Thursday, January 12, 2012

သူတို.ပြောတဲ. တော်လှန်ရေး (၂)

Posted by မျိုးချစ်သူရဲကောင်းများ On 5:01 AM 0 comments

ယခုဆက်လက်ပြောလိုသည်မှာ တပ်မတော်အား မီဒီယာတိုက်ခိုက်မှူဖြစ်စဉ်ဖြစ်သည်။

စာဖတ်သူမိတ်ဆွေသည် အွန်လိုင်းတွင် နိုင်ငံရေးရာသတင်းဖတ်ရှူသူ တစ်ဦး(သို့) ပြည်တွင်း၌

BBC နားထောင်သူ / DVB ကြည့်ရူသူဖြစ်လျှင်

တပ်မတော်စစ်ကြောင်းကတော့ ရွှာကိုမီးရှို့ လို့  မုဒိန်းကျင့်လို့  ကျောင်းတွေကို လက်နက်ကြီးနှင့်

ပစ်လို့ ဟူသော သတင်းများအား နေ့စဉ် ကြားနေကျ အသံသဖွယ် ကြားကောင်းကြားနေမည်

ဖြစ်သည်...။

အဘယ့်ကြောင့် ဤ သို့ အော်နေပါသနည်း ။မောင်ကျောက်ခဲထောက်ပြဝေဖန်ပါမည်။

အောက်ပါ ဗီဒီယိုကလစ်အား အထပ်ထပ်အခါအခါ နားထောင်ကြည့်ပါ...ထို့နောက် စဉ်းစား

ဝေဖန်ပါ..။


   မည်သို့တွေ့ရသနည်း...။သူတို့ တွေလုပ်အားနှင့် တော်လှန်ရေးဟူသော တောတွင်းလက်နက်ကိုင်

များ အား ၊ ဒုက္ခသည်ရွှာများအား ထောက်ပံ့သည်ဟု ပြောထားပါသည်။ဥပမာ.ဂျပန်

ဟု ရွှေးချယ်ပါစို့ ။ဂျပန်တွင်ရောက်ရှိနေသော ဒုက္ခသည်များ ပြည်ပြေးများ၏ စုစုပေါင်းဝင်ငွေ

အားလုံးမှ ၄င်းတို့တတ်အားသရွှေ့ ဟူသော အချိုးကျထည့်ဝင်သော ငွေများအား စဉ်းစားတွက်

ချက်ပါ။ထို့နောက် လစဉ်လတိုင်း ၄င်းတို့ နယ်စပ်သို့ ပုံမှန်ပေးပို့နေသော ငွေများနှင့်နိုင်းယှဉ်ပါ.။

အလှူရှင်များ၏ ငွေအားကများပါသည်။၎င်းငွေများနယ်စပ်သို့ရောက်ရှိသွားသောအခါ

ရွှာသားကောင်းမှူ သူကြီး ဘုရား ဖြစ်သွားပါသည်။ထို့ နောက် ဤဗီဒီယိုဖိုင်တွင်ပြောဆိုသကဲ့

သို့  ပေးလိုက်ပြန်သည်။ဆုံးရှူံးသွားသည်။ပလိုင်းပေါက်ထဲ ဖားအရှင်များအား လတိုင်းလတိုင်း

သိသိကြီးနှင့်အဘယ့်ကြောင့် ကောက်ကောက်ထည့်နေပါသနည်း။နှစ်ပေါင်းများစွာ

ဤအပေါက်အပြဲပလိုင်းထဲမှ ဖားအရှင်များ ခုန်ထွက်နေသည်ကို သိရက်ကယ်နှင့ အဘယ့်အတွက်

ယခုမှ ထအော်ကြပါသနည်း..။

မိုက်ရိုင်းစွာ ပြောလျှင် သူတောင်းစား ထမင်းဝတော့ ***** ဖြစ်သည် ဟူသော စကားရပ်

ကို သတိရသင့်သည်။

နယ်စပ်ဒေသတွင် ကျောင်းဆောက်သည်ဟု ပြောလေသည်။ယင်းကျောင်းအား အစိုးရစစ်တပ်

မှ လက်နက်ကြီးနှင့်ပစ်သည်ဟု ဆိုလေသည်။ကျောင်းတစ်ကျောင်းဆောက်တိုင်း

လက်နက်ကြီးတစ်ခါပစ်ရမည်ဟုဆိုလျှင် မြန်မာနိုင်ငံသည် ကျောင်းမရှိသော နိုင်ငံဖြစ်နေသည်မှာ

