Monday, May 14, 2012

KIA ခေါင်းဆောင်ကြီး အက်စ်ဂွမ်မော်နဲ့ KIA ဗဟိုအတွင်းမှာဖြစ်ပေါ်နေသောသတင်း

Posted by မျိုးချစ်သူရဲကောင်းများ On 2:30 AM 0 comments

                KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော်ဟာ မိန်းမကိစ္စတွေများတော်တော်လေး ရှုပ်တယ်လို့သိရပါတယ်။ လိုင်ဇာမှာ သူ့သက်တော်စောင့် မိန်းကလေးနဲ့ဖြစ်တဲ့ ကိစ္စကိုလည်း လူပြောများကြပါတယ်။ ၂၀၁၀နှစ်ဦးပိုင်းမှာ KIA စစ်ရုံးချုပ်က ကွန်ပျူတာစာရေးမလေး ဒေါင်နော ကိုမယားငယ်ထားပြီး ဗိုက်ကြီး သွားလို့ တိတ်တိတ်ပုန်း ကိုယ်ဝန် ဖျက်ချရာ သေဆုံးသွားခဲ့တယ်။ အဲဒီကိစ္စအတွက် ဒေါင်နော နဲ့လုပ်ဖော်ကိုင်ဖက်တွေက မကျေမနပ်ဖြစ်နေကြ ပါတယ်။ ဒါပေမယ့်လဲ မပြောရဲကြဘူးလေ။ ဒေါင်နောမိသားစုက အခုလက်ရှိမြစ်ကြီးနားမြို့နား စီတာပူရပ်ကွက်မှာ သက်ရှိထင်ရှား ရှိနေပါတယ်။

            ဒေါင်နောရဲ့ကောင်လေး KIA ထဲက အရာရှိငယ်ကလည်းမကျေနပ်ဘူးဖြစ် နေတယ်။ အဲဒီကောင်လေးက အဲဒီကိစ္စအတွက်လူအခွင့်အရေးကောင်စီကို တိုင်ဖို့အတွက် ဆောင်ရွက် နေတယ်။ ဒါပေမယ့်လဲ သူလုပ်နေတာကိုသိရင်သူ့ကိုပါအသတ်ခံရမှာစိုးလို့ သိုသိုသိပ်သိပ် လုပ်ဆောင်နေတယ်။ KIA အတွင်းပိုင်းမှာ ဒီလိုမျိုးဖြစ်ရပ်တွေကအများကြီးပါ။ ကိုယ်ရံတော်တပ်ကို မိန်းကလေး တွေနဲ့ဖွဲ့စည်း ထားတယ်။ အဲဒီကကောင်မလေးတွေက ခေါင်းဆောင်တွေအတွက် အသုံးခံပေါ့။ ဘုရင်ခေတ်တုန်းကလို ကိုယ်လုပ်တော်၊ တောင်နန်းစံ၊မြောက်နန်းစံ သဘောမျိုးကို လုပ်ဆောင်နေ တာပေါ့ဗျာ။

0 comments:

Post a Comment

LIKE BOX