Monday, March 26, 2012

အမျိုးဘာသာ၊ သာသနာကိုမစောင့်ရှောက်တဲ့ ဒေါ်စုကြည် အသက်(၆၆)နှစ်ကျော်မှ တရားရနေပြီလား

Posted by မျိုးချစ်သူရဲကောင်းများ On 4:53 AM 0 comments

ဒေါ်စုဟာ အခုအချိန်မှာ တစ်ခါမှမလုပ်ဘူးတဲ့ အလုပ်တွေလုပ်နေတာကို ထူးဆန်းစွာပဲတွေ့မြင် နေရပါတယ်။

 ဗုဒ္ဓစွယ်တော်မြတ် မြန်မာပြည်ကြွလာချိန်မှာ မဖူးခဲ့၊ မန္တလေးရောက်ချိန်မှာလည်း မဟာမြတ်မုနိ

ဘုရားကိုမဖူးခဲ့ပေမယ့် ပုပ်ရဟန်မင်းကြီးရောက်လာချိန်မှာတော့ အပြေးအလွှားလက်အုပ်ချီ

ကြိုဆိုခဲ့တာကြောင့် အမည်ခံဗုဒ္ဓဘာသာတစ်ဦးလို့

အင်တာနက်သတင်းတွေမှာပါရှိခဲ့ပါတယ်။ ဒေါ်စုအနေနဲ့ နိုင်ငံရေးအတွက် မဲဆွယ်စည်းရုံးဖို့

အချိန်နည်းပါးမှာစိုးရိမ်ပြီး မဖူးမြော်ခဲ့ပေမယ့် ပြည်ပအထောက်အပံ့အကူအညီရရှိဖို့တော့

ပုပ်ရဟန်မင်းကြီးကို ကြိုဆိုရတာဖြစ်တယ်လို့ရန်ကုန်မြို့ကနိုင်ငံရေးအသိုင်းအ၀ိုင်းမှာ ပြောဆိုနေကြပါတယ်..

 အရင်ကလည်း နိုင်ငံခြားမှာနေပြီး ဘုရားမသိ၊ တရားမရှိ၊ သံဃာကိုမကိုးကွယ်၊

အမျိုးကိုမစောင့်ရှောက်ပဲ နိုင်ငံခြားသားနဲ့ လက်ထက်ပေါင်းသင်းပြီး အလည်အပတ်နဲ့

အပျော်အပါးအတွက်ပဲ အချိန်ကုန်ခဲ့တာကြောင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ နှုတ်ကပတ်တော်က

ထုတ်ဖော်မြွက်ကြွားခဲ့တဲ့ တရားဒေသနာတော်တောင် ကောင်းကောင်းမသင်ခဲ့၊ မလေ့လာခဲ့၊

မလုပ်ဆောင်ခဲ့ရလို့ ဆုတောင်းရုံသာ တောင်းခဲ့ရတယ်လို့ သိရပါတယ်။ တောင်းတဲ့ဆုကလည်း

မဲများများရဖို့ဖြစ်ပြီးတော့ ဆုတောင်းရုံနဲ့မပြီးဘဲ လူအထင်ကြီးအောင် တရားစာလေးပါရမှဆိုပြီး

ဆုတောင်းရင်း ကျက်လာလိုက်တာ သမ္ဗုဒ္ဓေနဲ့ပရိတ်ကြီး(၁၁) သုတ်ပင်

 တော်တော်ရနေပြီဖြစ်ကြောင်း NLD အသိုင်းအ၀ိုင်းမှ သိရပါတယ်။ NLD

မှအမည်မဖော်လိုသူတစ်ဦးရဲ့ ပြောကြားချက်ကတော့ ။



“ အန်တီစုအနေနဲ့ ဘုရားတရားလုပ်တာ သိပ်မကြာသေးပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ 

လွှတ်တော်ထဲရောက်သွားလို့ ဘုန်းကြီးတွေဆွမ်းကပ်ပါအုံး၊ ပန်း၊ ရေချမ်း၊ ဆီးမီးလေး 

ကပ်ပါဦးလို့ ပြောတာတောင်မှ အလွဲလွဲအချော်ချော် ဖြစ်နေရင် ပြည်သူတွေပိုပြီးပြောစရာဖြစ်မှာစိုးလို့ 

အိမ်မှာ အခေါက်ခေါက်အခါခါလေ့ကျင့်ပြီးမှ ရှမ်းပြည်မြောက်ပိုင်းက သိန္နီဘုန်းကြီးကျောင်းမှာ

