Thursday, May 17, 2012

မိမိစားဝတ်နေရေးအတွက်ဖြေရှင်းနေရသော KIA အောက်ခြေကစစ်သည်များ

Posted by မျိုးချစ်သူရဲကောင်းများ On 11:49 AM 0 comments

မေ ၁၆

ဝိုင်းမော်နဲ့ ဆဒုံးကားလမ်းမှာ နေ့စဉ် ၀ိုင်းမော်ဘက်မှ ဆိုင်ကယ် ၇ စီးနဲ့ ဆဒုံးဘက်မှ ၁၀စီး အတက် အဆင်းပြုလုပ်နေတယ်။ လနပါရေတံခွန်အနီး တံတားကို KIA ကဘဲမိုင်းခွဲ ပြီး အခုတော့ အဲဒီချောင်း ကိုဖြတ်ဖို့အတွက် ဆိုင်ကယ်တစ်စီးကို ၁၅၀၀၀ကျပ်နှုန်းနဲ့ KIA ကလူတွေသယ်မပြီး ပိုက်ဆံရှာနေကြပါတယ်။ ၎င်းလမ်းကြောင်းမှာဘဲဆိုင်ကယ်တွေကို တစ်စီးလျှင် ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ်ကိုတောင်းခံ နေတယ် လို့သိရပါတယ်။


KIA ဗဟိုက ရိက္ခာတွေလုံလုံလောက်လောက်မပေးတဲ့အတွက်ယခုလို ကိုယ့်ဘာသာ ကိုယ်ရှာစားနေရတယ်လို့ ဆိုင်ကယ်သယ်မပေးနေတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးက ဆိုင်ကယ်ပိုင်ရှင်ကို ပြောပါတယ်။ KIA ဗဟိုကလဲ အစိုးရတပ်ကိုသာတိုက်ခိုင်း မိုင်းထောင်ခိုင်းတာဘဲ လုပ်နေရပြီး စားဖို့ဆန်တောင်မပေးဘူးလေ။ အဲဒါကြောင့်ဒီလိုမျိုးလုပ်နေရတယ်။ မိသားစုတွေကလည်း ဘယ်လိုစားသောက်နေရလဲတော့မသိရပါဘူး။ မိသားစုတွေအတွက်လဲစိတ်ပူနေရသေးတယ်။ အစိုးရတပ်ကိုမတိုက်ရင်လဲ မိသားစုတွေကိုရန်ရှာမှာ ကြောက်နေရတဲ့အတွက် အစိုးရတပ်ကို မတိုက်ချင်ပေမယ့်တိုက်နေရတယ်လို့ ၎င်း KIA စစ်သားကပြောပါတယ်။

0 comments:

Post a Comment

LIKE BOX