Sunday, May 13, 2012

ဒီမိုကရေစီ ထိုင်းနိုင်ငံတွင် နိုင်ငံ့ဦးသျှောင်ကို စော်ကားသူအား အရေးယူသည့် ဥပဒေကို ပြောင်းလဲမည် မဟုတ်ဟု ထိုင်း ဝန်ကြီးချုပ်ပြော

Posted by မျိုးချစ်သူရဲကောင်းများ On 2:53 PM 1 comments



source : channelnewsasia.com

ထိုင်းဝန်ကြီးချုပ် ဖြစ်သူ ယင်လတ်ရှင်နာဝပ်မှ သောကြာနေ့က ပြောရာ၌ ထိုင်း တော်ဝင် မိသားစုများ အပေါ် ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုလုပ်မှု အတွက်

ချမှတ်ထားသည့် ဥပဒေကို သူမ အနေဖြင့် ပြင်ဆင်လိမ့်မည် မဟုတ်ဟု ပြောခဲ့ကာ အဆိုပါ ပြစ်မှုကြောင့် ထောင်ကျပြီး ထောင်ထဲတွင် သေဆုံးခဲ့ရသူ အတွက် မကျေနပ်ချက် ထွက်ပေါ်လာသော်လည်း ဥပဒေကို ယခင် အတိုင်းပင် ထားရှိမည် ဖြစ်ကြောင်း တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

အသက် ၆၂ နှစ် ရှိပြီ ဖြစ်သည့် Ampon Tangnoppakul ဆိုသူမှာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်း တော်ဝင် မိသားစုကို စော်ကားသည့် စာသားများ ပို့ဆောင်ခဲ့သည့် အတွက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရကာ အင်္ဂါနေ့က ထောင် အတွင်းတွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ယင်းသို့ သေဆုံးမှုကြောင့် ထိုင်း နိုင်ငံ၏ တော်ဝင် မိသားစုနှင့် ပတ်သက်သည့် ဥပဒေများ အပေါ် အသစ် ပြန်လည် ပြဌာန်းရန် တွန်းအားပေးမှုများ ထွက်ပေါ်လာ အပြီးတွင် ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယခုလို ကိစ္စနှင့် ပတ်သက်ပြီး ယင်လတ်မှ ပြောရာ၌ သူမ၏ အစိုးရ အဖွဲ့ အနေဖြင့် မူဝါဒကို ယခင်အတိုင်း ဆက်သွားမည်သာ ဖြစ်သည်ဟု ထပ်မံ အတည်ပြု ပြောကြား လိုပါကြောင်း တုန့်ပြန် ဖြေကြားခဲ့သည်။ ထိုင်းနိုင်ငံ ပြစ်မှုဆိုင်ရာ ဥပဒေ အပိုဒ်ခွဲ ၁၁၂ အရ ဘုရင် ၊ မိဖုရား ၊ ဘုရင့်ရာထူး ဆက်ခံမည်သူနှင့် ဘုရင့် အမျိုးအနွယ်များ အပေါ်တွင် စော်ကားသူ အနြေ့ဖင့် တစ်မှုလျင် ထောင်ဒဏ် ၁၅ နှစ် အထိ ချမှတ်နိုင်ကြောင်း သတ်မှတ်ထားခြင်း ဖြစ်သည်။

ဒီမိုကရေစီ ခြေလှမ်းများ လှမ်းနေသော မြန်မာနိုင်ငံတွင်တော့ ထိုသို့သော ဥပဒေမျိုး မရှိတာကြောင့် နိုင်ငံဦးသျှောင်များကို စော်ကားချင်တိုင်းစော်ကားနေကြသော အမည်မဖော်သည့် သတ္တိခဲ အများအပြား ရှိကြောင်း တွေ့မြင်နေရသည်။

1 comments:

ထိုင်းဘုရင်ကပြည်သူ့ အကျိုး..တိုင်းပြည်အကျိုးတိုင်းပြည်အဆင့်တန်းမြင့်အောင်လုပ်ခဲ့လို့ 
မသမာသူတွေ.ရန်ကကာကွယ်ပေးတာ..သိတ်မှန်တဲ့လုပ်ရပ်ပါ...။
ဒီနိုင်ငံမှာတော့..စစ်ယူနီဖေါင်းဝတ်ပြီး..သေးသိမ်အောက်တန်းကျတဲ့အလုပ်တွေဘဲလုပ်ခဲ့လို့ 
စစ်တပ်.နှစ်၂၀ကျော်အုပ်ချုပ်ပြီးမြန်မာနိုင်ငံဟာ..စုတ်ပြတ်သတ်ခဲ့တာ..နိုင်ငံဦးသျှောင်များဆို
ပြီးခေါင်းစဉ်မတတ်ပါနဲ့ ..ဓမြတွေ.လို့ ဘဲခေါင်းစဉ်တပ်ပါကွာ..။
..ကိုယ်နွားခြေရာခွက်ထဲမှာပျော်နေတိုင်းတခြားသူတွေက.နွားခြေရာခွက်ထဲလာမှာမဟုတ်ဘူး
ဒီပိုစ့်တင်တဲ့ကောင်ကတော့.နဖားကျိုးတန်းလန်းနဲ့ ..ကောင်ဘဲဖြစ်မှာ..။

Post a Comment

LIKE BOX