Thursday, January 12, 2012

ရန်ကုန်မြို့လယ် လူစည်ကားရာနေရာတွင် သန်း(၂၀၀)ကျော် ဖောက်ထွင်းခံရ

Posted by မျိုးချစ်သူရဲကောင်းများ On 5:34 AM 0 comments

လူစည်ကားရာဖြစ်သည့် ရန်ကုန်မြို့တွင်းတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီတစ်ခုတွင် ကျပ်သိန်း

၂၀၀ကျော် ဖောက်ထွင်း ခိုးယူခြင်းခံခဲ့ရကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါကုမ္ပဏီမှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အနော်ရထာလမ်း(၃၉လမ်းနှင့် လမ်း၄၀ကြား)ရှိ

Central Tower မြေညီထပ်တွင် ဖွင့်လှစ်ထားသော ဘောလ်ပင်နှင့် စာရေးကိရိယာရောင်းဝယ်သော

ကုမ္ပဏီဖြစ်ပြီး ၊ ရုံးခန်းပိတ်ချိန်အတွင်း ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင် သိရသည်။

“ဇန်နဝါရီလ (၅)ရက်နေ့က ရုံးပိတ်ပြီးတော့ မနက်မိုးလင်းလို့

ရုံးခန်းပြန်ဖွင့်တဲ့အချိန်မှာ နောက်ဖေးတံခါးက သော့ခလောက်က

လွှနဲ့ဖြတ်ထားတဲ့ပုံ ပြတ်နေတာတွေ့ရတယ်။ အဲဒါနဲ့ပဲ ပိုက်ဆံထည့်တဲ့ အံဆွဲကို ကြည့်တော့ ရုံးပိုက်ဆံ

သိန်း၂၀၀ကျော်(နှစ်ရာတစ်ဆယ့်လေးသိန်းသုံးသောင်းခြောက်ထောင်) မတွေ့တော့ဘူး။ အဲဒါနဲ့ ရဲကို

အကြောင်းကြားတော့ ရှာတာ အဲဒီ နောက်ဖေးတံခါးနောက်က ပိုက်သွယ်ထားတဲ့ အပေါက်ကနေဝင်ပြီး

လွှနဲ့ဖြတ်သွားတာ။ အဲဒီနားမှာလည်း သံဖြတ်လွှအပိုင်းတွေ တွေ့ရတယ်” ဟု ယင်းကုမ္ပဏီပိုင်ရှင်

အမျိုးသားကပြောသည်။

ရဲတပ်ဖွဲ့၏ သုံးသပ်ချက်အရ တရားခံမှာ (၃)ဦးဖြစ်ဖွယ်ရှိကြောင်း ၊ စစ်ဆေးချက်အရ ကုမ္ပဏီ၏

သံသယဖြစ်စရာ အလုပ်သမားတစ်ဦးရှိကြောင်း ၎င်းအား လတ်တလောတွင် အပူတပြင်းရှာနေကြာင်း

သိရသည်။

အထက်ပါဖြစ်စဉ်အား ကျောက်တံတားမြို့နယ် ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ဖြင့်

စစ်ဆေးနေကြောင်း သိရသည်။

ပုံရိပ်(burmesehearts.com)

0 comments:

Post a Comment

LIKE BOX