Thursday, January 12, 2012

အချိန်ကုန် ငွေကုန် သက်သာစေဖို.

Posted by မျိုးချစ်သူရဲကောင်းများ On 6:23 AM 0 comments

မီးကြိုးကို မှတ်မိစေဖို့---

ပလပ်ပေါက်တခုထဲမှာ မီးကြိုးရောင်တူတွေ ထိုးထားမိလို့ ဘယ်မီးခေါင်းက ဘယ်နေရာအတွက်ဆိုတာ

မှတ်ရခက်နေရင် ပေါင်မုန့်ထုပ်ကို ပိတ်တဲ့ကတ်ပြားလေးနဲ့ မှတ်ထားပါ။ အပေါ်က ဘယ်အတွက်

မီးကြိုးဆိုတာ ရေးထားနိုင်ရင် ဘယ်တော့မှ မမှားတော့ပါဘူး။

*****

လိပ်စာမပျက်ဖို့---

မိတ်ဆွေသူငယ်ချင်းတွေဆီကို ပစ္စည်းပဲပို့ပို့၊ စာပဲထည့်ထည့် မတော်တဆ ကိုယ်ရေးတဲ့

 လိပ်စာပေါ် ရေစက်ကျတဲ့အခါ ဒါမှမဟုတ် မိုးရေစိုတဲ့အခါ လိပ်စာပျက်သွားနိုင်ပါတယ်။ ရေးပြီးတဲ့

လိပ်စာပေါ် ဖယောင်းတိုင်ကို လှိမ့်ပြီး ဖုံးသုတ်ထားပေးလိုက်မယ်ဆိုရင် ဒီအန္တရာယ်ကို ကာကွယ်ပြီးသား

ဖြစ်သွားပါလိမ့်မယ်။

*****

အမွေး မရှိဖို့---

အချစ်တော် ကြောင်လေး၊ ခွေးလေးတွေ မွေးတာကတော့ ကောင်းပါရဲ့၊ သင့်ကား ထိုင်ခုံတွေ၊

အိမ်ကပရိဘောဂတွေမှာ သူတို့ အမွေးတွေကပ်ငြိနေတာတော့ ပြဿနာပါပဲ။ ဒါပေမဲ့

အလွယ်လေးပါ။ ဆေးသုတ်တံရဲ့ ဒလိမ့်မှာ double tape ကိုပတ်ပြီး ဆိုဖာတွေ၊ ပရိဘောဂတွေပေါ်

လိုက်လှိမ့်ပါ။ အမွေးတွေ တိပ်မှာကပ်ငြိပြီး ပါလာပါလိမ့်မယ်။

*****
 
ငရုတ်သီး လှီးပြီးရင် လက်မပူအောင်---

ငရုတ်သီး မလှီးခင် လက်ကို ဟင်းရွက်ဆီအနည်းငယ် သုတ်လိမ်းထားပါ။ လှီးပြီးပြီးချင်း လက်ကို ရေဆေးပါ။

*****

နှလုံး ရင်ခုန် သက်သာစေဖို့---

လေတိုက်ရင် ဝုန်းခနဲ ဝုန်းခနဲ ပိတ်တတ်တဲ့ တံခါးတွေကြောင့် နှလုံးတုန်၊ ရင်ခုန်တယ်ဆိုရင်တော့

တံခါးပတ္တာကြားမှာ ရေမြှုပ်တုံးကို double tape နဲ့ ကပ်ထားလိုက်ပါ၊ လေဘယ်လောက်ပြင်းပြင်း ဘာသံမှ

မထွက်လာနိုင်ပါဘူး။

*****

မီးပူတိုက်စရာ မလိုပါ---

မီးပူတိုက်ရတာ ပျင်းရိသူတွေအတွက် နည်းလမ်းကောင်းတခု ပေးချင်ပါတယ်။ လျှော်ပြီးသားအဝတ်ကို

ရေထဲမှာ ၁၀-မိနစ်လောက်ကြာအောင် စိမ်ထားပါ။ ပြီးရင် ရေမညှစ်ဘဲ အင်္ကျီချိတ်မှာ လှမ်းထားလိုက်ပါ။

