Thursday, May 17, 2012

ဒေါ်လာဈေး ၈၃၅ ထိ ပြန်တက်လာ

Posted by မျိုးချစ်သူရဲကောင်းများ On 1:16 AM 0 comments



မေလဆန်းပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၈၂၀ ၀န်းကျင်သာ ရှိခဲ့သော ဒေါ်လာဈေးမှာ မေလ ၁၆ ရက်နေ့တွင် တရားဝင် ငွေလဲကောင်တာများတွင် ရောင်းချသောဈေးအရ တစ်ဒေါ်လာလျင် ၀ယ်ဈေး ကျပ် ၈၂၆ နှင့် ရောင်းဈေး ကျပ် ၈၃၈ ကျပ်ရှိကြောင်း သိရှိရသည်။ နေ့စဉ် အမေရိကန်ဒေါ်လာ ပေါက်ဈေးအား ဗဟိုဘဏ်မှ Mid-rate အနေဖြင့် ထုတ်ပြန်ပေးပြီး ၎င်းဈေးနှုန်းပေါ်တွင် အခြေခံကာ ၀ယ်ဈေးကို အနှုတ် ၀ ဒသမ ၈ ရာခိုင်နှုန်းခွာထားပြီး ရောင်းဈေးတွင် အပေါင်း ၀ ဒသမ ၈ ရာခိုင်နှုန်းခွာထားကြောင်း သိရှိရသည်။

မေလ ၁၅ ရက်နေ့တွင် အမေရိကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ကျပ် ၈၂၅ ကျပ်နှင့် ကျပ် ၈၃၇ ကြားရှိပြီး ၁၆ ရက်နေ့တွင်မူ ၀ယ်ဈေး ကျပ် ၈၂၆ နှင့် ရောင်းဈေး ကျပ် ၈၃၈ ရှိကြောင်း သိရှိရကာ ဒေါ်လာဈေးနှင့် FEC ဈေးမှာမူ ဧပြီ လ ၂ ရက်နေ့ နှုန်းရှင်သတ်မှတ်သည့်နေ့မှစ၍ အတူတူရှိနေကြောင်း သိရှိရသည်။ လောလောဆယ် မှာတော့ earing ဈေး က ၈၃၅ ၀န်းကျင်ဈေးလောက် ရှိနေကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

LIKE BOX