Thursday, January 12, 2012

ဦးနှောက်ဆိုင်ရာ အသိပညာပေး အာဟာရများ

Posted by မျိုးချစ်သူရဲကောင်းများ On 6:29 AM 0 comments

(၁) တရားသောသူများ၏ လုပ်ဆောင်မှုများသည်သာလျှင် မွှေးကြိုင်သင်းပျံ့ပြီး မြေပေါ်သို့ကြွေခသော်လည်း

ထာဝစဉ်ပွင့်လန်းနေပါလိမ့်မည်။

ရှယ်လီ

(၂) ဘဝဟူသည် တိုက်ပွဲဖြစ်သည်။

ဆီနီကာ

(၃) လူတိုင်းလူတိုင်း မိမိနေထိုင်ရာခေတ်၏ သားကောင်များ ဖြစ်တတ်ပါသည်။ လူအချို့သာလျှင်

မိမိခေတ်၏ အတွေးအခေါ်များကို ထိုးဖောက်ကျော်လွှားနိုင်ပါသည်။

ဗော်လတဲယား

(၄) သတ္တိအား နည်းပါးသူများသည် ပိုမို၍ ကောက်ကျစ်ကြသည်။

ဝီလျှံဘလိတ်


(၅) ငွေသည် ဘာမဆိုဖွင့်နိုင်သော သော့တချောင်းဖြစ်သလို နိုင်ငံကူးလက်မှတ်လည်း ဖြစ်၏။


(၆) တရားစီရင်ရေး၏ လောက်ကောင်သည် အူမ မတောင့်သော တရားသူကြီးပင်ဖြစ်သည်။

စပိန်စကားပုံ

(၇) လူတွေအကြောင်းကို သိလေလေ ခွေးများကို ပိုမိုချစ်လေလေ ဖြစ်သည်။

မဒမ်ရိလင်း

(၈) အလုံးစုံသော မွေ့လျော်ခြင်းတို့တွင် စာအုပ်စာပေဖြင့် မွေ့လျော်ခြင်းသည် အမြတ်ဆုံးဖြစ်၏။

သခင်ကိုယ်တော်မှိုင်း

(၉) အချိန်သည် ရွှေဖြစ်၏၊ အချိန်သည် ငွေဖြစ်၏၊ ထို့ကြောင့် အချိန်သူဌေး မဖြစ်ပါစေနှင့်။

ဟိန်းဇေ

(၁၀) တတိယကမ္ဘာစစ် ဘယ်တော့ဖြစ်မည်ကို ကျွန်ုပ် မပြောနိုင်ပါ။ သို့သော် စတုတ္ထကမ္ဘာစစ်တွင်ကား

လူများသည် တဦးနှင့်တဦး ကျောက်ခဲလက်နက်များဖြင့် ပစ်ပေါက်ကြလိမ့်မည်။

အိုင်းစတိုင်း

(၁၁) စကားတွေပြောနေရုံနဲ့တော့ ထမင်းအိုးက ကျက်မှာမဟုတ်ဘူး။

တရုတ်စကားပုံ

(၁၂) အသိပညာ ဉာဏ် ဗဟုသုတရှိသူသည် သုံးသင့်သောစကားလုံးထက် စကားလုံးများကို အပိုမသုံးပါ။

ပညာရှင်တဦး

(၁) ကျန်းမာခြင်း ၄-မျိုး

၁။ ကိုယ်ခန္ဓာအားဖြင့် ကျန်းမာသန်စွမ်းမှု ရှိရမည်။

၂။ ငွေကြေးအားဖြင့် ကျန်းမာတောင့်တင်းမှု ရှိရမည်။

၃။ စိတ်ဓာတ်အားဖြင့် ကျန်းမာတည်ကြည်မှု ရှိရမည်။

၎။ အကျင့်စာရိတ္တအားဖြင့် ကျန်းမာကောင်းမွန်ရမည်။

တက္ကသိုလ်ဆုမြိုင်


(၂) ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံးစိတ်ထားနဲ့ အကောင်းဆုံး

အရည်အချင်းကို ဖော်ပြနေတာဖြစ်ရမယ်။

ဆရာတော်ဦးဇောတိက


(၃) ကိုယ်မှန်မည် ယုံကြည်တာကို ဆက်လက်လုပ်ကိုင်ပါ။ ဘုရားရှင်ပင် ကဲ့ရဲ့ခံခြင်းမှ

မလွတ်ခဲ့သည့်အတွက် အများ၏ချီးမွမ်းခြင်းကို မျှော်လင့်မနေပါနဲ့။

ဟိန်းဇေ


(၄) လူသည် ယုံကြည်ချက်ဖြင့် အသက်ရှင်သည်။

ပညာရှင်တဦး


(၅) နောက်ကဆိုရင် ဘယ်နောက်ကမှ မလိုက်ဘူး။ ရှေ့ကသွားမယ်၊

အဲဒါ အနုပညာသမားရဲ့ တာဝန်ဖြစ်တယ်။

သာဓု


(၆) ဘဝမလာ၊ စာမပါ၊ ဘဝမသိ၊ စာမရှိ။

ပညာရှင်တဦး


(၇) လူတွေဟာ ကိုယ်ကကောင်းပေမယ့် ကိုယ့်အပေါ်ကျတော့ မကောင်းကြဘူး။

ဂေါ်ကီ၏ ဖိုးမာဂေါ်ဒီယက်-မှ


(၈) လောကီအစုတ်၊ လူတို့နှုတ်က၊ မဟုတ်လည်းပြော၊ ဟုတ်လည်းပြော၏။

မဃဒေဝ


(၉) ကျောက်ပေါက်မာထဲသို့ ရွှေမှုန့်ငွေမှုန့်ဖို့၍ ပြည့်နိုင်မည်မဟုတ်၊

ဒုစရိုက်သမားတို့အဖို့ ရွှေငွေဖြင့် ဖုံးသော်လည်း အပုပ်နံ့ ပျောက်သွားမည်မဟုတ်။

ဦးဝင်းမြင့်(စာနိုင်ငံ)


(၁၀) ယုတ်မာခြင်းသည် ဗီဇမကောင်းခြင်း၌ အကြောင်းခံသည်။

ဤလူစားမျိုးကို ဘုရားရှင်များပင် ချေချွတ်၍ မရ။

ဟိန်းဇေ


(၁၁) ပညာ ဗဟုသုတဆိုသည်မှာ တက္ကသိုလ်မှရရှိသော ပညာကို မဆိုလို၊

မိမိလုပ်ကိုင်နေသော အလုပ်နှင့် ပတ်သက်သော ပညာကိုသာ ဆိုလိုသည်။

အရည်အချင်းပြည့်ဝသူသည် မိမိနှင့်သက်ဆိုင်သော အလုပ်နှင့် ပတ်သက်၍ အမြဲလေ့လာကာ

ပညာဆည်းပူးနေသူဖြစ်သည်။

တက္ကသိုလ်ဆုမြိုင်


(၁၂) လောက၌ အကြီးဆုံးတက္ကသိုလ်သည် အလွန်တရာ လူစည်ကားသော လမ်းမကြီး ဖြစ်၏။

အကြီးဆုံးသော စာအုပ်သည် လူ့လောကကြီး ဖြစ်၏။

သြရစ်ဆွတ်မာဒင်

0 comments:

Post a Comment

LIKE BOX