ကြာလေပြီတကား.။ဤသို့အကြာင်းပြချက်ဖြင့် ငွေထပ်တောင်းလေသည်။

ထပ်ပေးရလေသည်။ထပ်ပစ်ပြန်သည်။ထပ်ပေးရလေသည်။

ရှင်းပါသည်။အထောက်အထားသက်သေတုများသာဖြစ်လေသည်။

ထူးဆန်းသည်မှာ စစ်တပ်က ၄င်းတို့ စခန်းထိုင်ရာ နယ်မြေအတွင်း လက်လှမ်းမှီရာ ဒေသများတိုင်း

လက်နက်ကြိးများဖြင့် ပစ်ခတ်သည်ဆိုသော အပြော၌ မည်သည့်ဓါတ်ပုံ သတင်းများ

သက်သေမစုံလင်ပါတကား..။ပြည်တွင်း၌ မုဒိန်းကျင့်ခံရပါသည်

ဟုဆိုသော အမျိုးသမီးများ မျက်မှာများအား ဆင်ဆာမလုပ် effect မကာကွယ်ပဲတင်တတ်သော

သတင်းဌာနများက အဘယ့်ကြောင့် အစိုးရ အုပ်ချူပ်ရေးလက်လှမ်းမမှီသော နယ်စပ်ဒေသများ

ဒုက္ခသည်များ၏ သက်သေခံ ဗီဒီယိုများတွင် လုံခြုံရေး ဟူသော အကြောင်းပြချက်ဖြင့် သက်သေများ၏

မျက်နှာများအားeffect ထည့်ကာ ကွယ်ထားပါသနည်း။

အလှူငွေများဖြင့်ကျောင်းဆောက်သည်ဟုဆိုပါသည်။

ယင်းတို့ လုပ်ရိုးလုပ်စဉ်ကိုပြောပြပါမည်။

အလှူငွေများအား

လက်နက်ကိုင်သောင်းကျန်းသူတို့အားပေးလိုက်ပါသည်။ထို့နောက်ယင်းအဖွဲ့တို့ ၏ မှောင်ခို

သစ်များဖြင့် ကျောင်းဆောက်ပါသည်။ယင်းကျောင်းအား ဆောက်လျှင် ဒေါ်လာ 2000

ခန့် အနည်းဆုံးကုန်ကျမည်ဆိုပါက တောတွင်းအဖွဲတို့၏ သစ်မှောင်ခိုများထဲက

သစ်များအခမဲ့ယူ၍ ဖြစ်သလိုဆောက်လိုက်ပါသည်။ထို့အတွက်ကြောင့် တောတွင်းအဖွဲ့ များအတွက်

ဒေါ်လာ 2000 ပိုလာပါသည်။ယင်းတို့ အခြေတည်ရာ နယ်စပ်တွင် အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်တလက်

တပတ်ရစ် တလက် မှောင်ခိုဈေးသည် ဒေါ်လာ ၁၅၀ သာဖြစ်ပါသည်။RPG
 
တပတ်ရစ် ဈေးနူန်းသည် ဒေါ်လာ

400 - 500 သာဖြစ်ပါသည်။စဉ်းစားကြကုန်။

ပထမကျောင်းပြိုကျသော် ယခင်ကထက်ကောင်းမွန်အောင် ဆောက်လုပ်ရန် ပထမအလှူငွေထက်

များပြားသော ငွေဝင်လာပြန်သည်။အစိုးရက ပစ်သည်ဟုအော်ပြန်သည်။

(စစ်တပ်က ကျည်များသည် စစ်တပ်အခြေတည်ရာ ရွှာနီးသို့မကျပဲ သောင်းကျန်သု အခြေပြုရာ

ဒုက္ခသည်စခန်းများသို့သာ ကျော်လွန်ကျနေသည်မှာ ထူးဆန်းလှသည်။)

ယင်းကျောင်း၌ ခန့် သည်ဟူ၍ ဆရာများဆရာမများအား ဒုက္ခသည်အချင်းချင်းထဲမှ

ခန့်လေသည်။လစာဟူ၍ စာရင်းတင်လေသည်။အမှန်မှာ

မည်သည့်အတွက် လစာမှမဟုတ်ချေ။ဒုက္ခသည်များ အတွက် 100 သတ်မှတ်လျှင် 70 သာပေးပြီး

ယင်းသို့ ဆရာများဟုဆိုသော သူများအား 90 ပေးခြင်းဖြင့် ကလိမ်ကျခဲ့ကြခြင်းဖြစ်သည်။

ဒုက္ခသည်စခန်းများ ဆောက်လုပ်ရန်ဟု ခေါင်းစဉ်တပ်ကြလေသည်။

အမှန်မှာ ကိုယ့်အိမ်ကိုယ့်တဲ မိမိဘာသာ ဝါးခုတ်မြောခုတ်ဖြင့်ဆောက်လုပ်နေသည်မှာ ယင်းတို့ 