ဒီနည်းနဲ့ ခြောက်သွားတဲ့အင်္ကျီကို မီးပူတိုက်စရာမလိုဘဲ ဝတ်နိုင်ပါတယ်။

*****

ငရုတ်သီး အမြဲလတ်ဆတ်နေရန်---
 
ပူပြင်းတဲ့ရာသီမှာ ငရုတ်သီးတွေကို နဂိုအတိုင်း လတ်လတ်ဆတ်ဆတ် ဖြစ်အောင်

သိမ်းထားမယ်ဆိုရင်တော့

ဆီအနည်းငယ် အကုန်ခံရပါမယ်။ ငရုတ်သီးတွေကို ဆီထဲ ၅-မိနစ်လောက် စိမ်းထားပြီး ပြန်ဆယ်ယူ၊

နေရောင် အောက်မှာ ၅-မိနစ်လောက် ထားပြီးမှ သိမ်းလိုက်ပါ၊ အမြဲလတ်ဆတ်နေပါလိမ့်မည်။

*****

လက်ဆော့ရာ ပျောက်လိုပါသလား---

ရေခဲသေတ္တာပေါ်မှာ ကျေးဇူးရှင်လေးတွေ လက်ဆော့ပြီး ဆွဲထားတဲ့ ဂန္ထဝင်မြောက် ရုပ်ပုံတွေကို

အလွယ်တကူ ပျောက်စေချင်ပါသလား၊ သူတို့ခြစ်ထားတဲ့ ခဲတံ၊ ဘောပင် အရာတွေပေါ်မှာ သွားတိုက်ဆေး

နည်းနည်းကို လူးပြီး အဝတ်သန့်သန့်လေးတခုနဲ့ သုတ်ပေးလိုက်ရုံပါပဲ။

*****

ကော်ဇောပေါ်က အဖိရာ---

ကြီးမားလေးလံတဲ့ ပရိဘောဂတခုခု တင်ထားမိလို့ ချိုင့်ဝင်ပြီး အရာထင်နေတာကို

နဂိုအတိုင်း ပြန်ဖြစ်ချင်ရင် ရေခဲတုံးလေးသာ တင်ထားလိုက်ပါ။ အဲဒီရေခဲတုံးလေး တဖြည်းဖြည်း

အရည်ပျော်ပြီး ခြောက်သွားတဲ့အခါ ထင်နေတဲ့ အချိုင့်ရာလည်း ပျောက်သွားပါလိမ့်မယ်။

*****

ဆေးခါးကြီး ရှောရှူ ဝင်စေရန်---

တချို့ဆေးတွေက ခါးလွန်းလို့ အဝင်ဆိုးနေပါသလား၊ ဆေးမသောက်ခင် ရေခဲတုံးလေးတတုံးကို တအောင့်

ငုံလိုက်ပါ။ လျှာတွေအေးပြီး ထုံကျင်နေတုံးမှာ ဆေးသောက်ချလိုက်ပါ။ ဘယ်လောက်ခါးခါး ဘာအရသာမှ
 
မခံစားရတော့ဘဲ ရှောရှောရှူရှူ ဝင်သွားပါလိမ့်မယ်။

*****

အဝတ်မှာ ဆံပင်ဆိုးဆေး စွန်းထင်ရင်---

ဆံပင်ဆိုးရင်း မတော်တဆ ကိုယ်နှစ်သက်တဲ့ အဝတ်အစားလေးပေါ် ဆိုးဆေးတွေစင်ပြီး

ကွက်ကုန်ပါသလား၊ ဆံပင်ကိုဖျန်းတဲ့ Hair Spray ကို အဲဒီအစွန်းကွက်ပေါ် ဖျန်းလိုက်ပါ။ အစွန်းကွက်တွေ

လျင်မြန်စွာ  ပျောက်သွားပါလိမ့်မယ်။


မျက်မှန်တွေကို ဘယ်လိုအကောင်းဆုံး တိုက်မလဲ---

အဝတ်ဟောင်းတစပေါ်မှာ သွားတိုက်ဆေး နည်းနည်းတင်လိုက်ပြီး မှန်မျက်နှာပြင်ကို ညင်သာစွာ

ပွတ်တိုက်ပါ။ ပြီးလျှင် ရေဖြင့် စင်ကြယ်စွာဆေးပါ။ ကပ်နေတဲ့ ဖုန်အမှိုက်တွေနဲ့ ဆီချေးတွေ