 စပြီးစမ်းသပ် လုပ်ကိုင်ခဲ့တာပါ။ မနေ့ကတောင် ဗေဒင်ဆရာတွေကခိုင်းလို့ 

အလိုတော်ပြည့်ကျောင်းကိုသွားပြီး စိန်ဖူးတော်ကို ခေါင်းပေါ် တင်ခဲ့သေးတယ်” ဆိုတော့

အသက် (၆၆)နှစ်ကျော်မှတရားထူးရနေပြီ ထင်ပါရဲ့။

တကယ်တမ်းတော့ စိန်ဖူးတော်ဆိုတာ ဘုရားတစ်ဆူရဲ့အမြင့်မြတ်ဆုံးနေရာက အထွဋ်အမြတ်အရာ

တစ်ခုဖြစ်လို့ ငါးပါးသီလမလုံတဲ့ သာမန်လူတစ်ယောက်အနေနဲ့ မထိအပ် မကိုင်အပ်ဘဲ အဝေးကသာ

ဖူးမြော်ကြည်ညိုပြီး ကြည်နူးသဒ္ဒါပီတိဖြစ်နေရမှာပါ။ ယောက်ျားပဲဖြစ်စေ မိန်းမပဲဖြစ်စေ စိတ်မှာသန့်ရှင်း

စင်ကြယ်မှုမရှိရင် မြင့်မြတ်တဲ့ပစ္စည်းတွေကို မထိအပ် မကိုင်အပ်ဘူးဆိုတာ ဗုဒ္ဓဘာသာ

ကိုးကွယ်တဲ့ မြန်မာပြည်သားတစ်ဦးအနေနဲ့သိထားသင့်ပါတယ်။ စိတ်ရော ကိုယ်ရော သန့်ရှင်းစင်ကြယ်မှု

မရှိတဲ့သူကတော့ ထင်ပေါ်ကျော်ကြားလိုမှုကို ရင်ထဲမှာစုပြီး စင်ကြယ်အောင်အရင်လုပ်ရပါမယ်။ အဲဒါကို

လူထုခေါင်းဆောင် (ဘယ်သူမှမပေးဘဲခံယူထားတဲ့ဘွဲ့)နာမည်တပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က

စိန်ဖူးတော်ကို ခေါင်းပေါ်တင်ပြီး ဗေဒင်ဆရာတွေရဲ့နိမိတ်အရ ယတြာချေတယ်ဆိုတာကတော့

ဘာသာရေးကိုခုတုံးလုပ်ပြီး အာဏာရူးစိတ်ဓာတ်နဲ့လုပ်နေတယ်ဆိုတာ အထင်အရှားပါပဲ။

လူအများသိတဲ့ နောက်တစ်ခုကတော့ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကို အသုံးချပြီး

တပ်မတော်နဲ့ပြည်သူကို ရန်တိုက်၊ တပ်မတော်ကို လူမိုက်ဖြစ်အောင်လုပ်ခဲ့ပေမယ့်

ခုအချိန်မှာတော့ ရွှေဝါရောင် တော်လှန်းရေးကြောင့် ဒုက္ခရောက်နေတဲ့ သံဃာတော်တွေကို

လှည့်ကြည့်ဖို့နေနေသာသာ မသိချင်ယောင်ဆောင်နေတာကတော့ သာသနာတော်ကို ကြည်ညိုတာလား၊

ဘုရားသားတော်တွေကို အသုံးချလားဆိုတာကတော့ တိုင်းသိပြည်သိ တနိုင်ငံလုံးသိကြပါတယ်။

စတုတ္ထမဏ္ဍိုင်ဆိုတဲ့ ဘက်လိုက်မီဒီယာ သမားတွေကလည်း ဒီအကြောင်းကို ဖော်ပြဖို့နေနေသာသာ

ဂျာနယ်တွေရောင်းမကောင်းမှာစိုးလို့ ပေါ်ပြူလာ ဖြစ်နေတဲ့သတင်းတွေကို ဦးစားပေးဖော်ပြနေရပါတယ်။

အမျိုးဘာသာ၊သာသနာကို မစောင့်ရှောက်ပေမယ့် အသက်(၆၆)နှစ်ကျော်မှ တရားတွေရပြီး ဘာသာရေးကို

ကိုင်းရှိုင်းချင်ယောင်ဆောင်နေတာ NLD ပဲအနိုင်ရဖို့ ယတြာချေတာဖြစ်ပါလိမ့်မယ်

ဆိုတာ ပြည်သူအားလုံးသိစေချင်ပါတယ်။

0 comments:

Post a Comment

LIKE BOX