ဒုက္ခသည်စခန်း တွင် နေထိုင်လာသူများ အသိပင်ဖြစ်သော်လည်း ခေါင်းစဉ်တစ်ခုပို

တပ်ထားကြလေသည်။

အဆိုပါဗီဒီယို၌ ပြောလေသည်။ပြည်သူတွေက ပြည်သူတွေကနှင့်ဖြစ်လေသည်။

ပြည်တွင်း၌ ရှိကြကုန်သော မည်သည့်ပြည်သူများက ၄င်းတို့ အား တောင့်တနေပါသနည်း။

ကိုးကွယ်နေပါသနည်း။မသိလို့ မေးတာလား မဟုတ်ပါ။သိလို့ မေးခြင်းဖြစ်ပါသည်။

တချို့ ပြည်သူများ စစ်သားများအား စစ်ခွေးဟု ပြောကြပါသည်.။

သို့သော်..................

ယင်းစစ်သားများတိုက်နေသောသူများသည် ၄င်းတို့၏ ကယ်တင်ရှင်များဟု မတွေးကြ ၊

သူပုန်များရန်သူများဟုသတ်မှတ်ထားနေကြောင်း က ပြည်တွင်းနေ တိုင်းရင်းသားအပေါင်းစိတ်တွင်

ရှိသည်ကို ပြောစရာမလိုပေ။

ဟိုမှာကြည့် စစ်သားတွေ(မိုက်ရိုင်းသူများကတော့ စစ်ခွေးတွေဟုခေါ်ကြသည်) ငါတို့ကယ်တင်ရှင်တွေ

မျိုးချစ်တွေကို တိုက်ဖို့ ရှေ့တန်းသွားကြပြီ.ဟုတစ်ယာက်မှမပြောကြပေ.။

သူပုန်တွေတိုက်ဖို့ သွားတာလို့ပဲပြောကြပါသည်။အဆိုပါ ရိုးရှင်းသော အကြောင်းအရာများကို

မတွေးမိပဲ ၄င်းတို့ ဘာသာ သူရဲကောင်းများဟုထင်နေကြသည်မှာ သနားစရာကောင်းလှသည်။

စကားကြုံ ၍ ပြောပါမည်..

ယခင်လက hot new ဖြစ်ခဲ့သော ABSDF ၏ အတွင်းရေးများအား ဖော်ထုတ်ပေးပါရန်

တာဝန်အား စစ်တပ်ထောက်လှန်းရေးအား လွဲချကြလေသည်.။

ABSDF သည် အယုတ်ဆွဆုံး ပြည်သူ့စစ်မဟုတ် နယ်ခြားစောင့်တပ်မဟုတ်

သူပုန်သာဖြစ်သည်။စုံစမ်းဖော်ထုတ်စရာမလိုပေ..။တဖွဲ့ လုံးအားအရေးယူတိုက်ခိုက်ပစ်ရမည်သာဖြစ်သည်။

အောင်နိုင်တွေ့ရင်အောင်နိုင် သံချောင်းတွေ့ရင်သံချောင်း မိုးသီးဇွန်တွေ့လျှင်

မိုးသီးဇွန်ဖမ်းဆီးအရေးယူရမှာပဲ..ဘာမှအထွေအထူး တသီးတခြားအရေးယူစရာမလိုဘူး.

သူပုန်တပ်ဟာသူပုန်တပ်ပဲ...။ကျောင်းသားတပ်ဖွဲ့ တွေဘာတွေမလုပ်နဲ့ ။ကျောင်းသားအဖိုးအရွှယ်

တွေရောက်ကုန်ပြီ။

ပြည်ပရောက် အတိုက်အခံတို့အား အားကိုးနေသည်ဟု မည်သူထင်ပါသနည်း။

ထိုအတိုက်အခံတို့  ဆောင်ရွှက်ချက်ကြောင့် ပြည်တွင်း၌ ကောင်းကျိုးတစ်စုံတရာရဖူးပါသလား။

မြန်မာပြည်သူတို့ လက်မထောင်ဖူးပါသလား။

မည်သူမျှလည်း သင်တို့ လုပ်ရပ် စိတ်ဝင်မစားပါ။

္မဤသို့ ထောက်ပြပြေရခြင်းမှာ မီဒီယာ အခြေပြုသော သင်တို့ ဆိုဒ်ဝါးများအား နားယောင်မိမှာ

စိုးသော လူငယ်များ အတွက်ရည်ရွှယ်သောကြောင့်ဖြစ်ပါသည်။

အပိုင်း(၃) လာဦးမည်.....။

0 comments:

Post a Comment

LIKE BOX