဲ့ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မလုပ်တတ်တဲ့

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြေးပြေးပြီး ယှဉ်ထိုးကြည့်စရာ အကွက်များ ဖြစ်လို့ နေပါတယ်။

ဘာပဲဖြစ်ဖြစ်လေ .. ဒီလို အန်တီစု ဟာ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်လို့လဲ တိုင်းရင်းသား

အဖွဲ့အစည်း တွေအားလုံးက ကန့်ကွက်နေကြတာ မဆန်းဘူးလို့ သဘောပေါက်လိုက်ပါတယ်။

0 comments:

Post a Comment

LIKE BOX