စင်သွားပါလိမ့်မယ်။


လက်ဝတ်ရတနာတွေ အမြဲတောက်ပနေစေဖို့---

လက်ဝတ်ရတနာထည့်ထားတဲ့ ဘူးလေးတွေထဲမှာ မြေဖြူခဲတတောင့်လောက်စီ ထည့်ထားပါ။ သင့်ရဲ့

လက်ဝတ်ရတနာတွေကို တောက်ပအောင်ပွတ်တိုက်နေစရာမလိုဘဲ အမြဲတမ်း လင်းလက်နေပါလိမ့်မယ်။

ပင်မှည့်သီးတွေ မြန်မြန်မှည့်အောင်---

ပင်မှည့်သီးတွေကို မမှည့်သေးဘဲစားရင် အင်မတန်မှ ချဉ်ပါတယ်။ မြန်မြန်မှည့်စေချင်ရင် အဲဒီ

ပင်မှည့်သီးအစိမ်းတွေကို ပန်းသီးနီတွေနဲ့ရောပြီး စက္ကူအိတ်တအိတ်မှာထည့်၊ ပြီးရင်

လုံအောင်ပိတ်ပြီး ရေခဲသတ္တာထဲကိုထည့်ထားလိုက်ပါ။ ပင်မှည့်သီးတွေ ချက်ချင်းမှည့်သွားပါလိမ့်မယ်။


ဆန် ပိုးမတက်အောင်---

ဆန်တွေကို နှစ်လ-သုံးလစာလောက် အိမ်မှာ ဝယ်လှောင်ထားမယ်ဆိုရင် မီးသွေးခဲတခဲကို ဆန်ပုံးထဲမှာ

ထည့်ထားပါ။ ဆန်ပိုးတွေ မလာတော့ပါဘူး။


ခြင်ဆိုးတွေ မရှိအောင်---

သင့်ရဲ့အိမ်ဝင်းအတွင်းရှိ ရေပန်းတွေ၊ တခြားရေသေရှိတဲ့ နေရာတွေဟာ ခြင်တွေပေါက်ပွားဖို့အတွက်

အကောင်းဆုံးနေရာတွေ ဖြစ်နေပါတယ်။ သက်သက်သာသာနဲ့ လွယ်လွယ်ကူကူ ဒီခြင်တွေကို နှိမ်နင်းချင်ရင်

ဒီနေရာတွေမှာ ဆားတွေ ဖြူးထားလိုက်ပါ။


မူလအရောင် ပြန်ရအောင်---

အဝတ်လျှော်စက်ထဲမှာ အကုန်ရောထည့် လျှော်တာကြောင့် ခြေအိတ်တွေ အရောင်ပြောင်းကုန်လို့

စိတ်ညစ်နေပါသလား။ အိုးတအိုးထဲမှာ ရေထည့်၊ အဲဒီခြေအိတ်တွေထည့်၊ ရှောက်သီး နှစ်ကွင်း-

သုံးကွင်းလောက်ထည့်ပြီး ပြုတ်လိုက်ပါ။ သဘာဝအရောင်ချွတ်ဆေးဖြစ်တဲ့ ရှောက်သီးကြောင့်

မူလအရောင် ပြန်ရလာပါလိမ့်မယ်။


ဖိနပ်မပွန်းအောင်---

ရှူးဖိနပ်အတွင်းသား အောက်ခံ (insole)တွေကြောင့် သင့်ဖနောင့်တွေ ပွန်းစားတာ၊

နာကျင်တာ ဖြစ်နေပါသလား၊ ရှူးဖိနပ်အတွင်းဘက် ဖနောင့်နေရာမှာ ဖယောင်းတခဲနဲ့ တိုက်လိုက်ပါ။

သွားလာရတာ အဆင်ပြေသွားပါလိမ့်မယ်။


အထည်သစ်တွေ အရောင်မကျွတ်ဖို့---

ရေဇလုံကြီးထဲမှာ ရှာလကာရည်တဇွန်း လောင်းထည့်ပြီး ကောင်းစွာသမအောင် မွှေပါ။ ပြီးရင် တခါမှ

မလျှော်ရသေးတဲ့ အဝတ်အသစ် ကျပ်ချွတ်တွေကို နှစ်နာရီ-သုံးနာရီလောက် စိမ်ပစ်လိုက်ပါ။

ဒီလိုလုပ်လိုက်တော့ တခြားအရောင်ဖျော့တဲ့ အဝတ်တွေနဲ့ ရောပြီး လျှော်တဲ့အခါ ဆေးမစွန်းတော့ပါဘူး။

0 comments:

Post a Comment

LIKE BOX